*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 6 April 2014

ရန်ကုန်မြို့က မစ္ဆရိယ ပြိတ္တာမ

10155145_772516392767137_184399965_n

♦မစ္ဆရိယ သည် သေးငယ်လျှင် “မိမိပစ္စည်း”ကိုသာ ဝန်တိုသည်။
 

♦ကြီးလာ လျှင် “သူတပါး၏ ပစ္စည်း”ကိုပါ လိုက်ပြီး ဝန်တို လာတတ်သည်။
 

ကျွန်ုပ်၏ တပည့် မလေးတစ်ယောက်မှ တစ်ဆင့် သိရသော အဖွားကြီး တစ်ယောက်၏ အဖြစ်သည် ကား သနားစရာလည်းကောင်း၊ သံဝေဂရစရာလည်း ကောင်းလှပါသည်။


ထိုအဖွားကြီး သည် မစ္ဆရိယ၏ နှိပ်စက်မှုကြောင့် မပေးနိုင် မကမ်းနိုင် နှမြောစေးနည်း ဝန်တိုလှသည်။
မစ္ဆိရိယက ကြီးသထက် ကြီးလာသောအခါ မိမိပစ္စည်း ကိုသာ ဝန်တိုရုံ မကတော့ပဲ အိမ်သားအားလုံး ၏ ပစ္စည်းများ ကိုပါလိုက်ပြီး ဝန်တိုလာ သဖြင့် အိမ်သားများ မည်သူ ဒါနပြုပြု၊ မပြုရန် တားဆီး ပိတ် ပင်တော့ သည်။
 

ထိုသို့ပြုခြင်း ကို စာပေ ၌ ပုညန္တရာယ် ဟုခေါ်သည်။ သူတစ်ပါး၏ “ကုသိုလ် ပျက်စီးအောင် အန္တရာယ်ပြုခြင်း” ဟု အဓိပ္ပါယ် ရသည်။ အလွန် အကုသိုလ်ကြီးသော အမှုပါတည်း။

တစ်နေ့တွင် ထိုအဖွားကြီး ဆုံးသွားလေရာ ဗုဒ္ဓဘာသာ တို့၏ ထုံးစံ အတိုင်း ရက်လည် ဆွမ်းကျွေးပြီး
နောက်တစ်နေ့ မှာပင် သူ၏ မြေးမလေးအား အိမ်မက်ပေးလေသည်။ အိမ်မက်ထဲတွင်အဖွားကြီး မှာ ပိန်လှီနေပြီး အရိုးပေါ်အရေတင် ရုံသာရှိသည်။
 

အဝတ်အစားလည်း မရှိဘဲ ကိုယ်တုံးလုံးကြီး ဖြစ်လျှက်ရှိသည်။ အိမ်မက်ထဲ ၌ မြေးနှင့် အဖွားပြောနေကြ သည် မှာ…
“မြေးလေးရေ… အဖွားကိုကယ်ပါဦး၊အဖွားမှာစားစရာလည်းမရှိ၊ဝတ်စရာလည်းမရှိ ဖြစ်နေပြီ။ မြေးလေး မြင်ရတဲ့ အတိုင်းပဲ”

“အဖွားရယ်… မြေးလေးတို့ တစ်တွေ အဖွားဆုံးတဲ့နေ့ ကလည်း သက်ပျောက်ဆွမ်း ကပ်တယ်။
သင်္ဂြိုဟ်တဲ့နေ့ ကလည်း မြေဆင်း ဆွမ်း ကပ်လှူတယ်။ ရက်လည်တဲ့နေ့ကျတော့လည်း အဖွားသက်စေ့
သံဃာတွေပင့်ပြီး ဆွမ်းတွေ၊ သင်္ကန်းတွေ လှူခဲ့တာပဲ။မြေးလေးတို့ အမျှပေးတာ အဖွား သာဓုမခေါ်ရဘူးလား”

“ခေါ်လို့ မရပါဘူး ငါ့မြေးရယ်”
“ဘာလို့လဲ အဖွားရဲ့”

“ကိုယ်ပြုတဲ့ဒဏ် ကိုယ့်ပြန် ခံရတာပဲ ငါ့မြေးရယ်။ အဖွားမသေခင် တုန်းက ကိုယ်ကိုယ်တိုင် ဒါန မပြု ခဲ့တဲ့ အပြင် သူတပါးပြုတဲ့ဒါနကိုလိုက်ပြီး တားဆီးခဲ့တဲ့ သူတစ်ပါး ကုသိုလ်ကို ပိတ်ပင် တားဆီးခဲ့တဲ့
အကုသိုလ် ကံကြောင့် အခုအဖွားမှာ သာဓုခေါ်စရာ ပါးစပ်ပေါက် ပါမလာဘူး မြေးလေးရယ်”
ဟုပြောပြီး ပါးစပ်ပေါက် မပါသော သူ့မျက်နှာကို လှည့်ပြသဖြင့် မြေးဖြစ်သူမှာ လန့်ပြီး အိပ်ရာမှ နိုးသွား ခဲ့ရပါသည်။


ထို အဖွားကြီးကား ပြိတ္တာဘုံ ဘဝမှ ကျွတ်လွတ်ရန် မလွယ်တော့ ပါချေ။ “ဣဿာမစ္ဆရိယ”သည်
ထိုကဲ့သို့ လောကီ ချမ်းသာများ ဆုတ်ယုတ်အေ
ာင် လုပ်သည်သာ မကသေး၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊
နိဗ္ဗာန်ချမ်းသာမရအောင်လည်း လုပ်ပါသေးသည်။
 

“သုတ္တနိပါတ်ပါဠိတော်” ၌ “အဇိတရသေ့” က ဗုဒ္ဓအား-
ကေနသု နိဝုတောလောကော
ကေနသုန ပကာသတိ။
ကိဿာ ကိလေပနံ ဗြူသိ။
ကိဿမဿံ မဟဗ္ဗယံ။


မြတ်စွာဘုရား ပရမတ် ရုပ်နာမ် သင်္ခါရတွေ မမြင်အောင် ဝါ မဂ်ဖိုလ် မရအောင် အဘယ် တရားတွေက
ပိတ်ဖုံးထားပါ သလဲဘုရား ဟုမေးလျှောက်ရာ ဗုဒ္ဓက -
 

ဝေဝိဇ္ဇာ ပမာဒါ ဉာဏပတံနကရောတိ။
ဣဿာမစ္ဆရိယ တရားနှစ်ပါးနှင့် မေ့လျော့ခြင်း၊ ပမာဒ တရားများက မဂ်ဖိုလ်မရအောင် တားဆီး တတ်ကြောင်း ဟောကြားထားရာ....
 

ဣဿာမစ္ဆရိယ သည် သာမန် အကုသိုလ် မဟုတ်။ မဂ်ဖိုလ် မရအောင်ပင် တားတတ်သည့်
အကုသိုလ် တရားကြီးဖြစ်ကြောင်
း သတိပြုကြရပါမည်။

[မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” မှ-]

Dhamma Dãna Source 
► Zahan Mon &Young Buddhist’s Association

From...Search Myanmar

 

No comments:

Post a Comment