*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 20 May 2014

MH370 ကို မှားယွင်း ပစ်ချခဲ့ခြင်း ဟု စာအုပ်တစ်အုပ် တွင် ခန့်မှန်းရေးသားထား


index
 
 
ပျောက်ဆုံးနေသော MH 370 လေယာဉ်နှင့် ပတ်သက်ပြီး ထင်ကြေး ဆန်ဆန် ရေးသား ထားသည့် စာအုပ် တစ်အုပ်ကြောင့် သက်ဆိုင်ရာ မိသားစု များ ဒေါသထွက် စိတ်အနှောင့် အယှက်ဖြစ်မည့် အခြေ အနေမျိုး ကြုံ လာဖွယ် ရှိနေသည်။ 
 
မတ်လ (၈)ရက်နေ့ က မလေးရှား လေကြောင်းလိုင်း ပိုင် MH370 လေယာဉ် သည် ကွာလာလမ်ပူ မှ ဘေဂျင်း သို့ ပျံသန်း ရင်း ထူးဆန်းစွာ ပျောက်ဆုံး သွားပြီး ထိုစဉ် ကတည်းက လေယာဉ်နှင့် ပတ်သက် သည့် မည်သည့် သတင်း အချက်အလက် အစအန မျှ ရှာမတွေ့တော့ချေ။ 
 
ယခု ထွက်ရှိလာသည့် MH 370: The Mystery အမည် ရှိ စာအုပ် တွင် စာရေးသူ နီဂယ်လ်ကော်သွန်း က ယင်းလေယာဉ် သည် စစ်ရေးလေ့ကျင့် မှု အစီအစဉ် တစ်ရပ်တွင် မှားယွင်း ပစ်ချ ခံ ရခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားထားခဲ့သည်။
 
MH 370၏ ဖြစ်ရပ်ကို အခြေခံ လေ့လာပြီး ဖြစ်နိုင်ခြေ များကို ခန့်မှန်းရေးသား ထားသည့် စာအုပ်အတွင်း ၌ လေယာဉ် ပျံသန်းနေစဉ် အဆိုပါ ဒေသ အတွင်း စစ်ရေးလေ့ကျင့်နေသည့် ထိုင်းနှင့် အမေရိကန် တိုက်လေယာဉ် များ၏ ပစ်မှတ်ဖြစ်သွားခြင်း ဟု ယူဆနိုင်ကြောင်း ပါရှိသည်။ 
 
ထို့အပြင် စာရေးသူ က လေယာဉ် တွင် အသုံးပြု ထားသည့် Software စနစ်များ မှာရိုးရှင်း ပြီး ခေတ်နောက် ကျ လွန်းကြောင်းလည်း စွပ်စွဲ သုံးသပ်ထားသည်။ လတ်တလော တွင် အဆိုပါ စာအုပ် ထွက်ရှိလာခြင်း မှာ သဘောထားကွဲလွဲစရာ အခြေအနေအမျိုးမျိုး ဖြစ်ပေါ် လာစေ သည်။
 
 လေယာဉ်ပျောက်ဆုံးသော အချိန် တွင် အဆိုပါဒေသရှိ ရေပြင် ထက်၌ အမေရိကန်နှင့် ထိုင်းလေတပ် မှ တိုက်လေယာဉ် များ ပူးပေါင်းလေ့ကျင့်မှု ပြုလုပ်နေကြောင်း စာအုပ်တွင် ဖော်ပြပါရှိသည်။
 
အဆိုပါ စာအုပ်တွင် MH 370နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေပေါင်း ရာနှင့် ချီ ဖော်ပြပါရှိသည်။ စာရေးသူက “လေယာဉ်ပေါ် ပါသွားသူတွေ ဟာ သူတို့ရဲ့ ကံကြမ္မာ ကို အနာကျင် အထိခိုက် မရှိ ရင်ဆိုင် သွားရသလား၊ ဘာမှ မသိလိုက်ဘဲ ဖြစ်ပျက် သွားတာလား။ ဒါ မှမဟုတ် ဧရာမ မီးတောင်ကြီး ထဲမှာ သေဆုံးသွားတာ လား။ အရူး တစ်ယောက်ယောက်ကြောင့် ပျက်ကျ သွားတာလား” အစရှိသည့် မေးခွန်း ထုတ်မှုများ ပါရှိနေရာ ကျန်ရစ် သူ မိသားစုများ အတွက် စိတ်သောက ပိုမိုကြီးမားအောင် နှိုးဆွပေး သကဲ့ သို့ ဖြစ်နေကြောင်း ဝေဖန် ခံနေရသည်။
 
Planet Myanmar Network
From...Search Myanmar 
 

No comments:

Post a Comment