*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 18 February 2014

ANDROID ဖုန်းတွေမှာ MEMORY အလိုအလျောက်ပြည့်လာတာကို ဖြေရှင်းဖို့နည်းလမ်း တစ်ခု



4.0 နဲ့ အထက် ဖုန်းတွေကိုင်တဲ့သူတိုင်း 

ကြုံရမဲ့ အဖြစ်ကလေးနဲ့ ဖြေရှင်းရမဲ့ နည်းလမ်းလေးတွေ ပြောပြချင်ပါတယ် ။

 2.3 တွေတော့ မမှတ်မိတော့ဘူးဗျ ခွင့်လွှတ်ပေးပါ ။

အဲဒါကတော့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 4 Gb sdကဒ် 

တစ်ခုလုံးပြည့် လုနီးပါးဖြစ်နေတာ ပြောရရင် dcim folder ထဲက .thumbnail folder 

ဖိုင်ဆိုဒ် တအားကြီးလာတာကိုပြောတာပါ ။
 

 အများအားဖြင့်တော့ photo, video တွေအထည့်များ gallery အကြည့် များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် ။

ကျွန်တော်ဆိုရင် 16 Gb sd ကဒ်ကိုသုံးပါတယ် သူငယ်ချင်းတွေကို စဖို့နောက်ဖို့ photo coment တွေက

 ပုံပေါင်း 1000 ကျော်လောက် ဒေါင်းထားတဲ့ video တွေက 300 လောက်ဆိုတော့ data တွေက စုစုပေါင်း 6 
Gb လောက်သုံးထားတယ် ခင်ဗျ ဖုန်းကိုသုံးပြီးလို့ နာရီပိုင်းလောက် ကြာလို့ storage 

ကိုကြည့်လိုက်ရင် ပြည့်လုလုဖြစ်ပြီး အပိုက 8Gb လောက်ဖြစ်သွားတယ် အဲဒါနဲ့ thumb တွေကိုရှာဖျက် 

ပြီးပြန်တက် နဲ့ သံသရာလည်နေတော့ မဖြစ်တော့ဘူးဆိုပြီး android forum တွေလိုက်မွှေတော့ 

ကိုယ်လိုလူတွေ အများကြီးတွေ့တယ်ဗျ ။ နည်းလမ်းကလည်းအစုံဗျ သူငယ်ချင်းတစ်ယောက်က nomedia

 folder ဆောက် ဆိုလို့စမ်းကြည့်တယ် မရဘူး တစ်ယောက်က nomedia က folder မလုပ်ရဘူး file 

အသစ်တောင်းပြီး name ပြောင်းပေးရမှာ ဆိုလို့ လုပ်ကြည့်လဲ မရ ပြန်ပြီး တက်တာပဲ နောက်ဆုံးတော့ 

အဆင်ပြေတဲ့ နည်းလေးတွေ့တယ်ဗျ  ။ အဲ့ဒါကတော့ root explorer နောက်ဆုံး 

ဘားရှင်းလေး ကိုသုံးပြီး ဖြေရှင်းတဲ့နည်းပါ ပထမဆုံး setting > manange app> all tab ကိုသွားပြီး 

gallery နဲ့ media storage app နှစ်ခု ကို clear data နဲ့ force stop လုပ်ပေးပြီး ဖုန်းကို reboot 

ချပါ ပြန်တက်လာရင် rootexplorer apk ကနေ sd card > dcim> .thumbnail folder ထဲဝင်ပါ အဲဒီထဲမှာ 

ဖိုင်ဆိုဒ်ကြီးတဲ့ thumbnail တစ်ဖိုင် ဒါမှမဟုတ် နှစ်ဖိုင် (အများအားဖြင့် .thumbdata3-19672902099) နဲ့ 

ပုံလေးတွေတွေ့ပါလိမ့်မယ် အဲဒီ thumb ဖိုင်လေးရဲ့ name ကို သေသေချာချာ ကြည့်ပြီး 

စာရွက်ပေါ်မှာကူးရေးထားပါ ဒါမှမဟုတ် ဖိထားပြီး rename နှိပ်လိုက်ပြီး name ကို copy ယူထားပါ ပြီးရင် 

ဖိုဒါ ထဲမှာ ရှိတဲ့ ဖိုင်တွေ အကုန်ဖျက်ပါ ဖျက်ပြီးမှ rootexplorer ရဲ့အောက်ခြေက အပေါင်း သင်္ကေတလေး 

ကိုနှိပ်ပြီး file ကိုရွေးပါ ခုနက မှတ်ခဲ့တဲ့ name ကိုပေးပါ အဲဒါဆို ကိုယ့်ဟာကိုယ် တည်ဆောက်ထားတဲ့ 

thumb ဖိုင်လေးနဲ့ အစားထိုးပြီးဖြစ်ပါတယ် ပြီးရင် ဖုန်းကို reboot ချ လိုက်ပါ gallery ထဲဝင်ကြည့်ပါ 

ပုံတွေကို စစ်ကြည့်ပါ မပေါ်သေးရင်စောင့်ရပါမယ် တခါတလေ တော်တော်ကြာ တတ်တယ် data 


အနည်း အများပေါ်မူတည်ပါတယ် storage ကိုလည်း စစ်ထားပါ ပြီးရင်ဖုန်းကိုပုံမှန်သုံးလို့ရပါပြီ ။

အဓိပ္ပါယ်ကတော့ သူ့ဟာသူ တက်တဲ့ thumb ဖိုင်နေရာမှာ ကိုယ်တိုင်တည်ဆောက်တဲ့ thumb 

ဖိုင်ကို အစားထိုးလိုက်တာပါ ။ အဲဒါကတော့ android forum ရှာပြီး ကျွန်တော် 

သုံးလို့ အဆင်ပြေတဲ့နည်းလေး ကိုဝေမျှလိုက်တာပါ အဆင်မပြေသူများ ရှိရင် စိတ်မကောင်းပါဘူး

ROOT EXPLORER  နောက်ဆုံး ဘားရှင်း မရှိသေးရင် ဒီအောက်မှာဝင် ဒေါင်းပါ ။

 
MILOSHARE [ 2.3 MB ]






CREDIT TO KO PANN



No comments:

Post a Comment