*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 22 August 2014

Sea Me We 5 ကေဘယ် ဆက်ကြောင်း ရေအောက်လိုင်း ပြီးပါက လက်ရှိ အင်တာနက် ထက် အဆ ၄၀ ပိုမြန်မည် ဟုဆို



Sea Me We 5 ရေအောက်ကေဘယ် အင်တာနက် ဆက်ကြောင်း သွယ်တန်းမှု မှာ ကုန်းတွင်း ပိုင်းတွင် သွယ်တန်းမှု ပြီးစီးနေပြီ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်င န်းပြင်ပ ဆက်သွယ်ရေး ဌာန မိုဘိုင်း အင်ဂျင်နီယာ ချုပ် ဦးစိုင်းစောလင်းထွန်း က ပြောသည်။

ကုန်းတွင်းပိုင်း ဆက်သွယ်မှု အဖြစ် ရန်ကုန် မှ တဆင့် ညောင်တုန်း၊ ကျောင်းကုန်း၊ ပုသိမ် မြို့များ ဆက် လက် သွယ်တန်း ထားပြီး ထိုမှ တဆင့် ငွေဆောင် သို့ ထပ်မံ ချိတ်ဆက် သွယ်တန်းထားသည် ဟု၎င်း က ဆိုသည်။

ဦးစိုင်းစောလင်းထွန်း က “ကုန်းတွင်း ဆက်ကြောင်း ကတော့ ချိတ်ဆက် ပြီးပါပြီ။ ရေအောက် ဆက်ကြောင်း ကို  ချိတ်ဆက်နိုင်ဖို့ ငွေဆောင် ကမ်းခြေ ကနေ စတင် ချိတ်ဆက် မှာပါ။ ချိတ်ဆက်မှုတွေ ပြီးသွားရင် Data Capacity က 1.3 Tbps (1300 Gbps) အထိ ရရှိ လာနိုင်မယ့် မြန်နှုန်းမြင့် အင်တာနက် ဆက်ကြောင်းဖြစ် လာမှာပါ” ဟု ဆိုသည်။


 
လက်ရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မှ ချိတ်ဆက် ထားသော အင်တာနက် ဆက်ကြောင်းမှာ Sea Me We 3 အင်တာနက် ဆက်ကြောင်းဖြစ်ပြီး Internet Bandwidth 30 Gbps ကျော် အထိသာ ရရှိခြင်းဖြစ်သည်။ 

Sea Mea We 5 အင်တာနက် ဆက်ကြောင်း မြန်နှုန်း မှာ လက်ရှိ အင်တာနက်မြန်နှုန်း ထက် အဆ ၄၀ ကျော် ပိုမို မြန်ဆန် လာနိုင်မည်ဖြစ်သည်။

ဦးဇော်မင်းဦး က“ Internet Capacity က 1300 Gbps အထိ ရရှိနိုင် ရင် အခုမြန်နှုန်း ထက် အဆ ပေါင်းများ စွာ ပိုကောင်း လာမှာပေါ့။ ဒါဆို ကွန်ပျူတာ နဲ့ အိုင်တီ လုပ်လုပ်ငန်းတွေ ရဲ့ Software ထုတ်ကုန်တွေ ပိုတိုးတက် လာမယ့် အပြင် အခြား စီးပွားရေး လုပ်ငန်းတွေ မှာလည်း အများကြီးတိုးတက် လာနိုင်ပါတယ် ” ဟု ပြောသည်။

စင်္ကပူနိုင်ငံ မှ တဆင့် ဥရောပ အရှေ့နှင့် အနောက် သို့ ရေအောက် မှ တစ်ဆင့် သွယ်တန်း မည့် Sea Me We 5 အင်တာနက် ဆက်ကြောင်း သည် ကီလိုမီတာ ၂၀၀၀၀ (၁၂၄၀၀မိုင်) အထိ ရှည်လျားပြီး ၂၀၁၆ ခုနှစ်  တွင် သွယ်တန်းမှုပြီး စီးကာ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

Sea Me We 5 ကို ရေအောက်ပိုင်း တွင် ကေဘယ် သွယ်တန်း ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) အပါ အဝင် နိုင်ငံ တကာ ကုမ္ပဏီ ၁၅ ခု မှ Alcatel-Lucent နှင့် NEC ကုမ္ပဏီ တို့ကို ငှားရမ်း လုပ်ကိုင်ခွင့်ပြုခဲ့သည်။

Mizzima
From ... Search Myanmar

 

No comments:

Post a Comment