1 - သင့် လက်နှစ်ဖက် ကို ဆုပ်ကိုင် ကြည့်ပါ
2- လက်ပိုက် ကြည့်ပါ...
အထက်ဖော်ပြပါ ပုံများ ထဲမှာ သင်\ လက်ပိုက်ပုံ ၊လက်ဆုပ်ကိုင်ပုံ နှင့် တူညီသည် ကို ရွေးပါ
။ပြီးနောက် သင့် ၏ စိတ်နေသဘောထား ကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။
R-R
သင်ဟာ ယဉ်ကျေးတဲ့သူ တစ်ယောက်ဖြစ်ပြီး အခြားသူတွေ ရဲ့စကားကို နားထောင်ပေးလေ့ရှိသူပါ။ အခြားသူတွေ ရဲ့ ခံစားချက်တွေ ကို စာနာ တတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဟာ အားနာတတ်သူပါ။ ဒီ အားနာတဲ့ စိတ်ကြောင့်ပဲ အခွင့်အရေး တချို့ ဆုံးရှုံးခဲ့သူပါ။ အချစ်ကို ကိုးကွယ်သူလည်း ဖြစ်ပါတယ်။
R-B
သင်ဟာ တည်တည်နေတတ်သူ ဖြစ်ပြီး ဒေါသကြီး တတ်သူဖြစ်ပါလိမ့်မယ်။ ကျယ်လောင် စွာ ရယ်မောလေ့
ရှိပြီး ငိုရင်လည်း ရုတ်တရက် ငိုတတ်ပါတယ်။ ပစ္စည်းတခုခု ၀ယ်တဲ့ အခါမှာလည်း ၀ယ်သင့်လားလို့ မစဉ်း စားပဲ ၀ယ်တတ် သူပါ။ အများ စိတ်ဝင်စားမှု ကို နှစ်သက်သူဖြစ်ပါတယ်။ ပန်းတွေ ပွင့်တဲ့ ဆောင်းရာသီ ကိုကြိုက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
B-R
သင်ဟာ ထက်မြက်ပြီး ဥာဏ်ကောင်းသူ တစ်ဦးပါ။ သင့် ဗီဇကိုက အေးအေးဆေးဆေးနေတတ်သူ ဖြစ်တာကြောင့် သူငယ်ချင်းတွေ နဲ့ လည်း ရင်းရင်းနှီးနှီးပေါင်းလေ့ မရှိပါ။ သင်ဟာ အများ ရဲ့ယုံကြည်ခံရ
သူဖြစ်ပြီး သူတပါး ကို ကူညီတတ်သူလည်း ဖြစ်ပါတယ်။ သင်ဟာ ချစ်ရင်လည်း အချစ်ကြီး သလို မုန်းရင် လည်း အမုန်းကြီး မုန်းတတ်သူ ဖြစ်ပါတယ်။
B-B
သင်ဟာ အေးဆေးတည်ငြိမ်သူ ဖြစ်ပါတယ်။ ရဲရင့် တတ်ပြီး မဟုတ်မခံ စိတ် ရှိသူလည်း ဖြစ်ပါတယ်။ သင့် သူငယ်ချင်းတွေ ထဲမှာ သင်ဟာ ဦးဆောင်သူ ဖြစ်နေတတ် ပါတယ်။ စေ့စပ်သူ တစ်ဦးဖြစ်ပြီး မိမိစိတ်ကို ထိန်းချုပ်နိုင်တဲ့သူ လည်း ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီး သူ တစ်ယောက် ဖြစ်သလို ရိုမန်တစ် ဆန်တဲ့ အချစ်ကြီးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Thanks ကူးခွင့်ပြုပါ
ReplyDelete