*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 4 January 2014

“အသည်းကွဲနာ၊ ဖေ့စ်ဘွတ်နှင့် ဆောင်ရန်ရှောင်ရန်”


အင်တာနက် မီဒီယာတွင် ၀က်ဘ်ဆိုက်များနှင့် လမ်းလျှောက်လာရာမှ ဘလော့များ (blog)၊ လူမှုကွန် ရက် များ (social network) နှင့် အရွယ်ရောက် ရင့်ကျက်လာခဲ့သည်ဟု ဆိုသော်ရနိုင်မည် ထင်ပါသည်။
ပုဂ္ဂလိက အတွေးအမြင်များ၊ အတွေ့အကြုံများနှင့် ဂျာနယ်လစ်ဇင် အရေးအသားတစ်မျိုးကို ဖော်ဆောင် သည့် ဘလော့မှာ ၁၀ နှစ်သားအရွယ်ကို ကျော်လွန်လာခဲ့ပြီ ဖြစ်သော်လည်း လူမှုကွန်ရက်များမှာမူ ငါး နှစ်ကျော် ခြောက်နှစ် စွန်းးစွန်းသာ ရှိနေပါသေးသည်။

လူမှုကွန်ရက် ဟူသော စကားနှင့်အညီ ကွန်ရက် အတွင်းမှာ လူများက ကိုယ်ရေးအချက်အလက်များကို အချင်း ချင်း အသိပေး ဆက်သွယ်၍ လူမှုရိပ်မြုံ အသိုင်းအ၀ိုင်းတစ်ခုကို တည်ဆောက်နေ ထိုင်ကြခြင်း တစ်မျိုး ဟု ဆိုနိုင်ပါသည်။ ဖေ့စ်ဘွတ် (Facebook) မှာလည်း (Fecebook Inc.) မှ ပုဂ္ဂလိကပိုင်ဆိုင် သည့် လူမှုကွန်ရက်ဝက်ဘ်ဆိုက် တစ်ခုပင် ဖြစ်ပါသည်။


ဖေ့စ်ဘွတ်ကွန်ရက်အတွင်း အသုံးပြုသူများက ၎င်းတို့၏ မိတ်ဆွေများကို မက်ဆေ့ခ်ျသတင်းစကားများ၊ ကိုယ်ရေးအချက် အလက်များကို အသိပေးနိုင်ကြသည်။ မြို့၊ အလုပ်နေရာ၊ ကျောင်းနှင့် ဒေသအလိုက် ဖွဲ့စည်းထားသည့် ကွန်ရက်များနှင့် ဆက်သွယ်နိုင်ကြသည်။

ဤ၀က်ဘ်ဆိုက်၏ နာမည်သည်ပင် ကျောင်းသားကျောင်းသူ များ တစ်ယောက်နှင့်တစ်ယောက် ပိုမို ရင်းနှီး နွေးထွေးလာကြစေ ရန် ရည်ရွယ်၍တက္ကသိုလ် အုပ်ချုပ်ရေး အာဏာပိုင်များက စာသင်နှစ်စ တွင် ပေး အပ်သည့် စာအုပ်များ၏ အမည်နာမကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းပင် ဖြစ်တော့သည်။


သမိုင်းကြောင်း
ဖေ့စ်ဘွတ်မှာ ဟားဘတ်တက္ကသိုလ် ကျောင်းသားတစ်ဦး၏ ကွဲနေသည့် အသည်းမှ ထွက်ကျယိုစီးလာခဲ့ သည့် လူမှုရိပ်မြုံတစ်ခုဟု ဆိုသော် ရအံ့ထင် ပါသည်။ ၂၀၀၃ ခုနှစ်၏ အောက်တိုဘာ ည တစ်ညတွင် ဟားဘတ် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားလေး မာ့ခ် ဇူခါဘာ့မှာ သူ့ကို စွန့်ပစ် အရူးလုပ်သွားသည့် ချစ်သူရည်းစားအကြာင်း တောင်ခြစ်မြောက်ခြစ် ဘလော့ပစ်တင်နေရာမှ သူမကို သူ့စိတ်ဝိဉဉ်ထဲမှ အပြီး အပိုင် ထုတ်ပစ်ဖို့ တစ်ခုခုလုပ်ရတော့မည်ဟု အတွေးပေါက်လာသည်။ မာ့ဇူခါဘာ့က ထိုစဉ်က အဖြစ်ကို ဤသို့ ပြန်ပြောင်း ပြောပြသည်။

“မလိမ်ညာစတမ်းပြောရရင် အဲဒီ အင်္ဂါနေ့ည ၁၀ နာရီ မရှိတရှိအချိန်လောက်မှာ ကျွန်တော် မူးနေခဲ့တာ ပေါ့။ ကျွန်တော့် (Desktop)မှာက ဖေ့စ်ဘွတ်ကို ဖွင့်ထားပြီး တချို့က တင်ထားတဲ့ ပုံတွေကိုကြည့်ပြီး နည်း နည်း ကြောက်နေကြတယ်။ မျက်နှာ တချို့ကို တောင်ယာ တိရစ္ဆာန်ပုံတွေနဲ့ ဘေးချင်းယှဉ်ပြထားပြီး ဘယ်ပုံက ပိုပြီးဆွဲဆောင်မှု ရှိတယ်ဆိုတာကို မဲပေးရွေးချယ်ခိုင်းခဲ့ပါတယ်။ တောင်ယာတိရစ္ဆာန်တွေဟာ သင့်လျော်မှုရှိ မရှိ မသေချာပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ကို နှိုင်းယှဉ်ရတဲ့ စိတ်ကူးကိုတော့ ကျွန်တော် သဘောကျသွားပါတယ်”

ထိုစဉ်က ဟားဘတ်တက္ကသိုလ်မှာ ဓာတ်ပုံများ၊ အခြေခံအချက်အလက်များနှင့် ကျောင်းသားလမ်းညွှန် ရယ်လို့ မရှိသေးခြင်းကြောင့် ၀က်ဘ်ဆိုက်စပြီး လွှင့်တင်တဲ့ ပထမလေးနာရီအတွင်းမှာပင် လည်ပတ် ကြည့်ရှုသူ ၄၅၀ နှင့် ဓာတ်ပုံ ပေါင်း ၂,၂၀၀ အထိ တက်လာခဲ့သည်။ ကနဦးဝက်ဘ်ဆိုက်မှာ ရုပ်ပိုင်းအစစ် အမှန် အချက်အလက်များကိုသာ ထင်ဟပ်ထားသော်လည်း နောက်ပိုင်းတွင် ဖေ့စ်ဘွတ်အဖြစ် ကြီးထွား လာမည့် ဂုဏ်အင်္ဂါရပ်များတော့ ရုပ်လုံးပေါ်စပြုပြီဟု ဆိုနိုင်ပါသည်။

ဝက်ဘ်ဆိုက်ကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းကြရာမှ ကျောင်းအုပ်စု ဆာဗာအတော်များများသို့ ပျံ့နှံ့သွားခဲ့သော်လည်း တစ်ရက်နှစ်ရက်အကြာတွင် ဟားဗတ်တက္ကသိုလ် အာဏာပိုင်များက ၀က်ဘ် ဆိုက် ကို ပိတ်ပစ်ခဲ့ကြပြီး ဇူခါဘာ့မှာလည်း လုံခြုံရေး၊ မူပိုင်ခွင့်၊ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို ချိုးဖောက် မှုများဖြင့် တရားစွဲခံရပြီး နှင်ထုတ်ခံရမည့်ဆဲဆဲ ဖြစ်ခဲ့၊ နောက်ဆုံးတွင်မှ တရားစွဲဆိုမှုကို ပယ်ဖျက်ပေးခဲ့ ခြင်းဖြစ်သည်။
ဇူခါဘာ့က ထိုစာသင်နှစ်အတွင်းမှာပင် ကနဦးပရောဂျက်ကို ချဲ့ထွင်ပြီး လူမှု လေ့လာရေးကိရိယာဖြစ် လာစေ သည့်အပြင် ရောမခေတ် ဓာတ်ပုံများလည်း တင်ထားပြီး တစ်မျက်နှာ တစ်ပုံနှုန်းနှင့် မှတ်ချက်ပေး သည့်ကဏ္ဍကိုလည်း ထည့်သွင်းလာသည်။ အတန်းဖော်များအတွက်လည်း ဖွင့်ပေးလာသလို လူအများ ကလည်း စတင်မျှဝေ သုံးစွဲလာကြပြီ ဖြစ်သည်။

ဖေ့စ်ဘွတ်ကြောင့်ပင် ဟားဗတ်မှာ ပိုမိုလွတ်လပ်ပွင့်လင်းသော လူမှုရိပ်မြုံ တစ်ခု ဖြစ်လာခဲ့တော့သည်။
ဖေ့စ်ဘွတ်မှာ ရှေးမဆွ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် The Facebookအမည်ဖြင့်The facebook. com ၀က်ဘ်ဆိုက် ထဲတွင် ရှိနေခဲ့ရာမှာ ဟားဗတ်လူမှုရိပ်မြုံကို ကျော်လွန်၍ ဆန့်ထုတ်ချဲ့ ထွင် လာခဲ့ရာ ၂၀၀၅ ခုနှစ် တွင် ဒိုမိန်းနာမည် Facebookကို ၀ယ်ယူပြီးနောက်တွင် (The) စာလုံး ကို ဖြုတ် ၍ ဖေ့စ် ဘွတ် ဘ၀သို့ ပီပီပြင်ပြင် ရောက်လာခဲ့သည်။

ဝက်ဘ်ဆိုက်
ဖေ့စ်ဘွတ်၏ မိခင်စာမျက်နှာ (Home Page) တွင် မှတ်ပုံတင်ပြီး အသုံးပြုသူများအတွက် အပေါ်ညာ ဘက် တွင် (Login) ပုံစံနှင့် အောက်တည့်တည့်တွင် လည်ပတ်သူအသစ်များအတွက် မှတ်ပုံတင် ပုံစံကို တည်ဆောက်ပေးထားသည်။ သုံးစွဲသူတို့အနေဖြင့် စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်မှုနယ်ပယ်ကို လိုက်ပြီး အုပ်စု ၂၀၀ ကျော်အထိ ဖွဲ့စည်းနိုင်ပြီး အကယ်၍ အုပ်စုကို လူသိရှင်ကြားလုပ်ထားပါက ဖေ့စ်ဘွတ်၏ ရှာပုံတော် (Search Result) တွင် ရှာဖွေနိုင်ပါသည်။ အခြားသူစိမ်းများ နှင့် အပြန်အလှန် ဆက်သွယ်နိုင် ရန် စိတ်ဝင် စား မှုကိုလိုက်၍ ... ခင်မင်မှု စာမျက်နှာ (Fan Page) များကိုလည်း ဖွဲ့စည်းနိုင်ကြပါသည်။

ကိုယ်ရေး အချက်အလက်များ ကိုလည်း မသိစေလိုသူများ ဆက်သွယ်ကြည့်ရှုနိုင်ခြင်း မရှိအောင် ကိုယ် ရေး ကိုယ်တာ ကန့်သတ်ထားနိုင်သည်။ လူသိရှင်ကြား ကိုယ်ရေးအချက်အလက်ဖိုင်များကို မည်သည့် သုံးစွဲသူ ကမဆို ပိတ်ဆို့နိုင်သော်လည်း ကိုယ်ရေး အကန့်အသတ် ဖိုင်များကိုမူ မပိတ်ဆို့ နိုင်ပါ။

ဝဘ်ဆိုက်မှာ သုံးစွဲသူများအတွက် အခမဲ့ဖြစ်၍ ကြော်ငြာများမှသာ ၀င်ငွေ ရရှိပါသည်။ ဓာတ်ပုံများ၊ စိတ်ဝင်စားမှုများ၊ ကိုယ်ရေးနှင့် လူထုသတင်းစကားများကို မိတ်ဆွအုပ်စုများအတွင်း ဖလှယ်နိုင်ကြ သည်။ ၀က်ဘ်ဆိုက်မူအရ ကွန်ရက်တစ်ခုတည်း၊ ကန့်သတ်လူမှု ရိပ်မြုံအတွင်းမှ သုံးစွဲသူများကို ကိုယ် ရေးအချက် အလက် အသေးစိတ်များကို ကြည့်ရှုခြင်းမှ ကန့်သတ် တားမြစ်ထားပါသည်။ အခါများစွာတွင် မီဒီယာများ က ဖေ့စ်ဘွတ်နှင့် My Space ကို နှိုင်းယှဉ်ကြလေ့ ရှိသော်လည်း ဤ၀က်ဘ်ဆိုက် နှစ်ခုကြား သိသာထင်ရှား သည့် ခြားနားချက်မှာMy Space က ကိုယ်ရေးဖိုင်များကို html, CSSတို့ဖြင့် တန်ဆာ ဆင်ခွင့်ပေးထားသော် လည်း ဖေ့စ်ဘွတ်ကမူ စာသားပြောင်ကိုသာ ခွင့်ပြုပါသည်။ ဖေ့စ်ဘွတ်၏ လက်ရှိ ရုံးချုပ်တည်ရာမှာ ကယ်လီ ဖိုးနီးယား၊ ပါလိုအာတို၊ စတန်းဖို့ သုတေသနပန်းခြံပင် ဖြစ်သည်။

ဖေ့စ်ဘွတ်ကို တရားရုံးတွေလည်းသုံး
၂၀၀၈ခုနှစ် ဒီဇင်ဘာလထဲတွင် သြစတြေးလျ မြို့တော်နယ်မြေ အထက်ရုံးတော်မှ ဖေ့စ်ဘွတ်မှာ တရားခံ များကို ရုံးတော်က သတိပြုမိအောင် အထောက်အပံ့ပြုနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းမှာ ဖေ့စ် ဘွတ် တွင် ဆင့်ခေါ်စာတင်သည့် ကမ္ဘာ့ပထမဆုံး တရားရေး စီရင်ချက်ဟု အများက ယုံကြည်ကြ သည်။ သို့ရာတွင် ဖေ့စ်ဘွတ်မှာ ၁၃ နှစ်အောက် ကလေးမသုံးရ ဟူသော အသက်ကန့် သတ်ချက်စည်း မျဉ်း မရှိသောကြောင့် ကလေးသူငယ်များ၏ လုံခြုံမှုနှင့် ပတ်သက်သော စိုးရိမ်သောကရှိနေရာ ဝေဖန်မှု များ လည်း ထွက်ပေါ်လာနေပါ သည်။ ေ

ဖ့စ်ဘွတ်၏ လွတ်လပ်ပွင့်လင်းသော သဘာဝကြောင့်လည်း ဆီးရီးယား၊ တရုတ်၊ အီရန်နှင့် ဗီယက်နမ် ကဲ့သို့သော နိုင်ငံများတွင် ဖေ့စ်ဘွတ်လမ်းကြောင်းကို ပိတ်ဆို့ ထားကြသည်။

 ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီလကအီတလီစီးရီးအေ ဘောလုံး ကလပ်အသင်း တိုက်စစ်မှူး အလက်ဇန် ဒရိုဒဲပီရို   က ကိုယ်ရေး အချက် အလက်အ တုဖြင့် သူ့နာမည်ကို နာဇီဝါဒဖြန့် ၀က်ဘ်ဆိုက်များနှင့် ချိတ်ဆက် ဖော်ပြခဲ့သည့်အတွက် ဖေ့စ်ဘွတ်ကို တရားစွဲဆိုခဲ့သည်။ အချက်အလက် အမှားများနှင့် ဓာတ်ပုံအပြင် နာဇီလက်သစ်များကို စာနာထောက်ထားသူအဖြင့် ဖော်ပြထားသဖြင့် ဒဲပီရိုမှာ ၀မ်းနည်းခဲ့ရပြီး သူ့အနေ ဖြင့် ဘယ်တုန်းကမျှ ဖေ့စ်ဘွတ်တွင် ကိုယ်ရေးအချက်အလက် မတင်ခဲ့ဟု ပြောခဲ့သည်။

ဖေ့စ်ဘွတ်နှင့် လူ့အဖွဲ့အစည်း
အနောက်ကမ္ဘာတွင်မူ အလုပ်ကုမ္ပဏီများက မိမိတို့ထံ လျှောက်ထားသူများကို ဖေ့စ်ဘွတ်တွင် ကိုယ်ရေး အချက်အလက်များရှာဖွေ၍ ကြိုတင်အကဲဖြတ်ထားသည့် အလေ့အကျင့် ဖြစ်ထွန်းလာခဲ့ရာ လွန်ခဲ့သည့် လအနည်းငယ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကိုယ်တိုင်က ဖေ့စ်ဘွတ်နှင့် My Space တွင် အလွန်အကျွံ မလွှင့်တင်ကြဖို့ သတိပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။

အနောက်ကမ္ဘာတွင် ဆယ်ကျော်သက် ကိုယ့်အသက်ကိုယ် ခြွေမှုများမှာ လူမှုရိပ်မြုံကွန်ရက်များနှင့် ဆက်စပ်နေပေရာ ဖေ့စ်ဘွတ်လို ၀က်ဘ်ဆိုက်များမှာ ရင်းနှီးနွေးထွေးမှုကို ပျက်ဆီးစေကာ ဆယ်ကျော် သက်များကို လူမှုရေးနှောင် ကြိုးမဲ့သွားစေသည်ဟူသော ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသည်ကိုတော့ သတိပြုရမည်သာ ဖြစ်ပါသည်။

 Written by  Mizzima News
 Source : Wikipedia

From...Mizzima

 

No comments:

Post a Comment