*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 20 September 2013

ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများ ၀င်ရောက်ဖမ်းဆီး

စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက် စမ်းချောင်းလမ်းတွင် ဖွင့်လှစ်ထားသည့် ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများက စက်တင်ဘာ ၁၈ ရက်ည ၈ နာရီခွဲက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ခဲ့သည်။

အဆိုပါ အနှိပ်ခန်းကို စမ်းချောင်းမြို့ နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာတွင် သီးသန့်ကာရံထားသော အခန်း အတွင်း ဧည့်သည်အမျိုးသားများအား နှိပ်ပေးရန်အတူရှိသည့် အနှိပ်သမငါးဦးနှင့် ဆိုင်မန်နေဂျာတို့အား ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဒါ့အပြင်အနှိပ်ခန်းသုံး ဆက်စပ်ပစ္စည်းများနှင့် အနှိပ်ခန်းမှရရှိငွေ ကျပ်တစ်သိန်းကိုလည်း သက်သေခံအဖြစ် သိမ်းဆည်း ထားကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းဖမ်းဆီးရရှိမှုအား စမ်းချောင်းမြို့နယ် ရဲစခန်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနနှင့် ညှိနှိုင်းကာ မြို့နယ်တရားရုံး သို့ ဆက်လက်၍ တရားစွဲဆိုတင်ပို့မည်ဖြစ်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

https://www.facebook.com/pages/SearchMyanmar/120616274647985  
 
From...Facebook

No comments:

Post a Comment