*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 2 April 2014

Melanoma မှဲ့ကင်ဆာ


   ** မှဲ့ကင်ဆာ အကြောင်း ဖြစ်နိုင်ရင် ရေးပေးပါ ဆရာ။

မှဲ့ကင်ဆာကို  ဖြစ်စေတာမှာ နေရောင်နဲ့ ထိတွေ့တာ၊ အရေပြား အမျိုးအစား အပြင် မိသားစု ရာဇဝင်ကလဲ အရေးကြီးတယ်။ ၃ဝ-၃-၂ဝ၁၄ နေ့ထွက်တဲ့ ကျန်းမာရေးသတင်းမှာ သုတေသနသစ် အရ မျိုးဗီဇမှာ (မြူတေးရှင်း) ခေါ်တဲ့ အသွင်ပြောင်းလဲခြင်း ကနေ အရေပြားကင်ဆာဖြစ်တာ ကို သိလာရတယ်။ 


အဲဒီ မျိုးဗီဇကို POT1 ခေါ်တယ်။ သူက (ခရိုမိုဇုန်း) ထဲက (ဒီအင်န်အေ) ပျက်စီးမှာကို အကာကွယ်ပေးနေ တယ်။ အဲတာက (မြူတေးရှင်း) ဖြစ်လာရင် ကင်ဆာ ဖြစ်နိုင်တယ်။ တခြားပြောင်းလဲမှုတွေလဲရှိမှာဖြစ်ပေမဲ့ ခုထိ မသိကြရသေးပါ။



(ကင်ဆာ) ဆိုတာ နေရာတကာမှာ ဖြစ်နိုင်တယ်။ အရေပြားမှာ ဖြစ်တာထဲက ရှားပေမဲ့ အဆိုးဆုံးက Melanoma မှဲ့ကင်ဆာ။ မှဲ့ဟာ အရောင်၊ အရွယ်၊ ပုံသဏ္ဌာန်၊ အပြော့-အမာ ပြောင်းတာနဲ့ (ကင်ဆာ) ဖြစ်ဘို့ စလာတယ်။ အများဆုံး တွေ့ရတာက မဲနက်-မဲပြာ အရောင်တွေပါ။ နဂိုက မှဲ့ ရှိမနေဘဲ အသစ်လဲ ဖြစ် လာနိုင်သေး တယ်။

ကြည့်လိုက်ရင် ညီညီညာညာ မရှိဘူး။ နခမ်းသား ကလဲ မတိမကျ-မလှမပ ရှိတယ်။ အရောင်ကလဲ တညီထဲ မဟုတ်ဘူး။ ကြာလေ ကြီးလာလေ။ ဆိုးပေမဲ့ စောစောသိ စောစောကုရင်ရတယ်။ ကြာလေလေ အထဲရောက် လေလေ ကူးသွားမယ်။

Melanocytes ဆိုတဲ့ အရေပြားကို အရောင်ဖြစ်စေတဲ့ (ဆဲလ်) တွေမှာ (ကင်ဆာ) လာဖြစ်တာပါ။ အရေပြား မဟုတ်ဘဲ အူ နဲ့ မျက်စိမှလဲ ဒီရောဂါမျိုး ဖြစ်နိုင်တယ်။ အမျိုးသမီးတွေက ပိုများတယ်။ တနှစ်မှာ လူနာသစ် ၁၆ဝဝဝဝ တွေ့နေရတယ်။ သေဆုံးရသူပေါင်း တနှစ် ၄၈ဝဝဝ ယောက်ရှိတယ်။ အမျိုးအစားခွဲပေါင်း ၁၃ ခုရှိတယ်။

အသေအခြာ လေ့လာလို့ သိရတာက အလင်းရောင်ထဲက UV photon ကနေ အရေပြားထဲက အရောင် ကို ဖြစ်စေတဲ့ Chromophore ဆိုတာကို လာထိခိုက်ရာကနေ ဖြစ်ရတာတဲ့။ ဒိနောက်မှာ DNA ဆိုတာ ထိခိုက်စေတယ်။ DNA Replication ဆိုတာ ကိုယ်တိုင် ပုံမှန်မဟုတ်ရင်လဲ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် နေရောင်ထိမှသာ အရေပြား-မှဲ့ (ကင်ဆာ) ဖြစ်ရတာ မဟုတ်ပါ။

လက္ခဏာတွေကို ABCDE ဆိုပြီး မှတ်လို့လွယ်အောင် လုပ်ထားတယ်။
• A ညီတူဘာတူ မဟုတ်ဘူး၊
• B နခမ်းသားတွေ မညီဘူး၊
• C အရောင်တမျိုးထဲ မဟုတ်ဘူး၊
• D အချင်းမျဉ်း ၁ လက္မရဲ့ ၄ ပုံ ၁ ပုံကျော်တယ်၊
• E အချိန်နဲ့ အတူပြောင်းလဲနေတယ်။
 

ဒါ့ပြင် -
• အရေပြားမျက်နှာပြင်အထက် ကြွတက်နေရင်၊
• ထိကြည့်ရင် တင်းနေရင် နဲ့
• ကြီးသထက်ကြီးလာတယ်ဆိုရင် ပိုဆိုးတဲ့အမျိုးအစားဖြစ်မယ်။

ရောဂါ ဟုတ်-မဟုတ်သိအောင် မျက်စိ-လက်နဲ့စမ်းတာတွေအပြင် အသားစဖြတ်ယူ မှန်ဘီလူးနဲ့စစ်တယ်။ Lactate dehydrogenase (LDH) စမ်းသပ်နည်းလဲ လုပ်တယ်။

အဆင့်တွေ ခွဲထားတာမှာ -
 

1. အဆင့် (ဝ) ဆိုရင် 99.9% အသက်ရှင်မယ်၊
2. အဆင့် (၁) Invasive Melanoma ဆိုရင် Survival ရှင်နှုံး 85-99% ရှိတယ်၊
3. အဆင့် (၂) High Risk Melanoma ဆိုရင် Survival ရှင်နှုံး 40-85% ရှိတယ်၊
4. အဆင့် (၃) Regional Metastasis ဆိုရင် Survival ရှင်နှုံး 25-60% ရှိတယ်၊
5. အဆင့် (၄) Distant Metastasis ဆိုရင် Survival ရှင်နှုံး 9-15% ရှိတယ်။

နေရောင်ထဲက Ultraviolet radiation ခရမ်းလွန်ရောင်ခြည်ဟာ လက်ညှိုးထိုးရမဲ့ တရားခံ ဖြစ်ပါ တယ်။ နောက်ပေါ် နေကာ Sunscreen တွေမှာ Avobenzone, Zinc and Titanium တွေပါလို့ UVA နဲ့ UVB ဒီရောင်ခြည်တွေ ရန်ကနေ အတော် ထိရောက်အောင် ကာကွယ်နိုင်တယ်လို့ ယုံကြည်ရတယ်။ 


ဒါပေမဲ့ Sunscreen ကနေ Melanoma ကိုပါ ကာကွယ်နိုင် မလား မသေချာ သေးပါ။ အသားအရေ ညိုစေအောင် Tanning လုပ်တာဟာ အရေပြားကင်ဆာ ဖြစ်မှု နည်းစေမယ် လို့ ထင်ရပေမဲ့ Melanomas ပိုဖြစ်စေနိုင် တယ်။

“အရိပ်တို ချိန် နေပူ မထွက်နဲ့” ဆိုတာ ဥပဒေသ ဖြစ်တယ်။ မနက် ၉ နာရီကနေ ညနေ ၃ နာရီ အတွက် နေ ထဲထွက်ရင် မှဲ့-အရေပြား ကင်ဆာဖြစ်ဘို့ အဆိုးဆုံးကာလတွေ ဖြစ်တယ်။

ကုသဘို့ ခွဲစိတ်တာနဲ့စတယ်။
 

• “အနာကို ဘေး ၁-၂ စတင်တီမီတာ အရေပြား အကောင်းကိုပါ လှီးထုတ်မယ်၊ မှန်ဘီလူးနဲ့ စစ်ဆေး မယ်၊ ရေတို-ရေရှည် ဆက်ကြည့်နေမယ်” ဆိုတာ မလွဲတမ်း လုပ်ရတဲ့ ကုသနည်း ဖြစ်ပါတယ်။ နုသေးရင် အရေပြာအကောင်း နဲနဲသာ လှီးဖြတ်ဘို့ လိုမယ်။
 

• Melanoma-in-situ အစောဆုံး အဆင့်မှာ ခွဲရရင် ပျောက်နှုန်း ၇၇-၉၈% အထိရှိတယ်။ တက်စေ့တွေပါ ထုတ်ပေမဲ့ သိပ်အကျိုး မများလှတာ တွေ့ရတယ်။
 

• High risk melanomas ဆိုတာကို Adjuvant treatment ခေါ်တဲ့ ကုသနည်းမှာ High-dose Interferon ဆေး ၁ နှစ် ကြာပေးတယ်။
 

• ပြန့်နေတဲ့အဆင့် Metastatic melanomas ကို X-rays, CT scans, MRIs, PET and PET/CTs, Ultrasound, LDH testing and Photoacoustic detection နည်းတွေနဲ့ စစ်ဆေးမယ်။
 

• Chemotherapy ဆေးဝါးနည်းမှာ သုံးတာက Dacarbazine (DTIC) နဲ့ immunotherapy ကုသနည်းမှာ သုံးတာက
 

• Interleukin-2 (IL-2) ဒါမှမဟုတ် Interferon (IFN) တွေဖြစ်တယ်။
 

• Radiation therapy ဓါတ်ရောင်ခြည်ကင် ကုသနည်း၊
 

• Cell and Targeted Therapies နည်းလဲရှိပါသေးတယ်။

Dr. တင့်ဆွေ
၂၄-၁-၂ဝ၁၁
၃ဝ-၃-၂ဝ၁၄ 


From...Search Myanmar





No comments:

Post a Comment