* သံစဉ်တေးသီချင်း လေးများနှင့် ဘဝအမောများ ဖြေသိမ့်ပြီး, ၇ည်၇ွယ် ခ၇ီးလမ်းများ အတွက် ဗဟုသုတ အထွေထွေ ၇ှာဖွေနေကြသူများကို ရင်ခွင်လမ်းမှ နွေးထွေးစွာ ကြိုဆိုပါတယ် ။
Showing posts with label ဂီတ နှင့် သက်ဆိုင် သမျှ မှတ်သား စ၇ာများ. Show all posts
Showing posts with label ဂီတ နှင့် သက်ဆိုင် သမျှ မှတ်သား စ၇ာများ. Show all posts
Saturday, 16 August 2014
ထူးအိမ်သင် ရဲ့ ချစ်ခြင်း အားဖြင့် ၁၀နှစ် လွမ်းဆွတ်ပွဲ ကျင်းပ – ဟန်သစ်နိုင်
ကွယ်လွန်သူ၊ နိုင်ငံကျော် အဆိုတော် ထူးအိမ်သင် ရဲ့ချစ်ခြင်း အားဖြင့် (၁၀)နှစ်ပြည့် အမှတ်တရ လွမ်း ဆွတ် ပွဲ ကို ကဗျာဆရာ မင်းထက်မောင်နှင့် ဂီတ၊ ပန်းချီ၊ ကဗျာ ဝါသနာရှင် ကျောင်းသားလူငယ် သူငယ်ချင်း များ စုစည်းပြီး ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းရှိ Home ခမ်းမ တွင် သြဂုတ် ၁၄ ရက် ကပြု လုပ်သည်။
ထူးအိမ်သင် သည် အဘ ဦးထွန်းမြင့်၊ အမိ ဒေါ်မြရင် တို့မှ ဇူလိုင် ၁ရက် ၁၉၆၃ခုနှစ် တွင် ပုသိမ်မြို့ မှမွေးဖွား ပြီး သူ၏ နာမည်အရင်း မှာ ကျော်မြင့်လွင်ဖြစ် သည်။ မူလတန်း ပညာကို အမှတ် (၂၀ ) အ.မ.က မှာ ပညာ သင်ကြားပြီး အ.ထ.က( ၃) မှ ဆယ်တန်းအောင် သည်။
၁၉၇၉-၈၀ ခုနှစ်တွင် ဧရာဝတီတိုင်း ပုသိမ်ဒေသကောလိပ် တွင် ပညာသင်ကြားသည်။ ၁၉၈၁ခုနှစ် တွင် မော်လမြိုင် တက္ကသိုလ်မှာ ပညာ ဆက်လက် သင်ကြားပြီး ရုက္ခဗေဒနှင့် အောင်မြင် ခဲ့သည် ။ မော်လမြိုင် ရှိ ဂီတဆရာ ဦးအောင်စိုး ဆီ(RC Fraosis) မှ ဂီတ သင်္ကေတနှင့် ဂီတ ပညာများ သင်ယူ ခဲ့သည်။
Tuesday, 12 August 2014
နာဂါဆာဂီ ကို အဏုမြူ ဗုံး ကြဲချ တဲ့ နှစ်ပတ်လည်နေ့ မှာ စစ်နဲ့ ငြိမ်းချမ်းရေး ကို သီဆို ခဲ့တဲ့ အဆိုတော် ခိုင်ထူး ရဲ့ ၃၄…. ခိုင်ထူး { ရန်နောင်(ဗိုလ်တထောင်) }
ရန်နောင်(ဗိုလ်တထောင်) နာဂါဆာဂီ ကို အဏုမြူ ဗုံး ကြဲချတဲ့ နှစ်ပတ်လည်နေ့ မှာ စစ်နဲ့ငြိမ်းချမ်းရေး ကို သီဆိုခဲ့တဲ့ အဆိုတော် ခိုင်ထူး ရဲ့ ၃၄ …. ခိုင်ထူး
သြဂုတ် ၁၂၊ ၂၀၁၄
စတီရီယို တေးဂီတလောက တွင် နှစ်ပေါင်း သုံးဆယ့်လေးနှစ်ကြာ ရပ်တည် ခဲ့သော တခေတ် တခါက လူငယ်ထု အကြိုက် တေးရေး၊တေးဆို ခိုင်ထူး ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို ရန်ကုန်မြို့ မြို့မကျောင်းလမ်း ရှိ အမျိုးသား ကဇာတ်ရုံကြီး တွင် သြဂုတ်လ (၉)ရက်နေ့ ည(၇) နာရီက ကျင်းပပြု လုပ်ခဲ့သည်။
ကျားပေါက်နှင့် Y-Talk ပူးပေါင်း ၍ မူပိုင်ခွင့် ကုမ္ပဏီ တည်ထောင်ပြီ
တေးသံရှင် ကျားပေါက်နှင့် Y-Talk တို့ ပူးပေါင်းပြီး အနုပညာရှင် တို့ ရဲ့ ရပိုင်ခွင့် များ အတွက် မူပိုင်ခွင့် ဝန်ဆောင် မှု ကုမ္ပဏီ တစ်ခု ကို တည် ထောင် လိုက် ပြီ ဖြစ်ကြောင်း သိရ သည်။
Digi right လို့ အမည်ပေး ထားတဲ့ ကျားပေါက် တို့ ရဲ့ ဝန်ဆောင် မှု ကုမ္ပဏီ ကတော့ ဂီတ အနုပညာရှင် များရဲ့ မူပိုင်ခွင့် များကို ထိန်းသိမ်း ကာကွယ်ပေးခြင်း၊ ဂီတ ပညာရှင် များ ရဲ့ မူပိုင်ခွင့် များကို ထိန်းသိမ်း ကာ ကွယ်ပေးခြင်း၊
ဂီတပညာရှင် များဝင် ငွေ တိုးပွားရေးနှင့် အပိုဝင်ငွေ များ ရရှိရန် ကြိုး စားပေးခြင်း၊ ဥပဒေနှင့် ပတ်သက် သည့် ကိစ္စရပ် များအား ဂီတပညာရှင် များဘက်မှနေ၍ ရပ် တည်ဆောင်ရွက်ပေးခြင်း၊ ဂီတ ပညာ ရှင်များ၏ အနုပညာ ဖန်တီးမှု များ အား မြန်မာပြည်တွင် မက တစ်ကမ္ဘာ လုံးသို့ ဖြန့်ဖြူး ရောင်းချ ကြော်ငြာ ပေးခြင်း၊
အနုပညာရှင် များ၏ ရသင့် ရထိုက်သော အနုပညာ ဖန်တီးမှု အခကြေးငွေ များအား အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ရန် ဆောင် ရွက်ပေးခြင်း များကို အဓိက ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
Thursday, 7 August 2014
သိန်း တရာကျော် ဆုပေး မယ့် တယ်လီနော ရဲ့ ဂီတပြိုင်ပွဲ

တယ်လီနောမြန်မာ က ဂီတပြိုင်ပွဲ တခု ပြုလုပ်နေ ပါတယ်။ အဲဒါ ကတော့ မြန်မာ့ တေးသွား ငွေကြယ်ပွင့် ပြိုင်ပွဲ ဆိုတာပါပဲ ။ ဆုသုံးခု - ပထမဆု သိန်း ၁၀ဝ၊ ဒုတိယ နဲ့ တတိယ ကို သိန်း ၂၀ စီ ပေးမယ် လို့ ကြေညာ ထားပါတယ်။
ကဲ… ပြိုင်ပွဲ ကို တေးသွား ဘယ်နှစ်ခု ရောက် လာပြီလဲ?
တေးသွားပေါင်း ရှစ်ထောင်ကျော် ကျော် လက်ခံ ရရှိ ခဲ့ပြီး အောင်မြင် တဲ့ တေးသွားငွေကြယ်ပွင့် ဘယ်သူဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ကြ ရအောင်။
တယ်လီနောမြန်မာ ရဲ့ မူပိုင် သင်္ကေတ ဂီတတေးသွား ဟာ စက်တင်ဘာ လမှာ စတင်မည့် ဝန်ဆောင် မှုတွေ ရဲ့ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ် လို့ တယ်လီနော က သူ့ဖေ့စ်ဘုတ် မှာ ရေးပါ တယ်။
Thursday, 23 January 2014
ဂစ်တာ နှင့် ပတ်သက်ပြီး စိတ်ဝင်စား သူများ အတွက်
ဂစ်တာ ၏ အစိတ် အပိုင်း များ
ဂစ်တာ မတီး ခတ်မီ
ကျွန်တော်တို့ တီးခတ်မယ့် တူရိယာဖြစ်တဲ့ ဂစ်တာရဲ့အစိတ်အပိုင်းများနှင့်
အကျွမ်းဝင်
ရင်းနှီးအောင် အရင်ဆုံး လေ့လာကြည့်ရအောင် ။ (လျှာရှည်ပြီ)
ဂစ်တာရဲ့အစိ
တ် အပိုင်းတွေကတော့ - - - -
တ် အပိုင်းတွေကတော့ - - - -
ပထမဆုံး
Headstock လို့ခေါ်တာ ဂစ်တာရဲ့ ခေါင်းပိုင်းပါ ။ (သြော် ရှင်းသွားတာပဲ.. :) )
အဲဒီမှာရှိတဲ့ Tuning keys (or) Machine Headsလေးတွေနဲ့ ခင်ဗျားဂစ်တာ ကို
ကြိုးညှိရပါမည်။
အဲဒီနောက်မှာ မျှော့ကြောင်းလေးတွေ ဖော်ထားတဲ့ Nut
လို့ခေါ်တဲ့ ဂစ်တာကြိုးထိန်းလေး ရှိပါသည် ။ သူ့ကို ပလက်စတစ် ၊ အရိုး (သို့)
သစ်သား စတာတွေနဲ့ပြုလုပ်လေ့ရှိပါသည် ။ သေးငယ်ပေမယ့် အင်မတန်အရေးပါတဲ့
ကောင်လေးဖြစ်ပါတယ် ။ ဂစ်တာကြိုးတွေကို မရွှေ့ရှားနိုင်အောင် ထိန်းဖို့ ၊
ကြိုးတွေကို လက်ကွက်ပြားပေါ်မှ မတင်ပေးထားတဲ့ တာဝန်ကိုယူထားပါတယ် ။
Wednesday, 11 December 2013
ရေချိုး စဉ် သီချင်း ဆိုခြင်းကောင်းကျိုး

ရေချိုးခန်း ထဲ ရေချိုးနေတုန်း သီချင်း ဆိုတာဟာ ကျန်းမာရေး ကောင်း ကျိုး များစွာ ပေးစွမ်း တယ်လို့ ဆိုပါတယ်။
ဥပမာ - ဖိတ်ဖိစီး မှု ကျဆင်းစေခြင်း၊ အာရုံ စူးစိုက်မှု ကောင်းစေခြင်း ၊ သွေး ပေါင်ချိန် ကျဆင်းစေခြင်း နဲ့ ကိုယ်ခံအား ကောင်းစေခြင်း တို့ကို ဖြစ်ပေါ် စေပါတယ်။
ရေချိုးစဉ် သီချင်းဆိုခြင်းက ယင်း ကျန်းမာရေး ကောင်းကျိုးအပြင် အသံ ကောင်းစေတဲ့ ကောင်းကျိုး လည်း ပေး ပါသေးတယ်။
Subscribe to:
Posts (Atom)

