*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 5 January 2014

ရွှေကွတ် ထားသော Lamborghini Aventador



အမေရိကန်ပြည်ထောင်စု မီယာမီ ကမ်းခြေက Lamborghini ရုံးခွဲမှာ ပြသ ခဲ့တဲ့ ကား ဖြစ်ပါတယ်။

အပွန်းအပဲ့ ဖြစ်မှာစိုးလို့ ပေးထောင်မကိုင်ပါဘူး။ ကြိုးနဲ့ ဝိုင်းလို့ ယခုလို ခင်းကျင်းပြသ ထားပါတယ်။ ယင်းကဲ့သို့ ရွေကွတ်နိုင်အောင် ကြိုးစားပန်းစား ဖန်တီးမှုက စုစုပေါင်း ရက်ပေါင်း ၇၀ ကျော် ကြာတယ်လို့ ဆိုပါတယ်။ တကယ့် ရွှေအစစ်နဲ့ ပြန်ကွတ်ထားခြင်း ဖြစ်ပါတယ်။ ဈေးနှုန်း သိပ်မကြီး ပါဘူး။ အမေရိကန်ဒေါ်လာ ၅သိန်း၅သောင်း သတ်မှတ်ထား ပါတယ်။ မူရင်း Lamborghini Aventaor တောင်
အမေရိကန်ဒေါ်လာ ၃သိန်း၈သောင်း ရှိတာဆိုတော့ ရွှေထပ်ဖြည့်မှုက ကန်ဒေါ်လာ ၂ သိန်းကျော်ကျော်ပဲ ထပ်ကုန် ကျပါတယ်။


Lamborghini Aventador က ၂၀၁၁ ခုနှစ်ကနေ ယနေ့ချိန်အထိ ထုတ်လုပ်နေတဲ့ ဂျာမနီ Audi ရဲ့  Lambo -Brand မှ ကားကောင်း ဖြစ် ပါတယ်။

အင်ဂျင် - ၆၅၀၀ စီစီ၊ ဆလင်ဒါ ၁၂လုံး

ပါဝါ - မြင်းကောင်ရေအား ၆၉၀

ဂီယာ -ဆီမီ အော်တို ၇ ချက်ထိုး

ဈေးနှုန်း - ကန်ဒေါ်လာ ၃၈၀၀၀၀
Golden Version - ကန်ဒေါ်လာ ၅၅၀၀၀၀


Ref: Lambolover
Aung Kham (TSJ team)

 From... TechSpace Journal

No comments:

Post a Comment