*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 13 October 2014

ဆာမူရိုင်းမလေးအတွက်...

ယေဘုယျဝိညဉ်
-----------------


ငါ့ကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ...။

မင်းကသာ ဟိုဘက်က အပ်နဲ့မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ

ငါက...
တွေ့နေကျ၊မြင်နေကျ၊ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ် ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပေါက်ရင်တောင်
ကြောက်တတ်တဲ့ကောင်မျိုး...။


ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ်..။


ငါက...သာမညလူ
ငါက...ေယဘုယ်လူ
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ်ခွါလိုက်ရင်ပဲ
အထဲမှာ ဘယ်မှကျန်မှာမဟုတ်တဲ့လူ...


ဘယ်သူကမှ မသိဘူးဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ်..။

No comments:

Post a Comment