*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 22 August 2014

စာရင်း မှ လွတ်မြောက်ခြင်း ထက် ဆင်းရဲတွင်း မှ လွတ်မြောက် ချင်သည်

မြန်မာနိုင်ငံ ကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ အဖြစ် မှ လွတ်မြောက်ရေး ပထမ အကြိမ်အစည်း အဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင် ၂၂ ရက် က နေပြည်တော် ၌ ကျင်းပခဲ့ ကြောင်း သိရ သဖြင့် မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးမှု အနည်း ဆုံး နိုင်ငံ များ LDCs (Least Deve-loped Countries) စာရင်း မှ အ မှန်တကယ် လွတ်မြောက်ချိန် တန် ပြီလား ဟု စဉ်းစား ပါသည်။

LDCs စာရင်း ကို ကမ္ဘာ့ကုလသမဂ္ဂ က ၁၉၇၁ ခုနှစ်၊ နိုဝင် ဘာလ ၁၈ ရက် တွင် အဖွဲ့ဝင် ၂၅ နိုင်ငံဖြင့် စတင် သတ်မှတ် ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ၁၉၈၇ ခုနှစ် တွင် စာရင်းဝင်နိုင်ငံ အဖြစ် ပါဝင် ခဲ့သည်။ 

LDCs စာရင်း ကို ဖွံ့ဖြိုးမှု မူဝါဒကောင်စီ CDP ၏ ထောက် ခံ မှုဖြင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ ECOSOC က သုံးနှစ် တစ်ကြိမ် ဆန်းစစ် ၍ ကုလ သမဂ္ဂအထွေထွေ ညီလာခံသို့ တင်ပြရသည် ဟု သိရ ပါသည်။ 


ဖွံ့ဖြိုး မှု အနည်းဆုံးနိုင်ငံ အဖြစ် သတ် မှတ် ရာတွင် စံသတ်မှတ်ချက် သုံး ခုအဖြစ် ၀င်ငွေ နိမ့်ကျမှု၊ လူ့စွမ်း အား အရင်းအမြစ် အားနည်းမှုနှင့် စီးပွားရေး နိမ့်ကျ အခြေမခိုင်မာမှု တို့ကို တွေ့ရပါသည်။

( တစ် )
ပထမ စံသတ်မှတ်ချက်ဖြစ် သော ၀င်ငွေ နိမ့်ကျမှု စံနှုန်း အရ နိုင်ငံ တစ်နိုင်ငံ၏ သုံးနှစ် ပျမ်းမျှ အမျိုးသား ၀င်ငွေပေါ် အခြေခံ သော တစ်ဦးချင်း ၀င်ငွေ GNI အ ရ ဒေါ်လာ ၁၁၉၀ အထက် ရှိမှသာ LDCs စာရင်းဝင် အဖြစ် မှ လွတ် မြောက်နိုင် မည်ဖြစ်ရာ မြန်မာနိုင် ငံ အနေဖြင့် ယင်းအခြေ အနေနှင့် နီးစပ်နေပြီလား ဆိုသည် မှာ စဉ်း စားစရာပင်ဖြစ်သည်။

 နေပြည် တော် အစည်းအဝေး တွင် GNI သတ်မှတ်ချက် အဆင့် အတွက် UN ESCAPE Statistical Year Book for Asia and the Pacific 2013 အရ မြန်မာနိုင်ငံ ၏ ၂၀၁၁ ခုနှစ် GNI Per Capital တိုင်းတာ ချက် အရ တစ်ဦးချင်း ၀င်ငွေသည် ဒေါ်လာ ၁၀၅၇ ရှိသည်ဟု ပြော  ကြားခဲ့ ရာ အလွန် အံအား သင့်မိ ပါသည်။

တကယ်တမ်း စဉ်းစားကြည့် လျှင် အဆိုပါ တစ်ဦးချင်း ၀င်ငွေ သည် နိုင်ငံသား အားလုံးနှင့် အ ကျုံးဝင်သည် ဟု ဆိုရမည်ဖြစ် သည်။ မြန်မာနိုင်ငံ ၏ လူဦးရေ သန်းပေါင်း ၆၀ ၀န်းကျင် တွင် မြောက်မြားစွာသော အလုပ် လက် မဲ့လူဦးရေ ကို ထည့်သွင်း စဉ်းစား ရန်လိုသည်။

 မြန်မာနိုင်ငံ ၏ နှစ် စဉ် ဘွဲ့ရ ကျောင်းသားဦးရေ ၏ ၂၅ ရာခိုင်နှုန်းခန့် ကိုတောင် ထိုက် တန်သော အလုပ် အကိုင် ရရှိမှု ဖန်တီးပေးနိုင်ပြီလား၊ ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် အလုပ်သမား ဥပဒေ များက စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာန များနှင့် ကုမ္ပဏီ များတွင် လက်ရှိ အလုပ် လုပ်ကိုင် လျက်ရှိသော အလုပ်သ မားများကို အကာ အကွယ်ပေးနိုင် ပြီလား။ လုံလောက်သော လုပ်ခ လစာ ပံ့ပိုးပေးနိုင်ပြီလား ဆိုသည် ကို မေးခွန်း ထုတ်စရာဖြစ်နေသည်။

မြန်မာနိုင်ငံ ၏ အနိမ့်ဆုံး လုပ်ခ လစာ ကိုတောင် လက်ရှိ အ ချိန်ထိ သတ်မှတ်နိုင်ခြင်း မရှိသေး ခြင်းက အဓိကဖြေရှင်း ရမည့် ပြ ဿ      နာ တစ်ရပ်ပင်ဖြစ်သည်။ ကျေးလက်ဒေသများ ရှိ လယ်မဲ့ ယာမဲ့ ဆင်းရဲ သားပြည်သူ များ၏ ဘ၀ ရပ်တည်နိုင်ရေး အတွက် ကြုံ သလို ဆင်းရဲစွာ လုပ်ကိုင် စား သောက်နေ ရသည် များကို ခိုင်မာ သော လူနေမှု ဘ၀များ အဖြစ် ဖန် တီးပေးနိုင်သော အခြေအနေ ကောင်းများ ရှိနေပြီလား။ 

လူမျိုး ရေးပြဿ       နာများ၊ လက်နက်ကိုင် ပဋိပက္ခ များနှင့်  ရာသီဥတု သ ဘာဝဘေးဒဏ် များကြောင့် ဒုက္ခ သည် စခန်းများတွင် ရောက်ရှိနေ ကြသော စိတ် မချမ်းမြေ့ဖွယ် မိ ဘပြည် သူများ၏ လူမှု ဒုက္ခများအ တွက် လည်း ထည့်သွင်း စဉ်းစားပြီး ပြီလား။ 

လူမှု ကူညီစောင့်ရှောက် ရေး ဂေဟာများ ၏ အပြင် တွင် ရှိ နေကြသေး သည့် များစွာသော ခို ကိုးရာမဲ့ သက်ကြီး ရွယ်အို များနှင့် မိဘမဲ့ ကလေးငယ်များ အတွက် လည်း အစီ အမံကောင်း များ ရှိနေ ပြီလား စသည့် လားပေါင်းများစွာ သော မေးခွန်းများ အတွက် အဖြေ များ ရှိရန် လိုအပ်သည်။

မြန်မာနိုင်ငံ သည် နှစ်စဉ် စီး ပွားရေး ဖွံ့ဖြိုး တိုးတက်ပြီး ဂျီဒီပီ ကိန်းဂဏန်း များ မြင့်တက်လာ သည်ဆိုသည် မှာ ဖြစ်နိုင်ဖွယ် ရှိပါ သည်။ သို့သော် လည်း တိုင်းရင်း သားပြည်သူ တစ်ရပ်လုံး ၏ လူမှု စီးပွားရေး ဘ၀ ခက်ခဲနေလျက် ပင် ဆက်လက် ရှိနေဦးမည် ဆိုလျှင် ထို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု သည် လက်တစ်ဆုပ် စာ မျှသော လူနည်း စု ခေတ်သစ် ဘီလီယံနာ သူဌေးကြီး များနှင့် ယင်းတို့နှင့် ပတ်သက်နေသော ကျေးဇူး ခံ ကျေးဇူးစား မိတ်ဆွေ အပေါင်းအ သင်း များ၏ ဓနဥစ္စာ များ ဒီရေအ လား တိုးပွားလာခြင်းပင်ဖြစ် သည်။ 

ယခု လက်ရှိအချိန်ထိ ပြည် သူအများစု မှာ မိသားစု စားဝတ် နေရေး အတွက် ဆင်းရဲ ပင်ပန်းစွာ ရုန်း ကန်နေကြ ရသည်။ ထို့ကြောင့် လည်း အမျိုး သမီးများနှင့် ကလေး သူငယ်များ မှာ လူကုန်ကူး သူများ ၏ အဓိက ပစ်မှတ် ဖြစ်မှန်း မသိ  ဖြစ်လာခဲ့ရသည်။ 

ဘွဲ့ရ အမျိုးသ မီးငယ်များ အပါအ၀င် မြန်မာအ မျိုးသမီး များ နိုင်ငံရပ်ခြား တွင် အိမ်ဖော် အလုပ်လုပ် ကိုင်နေ ကြ သည့် အခြေအနေ များနှင့် ဇနီး မယားပြည့်တန်ဆာ များအဖြစ် ရောင်းစား ခံနေကြရသည့် အခြေ အနေ များသည် ခက်ခဲ ဆင်းရဲ သော ဘ၀များ ၏ ပုံရိပ်အချို့ပင် ဖြစ်သည်။

(နှစ်)
ဒုတိယစံ သတ်မှတ် ချက်ဖြစ် သော လူ့စွမ်းအား အရင်းအမြစ် အားနည်းမှု ကို နိုင်ငံ တစ်နိုင်ငံ၏ အာဟာရ ဖွံ့ဖြိုးမှု၊ ကျန်းမာရေး ၊ ပညာရေးနှင့် သက်ကြီး စာတတ် မြောက်မှု အပေါ် အခြေခံပြီး HAI (Human Assets Index) အ ညွှန်းကိန်းဖြင့် တိုင်း ရာတွင် မြန် မာနိုင်ငံ အနေဖြင့် သတ်မှတ် အ ညွှန်းကိန်း ၆၆ ကို ကျော်လွန် ၍ ၆၈ ဒသမ ၆ ရှိကြောင်း ဖော်ပြ ထားသည်။ 

မည်သို့ မည်ပုံ တွက် ချက်ထားသည် ကိုတော့ စာရေး သူမသိပါ။ သို့သော်လည်း ပြည် သူတို့ ၏ လက်ရှိ အခြေအနေ ကို အနည်းငယ် ပြောပြချင်ပါသည်။

မြန်မာနိုင်ငံ ၏ အာဟာရ ဖွံ့ ဖြိုးမှု အနေဖြင့်ကြည့် လျှင် မြို့ကြီး ပြကြီး များတွင် အသင့် အတင့်ရှိ သည်ဟု ဆိုနိုင်သော်လည်း မြို့ ရွာ အချို့နှင့် ကျေးလက်ဒေသ အ များစုတွင် လိုအပ်ချက် ကြီးမား နေဆဲ ပင်ဖြစ် သည်။ စီးပွားရေး နိမ့် ကျမှုနှင့် အတူ မိသားစု စားဝတ်နေ ရေး အတွက် ၀င်ငွေ မလောက်င ခြင်းက အဓိက အရင်းခံဖြစ်နေ သည်။

 ထမင်းနပ် မှန်အောင် စား နိုင်ရေး အတွက် ခက်ခဲစွာ ရုန်းကန်နေရဆဲ ပင်ဖြစ်သည်။ ကောင်း မွန်သော အခြေ အနေရောက်အောင် အချိန် အတော် ယူရပေဦးမည်။

ကျန်းမာရေးစောင့်ရှောက် မှု အပိုင်း ကိုကြည့်လျှင်လည်း သာ မန် လူလတ်တန်းစား များနှင့် ကျေး လက်ဒေ သ များရှိ ပြည်သူ များ အတွက် အလှမ်းဝေးနေဆဲဖြစ် သည်။ မြို့ကြီးများ တွင်ရှိသော ပုဂ္ဂလိက အထူး ကုဆေး ရုံ၊ ဆေး ပေးခန်း များသည်လည်း ငွေကြေး တတ်နိုင်သော လူတန်းစားများအ တွက်သာဖြစ်သည်။

 ပြည်သူ့ဆေး ရုံ များကို ကြည့်လျှင် လည်း ဆေး ၀ါး မလုံလောက်ခြင်း၊ ဆေးဝါး များ မစုံလင်ခြင်း၊ ကျန်းမာရေး ၀န်ထမ်း များ မလုံလောက်ခြင်း များနှင့် စရိတ်မျှပေး ကျန်းမာရေး  ဆိုသည့် ဆောင်ပုဒ်ကြောင့် သာ မန် လူတန်းစားများ အတွက်ပင် ရောဂါ ကုသနိုင်ရေးအတွက် အ ခက်အခဲရှိနေကြသည်။

သေရေးရှင်ရေး ကိစ္စမှ လွဲ၍ သာမန်နေထိုင် မကောင်းဖြစ် လျှင် လမ်းဘေး ကွမ်းယာဆိုင် များ နှင့် ဆေး ဆိုင် များကိုသာ အထွေ ထွေ အထူးကု သမားတော်များ အ ဖြစ်သော်လည်းကောင်း၊ မိသားစု ဆရာဝန် များ အဖြစ်သော်လည်း ကောင်း အားကိုးနေ ရဆဲဖြစ် သည်။

 ကျေးလက်ဒေသနေ ပြည် သူများ အတွက်ဆိုလျှင် ပြောစရာ ပင်မလိုပေ။ ငွေကြေြး ကွယ်ဝချမ်း သာသော လူတန်းစား များနှင့် အာဏာပိုင် အတော်များများ က တော့ သာမန်ရောဂါများ က အစ နိုင်ငံခြားသို့ မကြာ ခဏ သွား ရောက် ကုသနေခြင်း များက မြန် မာနိုင်ငံ ၏ ကျန်းမာရေး အဆင့်အ တန်းကို ဖော်ပြနေခြင်းဖြစ် သည်။

ပညာရေး ကဏ္ဍ  ဆိုလျှင် အ ထူးပြောစရာ လိုမည် မထင်ပါ။ မြန်မာနိုင်ငံ တွင် ဘွဲ့ရကျောင်း သားဦးရေ သည် နှစ်စဉ်မြောက် မြားစွာ ထွက်ပေါ်နေသော် လည်း အရည် အသွေး အာမခံမှု မရှိခြင်း နှင့် လက်တွေ့ လုပ်ငန်းခွင် နယ် ပယ် တွင် အသုံးချနိုင်စွမ်း အလွန် နည်းပါးလျက် ရှိသည်။ 

ထို့ကြောင့် ဘွဲ့ရပင်ဖြစ်သော် လည်း မိမိ ဘွဲ့ နှင့် မဆိုင်သော အလုပ် များနှင့် ကြုံရာကျပန်း အလုပ်များသာ လုပ် ကိုင်နေကြသည်။ စားဝတ်နေ ရေး ကျပ်တည်းခြင်းများကြောင့် ကျောင်းနေ အရွယ်ကလေးငယ် များသည် ထမင်း နပ်မှန်အောင် စားနိုင်ရေးအတွက် ပညာရေးကို ကျောခိုင်းပြီး ကြုံရာကျပန်းလုပ် ကိုင်နေကြခြင်းဖြင့် ဘ၀ကို ခက် ခဲစွာ ဖြတ်သန်းနေကြရသည်။ 

 ထို ကလေးငယ် များကို ကျေးလက် ဒေသများတွင် သာမက မြို့ကြီးပြ ကြီးများတွင် ပါ နေရာတိုင်း ၌ တွေ့  မြင်နိုင် သည်။ လက်ရှိ အချိန်တွင် ပညာရေးပြုပြင်ပြောင်း လဲခြင်း များကို အစိုးရ အနေဖြင့် အ ကောင် အထည်ဖော် ဆောင်ရွက် နေပါသော်လည်း အချိန်တို အ တွင်း အောင်မြင်မှု ရနိုင်ဦးမည်မ ဟုတ်ပေ။

၁၉၈၈ ခုနှစ်နောက်ပိုင်း စီး ပွားရေး ကျပ်တည်းမှု များနှင့် နယ် မြေ မတည်ငြိမ်မှု များကြောင့် စာမ တတ်သူ ဦးရေ သည် အချို့သော မြို့နယ်များ အပါအ၀င် ကျေး လက်ဒေသ များနှင့် နယ်စပ်ဒေသ များတွင် အမြောက် အမြား ရှိနေသေး သည်။ စာမတတ်သူ ပ ပျောက်ရေး လုပ်ငန်း များကိုလည်း လုပ်အားပေး အဆင့်ဖြင့် ပြန် လည်ဆောင်ရွက် ခဲ့သည်မှာ နွေ ရာသီ ကာလ နှစ်ခုသာ ရှိသေး သည်။ 

အမှန်တကယ် အောင် မြင်စွာ ဆောင်ရွက်မည် ဆိုလျှင် လုပ်အားပေး အဆင့်ဖြင့်သာ မ ဟုတ်ဘဲ အမြဲတမ်း ပညာရေး ၀န် ထမ်း များ ခန့်အပ်ဆောင်ရွက် သင့် သည်ဟု ထင်မြင်မိပါသည်။ ထို့ ကြောင့် HAI အညွှန်း ကိန်း အရ LDCs စာရင်း မှ အမှန်တကယ် လွတ်မြောက်ချိန် တန်ပြီလား ဆို သည်မှာ စဉ်းစား စရာပင်ဖြစ် သည်။

(သုံး)
တတိယ စံသတ်မှတ်ချက် ဖြစ်သော စီးပွားရေး ထိခိုက်လွယ် မှု အညွှန်း ကိန်း EVI အရ လေ့ လာကြည့် လျှင် နိုင်ငံရေးနှင့် ဆက် နွှယ်သော ပြည်ပ ရင်းနှီးမြှုပ်နှံ မှု များ အခြေခိုင်ရန် လိုအပ် သည်။ ပြည်တွင်းထုတ် လုပ်မှုဖြစ်သော လယ်ယာ သားငါးနှင့် သစ်တော ကဏ္ဍများသည် တစ်နိုင်ငံလုံး တစ် ပြေးညီ ဖွံ့ဖြိုးတိုး တက် ရန် လိုအပ် သကဲ့သို့ မြန်မာ့ ထုတ်ကုန် များကို နိုင်ငံတကာ သို့ လွတ်လပ်စွာ တင် ပို့နိုင်စွမ်း ရှိရန် အထူး လိုအပ်သည်။ 

ထိုသို့ဖြစ်ရန် ပုံမှန် ထုတ်လုပ်နိုင် ရေး၊ ထုတ်ကုန် အရည်အသွေး မြင့်မားရေး၊ နိုင်ငံတကာ ဈေး ကွက် ယှဉ်ပြိုင်နိုင်ရေးနှင့် နိုင်ငံ တကာ ၏ စီးပွားရေး ပိတ်ဆို့ အရေး ယူမှု အားလုံးကို ပယ်ဖျက်နိုင်ရေး တို့က အဓိက ကျလျက်ရှိသည်။ 

ထို့အပြင် နယ်စပ်ဒေသများ ၏ လမ်းပန်း ဆက်သွယ်ရေးနှင့် လူမှု စီးပွားဘ၀ တိုးတက်ကောင်း မွန် ရေး သည် လည်း အရေးကြီးသော ကဏ္ဍ မှ ပါဝင်သည်။ လက်ရှိ အ ခြေအနေအရ ဆိုလျှင် နယ်စပ်ဒေ သများ မဆို ထားနှင့် ပြည်နယ်များ နှင့် တိုင်းဒေသကြီး များ ရှိ မြို့ရွာ အတော် များများသည် ပင် လျှင် ကောင်း မွန်သော လမ်းပန်း ဆက် သွယ်ရေး အဆင့်ထိ မရောက်ရှိ သေးပေ။ 

လမ်းပန်းဆက်သွယ်ရေး  တိုးတက်ကောင်းမွန် ပါမှ  မြို့ ရွာ အနှံ့ ကုန်စည် စီးဆင်းမှု လွယ် ကူလျင်မြန်ပြီး ပြည်သူတို့ ၏ စား ၀တ်နေရေးနှင့် လူနေမှု ဘ၀သည် လည်း တိုးတက်ကောင်းမွန် လာ မည်ဖြစ်သည်။

(လေး)
 LDCs စာရင်းဝင်နိုင်ငံ အဖြစ် မှ လွတ်မြောက်ရေး ထက် အရေး တကြီးဖြေရှင်းရန် ကိစ္စမှာ ပြည် ထောင် စုမြန်မာနိုင်ငံ တစ်ဝန်းလုံး ငြိမ်းချမ်းရေး ရရှိရေး ပင်ဖြစ်သည် ဟု ထင်မိပါသည်။ ငြိမ်းချမ်းရေး မရရှိ ဘဲနှင့် မည်သည့် တည် ဆောက်ရေး လုပ်ငန်းကို မျှ လွတ် လပ်စွာ လုပ်ဆောင်နိုင်မည် မ ဟုတ်ပေ။ 

တစ်နိုင်ငံလုံး တစ်ပြေး ညီ ဖွံ့ဖြိုးတိုးတက်ရန် လည်း မဖြစ် နိုင်ပေ။ တိုင်းရင်းသား ညီအစ်ကို အချင်း ချင်း နှစ်ပေါင်း များစွာ လက်နက်ကိုင် တိုက်ခိုက် လာခဲ့၍ လည်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု သည် များ စွာ ခေတ်နောက် ကျ ကျန်ရစ် ခဲ့ရခြင်းဖြစ်သည်။ 

လွတ်လပ်ရေး ရပြီးစ ကာလများ က မြန်မာနိုင်ငံ သည် အာရှ တွင် ဂုဏ်သိက္ခာ ရှိရှိ ထည်ထည် ၀ါဝါ ရပ်တည်နိုင် ခဲ့ သော်လည်း နောက်ပိုင်း တွင် ညှိ နှိုင်း၍ မရသော နိုင်ငံရေး အသွေး အရောင်များနှင့် မတူ ကွဲပြား သော ၀ါဒ အမျိုးမျိုးကြောင့် တိုင်း ရင်းသား ညီအစ်ကို အချင်းချင်း နှစ်ပေါင်း များစွာ လက်နက်ကိုင် တိုက်ခိုက် လာခဲ့သည်မှာ ယနေ့ အ ထိပင်ဖြစ်သည်။ 

စစ်ပွဲများ ၏ အနိ ဋ္ဌာရုံ များကို ယနေ့တိုင် ရင်နင့် ဖွယ် တွေ့မြင်နေရဆဲဖြစ်သည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေး သည် သာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ၏ အလိုချင်ဆုံး အ ရာပင်ဖြစ်သည်။ ငြိမ်းချမ်းရေး မရ ရှိသေး သမျှ ကာလပတ်လုံး တည် ငြိမ်သော နိုင်ငံရေး လည်း မရှိ နိုင်ပေ။ ဤသို့ဖြစ် လျှင် နိုင်ငံဖွံ့ ဖြိုးတိုးတက်မှု လည်း နှောင့်နှေး နေဦးမည်သာဖြစ်သည်။
 
(ငါး)
ဤကဲ့ သို့သော အခြေ အနေ များကြောင့် LDCs စာရင်းဝင် အ ဖြစ်မှ လွတ်မြောက်ရေး ဆိုသည် မှာ မေး ခွန်း ထုတ် စရာ ဖြစ်နေ သည်။ LDCs စာရင်းဝင်နိုင်ငံ များ တွင် အာဖရိက ၃၄ နိုင်ငံ၊ အာရှ ကိုးနိုင်ငံ၊ သမုဒ္ဒရာ ကျွန်းဒေသ လေးနိုင်ငံနှင့် အမေရိက တစ်နိုင်ငံ တို့ပါဝင်သည်။ 

အဆိုပါ ၄၈ နိုင်ငံ တွင် အရှေ့တောင် အာရှနိုင်ငံ များဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် တီမော တို့ ပါ ၀င်ရာ မြန်မာပြည်သူများ အနေ ဖြင့် LDCs အဖြစ် မှ လွတ်မြောက် လျှင် မည်သည့် အကျိုး အမြတ်များ ရနိုင်မည် (သို့မဟုတ်) မည်သည့် အခွင့်အရေး များ ဆုံးရှုံးနိုင်မည် ကို ထည့်သွင်း စဉ်းစားရန် လိုပေ သည်။

မည်သို့ပင် ဆိုစေ မြန်မာ နိုင်ငံ အနေဖြင့် ကမ္ဘာ့ အလယ် တွင် ဂုဏ်သိက္ခာ ရှိစွာ ရပ်တည် နိုင်ရေး အတွက် မဝေးသော တစ် ချိန် တွင်တော့ LDCs မှ မုချ လွတ် မြောက်အောင် ကြိုးစားရမည်ဖြစ် သည်။ ထိုအချိန် တွင် လည်း ပြည် သူတို့ ၏ လူမှု စီးပွားရေးဘ၀ သည် လည်း တစ်နိုင်ငံလုံး တစ် ပြေးညီ ဖွံ့ဖြိုးတိုး တက်နေ ရ မည် ဖြစ်သည်။ 

ထို့ကြောင့် ယခု အချိန် တွင် ပြည်သူများ အတွက် အလုပ် အကိုင် အခွင့် အလမ်းကောင်း များ ဖန်တီးပေးနိုင်ရေး ၊ ကျေး လက်နှင့် နယ်စပ်ဒေသများ အ ကြား အလပ်မရှိ ဖွံ့ဖြိုး တိုးတက် ရေး၊ ပြည်သူ များအေးချမ်း စွာ လုပ်ကိုင် စားသောက်နိုင်ရေးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသား များ အားလုံး ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရေး ကိုသာ ဦး တည် ကြိုးစားသင့်သေးသည် ဟု ထင်မြင်မိ ပါကြောင်း စေတနာ ထား ရေးသားလိုက် ပါသည်။

7daydaily
From...Search Myanmar




No comments:

Post a Comment