*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 4 September 2014

ကားစလစ်ဈေးနဲ့ ကားဈေးတွေ ဆက်လက် ကျဆင်းနေ



ရန်ကုန် ကားဝယ်ရောင်းဈေးကွက် မှာ ယာဉ်အပ်နှံတဲ့ စလစ်တန်ဖိုး က ၁ ရက်ကို ကျပ် ၁ သိန်းနှုန်း နဲ့ ၃ ရက် အတွင်းမှာ ကျပ် ၄ သိန်း အထိ ကျဆင်းနေပြီး ကားဈေးတွေ လည်း ကျဆင်းနေတယ်လို့ ရန်ကုန်တိုင်း လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေး စခန်းက ၀ယ်ရောင်း လုပ်ကိုင် သူတွေက ပြောပါတယ်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က ယာဉ်မှတ်ပုံတင် သက်တမ်း နှစ်၂၀ ပြည့် ယာဉ်ဟောင်း “၂က” အက္ခရာတွေ အတွက် ယာဉ်အပ်နှံခွင့် ကို ယခု စက်တင်ဘာ ၁ ရက်နေ့ကစပြီး လက်ခံပေးနေ တာပါ။

ဒါပေမယ့် ယခုလ ၁ ရက်နေ့ မတိုင်မီက ရန်ကုန် ကားဝယ်ရောင်းဈေးကွက် ထဲမှာ စလစ် ၁ စောင်ကို ကျပ် ၄၅ သိန်း ပေါက်ဈေး ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ ကျပ် ၄၁ သိန်း သာ ပေါက်ဈေး ရှိလို့ ရက်ပိုင်းအတွင်း မှာ ကျပ် ၄ သိန်း အထိ ပြုတ်ကျသွားတဲ့ အတွက် ဘယ်သူ ကမျှ ၀ယ် မလှောင်ထားရဲဘူး လို့ ရန်ကုန်တိုင်း လှိုင်မြို့နယ် ကားရောင်းဝယ်ရေး စခန်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်း က ဒီဗွီဘီကို အခုလိုပြောပါတယ်။



 
“စလစ်ဈေး က တနေ့ထက် တနေ့ ကျတယ်။ ကျနော် မအပ်ခင် စပ်ကြားမှာ ၄၅ သိန်း ပေါက်တယ်။ ဒီနေ့ ဈေး က ၄၁ ပဲပေါက်တယ်။ ၄ သိန်းပြုတ် သွားတယ်။ ကြာရင် ပြုတ်ဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရိုး စလွန်းကား ကပ်မယ် ဆိုရင် အနှစ် ၂၀ အောက် မည်သည့် အက္ခရာ မဆို သူကလည်း ၂၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရှိတယ်။ 

ဂျစ်ကား စက်မှုဇုန် ကလည်း ၂၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရှိတယ်။ အတူတူပဲလေ။ အဲဒီတော့ စက်မှုဇုန် ကို ၃၆၊ ၃၇ ပဲ ၀ယ်ပြီး ကပ်တော့ မှာပေါ့။ ကားပြခန်းတွေ ကလည်း စလစ်ကပ် ကားတွေ များတယ်လေ။ 

စလစ်က လောလောဆယ် ဘယ်သူ မှ ၀ယ်မလှောင် ရဲဘူး။ အတက် အကျ သိပ်ကြမ်းတာ။ ကြမ်းတော့ ကားအ၀ယ် လာရင် ဒီကနေ့ စလစ်ပေါက်ဈေးနဲ့ ကပ်ပြီးဈေးပြောလိုက်တာပဲ။ အဲဒီလိုလုပ်တာ။”

Farmer Auto ကား အရောင်း စင်တာရဲ့ ဒါရိုက်တာ ဒေါက်တာစိုးထွန်း က ကားအရောင်း စင်တာတွေ မှာ လည်း စလစ် တန်ဖိုးနဲ့ အတူ ကားဈေးနှုန်း လည်း ကျဆင်း မှု ရှိနေတဲ့ အကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ ကား အရောင်းပြခန်းတွေ က ကားကိုပဲ ရောင်းတာ။ ၀ယ်တဲ့ သူက သူ့ဘာသာ စလစ်ပါ ရ တာပေါ့။ အဲဒီတော့ စလစ် တန်ဖိုးကျ တဲ့နှုန်းအပေါ် မူတည်တာပေါ့။ စလစ်က ၃၀ လောက် ကျရင် သိန်း ၃၀ လောက် စလစ် တန်ဖိုးကျတာပေါ့နော်။ 

အရောင်းပြခန်းတွေ အများ စု ကားနဲ့ အခွန် တန်ဖိုးကိုပဲ တွက်တာ။ ဘာပဲပြောပြော ၀ယ်တဲ့သူ သက်သာ သွားတာပေါ့။ အရောင်း အ၀ယ်ပိုပြီး ဖြစ်လာမယ့် သဘောတော့ ရှိတာပေါ့။”

အလားတူ မန္တလေး ကားဝယ်ရောင်းဈေးကွက် မှာလဲ ရန်ကုန်ဈေးကွက် နည်းတူ ယာဉ် မှတ်ပုံတင် သက် တမ်း နှစ် ၂၀ ရှိတဲ့ “၂က” အက္ခရာ ယာဉ်တန်ဖိုး က ပြီးခဲ့တဲ့ လ အတော အတွင်းက ကျပ်သိန်း ၁၁၀ ရှိခဲ့ပေမယ့် ဒီကနေ့ အရောင်း အ၀ယ်ဖြစ်တဲ့နှုန်းက ကျပ် ၆၅ သိန်းသာ ရှိလို့ ကားဈေးက သိသိ သာသာ ပြုတ် ကျသွားတဲ့ အကြောင်းနဲ့ အရောင်း အ၀ယ် ကတော့ ပုံမှန် အနေအထား ရှိပါတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူ ဦးကျော်စိုး က ပြောပါတယ်။


 သိုက်ဇင် 
(ဒီဗွီဘီ)
From...Search Myanmar

 

No comments:

Post a Comment