*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 12 August 2014

ကျားပေါက်နှင့် Y-Talk ပူးပေါင်း ၍ မူပိုင်ခွင့် ကုမ္ပဏီ တည်ထောင်ပြီ

 

တေးသံရှင် ကျားပေါက်နှင့် Y-Talk တို့ ပူးပေါင်းပြီး အနုပညာရှင် တို့ ရဲ့ ရပိုင်ခွင့် များ အတွက် မူပိုင်ခွင့် ဝန်ဆောင် မှု ကုမ္ပဏီ တစ်ခု ကို တည် ထောင် လိုက် ပြီ ဖြစ်ကြောင်း သိရ သည်။ 

Digi right လို့ အမည်ပေး  ထားတဲ့ ကျားပေါက် တို့ ရဲ့ ဝန်ဆောင် မှု ကုမ္ပဏီ ကတော့ ဂီတ အနုပညာရှင် များရဲ့ မူပိုင်ခွင့် များကို ထိန်းသိမ်း ကာကွယ်ပေးခြင်း၊ ဂီတ ပညာရှင် များ ရဲ့ မူပိုင်ခွင့် များကို ထိန်းသိမ်း ကာ ကွယ်ပေးခြင်း၊ 

ဂီတပညာရှင် များဝင် ငွေ တိုးပွားရေးနှင့် အပိုဝင်ငွေ များ ရရှိရန် ကြိုး စားပေးခြင်း၊ ဥပဒေနှင့် ပတ်သက် သည့် ကိစ္စရပ် များအား ဂီတပညာရှင် များဘက်မှနေ၍ ရပ် တည်ဆောင်ရွက်ပေးခြင်း၊ ဂီတ ပညာ ရှင်များ၏ အနုပညာ ဖန်တီးမှု များ အား မြန်မာပြည်တွင် မက တစ်ကမ္ဘာ လုံးသို့ ဖြန့်ဖြူး ရောင်းချ ကြော်ငြာ ပေးခြင်း၊ 

အနုပညာရှင် များ၏ ရသင့် ရထိုက်သော အနုပညာ ဖန်တီးမှု အခကြေးငွေ များအား အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ရန် ဆောင် ရွက်ပေးခြင်း များကို အဓိက ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။


 
ကျားပေါက်နှင့် Y-Talk  တို့ ပူးပေါင်း ပြု လုပ်မည့် Digi right ကုမ္ပဏီ အကြောင်းနှင့် ပတ်သက် ၍ အနုပညာ အသိုင်း အဝိုင်း မှ မိတ်ဆွေ များအား အသိပေး ရှင်း လင်းခြင်း ကို တော့ သြဂုတ်လ ၃ရက် မွန်းလွဲ ၁ နာရီ က ကန်တော်ကြီး ရှိ ကရဝိက် နန်းတော်တွင် ကျင်းပပြုလုပ် ခဲ့သည်။ 

သီချင်း များကို ဝယ်ယူနိုင်ခြင်း နည်း လမ်း များနှင့် ပတ်သက်ရာ ကိုလည်း Y-talk  မှ ကိုပြည့်မောင် က “website  က တစ်ဆင့်၊ Mobile App က တစ်ဆင့်၊ ပြီးတော့ သီချင်းကို code နဲ့ download လုပ်လို့ ရတာ ရှိမယ်။ 

ပြီး တော့ gift card လို သီချင်း download card လေးတွေ ဖြန့် မယ်။ သီချင်း တင်ရောင်းတဲ့ နေရာ တိုင်း မှာ ကျွန်တော် တို့နဲ့ လက်တွဲ ထား တဲ့ Artist တွေ ရဲ့ မူပိုင်ခွင့်တွေ ကို ကာကွယ် ပေးသွားမယ်” ဟု ပြော သည်။ 

ကျားပေါက် နှင့်  Y-talk  တို့၏ Digi right ကုမ္ပဏီ ၏ လုပ်ငန်းစဉ် များကို မကြာမီ စတင် မည် ဖြစ်ပြီး ကုမ္ပဏီ နှင့် ပထမဆုံး လက်တွဲ သည့် Artist ၁ဝဦး အား ဝန်ဆောင်ခ ၁၂ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းလည်း သိရ သည်။

“ဒီကိစ္စ အတွက် အိုင်ဒီယာ ရှိတာက ကြာပြီ။ ဂီတ အစည်းအရုံး မှာ ဝင်ပြီး အရွေး ခံတယ် ဆိုတာလည်း ဒီ မူပိုင်ခွင့် ကိစ္စလေးတွေ လုပ်ချင်လို့ပါ။ ဒါပေမဲ့ တခြား တာဝန် ယူရ မယ့် ကိစ္စတွေ ကလည်း တအား များတော့ ဒီ တစ်ခု တည်းကို Focus လုပ်လို့ မရဘူး။

 ပြီးတော့ ဒီလို ကိစ္စတွေ ကျတော့ ဗဟိုကချုပ် ကိုင်တဲ့ စနစ်နဲ့ သိပ် မကိုက် ဘူးဗျ။ တစ်သီး ပုဂ္ဂလဖြစ်မှပဲ ပိုအဆင်ပြေမယ် လို့ ယုံကြည်တယ်။ အဲ့ဒီ အတွက်လည်း ဒါကိုလုပ် ဖြစ်ခဲ့တာပါ။ အိုင်ဒီ ယာက ရှိတာ ကြာပေမယ့် သီချင်း ကိုရောင်းလို့ ရ မယ့် ဝယ်လို့ ရမယ့် Platform လိုတယ်။ 

 အခု Y-talk  နဲ့ ချိတ်မိတော့ အဆင်ပြေ သွားတာပေါ့။ ဒီမှာ က သီချင်းတွေ အပြင် band တစ် band ရဲ့ ပုံ Theme ကိုပါ download အနေ နဲ့ဝယ်လို့ ရတယ်။ ဒါက သီချင်းတွေ ကို ဖုန်းတွေက တစ်ဆင့် ဝယ်တာ၊ website ကဝယ်တာ စသဖြင့် လုပ်လို့ ရတယ်။ 

သီချင်း တင် ရောင်း လို့ ရ တဲ့ နေရာ မှန်သမျှ မှာ ကျွန်တော်တို့ ရှိမယ်။ အဆိုတော်တွေ အနေနဲ့ သူတို့ရဲ့ မူပိုင်ခွင့်တွေ အတွက် ကျွန်တော် တို့နဲ့ ချိတ်ဆက် တဲ့ အခါ ကျွန်တော် တို့က သူတို့ သီ ချင်းတွေ အတွက် မူပိုင်ခွင့် ကို အကာ အကွယ် ပေးမယ်” ဟု digi right ကုမ္ပဏီမှ တေးသံရှင် ကျားပေါက် ကပြောသည်။

ရဲရဲ
popular journal
From...Search Myanmar
 

No comments:

Post a Comment