*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 5 January 2014

စာပေနယ်တွင် ထွန်းတောက်ခဲ့သော နိုင်ငံကျော် စာရေးဆရာမကြီး ခင်နှင်းယု

စာပေနယ်တွင် ထွန်းတောက်ခဲ့သော နိုင်ငံကျော် စာရေးဆရာမကြီး ခင်နှင်းယု

စာရေး ဆရာမကြီး ခင်နှင်းယုကို အထက်တန်းကျောင်း ဆရာကြီး ဦးဘနှင့် ဒေါ်သိန်းတင်တို့မှ ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့၌ ခရစ်နှစ် ၁၉၂၅
ခုနှစ် စက်တင်ဘာ ၇ ရက် တနင်္လာနေ့တွင် ဖွားမြင်ခဲ့ပါသည်။ ငယ်မည်မှာ မခင်စုဖြစ်ပြီး ဝါးခယ်မမြို့ အထက်တန်း ကျောင်း၌ တက္ကသိုလ်ဝင် စာမေးပွဲအထိ ပညာသင်ကြားခဲ့သည်။

မိခင်ဖြစ်သူမှာ စာပေကို ဝါသနာပါခဲ့သူ ဖြစ်၍ သမီးဖြစ်သူ မခင်စုမှာလည်း စာပေမျိုးစေ့ ပါခဲ့သည်။ ဂျပန်ခေတ်က ဝါးခယ်မမြို့၌  မြို့နယ်အာရှ လူငယ်အစည်းအရုံး၏ အမျိုးသမီး အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ဖဆပလ ဌာနချုပ်၌ သတင်းနှင့်ဝါဒ ဖြန့်ချိရေးဌာန ဒုတိယ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ အတွင်းရေး အတွင်းဝန်အဖြစ် အလုပ်လုပ်ကိုင်ရင်း ဥပစာတန်း စာမေးပွဲများ ဖြေဆိုခဲ့ရာ ၁၉၆၁ ခုနှစ်တွင်  ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့လေသည်။

စာပေရေးသားရာ၌ ခင်နှင်းယုဟူသော ကလောင်အမည်ကို ရွေးခဲ့သည်မှာ ''ခင်'' ဟူသည် အမျိုးသမီးဟူသော အဓိပ္ပာယ်၊ ''နှင်း'' ဟူသည် အေးချမ်း သန့်စင်ခြင်း အဓိပ္ပာယ်၊ ''ယု'' ဆိုသည်မှာ ကြင်နာယုယခြင်း ဟူသော အဓိပ္ပာယ်များနှင့် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ ခင်နှင်းယုဟူသော ကလောင်အမည်ဖြင့် ၁၉၄၇ ခုနှစ် ပဒေသာ မဂ္ဂဇင်းတွင် ''အရိုင်း'' ဟူသော ဝတ္ထုတိုကို စတင် ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရသည်။ တစ်ခေတ်တစ်ခါက ...ဝါးခယ်မမြို့နှင့် မွှေး...ခင်နှင်းယုနှင့် မွှေး...ခင်နှင်းယုနှင့် အတွတ်သည် တွဲလျက်သား လူငယ်လူရွယ်များ ပါးစပ်ဖျား၌ အလွန်ရေ ပန်းစားခဲ့ဖူးပါသည်။ ယနေ့တိုင်မွှေးနှင့် အတွတ်တို့ ဘုရားဖူးခဲ့သော စေတီလေးမှာ ဝါးခယ်မမြို့တွင် ယခင်အတိုင်းကလိုပင် ရှိနေပါသည်။ ''မွှေး''ဆိုသော အမည်နှင့် ရုပ်ရှင်ရိုက်ကူး ခဲ့ရာတွင်လည်း မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်မှသည် သမီးမေဆွိ အထိ နှစ်ခါပြန်ရိုက်ကူးကာ ဝင်ငွေကောင်းခဲ့သော ဇာတ်ကားကြီး ဖြစ်ခဲ့သည်။

ခင်နှင်းယု၏ တခြားထင်ရှားသော ဝတ္ထုများမှာ ''ဆောင်းတွင်းပန်း'' (၁၉၅၃)၊ ''သခွတ်ပန်း'' (၁၉၆၂)၊ ''သပြေ'' (၁၉၆၃)၊ ''ယဉ်မင်းပိုက်''(၁၉၆၄) တို့ဖြစ်ပါသည်။ ''သခွတ်ပန်း''  နှင့်  ''ယဉ်မင်းပိုက်''တို့ကိုလည်း ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ နောက်ပိုင်း ရေးသားခဲ့သော ဝတ္ထုများတွင် ''ပန်းပန်လျက်ပါ'' သည် အလွန် နာမည်ကြီးသော ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ခဲ့ပြီး ရုပ်ရှင်တစ်ခေတ်တွင် သုံးခါပြန် အသက်သွင်း ရိုက်ကူးခြင်း ခံခဲ့ရသော ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်ခဲ့သည်။

စာရေးဆရာမကြီး ခင်နှင်းယုသည် ဝတ္ထုအတို၊ အရှည်များစွာကို အသက်သွင်း ရေးသားခဲ့သော နိုင်ငံကျော် စာရေးဆရာမအဖြစ် လည်းကောင်း၊ ဆောင်းပါး၊ ကဗျာရှည်၊ ကဗျာတိုများ၏ ဖန်တီးရှင်အဖြစ် လည်းကောင်း ဂုဏ်သတင်းကြီးခဲ့သော စာပေပညာရှင် ဖြစ်ပါသည်။

ကိုင်ရိုမြို့၌ ကျင်းပခဲ့သော အာရှ အာဖရိက စာရေးဆရာများ ညီလာခံသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ စာပေ အရေးကောင်းသော စာရေးဆရာ မခင်နှင်းယုသည် ''ကြေးမုံရိပ်သွင်'' စာပေနှင့် စာပေဗိမာန်ဆုကို ၁၉၆ဝ ပြည့်နှစ်တွင် လည်းကောင်း၊ ''မြကြာဖြူ'' ဖြင့် အမျိုးသား စာပေဆုကို ၁၉၉၅ ခုနှစ်တွင် လည်းကောင်း ရရှိခဲ့သည်။

စာရေးဆရာမခင်နှင်းယုသည် ဝါသနာပါသော စာပေရေးသားခြင်း အလုပ်များကို လုပ်ကိုင်နေဆဲ ခရစ်နှစ် ၂ဝဝ၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန် ခဲ့သည်။   

http://www.myawady.net.mm/stories/storiesforall/item/27007-2013-10-03-10-10-06
စာရေး ဆရာမကြီး ခင်နှင်းယုကို အထက်တန်းကျောင်း ဆရာကြီး ဦးဘနှင့် ဒေါ်သိန်းတင်တို့မှ ဧရာဝတီ တိုင်း ဒေသကြီး ဝါးခယ်မမြို့၌ ခရစ်နှစ် ၁၉၂၅ ခုနှစ် စက်တင်ဘာ ၇ ရက် တနင်္လာနေ့ တွင် ဖွားမြင်ခဲ့ပါသည်။ ငယ်မည်မှာ မခင်စုဖြစ်ပြီး ဝါးခယ်မမြို့ အထက်တန်း ကျောင်း၌ တက္ကသိုလ်ဝင် စာမေးပွဲ အထိပညာသင် ကြား ခဲ့သည်။

မိခင်ဖြစ်သူမှာ စာပေကို ဝါသနာပါခဲ့သူ ဖြစ်၍ သမီးဖြစ်သူ မခင်စုမှာလည်း စာပေမျိုးစေ့ ပါခဲ့သည်။ ဂျပန်ခေတ် က ဝါးခယ်မမြို့၌ မြို့နယ်အာရှ လူငယ်အစည်းအရုံး၏ အမျိုးသမီး အတွင်းရေးမှူး အဖြစ် ဆောင် ရွက် ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ဖဆပလ ဌာနချုပ်၌ သတင်းနှင့် ဝါဒ ဖြန့် ချိရေးဌာန ဒုတိယ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ အတွင်းရေး အတွင်းဝန်အဖြစ် အလုပ်လုပ်ကိုင်ရင်း ဥပစာတန်း စာမေးပွဲများ ဖြေဆိုခဲ့ရာ ၁၉၆၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့လေသည်။


စာပေရေးသားရာ၌ ခင်နှင်းယုဟူသော ကလောင်အမည်ကို ရွေးခဲ့သည်မှာ ''ခင်'' ဟူသည် အမျိုးသမီး ဟူသော အဓိပ္ပာယ်၊ ''နှင်း'' ဟူသည် အေးချမ်း သန့်စင်ခြင်း အဓိပ္ပာယ်၊ ''ယု'' ဆိုသည်မှာ ကြင်နာယုယခြင်း ဟူသော အဓိပ္ပာယ်များနှင့် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ ခင်နှင်းယုဟူသော ကလောင်အမည်ဖြင့် ၁၉၄၇ ခုနှစ် ပဒေသာ မဂ္ဂဇင်းတွင် ''အရိုင်း'' ဟူသော ဝတ္ထုတိုကို စတင် ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရသည်။ 
 
တစ်ခေတ် တစ်ခါက ...ဝါးခယ်မမြို့နှင့် မွှေး...ခင်နှင်းယုနှင့် မွှေး...ခင်နှင်းယုနှင့် အတွတ် သည် တွဲလျက်သား လူငယ်လူရွယ်များ ပါးစပ်ဖျား၌ အလွန်ရေ ပန်းစားခဲ့ဖူးပါသည်။ ယနေ့တိုင်မွှေးနှင့် အတွတ်တို့ ဘုရားဖူးခဲ့သော စေတီလေးမှာ ဝါးခယ်မမြို့တွင် ယခင်အတိုင်းကလိုပင် ရှိနေပါသည်။ ''မွှေး''ဆိုသော အမည်နှင့် ရုပ်ရှင်ရိုက်ကူး ခဲ့ရာတွင်လည်း မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်မှသည် သမီးမေဆွိ အထိ နှစ်ခါပြန် ရိုက် ကူးကာ ဝင်ငွေကောင်းခဲ့သော ဇာတ်ကားကြီး ဖြစ်ခဲ့သည်။

ခင်နှင်းယု၏ တခြားထင်ရှားသော ဝတ္ထုများမှာ ''ဆောင်းတွင်းပန်း'' (၁၉၅၃)၊ ''သခွတ်ပန်း'' (၁၉၆၂)၊ ''သပြေ'' (၁၉၆၃)၊ ''ယဉ်မင်းပိုက်''(၁၉၆၄) တို့ဖြစ်ပါသည်။ ''သခွတ်ပန်း'' နှင့် ''ယဉ်မင်းပိုက်''တို့ကိုလည်း ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ နောက်ပိုင်း ရေးသားခဲ့သော ဝတ္ထုများတွင် ''ပန်းပန်လျက်ပါ'' သည် အလွန် နာမည်ကြီးသော ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ခဲ့ပြီး ရုပ်ရှင်တစ်ခေတ်တွင် သုံးခါပြန် အသက်သွင်း ရိုက်ကူးခြင်း ခံခဲ့ရသော ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်ခဲ့သည်။

စာရေးဆရာမကြီး ခင်နှင်းယုသည် ဝတ္ထုအတို၊ အရှည်များစွာကို အသက်သွင်း ရေးသားခဲ့သော နိုင်ငံကျော် စာရေး ဆရာမအဖြစ် လည်းကောင်း၊ ဆောင်းပါး၊ ကဗျာရှည်၊ ကဗျာတိုများ၏ ဖန်တီးရှင်အဖြစ် လည်းကောင်း ဂုဏ်သတင်းကြီးခဲ့သော စာပေပညာရှင် ဖြစ်ပါသည်။

ကိုင်ရိုမြို့၌ ကျင်းပခဲ့သော အာရှ အာဖရိက စာရေးဆရာများ ညီလာခံသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ စာပေ အရေးကောင်းသော စာရေးဆရာ မခင်နှင်းယုသည် ''ကြေးမုံရိပ်သွင်'' စာပေနှင့် စာပေဗိမာန် ဆုကို ၁၉၆ဝ ပြည့်နှစ်တွင် လည်းကောင်း၊ ''မြကြာဖြူ'' ဖြင့် အမျိုးသား စာပေဆုကို ၁၉၉၅ ခုနှစ်တွင် လည်းကောင်း ရရှိခဲ့သည်။

စာရေးဆရာမ ခင်နှင်းယုသည် ဝါသနာပါသော စာပေရေးသားခြင်း အလုပ်များကို လုပ်ကိုင်နေဆဲ ခရစ်နှစ် ၂ဝဝ၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန် ခဲ့သည်။

  From...
မြ၀တီ
 
 
 
 

No comments:

Post a Comment