*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 19 February 2014

Joe Satriani { 2 }

Joe Satriani
 
Joe ရဲ့ 1987 ခုနှစ် album ဖြစ်တဲ့ Surfing With the Alien  ဟာ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။

Surfing With the Alien  ကို သူရဲ့ One Man Show လေးမှာ ဖေါ်ပြပေးထားပါတယ်။




ဒီခွေမှာ စုစုပေါင်း  နှစ်သန်းကျော်လောက်ရောင်းရတဲ့ အပြင် အကြိမ်ကြိမ် ထပ်မံထုတ်ဝေ ရတဲ့အခွေ လဲ  ဖြစ်ပါတယ်။ ဒီအခွေဟာ နှစ်တော်တော်ကြာကြာ အရောင်းရဆုံး အဖြစ် ရပ်တည်နေခဲ့တာ လည်းဖြစ် ပါတယ်။  





“Satch Boogie” ဟာလည်း အကောင်းဆုံး ဂစ်တာ Solo 100 စရင်းမှာ အမှတ်စဉ် 55 ချိပ်ခဲ့ ပါ တယ်။ ဒါတွေ ဟာ သူ့အတွက် တေးရေး ဆရာ နှင့်ထုတ်လုပ်သူလုပ်နိုင်အောင်အခွင့်အ ရေး လမ်းကြောင်း ပွင့်သွားခဲ့တာ လဲဖြစ်ပါတယ်။ 

အဲဒီ တစ်နှစ်ထဲမှာဘဲ Lead ဂစ်တာသမား Mick Jagger  ဟာ သူနဲ့အတူ Australia နှင့် New Zealand မှာသူ့ Promotion အတွက်တီးရန် ဖိတ်ခေါ်ခြင်း ခံရပါတယ်။ ပြီးတော့ Flying In A Blue Dream ဟာ Joe ရဲ့ တတိယခွေဖြစ်ပါတယ်။ ဒီခွေကို 1989 သူကိုယ်ပိုင်ဖြန့်ဝေတာဖြစ်ပါတယ်။ ဒီခွေမှာ သူကိုယ်ပိုင် သီချင်းတော်တော် များများ ပါဝင် ပါတယ်။

Joe Satriani - Flying In A Blue Dream (Satriani LIVE!)

 



 ဒီ Album ထဲက “One Big Rush” သီချင်းကတော့ Say Anything ရဲ့ ဇာတ်ဝင် သီချင်းဖြစ်ခဲ့ ရပါ တယ်။

1990 မှာ Joe Satriani ကို ဂစ်တာ ထုတ်လုပ်သော ကုမ္ပဏီဖြစ်တဲ့ Ibanez Company က သူ့တို့ရဲ့ ထုတ်ကုန် မှာ အမည်ခံပေးဘို့ ကမ်းလှမ်းလာတာ ကို သဘောတူ လက်ခံပြီး စာချုပ်ချပ်ဖြစ်ခဲ့ပါတယ်။
 

သူတို့ ကုမ္ပဏီမှ ထုတ်လုပ်သော ဂစ်တာများမှ တစ်ခုချင်းစီ တွင် JS ဟုရေးထိုးထားပါတယ်။ Joe Satriani ကိုတိုင်လဲ JS1000 သို့မဟုတ် JS1200 အသုံးပြုပြီး ဖေါက်သည်တွေ ကိုကြော်ငြာပေး ပါတယ်။ ပြီးတော့ Double Neck လို့ခေါ်တဲ့ ဖလက်တ န်နှစ်ခုပါတဲ့ JS700 လဲသူတော်တော် သဘောတွေ့ပြီး အသုံးပြုပါတယ်။
 

Chrome Boy ဆိုတဲ့ ဂစ်တာ အမျိုးအစား ဟာလဲသူ အလွန်နှစ်သက်တဲ့ဂ စ်တာတစ်မျိုးပါ။ 1992 ခုနှစ်မှာ The Extremist ကိုဖြန့်ဝေခဲ့ပါတယ်။

”Summer Song” အတီးလေးဟာ DJ ရေဒီယိုကနေ ပေါ်ပြူလာဖြစ်သွားခဲ့ရပါတယ်။

Time Machine ကတော့ 1993 ခုနှစ် ထုတ်တဲ့ Album ဖြစ်ပြီးနှစ်ခွေတွဲဖြစ်ပါတယ်။ ဒီခွေလေးက သူ့ရဲ့ လက်ရာလေးကို ထုတ်လုပ်ဖြစ်တဲ့ အခွင့်အရေးလေးလဲဖြစ်ပါတယ်။

Joe Satriani - "Time machine" (Live in Paris)

 



1993 ခုနှစ်မှာ တော့ Joe ဟာ Deep Purple နှင့်လက်တွဲဖြစ်ခဲ့ပါတယ်ဘာကြာင့်လဲ ဆိုတော့ Deep Purple ရဲ့ Lead ဂစ်တာသမား Ritchie Blackmore ဟာ သူတို့ ဝိုင်းမှနှုတ်ထွက် သွား တာကြောင့် ဘဲဖြစ်ပါတယ်။ 

သူတို့ နှစ်ဦး တွဲပြိးတဲ့နောက် Japan မှာ သီဆိုတဲ့ပွဲတွေ မှာ အရမ်း ကိုအောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် Joe ဟာသူတို့ အဖွဲ့မှာ ပင်တိုင် တီးဘို့ပြောလာတာကို Deep Purple ကလက်ခံကြိုဆို ခဲ့ပါတယ်။ 

သို့ပေမဲ့ သူတို့နှစ်ဦးဟာ အိမ်ထဲ မှာဘဲ Album တော်တော် များများကို အလုပ် အတူတွဲ လုပ်ဖြစ်ခဲ့ ပါတယ်။ ဒီနောက်ပိုင်းသူဟာ Sony နှင့်စာချုပ် ချုပ်ဖြစ်ခဲ့ပါတယ်။ Joe ဟာ G3 လို့ခေါ်တဲ့ နယ်လှည့် ဖျော်ဖြေပွဲကို အရမ်းစိတ်ဝင်စားခဲ့ ပါတယ်။ သူတို့ရဲ့ G3 ပထမ ပွဲကို 1996 မှာ Joe Satriani, Steve Vai နှင့် Eric Jahnson တို့ဦးဆောင်ပြီး တောင် America မှာ မြို့ပေါင်း ၂၄ မြို့မှာ လှည့်လည်ဖျော်ဖြေခဲ့ ပါတယ်။ 

ဒီပွဲကို ကြည့်ရှုသူပေါင်း 90,000 ခန့်ရှိတယ် လို့အကြမ်းဖျင်း သိရပါတယ်။ တတိယ ပွဲစဉ်မှာတော့ John Petrucci,Paul Gilbert, Robert Fripp, နှင့် Adrian Legg တို့ ပါဝင်လာပြီး Europe, Japan, Australia, နှင့် South America မှာ လှည့်လည်ဖျော်ဖြေခဲ့ကြ။ Satriani ဟာ 21 ရာစု သစ်မတိုင်ခင်မှာ နောက်ထပ် Solo Album နှစ်ခုကို ထုတ်လုပ်ဖြန့်ဝေခဲ့ပါတယ်။ သူနာမည် ထွက်လာတာ 1985 မှာဖြစ်ပြီး 1998 မှာတော့ Crystal Planet ကိုထုတ်ဝေခဲ့ပါသေးတယ်။ 

From... http://the100guitarists.blogspot.com/


No comments:

Post a Comment