*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 1 October 2014

ဦးနေ၀င်းမြေးများအား နိင်ကျဉ်းသတ်မှတ်ရေး ဦးဇာဂနာ ကူညီမည်

ဦးနေ၀င်းမြေးများအား နိင်ကျဉ်းသတ်မှတ်ရေး ဦးဇာဂနာ ကူညီမည် 
စက်တင်ဘာ ၂၉
ရန်ကုန်။

နိင်ငံတော်ပုန်ကန်မှုစွဲချက်ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည့် ဦးနေ၀င်း၏မြေးများအား နိင်ကျဉ်းအဖြစ်သတ်မှတ်စာရင်းသွင်းရေးအတွက် မိမိအနေဖြင့်ကန့်ကွက်ရန်မရှိကြောင်းနှင့် အဖွဲ့မှ သဘောတူပါက မိမိအနေဖြင့်လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဦးဇာဂနာက ပြောသည်။ “စစ်အာဏာရှင်လက်အောက်မှာမတရားပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတွေအများကြီးပဲလေ။ကိုမင်းကိုနိင်တို့ကျွန်တော်တို့ကိုလည်း အမူဆင်ပြီး စစ်အစိုးရကပြစ်ဒဏ်ချခဲ့တာပဲလေ။မတရားဖမ်းဆီးခံခဲ့ရတဲ့အထဲမှာသူတို့လေးတွေလည်းပါတယ်”ဟု ဦးဇာဂနာက ပြောသည်။ နိင်ငံရေးအကျဉ်းသားများစီစစ်ရးအဖွဲ့အတွင်းတွင်မှု ဦးနေ၀င်း၏ မြေးများအား နိင်ကျဉ်းအဖြစ်သတ်မှတ်ရန်ကြိုးပမ်းချက်ကို ကန့်ကွက်သူအများစုဖြစ်နေကြောင်းသိရသည်။ “ကိုဇာဂနာနဲ့တော့ကျန်တဲ့သူအများစုက အမြင်မတူကြဘူး။သူတို့အချင်းချင်းစီးပွားရေးဆက်နွယ်မှုကို အကြောင်းပြုပြီး နိင်ကျဉ်းကို ချဉ်းကပ်တာမျိုးကိုတော့သဘောမတွေ့ဘူး။နိင်ကျဉ်းဆိုတာ နိင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပေါက်လာရေးအတွက် အသက်သွေးချွေးရင်းပြီး ပေးဆပ်ခဲ့သူတွေကို ထည့်သွင်းတာ။အဓိကစံထားတာက ပုဒ်မ မဟုတ်ဘူး ဥပမာ ကိုမင်းကိုနိင်တို့ကိုချတဲ့ပုဒ်မနဲ့ အေးနေ၀င်းတို့ ညီအစ်ကိုကိုချတဲ့ပုဒ်မတူနေပေမယ့် သူတို့တွေရဲ့ လုပ်ရပ်က မိုးနဲ့မြေကွာတယ်”ဟု နိင်ငံရေးအကျဉ်းသားများစိစစ်ရွေးချယ်ရေးဗဟိုကော်မတီဝင် ဦးဘဦးက ပြောသည်။ အနုပညာသည်အဖြစ်နိင်ငံ၏ဒီမိုကရေးလှုပ်ရှားမှုများဖြင့် နာမည်ကျော်သည့် ဦးဇာဂနာပိုင် Tomorrow ဂျာနယ်၏ ရှယ်ရာ ၈၀ ရာခိုင်နှုန်းကို ဦးနေ၀င်း၏မြေးများထံရောင်းခဲ့ပြီးနောက် နိင်ကျဉ်းအဖြစ် အေးနေ၀င်းညီအစ်ကိုများအားထည့်သွင်းရေးဦးဇာဂနာ၏ကြိုးပမ်းချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

မျိုးဝင်း(မြစ်မခ)

No comments:

Post a Comment