*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 14 September 2014

ကားတစ်စီး ရပ်နားနိုင် တဲ့ မြေနေရာ ရဲ့ တန်ဖိုးက ဒေါ်လာ တစ်သန်း အထိ ရှိတဲ့ ကမ္ဘာ့ ဈေး အကြီးဆုံး အိမ်ခြံမြေဈေးကွက်


လက်ရှိ ကမ္ဘာ့ ဈေး အကြီးဆုံး အိမ်ခြံမြေ ဈေးကွက် တည်ရှိရာနေရာ က အမေရိကန် ပြည်ထောင်စု၊ နယူးယောခ် မြို့ရှိ မန်ဟက်တန် (Manhattan) ပတ်ဝန်းကျင်ဒေသ ဖြစ်ပါတယ်။

 မြေနေရာ ရှားပါး လာခြင်းနဲ့ အတူ မြေဈေးကွက် ရဲ့ တန်ဖိုး ကလည်း အဆ မတန် မြင့်မား သွားခဲ့ တယ် လို့ သိရပါတယ်။ ကားတစ်စီး လောက်သာ ရပ်နားနိုင်တဲ့ မြေနေရာ ရဲ့ တန်ဖိုးက ဒေါ်လာ တစ်သန်း အထိ ရှိပြီး အဲဒီနေရာ မှာ အိမ်တည်ဆောက် ပါက တန်ဖိုး က ဆယ်ဆ နီးပါးလောက် မြင့်တက် သွား မှာ ဖြစ် ပါတယ်။ 


 ကား (၁၀) စီး ရပ်နားနိုင်တဲ့ မြေနေရာ နဲ့ အခြား  ဆက်စပ်တဲ့ မြေနေရာ တို့ကို ပေါင်းပြီး ၀ယ်ယူ ထား တဲ့ မြေတန်ဖိုး ကို တွက်ချက် ရာမှာ ကားတစ်စီး ရပ်နားနိုင်တဲ့ မြေနေရာ ၀န်းကျင်လောက် ကို ဒေါ်လာ တစ်သန်း အထိ ပေးချေ နေရခြင်း ဖြစ်ပါတယ်။ 

အမေရိကန် ပြည်ထောင်စု မှာ အိမ် တစ်လုံးရဲ့ ပျမ်းမျှ တန်ဖိုးဟာ ဒေါ်လာ (၂၁၇၈၀၀)  လောက် သာ ရှိပြီး မန်ဟက်တန် ဒေသက အိမ်ခြံမြေ ဈေး ကတော့ ပုံမှန် ထက် လေးဆ နီးပါး ပိုမို ကြီးမြင့်နေပါတယ်။

အိမ်ခြံမြေ အကျိုးဆောင်တွေ ကလည်း မန်ဟက်တန်ဒေသ က ဈေးနှုန်းတွေ ဟာ ယခင် ကတည်းက ကြီးမြင့်နေပေမယ့် တန်ဖိုး အဆ မတန် မြင့်တက် လာခြင်းကို အံ့အားသင့် မိကြောင်း ပြောကြားခဲ့ပါတယ်။ 

မန်ဟက်တန် ဒေသ မှာ ကား ပါကင်တွေ လည်း မရှိ သလောက် နည်းပါးနေပြီး အဲဒီနေရာတွေမှာ တိုက် အသစ်တွေ တည်ဆောက်နေ ပါတယ်။ ပြီးခဲ့တဲ့နှစ် မှာ ကားတစ်စီး ရပ်နားနိုင်တဲ့ မြေနေရာ အတွက် ပေးချေ ရတဲ့ ဈေးနှုန်း က ဒေါ်လာ (၃၄၅ ၄၅၉) သာ ရှိခဲ့ပါတယ်။ 

မန်ဟက်တန်ဒေသ က ကားပါကင် အချို့ ကို အစိုးရ က နှစ်ရှည် ငှားရမ်း မှုတွေ ပြုလုပ်ပြီး (၉၉) နှစ် သက်တမ်း လုပ်ကိုင် ခွင့် ရထားတဲ့ လိုင်စင် ကို အိမ်ခြံမြေ လုပ်ငန်းရှင်တွေ က ဈေးကောင်းပေး ၀ယ်ယူကာ အိုးအိမ် သစ်တွေ တည်ဆောက်နေတယ် လို့ သိရပါတယ်။
 
အေသင်အောင်
messenger
From...Search Myanmar
 
 

No comments:

Post a Comment