*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 9 August 2014

မုတ်ဆိတ်မွေး ရှည် ထားခြင်း နှင့် မျက်နှာ ဖုံးအုပ် ဘတ်စ်ကား စီးခြင်း အား တရုတ် အစိုးရ တားမြစ်




တရုတ်နိုင်ငံ ၊ ရှင်းကျန်း ပြည်နယ် ရှိ ကရာမေမြို့ တွင် မုတ်ဆိတ်မွေးရှည် ထားခြင်း နှင့် မျက်နှာ ကို ဖုံးအုပ် ၍ ၀တ်ဆင် ထားသူ များအား ပုဂ္ဂလိက ဘတ်စ်ကား များ စီးနင်းခွင့် ကို အစိုးရ က တားမြစ် ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက် အရ သိရသည်။

ဒေသတွင်း ဘတ်စ်ကားဖြင့် ခရီးသွား ရာတွင် ဒေသခံ များ အနေဖြင့် hijabs, niqabs, burkas သို့မဟုတ် အစ္စလာမ်ကြယ် နှင့် လခြမ်း သင်္ကေတ ပါရှိသည့် အ၀တ်အစား များ ၀တ်ဆင်ခြင်း မပြုရ ဟု ကရာမေ မြို့တော် အာဏာပိုင် များက တားမြစ် ခဲ့ကြောင်း ကရာမေ နေ့စဉ်ထုတ် သတင်းစာ တွင် ဖော်ပြ ခဲ့သည်။ 

အဆိုပါ တားမြစ်ချက် ကို မလိုက်နာ ပါက ရဲတပ်ဖွဲ့ က အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်း သတင်းစာ တွင် ထပ်မံ ဖော်ပြ ခဲ့သည်။


ရှန်းကျန်းပြည်နယ် သည် ၀ီဂါ မျိုးနွယ် စု အများဆုံး နေထိုင်သည့် ဒေသဖြစ်ပြီး ဒေသခံ များ နှင့် လုံခြုံရေး တပ်ဖွဲ့များ အကြား ပဋိပက္ခ များ မကြာခဏ ဖြစ်ပွားလေ့ ရှိသော ဒေသ ဖြစ်သည်။

မကြာသေးမီ လများ အတွင်းက ဖြစ်ပွား ခဲ့သော ပဋိပက္ခ များ အတွင်း အရပ်သား အများစု သေဆုံး ခဲ့ ရသော အကြမ်းဖက် လုပ်ရပ် များသည် ၀ီဂါ လူမျိုးစု များက ရှင်းကျန်းပြည်နယ် အား ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ အဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း တရုတ် အစိုးရက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Credit : PyiChitThar
From...Search Myanmar

No comments:

Post a Comment