*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 21 August 2014

ငါးမန်း ကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည်

ငါးမန်းကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည် 

ဗြိတိန်နိုင်ငံရဲ့ ပင်လယ်ရေပိုင်နက်မှာ တွေ့ရှိခဲ့တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ ငါးမန်းဖြူမျိုး မှ တစ်ကောင်ဟာ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ကေဘယ်ကို ကိုက်ဖြတ်နေခြင်း ဖြစ်ပြီး ငါးမန်းဟာလည်း အင်တာနက် လိုင်း ပျက်ရတဲ့ တရားခံများထဲမှာ တစ်မျိုး အဖြစ် ပါဝင်လာခြင်း ဖြစ်ပါတယ်။ 

Google ရဲ့ ရေအောက်  အင်တာနက် ဆက်သွယ်ရေး ကြိုးကို ကိုက်ဖြတ်ခြင်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်တုန်းကလည်း ယင်းကဲ့သို့ အလားတူ ဖြစ်ရပ်ကြုံတွေ့ခဲ့ဖူးပြီး အင်တာနက်လိုင်း ပြတ်ခဲ့ကြ ပါတယ်။ အဲ့တုန်းက ငါးမန်းကို ကိုက်ဖြတ်ခြင်း ဖြစ်ကြောင်း ပြောဆိုပေမယ့် ဒါကို လက်မခံတဲ့ သူများလည်း ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယခုတော့ ရေအောက် ကင်မရာများ ထားရှိပြီ ဖြစ်တာကြောင့် ငါးမန်းက ကိုက်ဖြတ်တယ် ဆိုတာကို ဗီဒီယို မှတ်တမ်းနဲ့ လွယ်တကူ သိရှိနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

ရေအောက် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းများနဲ့ ကမ္ဘာတစ်ဝန်း အင်တာနက် ရရှိဖို့ ပြုလုပ်ကြခြင်း ဖြစ်ပြီး  ဒီအတွက် ကုန်ကျစရိတ်လည်း မနည်း ပါဘူး။ အသားလို အနံ့လည်းမရတဲ့ ကြိုးကို ကိုက်ဖြတ်ပြီး လူတွကို ဒုက္ခပေးရလောက်အောင် ငါးမန်းတို့ ဥာဏ်ပြေးနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ ပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.


ဗြိတိန်နိုင်ငံ ရဲ့ ပင်လယ်ရေပိုင်နက် မှာ တွေ့ရှိ ခဲ့တဲ့ မှတ်တမ်း တစ်ခု ဖြစ်ပါတယ်။ ငါးမန်းဖြူ  မျိုး မှ တစ်ကောင် ဟာ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ကေဘယ် ကို ကိုက်ဖြတ်နေခြင်း ဖြစ်ပြီး ငါးမန်း ဟာလည်း အင်တာနက် လိုင်း ပျက် ရတဲ့ တရားခံများ ထဲမှာ တစ်မျိုး အဖြစ် ပါဝင် လာခြင်း ဖြစ် ပါတယ်။ 

Google ရဲ့ ရေအောက် အင်တာနက် ဆက်သွယ်ရေး ကြိုး ကို ကိုက်ဖြတ်ခြင်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ် တုန်း ကလည်း ယင်း ကဲ့သို့ အလားတူ ဖြစ်ရပ်ကြုံတွေ့ခဲ့ ဖူးပြီး အင်တာနက် လိုင်း ပြတ်ခဲ့ကြ ပါတယ်။ အဲ့ဒီ တုန်းက ငါးမန်းကို ကိုက်ဖြတ်ခြင်း ဖြစ်ကြောင်း ပြောဆိုပေမယ့် ဒါကို လက်မခံ တဲ့ သူများလည်း ရှိ ခဲ့ခြင်း ဖြစ် ပါတယ်။ 


ယခုတော့ ရေအောက် ကင်မရာ များ ထားရှိပြီ ဖြစ်တာကြောင့် ငါးမန်း က ကိုက်ဖြတ်တယ် ဆိုတာကို ဗီဒီယို မှတ်တမ်း နဲ့ အလွယ်တကူ သိရှိနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

 ရေအောက် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်း များနဲ့ ကမ္ဘာ တစ်ဝန်း အင်တာနက် ရရှိ ဖို့ ပြု လုပ်ကြခြင်း ဖြစ်ပြီး ဒီ အတွက် ကုန်ကျ စရိတ်လည်း မနည်း ပါဘူး။ 

အသား လို အနံ့လည်း မရတဲ့ ကြိုးကို ကိုက်ဖြတ်ပြီး လူတွေကို ဒုက္ခပေး ရလောက်အောင် ငါးမန်း တို့ ဥာဏ်ပြေးနေပြီ လားဆို တာ မေးခွန်း ထုတ် စရာ ဖြစ်ခဲ့ ပါတယ်။

Ref: metro 

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment