*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 4 June 2014

သမ္မတဦးသိန်းစိန် ကို နောက်ထပ် သက်တမ်း ထမ်းဆောင်စေလိုသည့် KNU





ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ အပါအ၀င် ဗဟိုကော်မတီဝင် များနှင့် နိုင်ငံတော် သမ္မတ တို့တွေ့ဆုံ စဉ် နိုင်ငံတော် သမ္မတကြီး အား ဒုတိယ သက်တမ်းကို ဆက်လက် ထမ်းဆောင်ရန် အကြံပြု ခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

‘‘အကြံပြုရတဲ့ အကြောင်းရင်း ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို သမ္မတကြီး က စတင်ဖော်ဆောင် တာဖြစ်တဲ့ အတွက်ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို စလယ်ဆုံး သမ္မတကြီး က အသိဆုံးဖြစ်တယ်။ 



သမ္မတကြီး က ဒုတိယ သက်တမ်း ဆက်ပြီးခေါင်းဆောင်မယ် ဆိုရင် ဒီငြိမ်းချမ်းရေး ဟာ မလွဲမသွေ ရရှိမယ် လို့ ယုံကြည် တဲ့ အတွက် ကျွန်တော် တို့ အကြံပြု တာဖြစ်ပါတယ်’’ဟု မန်းငြိမ်းမောင် ကဆိုသည်။

‘‘သမ္မတကြီးရဲ့ သဘောထား ကတော့ ကျွန်တော်က ကျန်းမာရေး မကောင်းဘူး။ ဒါပေမဲ့တိုင်းပြည်က လိုအပ်လို့ ပြည်သူ ကတောင်းဆိုရင် ကျွန်တော်ဆောင်ရွက် ပါ့မယ်လို့ ပြန်ပြောတယ်’’ဟု ဖဒို မန်းငြိမ်းမောင် ကဆိုသည်။

ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် ၂၀၁၅ ခုနှစ် အတွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက် ၍ ခိုင် မာပြီး နောက်ကြောင်း ပြန် မလှည့်နိုင်သည့် အခြေအနေတစ်ခု ထိရောက် အောင်ဆောင် ရွက်ပေးပါ ဟု လည်း အကြံပြုခဲ့ကြောင်း သတင်း ရရှိသည်။

From...7daydaily

No comments:

Post a Comment