မိဘမဲ့ ကလေးငယ် နဲ့ ဆင်းရဲသား များကို ကူညီ ပံ့ပိုးဖို့ ရည်ရွယ်ပြီး တည်ထောင် တဲ့ SoyAi ပဲနို့ နှင့် ပဲပိစပ် လုပ်ငန်း နဲ့ စွန့်ဦး တီထွင်သူ Eileen Lui အကြောင်း ကို ရိုးရာလေးမှာ ဖော်ပြခဲ့ဖူး ပါတယ်။ http://goo.gl/c4GtSB
ေ
စေတနာ မှန်ရင် ကံ အကျိုးပေး သန်တယ်ဆိုတာ တကယ် အမှန် ပါပဲ။ ပြီးခဲ့တဲ့ စနေနေ့ က SoyAi ဟာ #WeWantABetterTomorrow နဲ့ #IWantABetterTomorrow ဆို တဲ့ Online Hash Tag Campaign ကို စတင် ဖို့ မိတ်ဆက်ခဲ့ ပါတယ်။
ယင်း Hash Tag များဖြင့် ရေးတင် ထားတဲ့ Facebook က Status နဲ့ ဓာတ်ပုံ များက မြန်မာပြည်ရှိ ဆင်းရဲ နွမ်းပါး ကလေးငယ် များကို ကူညီ၊ အားပေးနေမှု ကို သက်ရောက်စေ ရန်ဖြစ်ကြောင်း ဆိုပါတယ်။
ယင်း အတွက် မြန်မာပြည် က နာမည်ကျော် ပြည်သူချစ် အနုပညာရှင် များစွာ လည်း ပါဝင်ပြီး ကူညီပေး လျက် ရှိပါတယ်။ ဒ့ါအပြင် သူမ တို့ လုပ်ငန်း အတွက် အခြားသော စီးပွားရေး လုပ်ငန်းကြီး အချို့ ကလည်း ကူညီပေး မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသား မဟုတ်ပေမယ့် မလေးရှား ကနေ မြန်မာပြည် ကို လာရောက်ပြီး လူငယ်တွေ မိဘမဲ့ ကလေးတွေ ဘယ်သူ့ ကိုမှ မမှီခို မမှီကပ် ပဲ ကိုယ့်ခြေ ကိုယ့်လက် နဲ့ ကြိုးစား ရပ်တည် ရုန်းကန်နိုင်အောင် ဦးဆောင် လမ်းပြနေခြင်း ဖြစ်ပါတယ်။
မြန်မာတစ်ပြည်လုံး ရှိ ကလေးငယ် များ၊ ဆင်းရဲနွမ်းပါး သူများ၊ မိဘမဲ့ များ အားလုံး ကို ရရှိတဲ့ ငွေကြေး များကို လှူဒါန်းထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
သူမ တို့ဟာ အရွယ်ရောက်ပြီး လူငယ်တွေ နဲ့ လက်တွဲလို့ SoyAi အမည်ရ ပဲနို့ ကို
ဖြန့်ချိ ရောင်း ချ နေ ပါတယ်။ ပဲနို့ ရရှိနိုင်မယ့် ဆိုင်နေရာ နဲ့ အသေးစိတ်
အချက် အလက် တို့ကို www.facebook.com/cotyouthcentre
မှာ ဝင်လေ့လာနိုင် ပါတယ်။
မိမိတို့ အမည်ရေးထိုး ထားတဲ့ ပဲနို့ဗူး များကို ဝယ်ယူ လို့ Campaign အတွက် မိမိ တို့ ပုံတင်ခြင်း Hash tag ရေး သားခြင်းဖြင့် ပါဝင် ကူညီ နိုင်ကြောင်း သိရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
မိမိတို့ အမည်ရေးထိုး ထားတဲ့ ပဲနို့ဗူး များကို ဝယ်ယူ လို့ Campaign အတွက် မိမိ တို့ ပုံတင်ခြင်း Hash tag ရေး သားခြင်းဖြင့် ပါဝင် ကူညီ နိုင်ကြောင်း သိရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment