*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 25 February 2014

ချုပ်နှောင် ခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှား ရဲတပ်ဖွဲ့မှ ကယ်ဆယ်




မလေးရှားနိုင်ငံတွင် ပင်လယ် ငါးဖမ်း စက်လှေများ အများဆုံး ဝင်ထွက်သွားလာနေသော ငါးဖမ်း လုပ်ကိုင် ကြသော နေရာဒေသ တစ်ခု ဖြစ်သည့် Kedah ပြည်နယ် ဆွန်ငိုင် ပတာနီတွင် ပြီးခဲ့သော ကိုးရက်ခန့် က မြန်မာနိုင်ငံ မှ မလေးရှား သို့ ထိုင်းနိုင်ငံ မှ တစ်ဆင့် ဝင်ရောက်ကာ ကျေးကျွန် သဖွယ် ချုပ်နှောင်ခြင်း ခံရသော မြန်မာ အမျိုးသား လေးဦး အား မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က ကယ်တင် လိုက်နိုင် ပြီကြောင်း ဖေဖော်ဝါရီ ၂၁ ရက် မလေးရှားနိုင်ငံနေ့စဉ် ထုတ် China Press သတင်းဌာ နမှ ဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသားလေးဦး ၏ အမည်ကို ဖော်ပြထားခြင်း မရှိ ဘဲ ၎င်းတို့ သည် လုပ်ကိုင် စားသောက် အသက်မွေး ဝမ်းကျောင်း ပြုရန် အတွက် ရောက်လာခြင်းဖြစ်သော် လည်း ပွဲစား ၏တောင်းခံ သည့် ငွေကြေး ပမာဏကို ပေးဆောင်နိုင် ခြင်း မရှိသောကြောင့် သုံးရက် အစာ ရေစာကျွေးမွေးခြင်း မရှိဘဲ အခန်း အတွင်း လှောင်ပိတ် ထားခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ မှ အဆိုပါ သတင်း ကို ရရှိ သဖြင့် Lao Cai Hut Hotel ၏ မီးဖိုချောင် သို့ ဖေဖော်ဝါရီ ၁၉ ရက် မလေးရှားနိုင်ငံ စံတော်ချိန် ည ၁၀ နာရီက ဝင်ရောက် စီးနင်း ရှာဖွေရာ အဆို ပါ မြန်မာ အမျိုးသား လေးဦးအား လက်နှင့်ခြေထောက် များ တွင် သံကြိုး များဖြင့်တုပ်နှောင်ထား သည် ကို တွေ့ရှိရကြောင်း သိရပြီး ပြန်ပေးဆွဲ သူအား ယခု အချိန်ထိ ဖမ်းဆီးရ မိခြင်း မရှိသေးကြောင်း ဆက်လက် သိရှိရသည်။


 ဆွန်ငိုင်းပတာနီ ဖေဖော်ဝါရီ ၂၄
စိုးဝင်း(sp)
MOI Webportal Myanmar

From...Search Myanmar


No comments:

Post a Comment