*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 4 January 2014

သခွားသီးအစွမ်း အံ့မခန်း


သခွားသီးအစွမ်း အံ့မခန်း 












(၁) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ သခွားသီးဟာ ခန္ဓာကိုယ် အတွက် လို အပ်သော ရေဓာတ် ၉၆ ရခိုင်နှုန်းကို ဖြည့်စွမ်း ပေးရုံသာမက အဆိပ်များကို ဖယ်ရှားပေးနိုင် တယ်လို့ ဆို ပါတယ်။

(၂) သခွားသီးဟာ ဗီတာမင် A, C ဖြည့်စွမ်းပေးရုံ သာမက ခန္ဓာကိုယ်တွင်း အပူဓာတ် များကိုလည်း ဖယ် ရှား ပေးနိုင်ပါတယ်။ ထို့ပြင် အသားအရေ များကိုလည်း စိုပြည်စေ ရုံသာမက အားအင်များလည်း ရရှိ စေ နိုင်ပါတယ်။


(၃) သခွားသီး စားခြင်းကြောင့် ကိုယ်ခန္ဓာ အတွင်းမှ ရောဂါများ ဖြစ်ပွားမှုကိုလည်း သက်သာ စေနိုင်ပါတယ်။

(၄) သခွားသီးဟာ မှုးဝေခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အိပ်ယာမဝင် မီ သကြားဖြင့် စားပေးပါက သက်သာပျောက်ကင်း စေနိုင်ပါတယ်။

(၅) သခွားသီးသည် ခန္ဓာကိုယ် တွင်း ကုန်ခန်းသွားသော အားအင်းများကို ပြန်လည် ဖြည့်ဆည်း ပေးတဲ့ အပြင် ကြွက်သားများ အတွက် လည်း အထူးပင် ကောင်းမွန်တယ်လို့ ဆိုပါတယ်။

(၆) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ မလိုအပ်သော အဆီများကို ကျဆင်းစေ နိုင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment