*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 10 November 2013

ကောင်းကျိုးချမ်းသာကို ပေးတတ်သော ဗုဒ္ဓခေတ်ကြီး တရားတော်



Photo: ကောင်းကျိုးချမ်းသာကို ပေးတတ်သော ဗုဒ္ဓခေတ်ကြီး တရားတော်
••••••••••••••••••••••••••••••••••••••••••••
ယနေ့ဗုဒ္ဓါဘိသေကမင်္ဂလာ၊ ဘုရားအဘိသိက်သွန်းပေးတဲ့ မင်္ဂလာ ဤမင်္ဂလာကုသိုလ်ထူးကို ဆည်းပူးကြတဲ့အခါသမယ၌ အခြံအရံကောင်းမှုများ အဖြစ်ဖြင့် ဆွမ်းအလှူတော်လှူကြတယ်၊ ပစ္စည်းအလှူကိုလှူကြတယ်၊ အလှူဒါန သီလဘာဝနာများ အခြံအရံပြုပြီးတော့ ကောင်းမှုကို ယူကြတယ်၊ အဲဒီတော့ ဘုန်းကြီးတို့ အထူးပြောစရာလဲ မလိုပါဘူး၊ ဘုန်းကြီးတို့ဒကာဒကာမတွေ နားလည်ပြီးသားပဲ။

လောကမှာ မြေကောင်းမှာစိုက်ရင် အသီးကောင်းကောင်းရတယ်လို့ ဒါလောကသဘာဝအတိုင်း အဲဒါလိုပဲ လှူတယ်၊ တန်းတယ်ဆိုတာလဲ မြေကောင်းနဲ့တူတဲ့ ပုညခေတ် ကောင်းမှုခေတ်ကြီးမှာ လှူမှ အကျိုးပိုပြီးကြတယ်။ ဘုန်းကြီးတို့သာသနာတော်ဆိုတာက တရားကောင်းတွေ ရှိတယ်၊ ပုဂ္ဂိုလ်ကောင်းတွေရှိတယ်၊ ဒါကြောင့် ခေတ်ကောင်းကြီး ပုညခေတ်ကြီး သာသနာတော်ကိုဗုဒ္ဓခေတ်လို့လဲခေါ်တယ်၊ ဘုရားခေတ်ကြီး၊ ဘုရားခေတ်ကြီးမှာလဲဖြစ်တယ်၊ ထူးမြတ်တဲ့ဘုရား ပူဇော်ရတယ်၊ ထူးမြတ်တဲ့တရား ပူဇော်ရတယ်၊ ထူးမြတ်တဲ့သံဃာ ပူဇော်ရတယ်၊ အားလုံးမိမိတို့အတွက် မြေကောင်းမှာစိုက်ရတဲ့လယ်လိုပဲ။

တစ်ခါက ဘုန်းကြီးတို့ ရှင်အာနန္ဒာမထေရ်မြတ် ကောသမ္ဗီပြည်မှာ သီတင်းသုံးတယ်၊ ကိုယ်တော်မြတ် ကောသမ္ဗီပြည်မှာ သီတင်းသုံးနေတုန်း အာဇီဝက တိတ္ထိတို့ရဲ့ ဒကာတစ်ယောက် ရှင်အာနန္ဒာကိုယ်တော်မြတ်ထံ ရောက်လာတယ်၊ ရောက်လာတော့ ရှိခိုးပြီးတော့ ရှင်အာနန္ဒာကိုလျှောက်တယ်၊ တိတ္ထိဒကာပေမယ့်ရှင်အာနန္ဒာကိုရှိခိုးတယ်၊ ဒကာက ဓာတ်ခံကောင်းလို့ ရှိခိုးထိုက်တယ်လို့ယူဆချက်ရှိလို့ရှိခိုးတာ၊ သူက ရှင်အာနန္ဒာထံ လာဆည်းကပ်တာကလဲ စူးစမ်း မေးမြန်းစရာလေးရှိလို့။

ကေသံ ဓမ္မော အာနန္ဒ သွက္ခာတော ကေ လောကေ

သုပ္ပဋိပန္နာ ကေ လောကေ သုကတာ။

“အာနန္ဒ - အရှင်ဘုရားအာနန္ဒာ၊ ကေသံ -ဘယ်ပုဂ္ဂိုလ်တို့၏၊ ဓမ္မော - တရားသည်၊ သွက္ခာတော -ကောင်းစွာဟောကြားအပ်တဲ့တရား ဖြစ်ပါသနည်းဘုရား၊ ကေ -အဘယ်ပုဂ္ဂိုလ်တို့သည်၊ သုပ္ပဋိပန္နာ -ကောင်းစွာကျင့်ကြံအပ်တဲ့ပုဂ္ဂိုလ်တို့ပါနည်း၊ ကေ - အဘယ်ပုဂ္ဂိုလ်တို့သည်၊ သုကတာ -ကောင်းစွာပြုအပ်ပြီး ကျင့်အပ်ပြီးပုဂ္ဂိုလ်တို့ ဖြစ်ကြပါကုန်သနည်း” ဟု မေးခွန်းသုံးချက် မေးလျှောက်ထားတယ်၊ အရှင်ဘုရားအာနန္ဒာ၊ ဘယ်ပုဂ္ဂိုလ်တိုတရားဟာ ကောင်းစွာဟောကြားအပ်တဲ့ တရားပါလဲ၊ ဘယ်ပုဂ္ဂိုလ်တို့ဟာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်တို့ပါနည်း၊ ဘယ်ပုဂ္ဂိုလ်တို့ဟာ ကောင်းစွာကျင့်အပ်ပြီး အကျင့်ကိစ္စပြီးပြီးတဲ့ပုဂ္ဂိုလ်တို့ ဖြစ်ကြပါသနည်းလို့ လျှောက်ထားတယ်၊ ရှင်အာနန္ဒာက-

ဒကာ- ဒီနေရာမှာ ဒကာကိုပဲပြန်မေးရဦးမယ်၊ ဒကာကြိုက်သလို ဖြေစမ်း၊ ရာဂကင်းအောင်ဟောတဲ့တရား၊ ဒေါသကင်းအောင်ဟောတဲ့တရား၊ မောဟကင်းအောင်ဟောတဲ့တရား၊ အဲဒီရာဂ ဒေါသ မောဟ တရားသုံးပါးကင်းအောင် ဟောတဲ့တရားဟာ ကောင်းစွာဟောအပ်တဲ့ တရားလား၊ မကောင်းသဖြင့်ဟောအပ်တဲ့တရားလားလို့ မေးတဲ့အခါကျတော့ အရှင်အာနန္ဒာ ဒီလိုရာဂ ဒေါသ မောဟ အေးငြိမ်းကြောင်း ဟောတဲ့တရားဟာ ကောင်းစွာဟောအပ်တဲ့တရားဖြစ်ပါတယ်ဘုရား။

အေး - ကောင်းပြီ၊ အကြင်ပုဂ္ဂိုလ်တို့သည် ရာဂကင်းအောင်ကျင့်ကြ၏။ ဒေါသကင်းအောင်ကျင့်ကြ၏၊ မောဟကင်းအောင်ကျင့်ကြ၏၊ ထိုပုဂ္ဂိုလ်တို့၏အကျင့်သည် ကောင်းသောအကျင့်လော၊ မကောင်းသောအကျင့်လောလို့ မေးပြန်တယ်၊ ဒီတော့ မကောင်းတဲ့တရားတွေဆိုတာ သိပြီးသားပဲ၊ သိပြီးသားဖြစ်တော့ အဲဒီမကောင်းတဲ့တရားတွေကင်းအောင်ကျင့်တယ်ဆိုရင် ကောင်းတဲ့အကျင့်ပဲဖြစ်မှာပေါ့၊ တကယ်ရိုးသားဖြောင့်မတ်စွာ ဖြေရင်ဖြင့် ကောင်းသောအကျင့်ပါဘုရားလို့ လျှောက်ထားရမှာပဲ၊ အဲဒါကြောင့် ဒကာကလဲ အဲဒီအတိုင်းလျှောက်ထားတယ်။

ဟုတ်တာပေါ့၊ လောဘဆိုတာ မကောင်းတဲ့တရားဆိုတာ လူတိုင်းသိတယ်၊ ဒေါသဆိုတာလဲ မကောင်းတဲ့တရားဆိုတာ လူတိုင်းသိတယ်၊ မောဟတွေဝေမှု တရားမသိမှုဆိုတာ မကောင်းတဲ့တရားဆိုတာ လူတိုင်းသိတယ်၊ အဲဒီတော့ အဲဒါတွေပယ်ရအောင်ကျင့်တဲ့အကျင့်ဟာ ကောင်းတဲ့အကျင့်လို့ပြောရမှာပေါ၊ မကောင်းတဲ့အကျင့်လို့သွားပြောရင် အဲဒီပုဂ္ဂိုလ်ဟာနားမလည်လို့၊ အသိဉာဏ်နည်းပါးလို့ပဲဖြစ်မယ်၊ အခု ဒီဒကာက တိတ္ထိဒကာပေမယ့် အသိဉာဏ်ရှိတယ်၊ စိတ်ထားသဘောထားကလဲ ကောင်းမွန်တယ်၊ လောကမှာ စိတ်ထားသဘောထားက ကောင်းဖို့လဲ အရေးကြီးတယ်၊ ပုဂ္ဂိုလ်ကောင်းတွေ့ပေမယ့် စိတ်ထားသဘောထား မကောင်းရင် မကြည်ညိုတတ်ဘူး၊ အေး ဒါကြောင့် အခုရာဂကင်းအောင် ကျင့်တဲ့ပုဂ္ဂိုလ်၊ ဒေါသကင်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်၊ မောဟကင်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်လား၊ မကောင်းသဖြင့် ကျင့်တဲ့ပုဂ္ဂိုလ်လားလို့ မေးမြန်းတော့ တိတ္ထိဒကာက မှန်ပါ ရာဂဒေါသမောဟကင်းအောင် ကျင့်တဲ့ပုဂ္ဂိုလ်ဟာ သုပ္ပဋိပန္န-ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်သာဖြစ်ပါတယ်၊ မကောင်းသဖြင့်ကျင့်တဲ့ပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူးဘုရားလို့လျှောက်တယ်။

အဖြေကို ရှင်အာနန္ဒာက တိုက်ရိုက်မပေးဘဲနဲ့ မေးတဲ့ဒကာကိုပဲ ပြန်အဖြေပေးခိုင်းတယ်၊ လောကမှာ ရာဂကင်းအောင်ကျင့်ပြီးကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဒေါသကင်းအောင်ကျင့်ပြီးတဲ့ပုဂ္ဂိုလ်တွေ၊ မောဟကင်းအောင် ကျင့်ပြီးကြတဲ့ပုဂ္ဂိုလ်တွေ ရှိကြတယ်၊ အဲဒီရာဂကင်းအောင် ကျင့်ပြီးကြတဲ့ပုဂ္ဂိုလ် ဒေါသကင်းအောင်ကျင့်ပြီးကြတဲ့ပုဂ္ဂိုလ်၊ မောဟကင်းအောင်ကျင့်ပြီးတဲ့ပုဂ္ဂိုလ်ဟာ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်ဖြစ်သလား မဖြစ်ဘူးလားလို့ မေးတဲ့အခါကျတော့မှ မှန်ပါ-ရာဂ ဒေါသ မောဟကင်းအောင် ကျင့်ပြီးပုဂ္ဂိုလ်တွေဟာ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေပါဘုရား၊ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်ဘုရားလို့ အဖြေပေးတယ်၊ အဲဒီတော့မှ -

ရှင်အာနန္ဒာမထေရ်မြတ်က ဒီအမေးကို ဒကာကိုယ်တိုင်ပဲဖြေခဲ့ပြီး၊ ဒကာဖြေတဲ့အတိုင်းပဲ လောကမှာ ရာဂ ဒေါသ မောဟကင်းအောင် ဟောတဲ့တရားက ကောင်းစွာဟောအပ်တဲ့တရားပဲ၊ ရာဂဒေါသမောဟကင်းအောင်ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေဟာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်တွေပဲ၊ ရာဂ ဒေါသ မောဟကင်းပြီးပြီဆိုရင် အဲဒီပုဂ္ဂိုလ်တွေဟာ ကောင်းသောအကျင့်တွေကျင့်ပြီးတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ဟောတော်မူတယ်၊ အဲဒီလို ဟောတော်မူတော့ တိတ္ထိဒကာက အတော်သဘောကျသွားတယ်။

အရှင်ဘုရား၊ အရှင်ဘုရားဟာ တရားကိုသာ သက်သက်ဟောပြတယ်၊ ဘယ်သူ့ကိုမှလဲ မထိခိုက်ဘဲနဲ့ တရားသဘောသက်သက်ကိုသာ အကျိုးသင့်အကြောင်းသင့် အရှင်ဘုရားဟောသွားပါတယ်ဘုရား၊ ဒီလိုဆိုတော့လောကမှာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်တွေဟာ အရှင်ဘုရားတို့ပါပဲဘုရား၊ ကောင်းတဲ့တရားကိုဟောတဲ့ပုဂ္ဂိုလ်တွေဟာ အရှင်ဘုရားတို့ပါပဲဘုရား၊ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေဟာလဲ အရှင်ဘုရားတို့ပါပဲဘုရားလို့ ဝန်ခံစကားလျှောက်ထားတယ်။

ဒါကြောင့် ဘုန်းကြီးတို့သာသနာတော်ဆိုတာ တရားကလဲ သွက္ခာတ-ကောင်းစွာဟောအပ်တဲ့တရား၊ အဒီတရားကိုကျင့်ကြံကြတဲ့ ပုဂ္ဂိုလ်တွေကလဲ သုပ္ပဋိပန္န-ကောင်းသောအကျင့်ကို ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေ၊ သုပ္ပဋိပန္နအကျင့် ပိုကျင့်ကြလို့ တရားပေါက်ရောက်သွားပြီိဆိုရင် သုကတ-ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေ၊ ဒါ ဒီသာသနာတော်မှာရှိကြတယ်၊ ဒါကြောင့် အဲဒီသာသနာတော်ဟာ ခုန တိတ္ထိဒကာကတောင်ချီးမွမ်းသွားရတယ်၊ လက်ခံသွားရတယ်။

ဒါကြောင့်မို့လို့ ဒီသာသနာတော်မှာ မိမိတို့ပြုရတာ အင်မတန်အကျိုးရှိတယ်။

ယာဝတာခေတ္တာ ဝိဇ္ဇန္တိ၊ သံဃာပိစ ဂဏာပိစ။

ဗုဒ္ဓခေတ္တ သမောနတ္ထိ၊ သုခဒေါ သဗ္ဗပါဏိနံ။

ယဝတာ-အကြင်မျှလောက်ကုန်သော၊ ဂဏာပိစ-ဂိုဏ်းဆိုရတဲ့ ဂိုဏ်းတို့သည်လည်းကောင်း၊ သံဃာပိစ-သံဃာဆိုတဲ့ သံဃာတို့သည်လည်းကောင်း၊ ခေတ္တာ-ကောင်းမှုပြုရာခေတ်အမျိုးမျိုးတို့သည်၊ ဝိဇ္ဇန္တိ-ထင်ရှားမသွေ ရှိကြပေကုန်၏၊ ဒါကြောင့်ပဲ ပုညခေတ်ဆိုတာ ကောင်းမှုပြုရတဲ့ခေတ်ပဲ၊ အမျိုးမျိုးရှိတယ်၊ သံဃာတွေ၊ ဂိုဏ်းတွေ၊ ဝါဒအသီးသီး၊ အယူအသီးသီးမှာ အဲဒီဂိုဏ်းဆိုတဲ့ဂိုဏ်းတွေ သံဃာဆိုတဲ့သံဃာတွေဖြင့် ခေတ်ဆိုရတဲ့ ပုညခေတ်တွေတွေ့ရတယ်၊ အဲဒီသံဃာဂိုဏ်းဆိုတဲ့ ပုညခေတ်တွေထဲမှာ ဗုဒ္ဓခေတ်ဆိုတဲ့ခေတ်ကြီးဟာ အကောင်းဆုံး။

ယာဝတာ-အကြင်မျှလောက်ကုန်သော၊ သံဃာပိစ-သံဃာဆိုရတဲ့ သံဃာတို့သည်လည်းကောင်း၊ ဂဏာပိစ-ထိုဂိုဏ်း၊ ဤဂိုဏ်းဆိုရတဲ့ ဂိုဏ်းတို့သည်လည်းကောင်း၊ ခေတ္တာ-ကောင်းမှုဖြစ်ပွားရာ ခေတ်အမျိုးမျိုးတို့သည်၊ ဝိဇ္ဇန္တိ-ထင်ရှားမသွေ ရှိကြပါပေကုန်၏၊ သဗ္ဗပါဏိနံ-အလုံးစုံများစွာ သတ္တဝါတို့၏၊ သုခဒေါ-ချမ်းသာသုခကိုပေးတတ်သော၊ ဗုဒ္ဓခေတ္တသမော-ဗုဒ္ဓခေတ်ဆိုရတဲ့ ဘုရား၏ခေတ်ကြီးနှင့်တူသော၊ ခေတ္တံ-ကောင်းမှုဖြစ်ပွားရာခေတ်တစ်မျိုးသည်၊ နတ္ထိ-ဘယ်မှာပင်ရှာရှာ ဘယ်မှာပင်ကြည့်ကြည့် မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာလျှင်တည်း။

အဲ ဗုဒ္ဓခေတ်ကြီးနှင့် တူတဲ့ခေတ်ရယ်လို့ ဘယ်မှာမှ မရှိဘူး၊ ဒါကြောင့် ယနေ့မိမိတို့ အဲဒီသတ္တဝါအပေါင်းတို့ကို ကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့ ဗုဒ္ဓခေတ်ကြီးမှာ ကောင်းမှုဖြင့်ပြုရာခေတ်ကြီးမှာ မိမိတို့ သဒ္ဓါစေတနာ သတိ သမာဓိ ပညာ အစရှိသော တရားတွေရင်းနှီးပြီးတော့ပြုကြရတယ်။ အရင်းအနှီးကလဲမှန်ကန်တယ်၊ ပြုကြရတဲ့ခေတ်ကြီးကလဲမှန်ကန်တယ်၊ မှန်ကန်တဲ့ခေတ်၊ ထူးခြားတဲ့ခေတ်ကြီးမှာ မိမိတို့ထူးခြားတဲ့တရားတွေနဲ့ ထူထောင်ကြရတာဖြစ်သောကြောင့် ကောင်းကျိုးတွေဘယ်လောက်ရမယ်ဆိုတာ ဘယ်သူမှတွက်ဆ မပြောနိုင်ဘူး၊ မသေခၤ်ယ်၊ အပၸေမယ်၊ မရေတွက်နိုင် မတိုင်းတာနိုင်လောက်အောင် ကုသိုလ်တရားတွေ ဖြစ်ပွားကြတယ်၊ ဖြစ်ပွားတဲ့အတိုင်း အကျိုးတရားတွေ များပြားစွာရလိမ့်မယ်လို့ ယုံကြည်အားကိုးသည့်အားလျော်စွာ အားကိုးတဲ့အတိုင်း၊ ယုံကြည်တဲ့အတိုင်း ဤဗုဒ္ဓခေတ်ကြီးက မိမိတို့ကို ထူးခြားတဲ့အကျိုးတရားတွေ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်အားကိုးပြီးတော့ မိမိတို့ပြုရတဲ့ ထူးခြားတဲ့ ကုသိုလ်တွေ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ပူဇာမင်္ဂလာကုသိုလ်တွေကို အားကိုးတစ်ခုပြုပြီးတော့ မမေ့ကြဘဲနဲ့ ပြန်လှန်စဉ်းစား ဆင်ခြင်အောက်မေ့ခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။

(သာဓု.. . သာဓု. . . သာဓု. ..)

“ကျေးဇူးတော်ရှင် သပြေကန်ဆရာတော်ဘုရားကြီး၏ သပြေကန်တရားပေါင်းချုပ် - အမှတ်(၁)မှ ကူးယူဖော်ပြသည်”


ယနေ့ဗုဒ္ဓါဘိသေက မင်္ဂလာ၊ ဘုရားအဘိသိက်သွန်းပေးတဲ့ မင်္ဂလာ ဤမင်္ဂလာကုသိုလ်ထူးကို ဆည်းပူးကြ တဲ့အခါသမယ၌ အခြံအရံကောင်းမှုများ အဖြစ်ဖြင့် ဆွမ်းအလှူတော်လှူကြတယ်...၊ ပစ္စည်းအလှူကိုလှူကြတယ်၊ အလှူဒါန သီလဘာဝနာများ အခြံအရံပြုပြီးတော့ ကောင်းမှုကို ယူကြတယ်၊ အဲဒီတော့ ဘုန်းကြီးတို့ အထူးပြောစရာလဲ မလိုပါဘူး၊ ဘုန်းကြီးတို့ဒကာဒကာမတွေ နားလည်ပြီးသားပဲ။


လောကမှာ မြေကောင်းမှာစိုက်ရင် အသီးကောင်းကောင်းရတယ်လို့ ဒါလောကသဘာဝအတိုင်း အဲဒါလိုပဲ လှူတယ်၊ တန်းတယ်ဆိုတာလဲ မြေကောင်းနဲ့တူတဲ့ ပုညခေတ် ကောင်းမှုခေတ်ကြီးမှာ လှူမှ အကျိုးပိုပြီးကြ တယ်။ ဘုန်းကြီးတို့သာသနာတော်ဆိုတာက တရားကောင်းတွေ ရှိတယ်၊ ပုဂ္ဂိုလ်ကောင်းတွေရှိတယ်၊ ဒါကြောင့် ခေတ်ကောင်းကြီး ပုညခေတ်ကြီး သာသနာတော်ကိုဗုဒ္ဓခေတ်လို့လဲခေါ်တယ်၊ ဘုရားခေတ်ကြီး၊ ဘုရားခေတ်ကြီးမှာလဲဖြစ်တယ်၊ ထူးမြတ်တဲ့ဘုရား ပူဇော်ရတယ်၊ ထူးမြတ်တဲ့တရား ပူဇော်ရတယ်၊ ထူးမြတ် တဲ့သံဃာ ပူဇော်ရတယ်၊ အားလုံးမိမိတို့အတွက် မြေကောင်းမှာစိုက်ရတဲ့လယ်လိုပဲ။

တစ်ခါက ဘုန်းကြီးတို့ ရှင်အာနန္ဒာမထေရ်မြတ် ကောသမ္ဗီပြည်မှာ သီတင်းသုံးတယ်၊ ကိုယ်တော်မြတ် ကောသမ္ဗီပြည်မှာ သီတင်းသုံးနေတုန်း အာဇီဝက တိတ္ထိတို့ရဲ့ ဒကာတစ်ယောက် ရှင်အာနန္ဒာကိုယ်တော်မြတ်ထံ ရောက်လာတယ်၊ ရောက်လာတော့ ရှိခိုးပြီးတော့ ရှင်အာနန္ဒာ ကိုလျှောက်တယ်၊ တိတ္ထိဒကာပေမယ့်ရှင်အာနန္ဒာကိုရှိခိုးတယ်၊ ဒကာက ဓာတ်ခံကောင်းလို့ ရှိခိုးထိုက်တယ်လို့ယူဆချက်ရှိလို့ရှိခိုးတာ၊ သူက ရှင်အာနန္ဒာထံ လာဆည်းကပ်တာကလဲ စူးစမ်း မေးမြန်းစရာလေးရှိလို့။

ကေသံ ဓမ္မော အာနန္ဒ သွက္ခာတော ကေ လောကေ
သုပ္ပဋိပန္နာ ကေ လောကေ သုကတာ။

“အာနန္ဒ - အရှင်ဘုရားအာနန္ဒာ၊ ကေသံ -ဘယ်ပုဂ္ဂိုလ်တို့၏၊ ဓမ္မော - တရားသည်၊ သွက္ခာတော -ကောင်းစွာဟောကြားအပ်တဲ့တရား ဖြစ်ပါသနည်းဘုရား၊ ကေ -အဘယ်ပုဂ္ဂိုလ်တို့သည်၊ သုပ္ပဋိပန္နာ -ကောင်းစွာကျင့်ကြံအပ်တဲ့ပုဂ္ဂိုလ်တို့ပါနည်း၊ ကေ - အဘယ်ပုဂ္ဂိုလ်တို့သည်၊ သုကတာ -ကောင်းစွာပြုအပ်ပြီး ကျင့်အပ်ပြီးပုဂ္ဂိုလ်တို့ ဖြစ်ကြပါကုန်သနည်း” ဟု မေးခွန်းသုံးချက် မေးလျှောက်ထားတယ်၊ အရှင်ဘုရားအာနန္ဒာ၊ ဘယ်ပုဂ္ဂိုလ်တိုတရားဟာ ကောင်းစွာဟောကြားအပ်တဲ့ တရားပါလဲ၊ ဘယ်ပုဂ္ဂိုလ်တို့ဟာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်တို့ပါနည်း၊ ဘယ်ပုဂ္ဂိုလ်တို့ဟာ ကောင်းစွာကျင့်အပ်ပြီး အကျင့်ကိစ္စပြီးပြီးတဲ့ပုဂ္ဂိုလ်တို့ ဖြစ်ကြပါသနည်းလို့ လျှောက်ထားတယ်၊ ရှင်အာနန္ဒာက-

ဒကာ- ဒီနေရာမှာ ဒကာကိုပဲပြန်မေးရဦးမယ်၊ ဒကာကြိုက်သလို ဖြေစမ်း၊ 

ရာဂကင်းအောင်ဟောတဲ့တရား၊ ဒေါသကင်းအောင်ဟောတဲ့တရား၊ မောဟကင်းအောင်ဟောတဲ့တရား၊ အဲဒီရာဂ ဒေါသ မောဟ တရားသုံးပါးကင်းအောင် ဟောတဲ့တရားဟာ ကောင်းစွာဟောအပ်တဲ့ တရားလား၊ မကောင်းသဖြင့်ဟောအပ်တဲ့တရားလားလို့ မေးတဲ့အခါကျတော့ အရှင်အာနန္ဒာ ဒီလို ရာဂ ဒေါသ မောဟ အေးငြိမ်းကြောင်း ဟောတဲ့တရားဟာ ကောင်းစွာဟောအပ်တဲ့တရားဖြစ်ပါတယ်ဘုရား။

အေး - ကောင်းပြီ၊ အကြင်ပုဂ္ဂိုလ်တို့သည် ရာဂကင်းအောင်ကျင့်ကြ၏။ ဒေါသ ကင်းအောင်ကျင့်ကြ၏၊ မောဟ ကင်းအောင်ကျင့်ကြ၏၊ ထိုပုဂ္ဂိုလ်တို့၏အကျင့်သည် ကောင်းသောအကျင့်လော၊ မကောင်းသော အကျင့်လောလို့ မေးပြန်တယ်၊ ဒီတော့ မကောင်းတဲ့တရားတွေဆိုတာ သိပြီးသားပဲ၊ သိပြီးသားဖြစ်တော့ အဲဒီမကောင်းတဲ့ တရားတွေ ကင်းအောင်ကျင့်တယ်ဆိုရင် ကောင်းတဲ့အကျင့်ပဲဖြစ်မှာပေါ့၊ တကယ်ရိုးသားဖြောင့်မတ်စွာ ဖြေရင်ဖြင့် ကောင်းသောအကျင့်ပါဘုရားလို့ လျှောက်ထားရမှာပဲ၊ အဲဒါကြောင့် ဒကာကလဲ အဲဒီအတိုင်းလျှောက်ထားတယ်။

ဟုတ်တာပေါ့၊ လောဘဆိုတာ မကောင်းတဲ့တရားဆိုတာ လူတိုင်းသိတယ်၊ ဒေါသဆိုတာလဲ မကောင်းတဲ့တရားဆိုတာ လူတိုင်းသိတယ်၊ မောဟတွေဝေမှု တရားမသိမှုဆိုတာ မကောင်းတဲ့တရားဆိုတာ လူတိုင်းသိတယ်၊ အဲဒီတော့ အဲဒါတွေပယ်ရအောင်ကျင့်တဲ့အကျင့်ဟာ ကောင်းတဲ့အကျင့်လို့ပြောရမှာပေါ၊ မကောင်းတဲ့အကျင့်လို့သွားပြောရင် အဲဒီပုဂ္ဂိုလ်ဟာနားမလည်လို့၊ အသိဉာဏ်နည်းပါးလို့ပဲဖြစ်မယ်၊ အခု ဒီဒကာက တိတ္ထိဒကာပေမယ့် အသိဉာဏ်ရှိတယ်၊ 

စိတ်ထားသဘောထားကလဲ ကောင်းမွန်တယ်၊ လောကမှာ စိတ်ထားသဘောထားက ကောင်းဖို့လဲ အရေးကြီးတယ်၊ ပုဂ္ဂိုလ်ကောင်းတွေ့ပေမယ့် စိတ်ထားသဘောထား မကောင်းရင် မကြည်ညိုတတ် ဘူး၊ အေး ဒါကြောင့် အခုရာဂကင်းအောင် ကျင့်တဲ့ပုဂ္ဂိုလ်၊ ဒေါသကင်းအောင် ကျင့်တဲ့ပုဂ္ဂိုလ်၊ မောဟ ကင်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်လား၊ မကောင်းသဖြင့် ကျင့်တဲ့ပုဂ္ဂိုလ်လား လို့ မေးမြန်းတော့ တိတ္ထိဒကာက မှန်ပါ ရာဂဒေါသမောဟကင်းအောင် ကျင့်တဲ့ပုဂ္ဂိုလ်ဟာ သုပ္ပဋိပန္န-ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်သာဖြစ်ပါတယ်၊ မကောင်းသဖြင့်ကျင့်တဲ့ပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူး ဘုရားလို့လျှောက်တယ်။

အဖြေကို ရှင်အာနန္ဒာက တိုက်ရိုက်မပေးဘဲနဲ့ မေးတဲ့ဒကာကိုပဲ ပြန်အဖြေပေးခိုင်းတယ်၊ လောကမှာ ရာဂကင်းအောင်ကျင့်ပြီးကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဒေါသကင်းအောင်ကျင့်ပြီးတဲ့ပုဂ္ဂိုလ်တွေ၊ မောဟကင်းအောင် ကျင့်ပြီးကြတဲ့ပုဂ္ဂိုလ်တွေ ရှိကြတယ်၊ အဲဒီရာဂကင်းအောင် ကျင့်ပြီးကြတဲ့ ပုဂ္ဂိုလ် ဒေါသကင်းအောင် ကျင့်ပြီးကြတဲ့ပုဂ္ဂိုလ်၊ မောဟကင်းအောင်ကျင့်ပြီးတဲ့ပုဂ္ဂိုလ်ဟာ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်ဖြစ်သလား မဖြစ်ဘူးလားလို့ မေးတဲ့အခါကျတော့မှ မှန်ပါ-ရာဂ ဒေါသ မောဟကင်းအောင် ကျင့်ပြီး ပုဂ္ဂိုလ်တွေ ဟာ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေပါဘုရား၊ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်ဘုရားလို့ အဖြေပေးတယ်၊ အဲဒီတော့မှ -

ရှင်အာနန္ဒာမထေရ်မြတ်က ဒီအမေးကို ဒကာကိုယ်တိုင်ပဲဖြေခဲ့ပြီး၊ ဒကာဖြေတဲ့အတိုင်းပဲ လောကမှာ ရာဂ ဒေါသ မောဟကင်းအောင် ဟောတဲ့တရားက ကောင်းစွာဟောအပ်တဲ့တရားပဲ၊ ရာဂဒေါသမောဟကင်းအောင်ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေဟာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်တွေပဲ၊ ရာဂ ဒေါသ မောဟကင်းပြီးပြီဆိုရင် အဲဒီပုဂ္ဂိုလ်တွေဟာ ကောင်းသောအကျင့်တွေကျင့်ပြီးတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ဟောတော်မူတယ်၊ အဲဒီလို ဟောတော်မူတော့ တိတ္ထိဒကာက အတော်သဘောကျသွားတယ်။

အရှင်ဘုရား၊ အရှင်ဘုရားဟာ တရားကိုသာ သက်သက်ဟောပြတယ်၊ ဘယ်သူ့ကိုမှလဲ မထိခိုက်ဘဲနဲ့ တရားသဘောသက်သက်ကိုသာ အကျိုးသင့်အကြောင်းသင့် အရှင်ဘုရားဟောသွားပါတယ်ဘုရား၊ ဒီလိုဆိုတော့လောကမှာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်တွေဟာ အရှင်ဘုရားတို့ပါပဲဘုရား၊ ကောင်းတဲ့တရားကိုဟောတဲ့ပုဂ္ဂိုလ်တွေဟာ အရှင်ဘုရားတို့ပါပဲဘုရား၊ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေဟာလဲ အရှင်ဘုရားတို့ပါပဲဘုရားလို့ ဝန်ခံစကားလျှောက်ထားတယ်။

ဒါကြောင့် ဘုန်းကြီးတို့သာသနာတော်ဆိုတာ တရားကလဲ သွက္ခာတ-ကောင်းစွာဟောအပ်တဲ့တရား၊ အဒီတရားကိုကျင့်ကြံကြတဲ့ ပုဂ္ဂိုလ်တွေကလဲ သုပ္ပဋိပန္န-ကောင်းသောအကျင့်ကို ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေ၊ သုပ္ပဋိပန္နအကျင့် ပိုကျင့်ကြလို့ တရားပေါက်ရောက်သွားပြီိဆိုရင် သုကတ-ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေ၊ ဒါ ဒီသာသနာတော်မှာရှိကြတယ်၊ ဒါကြောင့် အဲဒီသာသနာတော်ဟာ ခုန တိတ္ထိဒကာကတောင် ချီးမွမ်းသွားရ တယ်၊ လက်ခံသွားရတယ်။

ဒါကြောင့်မို့လို့ ဒီသာသနာတော်မှာ မိမိတို့ပြုရတာ အင်မတန်အကျိုးရှိတယ်။

ယာဝတာခေတ္တာ ဝိဇ္ဇန္တိ၊ သံဃာပိစ ဂဏာပိစ။
ဗုဒ္ဓခေတ္တ သမောနတ္ထိ၊ သုခဒေါ သဗ္ဗပါဏိနံ။

ယဝတာ-အကြင်မျှလောက်ကုန်သော၊ ဂဏာပိစ-ဂိုဏ်းဆိုရတဲ့ ဂိုဏ်းတို့သည်လည်းကောင်း၊ သံဃာပိစ-သံဃာဆိုတဲ့ သံဃာတို့သည်လည်းကောင်း၊ ခေတ္တာ-ကောင်းမှုပြုရာခေတ်အမျိုးမျိုးတို့သည်၊ ဝိဇ္ဇန္တိ-ထင်ရှားမသွေ ရှိကြပေကုန်၏၊ ဒါကြောင့်ပဲ ပုညခေတ်ဆိုတာ ကောင်းမှုပြုရတဲ့ခေတ်ပဲ၊ အမျိုးမျိုးရှိတယ်၊ သံဃာတွေ၊ ဂိုဏ်းတွေ၊ ဝါဒအသီးသီး၊ အယူအသီးသီးမှာ အဲဒီဂိုဏ်းဆိုတဲ့ဂိုဏ်းတွေ သံဃာဆိုတဲ့ သံဃာတွေဖြင့် ခေတ်ဆိုရတဲ့ ပုညခေတ်တွေတွေ့ရတယ်၊ အဲဒီသံဃာဂိုဏ်းဆိုတဲ့ ပုညခေတ်တွေထဲမှာ ဗုဒ္ဓခေတ်ဆိုတဲ့ခေတ်ကြီးဟာ အကောင်းဆုံး။

ယာဝတာ-အကြင်မျှလောက်ကုန်သော၊ သံဃာပိစ-သံဃာဆိုရတဲ့ သံဃာတို့သည်လည်းကောင်း၊ ဂဏာပိစ-ထိုဂိုဏ်း၊ ဤဂိုဏ်းဆိုရတဲ့ ဂိုဏ်းတို့သည်လည်းကောင်း၊ ခေတ္တာ-ကောင်းမှုဖြစ်ပွားရာ ခေတ်အမျိုးမျိုးတို့သည်၊ ဝိဇ္ဇန္တိ-ထင်ရှားမသွေ ရှိကြပါပေကုန်၏၊ သဗ္ဗပါဏိနံ-အလုံးစုံများစွာ သတ္တဝါတို့၏၊ သုခဒေါ-ချမ်းသာသုခ ကိုပေးတတ်သော၊ ဗုဒ္ဓခေတ္တသမော-ဗုဒ္ဓခေတ်ဆိုရတဲ့ ဘုရား၏ခေတ်ကြီးနှင့် တူသော၊ ခေတ္တံ-ကောင်းမှုဖြစ် ပွား ရာခေတ်တစ်မျိုးသည်၊ နတ္ထိ-ဘယ်မှာပင်ရှာရှာ ဘယ်မှာပင်ကြည့်ကြည့် မရှိရိုးဧကန် အမှန်စင်စစ် ဖြစ် ပါပေတော့သည်သာလျှင်တည်း။

အဲ ဗုဒ္ဓခေတ်ကြီးနှင့် တူတဲ့ခေတ်ရယ်လို့ ဘယ်မှာမှ မရှိဘူး၊ ဒါကြောင့် ယနေ့မိမိတို့ အဲဒီသတ္တဝါအပေါင်း တို့ကို ကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့ ဗုဒ္ဓခေတ်ကြီးမှာ ကောင်းမှုဖြင့်ပြုရာခေတ်ကြီးမှာ မိမိတို့ သဒ္ဓါစေတနာ သတိ သမာဓိ ပညာ အစရှိသော တရားတွေရင်းနှီးပြီးတော့ပြုကြရတယ်။ အရင်းအနှီး ကလဲမှန်ကန်တယ်၊ ပြုကြရတဲ့ခေတ်ကြီးကလဲမှန်ကန်တယ်၊ မှန်ကန်တဲ့ခေတ်၊ ထူးခြားတဲ့ခေတ်ကြီးမှာ မိမိတို့ထူးခြားတဲ့တရားတွေနဲ့ ထူထောင်ကြရ တာဖြစ်သောကြောင့် ကောင်းကျိုးတွေ ဘယ်လောက် ရမယ်ဆိုတာ ဘယ်သူမှတွက်ဆ မပြောနိုင်ဘူး၊ 

အသေခၤ်ယ်၊ အပၸေမယ်၊ မရေတွက်နိုင် မတိုင်းတာနိုင်လောက်အောင် ကုသိုလ်တရားတွေ ဖြစ် ပွားကြ တယ်၊ ဖြစ်ပွားတဲ့အတိုင်း အကျိုးတရားတွေ များပြားစွာရလိမ့်မယ်လို့ ယုံကြည်အားကိုးသည့်အားလျော်စွာ အားကိုးတဲ့အတိုင်း၊ ယုံကြည်တဲ့အတိုင်း ဤဗုဒ္ဓခေတ်ကြီးက မိမိတို့ကို ထူးခြားတဲ့အကျိုး တရားတွေ ပေးနိုင် လိမ့်မယ်လို့ ယုံကြည်အားကိုးပြီးတော့ မိမိတို့ပြုရတဲ့ ထူးခြားတဲ့ ကုသိုလ်တွေ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ပူဇာမင်္ဂလာကုသိုလ်တွေကို အားကိုးတစ်ခုပြုပြီးတော့ မမေ့ကြဘဲနဲ့ ပြန်လှန်စဉ်းစား ဆင်ခြင်အောက်မေ့ခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။

(သာဓု.. . သာဓု. . . သာဓု. ..)

“ကျေးဇူးတော်ရှင် သပြေကန်ဆရာတော်ဘုရားကြီး၏ သပြေကန်တရားပေါင်းချုပ် - အမှတ်(၁)မှ ကူးယူဖော်ပြသည်”


From...Facebook


No comments:

Post a Comment