*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 11 May 2014

အမေ

 

စက်သုံးဆီ အရောင်းဆိုင်အတွင်း ၀ိုင်ယာရှော့ကြောင့် ရုတ်တရက် မီးထလောင်စဉ် ပြေးထွက် လာခဲ့သည့် မသီတာ (အမည်လွှဲ) တစ်ယောက် ဆိုင်ထဲတွင် မိခင်ဖြစ်သူ ရှိနေသေးသည် ဟူသည့် အသိကြောင့် မီးလောင်နေရာ အဆောက်အအုံ ထဲသို့ နောက်တစ်ကြိမ်ပြေး ၀င်ခဲ့သည်။

မီးလောင်နေသည့် ဆိုင် အတွင်း ထွက်ပြေးရန်ပင် သတိမရဘဲ ကြောင်၍ ရပ်နေသည့် မိခင်ကို အဆောက် အအုံ အပြင်ဘက်သို့ တွန်းထုတ်ခဲ့သည်။

ထိုအချိန်မှာပင် ခါးလယ်ခန့် ရှည်သည့် မသီတာ ၏ ဆံပင်နှင့် ၀တ်ထားသည့် အင်္ကျီတို့ ကို မီးစွဲ ကာ လူတစ် ကိုယ်လုံး အရေပြား၏ ခုနစ်ဆယ်ရာခိုင်နှုန်း ခန့်ကို မီး လောင်ခဲ့ပါသည်။ ဒဏ်ရာများ ကြောင့် အရေးပေါ်အခြေ အနေ ဖြင့် ဆေးရုံသို့ တက်ခဲ့ရပြီး ကုသမှု ကောင်းမွန်၍သာ အသက်ဘေးမှ လွတ်မြောက် ခဲ့ခြင်းဖြစ်ပါသည်။


မသီတာ၏ ဖြစ်စဉ်မှာ နယ် မြို့လေးတစ်မြို့ တွင် မေလ ပထ မပတ်က စက်သုံးဆီ ဆိုင်တစ်ဆိုင် မီးလောင် မှုဖြစ်ခြင်း ၏ နောက် ကွယ်က အကြောင်း အရာတစ်ခု ဖြစ်ပါသည်။ မသီတာသည် ၎င်း ရွေးချယ် ထား သည့် ခင်ပွန်းဖြစ်သူ နှင့် သုံးနှစ် အရွယ်သမီးလေး တစ် ယောက်မွေးဖွား ထားပြီး မိသားစု အတွင်းဖြစ်လေ့ ရှိသည့် အိမ်တွင်း ရေးပြဿနာ အချို့ကြောင့် မိဘ များက ၎င်းအား လိမ္မာရေးခြား မရှိ သူဟု သတ်မှတ်ခံ ထားရကာ သွေးအေးအေး ဆက်ဆံ ခံနေရသူဖြစ် သည်။

သို့သော် မီးလောင်နေသည့် အဆောက် အအုံအတွင်း မိခင်ဖြစ် သူ ရှိနေသည် ဟု သိလိုက် ရချိန် တွင် သား သမီးက မိဘများ အပေါ် ထားသည့် မေတ္တာ တရား၏ စေ့ ဆော်မှုကြောင့် မီးတောက်များကို သတိ မထားနိုင်တော့ ဘဲ မီးတော ထဲဝင်တိုးခဲ့သည်။

မိခင်ဖြစ်သူ ဒဏ်ရာ အနာတရ မရဘဲ လွတ် မြောက်ခဲ့သော် လည်း ၎င်းမှာမူ မျက်နှာပြင်နှင့် ကိုယ် ခန္ဓာအနှံ့ မီးလောင် ဒဏ်ရာများ ရရှိခဲ့သည်။
‘‘မိဘတွေ ဘယ်လိုပဲ အထင် လွဲခဲ့၊ လွဲခဲ့၊ အမေ့ အသက်ကို ကယ်ဖို့အရေး လုပ်ရပ်နဲ့ သက်သေပြနိုင်တဲ့ အတွက် ဒီ တစ်သက်မှာ သေပျော်ပါပြီ’’ဟု မသီတာက ဆိုပါသည်။

လူငယ် သဘာဝ အတိုင်း မိမိ ကိုယ်ကိုယ် စိတ်ကြီး ၀င်နေသည့် လူငယ်၊ လူရွယ် တိုင်းနှင့် မွေးကင်း စမှ သည် ပညာစုံ လူလားမြောက် သည် အထိ ရုန်းကန်ကျွေးမွေး ခဲ့ သည့် မိဘများ အကြား မျှော်လင့် မထား သည့် အထင်အမြင် လွဲမှား မှုအချို့မိသားစု တိုင်းတွင် ရှိတတ်ပါသည်။

ဖခင်ဖြစ်သူ က မိသားစု တစ်ခုလုံး၏ စားဝတ်နေရေး အတွက် ကိုယ်တိုင် ရုန်းကန်နေရပြီး သားသမီး များနှင့် ထိပ်တိုက်တွေ့မှု နည်းပါးသော်လည်း ယင်းပြဿနာ ကို အမြဲ တစေဖြေရှင်းပေးနေ ရသူမှာ မိခင် များပင်ဖြစ်သည်။

ရောက်ရှိနေ သည့် အသက် အရွယ်နှင့် စိတ် အပိုင်းအခြားပေါ် မူတည် ၍ ခံစားမှုကို ဦးစားပေး ကာ မိဘများ အပေါ် အထင်အမြင် လွဲပြီး မိသားစု အတွင်း ဆက်ဆံ ရေးအေး စက်နေသည့် မိသားစု များ လူ့အသိုင်း အ၀ိုင်းအတွင်း မည်မျှ များနေပြီလဲ။ ဆင်ခြင်တုံ တရားဖြင့် ပြင်ဆင်ခွင့် ရှိသည့် ယင်းအခြေ အနေကို အချိန်မ ဆိုင်းဘဲ ပြင်ဆင်သင့်ပါသည်။

‘‘အမေ့ကို စိတ်ဆိုးပြီး အိမ် ကနေ ထွက်လာ ခဲ့တာ အခုဆိုရင် သုံးနှစ်ပြည့်ပြီ။ အခုအချိန် အရာ ရာ အဆင်ပြေ လို့ စောင့်ရှောက် ခွင့်ရချင်လို့တောင် အခွင့်အရေး မရှိတော့ပါဘူး။ ဘ၀မှာ နောင်တ အရဆုံး ကတော့ အမေ့ကို ပြုစု ခွင့် မရခဲ့တာဘဲ’’ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှ မြန်မာရွှေ့ပြောင်းအ လုပ်သမား ကိုဝေယံ ကပြောပါ သည်။

ကိုဝေယံ သည် မိခင်ကို စိတ် ဆိုး ကာ ၂၀၁၁ ခုနှစ်က နေအိမ်မှ ဆင်းကာ ထိုင်းနိုင်ငံ သို့ တရားမ ၀င်ခိုးဝင် လာခဲ့ သူဖြစ်သည်။ ထိုင်း နိုင်ငံတွင် ရရာ အလုပ်လုပ်ကိုင်နေစဉ် မြန်မာနိုင်ငံ ရှိ အသက် (၇၀) အ ရွယ် မိခင်ဖြစ် သူမှာ လူကြီးရောဂါ ဖြင့် သေဆုံးသွားခဲ့သည်။ ပြုစု ခွင့် မရဘဲ အမေဖြစ်သူသေဆုံး သွားခြင်း သည် ၎င်းအား အမြဲတ စေခြောက်လှန့်နေသည့် အိပ်မက် ဆိုးဖြစ်ကြောင်း ကိုဝေယံကဆို သည်။

‘‘သားကို မွေးခဲ့တဲ့ အချိန်တုန်းက သေမတတ် နာကျင်ခဲ့ပေမယ့် သူလေး ရဲ့ ငိုသံကြားလိုက်ရတဲ့ အချိန်မှာ ငါက မိခင် တစ်ယောက်ဖြစ်သွားပြီ ဆိုတဲ့ အသိက နာကျင်မှုတွေ အားလုံး မေ့သွားစေတယ်။ အခု အချိန် မှာတော့ အဖေနဲ့ သားကြား ဗျာများနေရတဲ့  အနေ အထားကို ရောက်နေပြီ။ လူငယ်နဲ့ လူကြီး၊ အမှန်နဲ့ အမှား ကြားမှာ အမေတွေက အရမ်း ပင်ပန်းရပါတယ်’’ဟု အသက် (၁၆) နှစ် အရွယ် လူပျိုပေါက် အသား ကို ထိန်းကျောင်းနေသူ ကမာရွတ်မြို့နယ်၊လှည်းတန်း (၇) လမ်းမှ ဒေါ်အေးအေးလှိုင်ကပြောသည်။

မိဘနှင့် သားသမီးကြား နှစ် ကာလ များစွာ အထင် အမြင်လွဲခဲ့ ပြီး မိခင်ဖြစ်သူ မီးလောင်ပြင် ထဲ ရောက် ကာ ၀င်ကယ်သည့် သမီး ဖြစ်သူ  သေရာပါ ဒဏ်ရာ ရခါမှ နားလည်မှု ရခဲ့သည့်အဖြစ်မျိုး မည်သူ မျှ မကြုံစေ လိုကြောင်း မသီ တာ ကပြောပါသည်။ မသီတာ တွင် သုံးနှစ် အရွယ် သမီးလေး တစ်ယောက်ရှိပြီး မီးလောင် ဒဏ် ရာများ ရခဲ့သည့် မျက်နှာအား သမီးဖြစ်သူ မမှတ် မိမည်ကို စိုးရိမ်စိတ် ဖြင့် အတွေ့မခံခဲ့ပေ။

 သို့သော် မိခင်အသက် ကို ကယ်ခဲ့သည့် မသီတာ အား ကံကြ မ္မာ က မျက်နှာသာပေးခဲ့ပါသည်။ မီးလောင် ဒဏ်ရာရခြင်း က မျက်နှာကို မမှတ် မိလောင်အောင် ဒဏ် ရာ အခြေ အနေဆိုးရွား ခဲ့သော်လည်း  တစ်ပတ် ခန့်အကြာ တွင် မျက်နှာမှ အနာဖေးများ ကွာကျကာ မူလ နီးပါးမျက်နှာ အနေအထားကို ပြန်ရခဲ့သည်။

 ‘‘ကိုယ့် ကိုယ်ကိုယ်လည်း အံ့ သြရပါတယ်။ ပျက်သွားပြီ ထင်တဲ့ မျက်နှာက အချိန်တို အတွင်း မူလ နီး ပါးပြန်ကောင်းခဲ့ တယ်။ ငါ့ဘ၀ ကတော့ ဆုံးပါပြီ ဆိုတဲ့အတွေးနဲ့ ဆေးရုံပေါ်မှာ နေ့တိုင်း ငိုခဲ့ရတာ။ အခု လိုပြန်ကောင်း လာတာက အမေ့အပေါ် ကိုယ့်ရဲ့ ပေးဆပ်နိုင် မှုနဲ့ အမေက ပြန် ပို့ပေးတဲ့ မေတ္တာ တရားတွေကြောင့်လို့ ယုံကြည်ပါ တယ်’’ဟု မသီတာက ပြောပါ သည်။

နောင်တ ဟူသည် နောင်မှရ သည်ဟု အပ်ကြောင်း ထပ်အောင် ပြောဆိုနေသော်ငြား မွေးမိခင်နှင့် ဖခင် အတွက်မူ အချိန်လွန် မှ နောင်တ မရသင့်ကြောင်း မိဘ ကျေးဇူး တရားများ ဟောကြား လေ့ရှိသည့် ဆရာတော် ဦးပညာ ၀ရက မိန့်ကြားပါသည်။

မိဘများ သက်ရှိ ထင်ရှား ရှိနေချိန်တွင်  ပြုစုစောင့်ရှောက်မှုပေးခြင်း က ဘုရားရှင် ကို မျက်မြင်ကိုယ်တွေ့ ဖူးမြော် ရသည်ထက် ကုသိုလ်ထူး ကြောင်း ဘာသာတရား အဆုံး အမေနှင့် ခိုင်းနှိုင်း၍ ဆရာတော်က မိန့်ပါသည်။

‘‘ကိုယ့်ကို အထောက်အပံ့ မပေးနိုင်ဘူး ဆိုဦးတော့ လူစဉ်မီ အောင် မွေးပေး ထားတာကိုက မိခင်မေတ္တာ ပါပဲ။ ကိုယ်ဝန်လွယ် စဉ်မှာ အနေ အထိုင်ဆင်ခြေပေး ခဲ့တာ ကိုက မေတ္တာပါပဲ။ မိဘ မေတ္တာဆိုတာ ဘယ်တော့မှ ကို ညွှန်းမကုန်နိုင် တဲ့ အရာပါ’’ ဟု မိဖများ အိမ်ထောင် ကွဲသွားပြီး နောက် မိခင်နှင့် နှစ်ဦး တည်းနေ ထိုင်သူ အသက် (၂၃) နှစ်အရွယ် မဆုမီ ကပြောပါသည်။

ယနေ့ သည် နိုင်ငံ တကာမှ တရားဝင် သတ်မှတ် ထားသည့် အပြည်ပြည်ဆိုင်ရာ မိခင်များနေ့ (International Mother’s Day) ဖြစ်ပါသည်။ မြန်မာနိုင်ငံ က တရားဝင် သတ်မှတ် ထားသည့် အမေ များနေ့ မှာ ပြာသို လပြည့်နေ့ဖြစ်သော် လည်း နိုင်ငံ တကာတွင်မူ နှစ်စဉ်မေလ ၏ ဒုတိယပတ် တနင်္ဂနွေနေ့ ကို အပြည်ပြည်ဆိုင်ရာ မိခင်များနေ့အဖြစ် သတ်မှတ်ထားပါသည်။

သား၊ သမီး အတွက် ရိုးသား ပြီး ရဲရင့် သည့် မိခင်ကို ကိုယ်စား ပြုထားသော အနီရော င်နှင်းဆီ ပန်း များဖြင့် အမေကို တန်ဖိုး ထားသူများ စုပေါင်း၍ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မိခင်များနေ့ အခမ်း အနားများ ကို ကမ္ဘာကြီးပေါ် ရှိ နိုင်ငံအများစု တွင် ယခုအချိန် ကျင်းပနေပါလိမ့်မည်။

အင်္ဂလိပ်စာ သင်တန်း ဖွင့်၍ ကလေးငယ်များ အား သင်ပြပေး နေသူ မမေမျိုးဟန် ကတော့ အ ပြည်ပြည် ဆိုင်ရာ မိခင်များနေ့ တွင်ကိုးကွယ်ရာ ဘာသာတရား ၏ အဆုံးအမအတိုင်း သောက် တော်ရေ အိုး ထဲ မှ ရေကိုယူကာ အမေ့ အား လက်ဆောင် အဖြစ်ပေး၍ ဘုရားရှင် ကို သောက်တော်ရေကပ်စေခြင်းဖြင့် အမေ့ကျေးဇူး ဆပ် ကုသိုလ်ယူရန် ကလေးများ အား သင်ကြား လိုက်ကြောင်း ပြောပါသည်။

‘‘ဝေးချင် သလောက် ဝေးပါ စေ။ မိသားစုလိုက် အိပ်နေတဲ့ ခုတင် အပြင်ဘက်ရောက်အောင် တော့ မဝေး ပါစေနဲ့’’ဟု တစ်အိမ် တည်း အတူနေထိုင်ကာ ပြဿနာ အချို့ကို အခြေခံ ၍ နားလည်မှု ချင်းလွဲနေ သည့် မောင်နှင့် နှမ၊ သားနှင့် အမိကြား ချစ်ချစ် ခင်ခင် နေသင့်သည့် အခြေအနေကို စာ ရေးဆရာ တို့က ညွှန်း ဆိုကြပါ သည်။

မိခင်မေတ္တာကို ညွှန်းဆို သည့် စာအုပ် အများဆုံးရေးနေ သည့် စာရေး ဆရာမ နိုင်းနိုင်း စနေက ‘‘ငယ်ရွယ် ချိန်မှာ ကိုယ့် လက်ကို တွဲခဲ့တဲ့ မိခင်ကို သူတို့ အိုမင်းလို့ မသွား မလာနိုင်တဲ့ အခါ မှာလည်း သူတို့ရဲ့ လက်ကို တွဲနိုင် ကြပါစေ။

အမေ့အပေါ် ကျွန်မ တို့ နွဲ့ဆိုးဆိုး ခဲ့ဖူးသလို စိတ်တို၊ စိတ် ကောက်ချိန်၊ အမေနဲ့ ခွန်းကြီး ခွန်း ငယ်ပြန်အော်ငေါက်ချိန် လည်းရှိဖူးကြပါ လိမ့်မယ်။ ကျွန်မတို့ ဘယ်လို ဆိုးဆိုး အမေကတော့ အပြုံး မပျက်၊ မေတ္တာ မလျော့ဘဲ ကျွန်မတို့ကို ချစ်ခဲ့ပါတယ်’’ဟု ဆို ပါသည်။

မိခင်ကို မီးလောင်ပြင် ထဲမှ ကယ်ထုတ်နိုင်ခဲ့ သည်ဟု မိမိ ကိုယ် မိမိယုံကြည်ထား သည့် မသီတာ ကတော့ မျက်နှာနှင့် ကိုယ် ခန္ဓာအနှံ့ရခဲ့သည့် ဒဏ်ရာများကို ဆေးရုံတွင်  ကုသနေ ရင်း မွေးမိခင်ကျေးဇူး ကိုဆပ် ဖူးပြီ ဟူသော အသိဖြင့် သုံးနှစ် အရွယ် သမီးလေးကို ရင်ခွင်ပိုက်ထားရင်း ပြုံးရွှင်နေပါသည်။

7day
From...Serach Myanmar

No comments:

Post a Comment