*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 21 August 2014

ချစ်သူ ကို ရိုမတ်တစ် ဆန်ဆန် ကြိုချင်ပေမယ့် တစ်ခန်းလုံး မီးလောင်သွား သတဲ့

ချစ်သူကို ရိုမတ်တစ်ဆန်ဆန် ကြိုချင်ပေမယ့် တစ်ခန်းလုံး မီးလောင်သွားသတဲ့ 

ကနေဒါနိုင်ငံက Chatham-Kent မြို့ငယ်လေးမှာ ဖြစ်ပါတယ်။ တစ်လကြာ ခရီးသွားပြီးမှ Jana လို့အမည်ရတဲ့ ချစ်သူမလေးဟာ သူမရဲ့ အိမ်ကို ပြန်ရောက်မှာပါ။ ဒီတော့ ဒါကို romantic ဆန်ဆန် ကြိုဆိုချင်တဲ့ ချစ်သူ ဖြစ်သူက သူမရဲ့ အခန်းကို သေချာ ပြင်ဆင်ပါတော့တယ်။

အရုပ်ကလေး ဝယ်ထားထားတယ်။ ဝိုင်ပုလင်း၊ ပန်းစီးနဲ့ ကြမ်းပြင်မှာ ဆီးမီးခွက်များနဲ့ စိတ်ကြိုက်ဖန်တီးပါတော့တယ်။ ဆီမီးနဲ့ အသဲပုံ ပုံစံ အပြင် သူမ ချစ်သူ အမည် Jana ကိုပါ ရေးထိုးထားပါတယ်။ ပြင်ဆင်မှုအပြီးမှာပဲ ဆီမီးခွက် မှောက်လို့ မီးလောင်မှု စတင်ပါတော့တယ်။ အခန်းက အပိုင် မဟုတ်ပဲ ငှားရမ်းထားခြင်း ဖြစ်ပး သူမတို့ နောက်ထပ် အခန်း တစ်ခုကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ လောင်ကျွမ်းသွားတဲ့ အခန်းအတွက်လည်း လျော်ကြေးပေးရအုံးမှာ ဖြစ်ပါတယ်။ ကံကောင်းတာ ကတော့ သူရဲ့ ချစ်သူ Jana စိတ်မဆိုးခဲ့ ပါဘူး။ 

တစ်ခန်းလုံး ရစရာမရှိအောင် အားလုံး လောင်ကျွမ်းသွားပါတယ်။ အခန်းတွင်း ဖယောင်းတိုင်နဲ့ ဆီမီး အသုံးပြုမှုများက မီးလောင်မှုကို လွယ်တကူ ဖြစ်စေကြောင်း သတိပြုစေခဲ့ ပါတယ်။ 
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

.


ကနေဒါနိုင်ငံ က Chatham-Kent မြို့ငယ်လေး မှာ ဖြစ်ပါတယ် ။ တစ်လကြာ ခရီးသွားပြီး မှ Jana လို့ အမည် ရတဲ့ ချစ်သူ မလေးဟာ သူမ ရဲ့ အိမ်ကို ပြန်ရောက် မှာပါ။ ဒီတော့ ဒါကို romantic ဆန်ဆန် ကြိုဆို ချင်တဲ့ ချစ်သူ ဖြစ်သူ က သူမရဲ့ အခန်း ကို သေချာ ပြင်ဆင်ပါတော့တယ်။

အရုပ် ကလေး ဝယ်ထားတယ်။ ဝိုင် ပုလင်း၊ ပန်းစီး နဲ့ ကြမ်းပြင် မှာ ဆီးမီးခွက် များနဲ့ စိတ်ကြိုက် ဖန်တီး ပါတော့တယ်။ ဆီမီး နဲ့ အသဲပုံ ပုံစံ အပြင် သူမ ချစ်သူ အမည် Jana ကိုပါ ရေးထိုးထား ပါတယ်။

 ပြင်ဆင်မှု အပြီး မှာပဲ ဆီမီးခွက် မှောက် လို့ မီးလောင်မှု စတင် ပါတော့တယ်။ အခန်း က အပိုင် မဟုတ်ပဲ ငှားရမ်း ထားခြင်း ဖြစ်ပြီး သူမတို့ နောက်ထပ် အခန်း တစ်ခုကို ရှာဖွေရတော့ မှာ ဖြစ်ပါတယ်။


 ဒီတော့ လောင်ကျွမ်း သွားတဲ့ အခန်း အတွက်လည်း လျော်ကြေးပေးရအုံး မှာ ဖြစ်ပါတယ်။ ကံကောင်းတာ ကတော့ သူရဲ့ ချစ်သူ Jana စိတ် မဆိုးခဲ့ ပါဘူး။ 

တစ်ခန်းလုံး ရစရာ မရှိအောင် အားလုံး လောင်ကျွမ်း သွားပါတယ်။ အခန်းတွင်း ဖယောင်းတိုင် နဲ့ ဆီမီး အသုံးပြုမှု များက မီးလောင်မှု ကို လွယ်တကူ ဖြစ်စေကြောင်း သတိပြုစေ ခဲ့ ပါတယ်။
Ref: Dailymail 

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment