*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 6 February 2014

မိုက်ခရိုဆော့ဖ် ရဲ့  စီအီးအိုဖြစ်လာတဲ့ အိန္ဒိယလူမျိုး Satya Nadella




Satya Nadella လို့အမည်ရတဲ့ မိုက်ခရိုဆော့ဖ်က မထင်မရှင်း ပုဂ္ဂိုလ် တစ်ဦးက စီအီးအိုဖြစ်လို့လာပါပြီ။ ဘီလ်ဂိတ် ကိုယ်တိုင် အသစ်ခန့် အပ်ပေး လိုက်တဲ့ Microsoft ကုမ္မဏီရဲ့ စီအီးအို ဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ် ကုမ္မဏီမှာတင် လုပ်နှစ် သက်တမ်း ၂၂ နှစ်ရှိပြီ ဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် Satya Nadella ဟာ အိန္ဒိယနိုင်ငံက အိန္ဒိယ လူမျိုး တစ်ဦး ဖြစ်ပါတယ်။ 



Mangalore တက္ကသိုလ်မှာ လျှပ်စစ် အင်ဂျင်နီယာနဲ့ ဘွဲ့ရပြီး အမေရိကန်က University of Wisconsin မှာ Computer Science ကို မာစတာ ယူခဲ့ ပါတယ်။ ပြီးတော့ ချီကာဂို တက္ကသိုလ်မှာ MBA ဆက်တက်ခဲ့ ပါတယ်။ သူ့ရဲ့ အရင်ဆုံး ပထမ အလုပ်က Sun Microsystem ဖြစ် ပါတယ်။ ပြီးတော့မှ ၁၉၉၂ ခုနှစ်မှာပဲ Microsoft ကို ချိတ်ဆက်ခဲ့ပြီး ချက်ချင်းပဲ ရာထူးအမြင့်ကို ရရှိခဲ့ပါတယ်။ 

ယနေ့အထိ ဆိုရင် သူဟာ Microsoft ရဲ့  Cloud မှာ စီနီယာ အမှုဆောင် ဒုတိယ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ Bing Search Enginer မှာလည်း တာဝန်ကျခဲ့ ပါတယ်။ Microsoft Server system မှာလည်း ရာထူးကြီး ရယူပြီး ကြိုးစားလုပ်ကိုင်ခဲ့ ပါတယ်။

သို့ပေမယ့် သူ့ရာထူးအထက်မှာ ဌာနဆိုင်ရာလူကြီးများရှိနေတာကြောင့် သူ့အရည်အချင်းကို ဘယ်မီဒီယာ မှ သတိမထားမိခဲ့ ပါဘူး။ သို့ပေမယ့် ဘီလ်ဂိတ် သတိထားမိလိုက်ပုံရပါတယ်။ ဒါကြောင့်ပဲ ဌာနခွဲတစ်ခုရဲ့  Vice President ကနေ Microsoft ရဲ့  စီအီးအိုအထိ ဖြစ်လာခဲ့ ပါတယ်။ 


Microsoft မှာ နိုင်ငံသား၊ လူမျိုးမခွဲခြားပဲ ပင်ကိုယ်အရည်အချင်းရှိသူမှန်သမျှကို ယခုလို နေရာပေးပါတယ်။ Microsoft မှ မဟုတ်ပဲ အမေရိကန်နိုင်ငံက အိုင်တီကုမ္မဏီကြီးအားလုံးဟာ အရည်အချင်းရှိသူများကို ဦးစားပေး နေရာပေးပါတယ်။ ထူးခြားချက်က အမေရိကန် အိုင်တီ လုပ်ငန်းကဏ္ဍမှာ အိန္ဒိယလူမျိုး၊ အိန္ဒိယ နိုင်ငံသားတို့ အများစု ပါဝင်နေခြင်း ဖြစ်ပါတယ်။

Satya Nadella ကို စီအီးအို ရာထူးပေးပြီးတော့ ဘီလ်ဂိတ်ကတော့ Microsoft မှာ နည်းပညာ အကြံပေး အနေနဲ့သာ ဆက်လက် ပါဝင်အုံး မှာ ဖြစ်ကြောင်း သိရပါတယ်။

 

Ref: pocketlint
အောင်ခမ်း ( Smart Pro Journal )

No comments:

Post a Comment