*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Showing posts with label သဘာဝလွန် ဖြစ်၇ပ်များ နှင့် သက်ဆိုင်သော ဗဟုသုတများ စုစည်းမှု. Show all posts
Showing posts with label သဘာဝလွန် ဖြစ်၇ပ်များ နှင့် သက်ဆိုင်သော ဗဟုသုတများ စုစည်းမှု. Show all posts

Sunday, 21 September 2014

သုဿ န်စောင့် မဖဲဝါ သို့မဟုတ် အိမ်ေ၇ှ့ အေ၇ာက် အခေါင်း ပို့ပေးသူ


Photo: သုဿန်စောင့်မဖဲဝါ သို့မဟုတ်
အိမ်ရှေ့အရောက်အခေါင်းပို့ပေးသူ

ပဲခူးရိုးမ၏အနောက်ခြမ်းမိုးညိုမြို့နယ်အတွင်းမှရွာကလေးတစ်ရွာ။ချောင်း၏တစ်ဆစ်ချိုးတွင်မေးတင်တည်ရှိနေသောဒီရွာလေးသည်နေဝင်သည်နှင့်ငြိမ်သက်တိတ်ဆိတ်သွားတတ်စမြဲ။

နွားလှည်းသံ၊လှေချည်သံ၊နှုတ်ဆက်သံများဆူပြီးမကြာတိတ်ဆိတ်သွားတတ်သည်မှာနေ့စဉ်ပင်။

ရွာရဲ့အနောက်တောင်စွန်းစွန်းမှာရှိတဲ့ထန်းရည်ဆိုင်လေးဟာချက်အရက်ကလေး၊အမြည်းအဖြစ်မြစ်ငါး၊ငှက်ကြော်စသည်တို့ကိုပါတွဲဖက်ရောင်းချ၍အမြဲစည်ကားလေ့ရှိပါတယ်။

ဒီဆိုင်ကလေးမှာနေ့တိုင်းလိုလိုနေ့လယ်ခင်းကစပြီးဆိုင်ပိတ်ချိန်အထိချက်အရက်သောက်ပြီးအားရကျေနပ်ပြီဆိုမှထပြန်တတ်သူတစ်ဦးရှိပြီးထိုသူကိုဆိုင်ရှင်ကိုစံပမငြိုငြင်ရဲပေ။

သူ့နာမည်ကကိုစိန်။ဒီပတ်ဝန်းကျင်တဝိုက်မှာတော့ကိုစိန့်ကိုရွာလူမိုက်၊လူပေလူရွတ်အဖြစ်သတ်မှတ်ထားကြပြီးထိုလူမိုက်ဆိုတဲ့ဂုဏ်ကိုအရောင်တင်ပေးထားတာကလည်းရှိသေးတယ်။

ကိုစိန်ကသူကြီးသားလေ။သူကြီးသားမှဒီဒိုင်နယ်(ကျေးရွာအုပ်စု)သူကြီးရဲ့သားဗျား။

ကိုစိန့်အိမ်ကရွာလယ်ပိုင်းမှာဆိုတော့ထန်းရည်ဆိုင်နဲ့အလှမ်းဝေးတယ်ဆိုပါတော့။ကိုစိန်ကတော့ဖြတ်လမ်းအဖြစ်ရွာသင်္ချိုင်းကုန်းကနေဖြတ်ပြီးပြန်လေ့ရှိတယ်။

ရွာကလူတွေကမသွားရဲမလာရဲတဲ့ဒီနေရာမှာကိုစိန်ကတော့သူ့အဖေသူကြီးမသိအောင်နွားကောင်ရေများစွာခိုး၍ပေါ်ခဲ့ဖူးသဖြင့်သူ့အတွက်လာဘ်ကောင်းတဲ့နေရာဆိုရမလိုပင်။

ဒီညနေမှာတော့ဆိုင်ရှင်ကိုစံပတစ်ယောက်သူကြီးသားကိုစိန်ထိုင်နေသောဝိုင်းဘက်ခြေဦးမျှပင်မလှည့်ရဲချေ။

ညနေကချောင်းစပ်မှာကိုင်းထောင်ရင်းဖြစ်တာတွေကို,ကိုစိန်တော်တော်ဒေါသထွက်နေပြီးအရက်သာဖိမှာနေတာကိုးဗျ။

ကိုစိန်အရက်သောက်ရင်းဖြစ်တာတွေကိုပြန်ပြောပြတော့အဖြစ်ကဒီလိုဗျ။

ကိုစိန်တော်တော်စိတ်တိုနေပြီ။ဒီလောက်ငါးပေါတဲ့လုပ်တိုင်းကုန်း(သုဿာန်)ချောင်းဆွယ်မှာကိုင်းထောင်နေတာကြာလှပြီ။အခုထိတစ်ကောင်မှမမိသေးလို့ဖြစ်တယ်။

အိမ်ကပါလာတဲ့အရက်တစ်လုံးပင်ကုန်လုလုဖြစ်နေပြီဆိုတော့စိတ်ကပိုတိုလာတယ်။

အရက်ကလည်းမူး၊စိတ်ကလည်းတိုနေတော့ကိုစိန်တစ်ယောက်ပါးစပ်ထဲတွေ့သမျှအယုတ္တ၊အနတ္တတွေဆဲဆိုနေတာပေါ့ဗျာ။''ဘယ်မအေ@#၊ဘယ်နှမ%၊ဘယ်ဖေ#မ၊

ဘယ်#ာသည်မကငါထောင်ထားတဲ့ငါးတွေနှိုက်စားနေတာလဲ''။ကိုစိန့်ဆဲသံကချောင်းစွယ်တကြောကြားနေရတယ်။

ကိုစိန်အပေါ့သွားမလို့မတ်တပ်ရပ်လိုက်စဉ်သူ့ရှေ့ကကိုင်းတံပြင်းထန်စွာလှုပ်သွားသဖြင့်ပျော်သွားတယ်။ငါးမိပြီလေ။ရေတွေတောင်လှိုင်းထမှတော့ငါးကြီးပေါ့။

အပျော်စိတ်နဲ့ရေစပ်ထဲခုန်ဆင်းပြီးကိုင်းတံကိုဆွဲတင်ပါတော့တယ်။ကိုစိန်ကဆွဲလိုက်၊ငါးကရုန်းလိုက်နဲ့ပေါ့ဗျာ။

အတော်ကြာတော့ကိုစိန်အားစိုက်ဆွဲထည့်လိုက်တော့ကိုင်းတံမှာမိနေတဲ့ငါးကရေပေါ်တဖြည်းဖြည်းပေါ်လာတယ်။ကိုစိန်မျက်မှောင်ကြုံ့သွားတယ်။''ဘာငါးကြီးတုန်းဟ။မဲမဲလုံးလုံးကြီး။

လိပ်များလားဟ''ဟုနှုတ်ကရေရွတ်ရင်းဆွဲတင်လိုက်ရာကုန်းပေါ်ပါလာပါတယ်။

အားနဲ့ဆွဲတင်လိုက်တာကြောင့်ဖင်ထိုင်ရက်လဲကျသွားရင်းကိုစိန်ကိုင်းတံမှာမိနေတဲ့ငါးကိုသေသေချာချာကြည့်လိုက်မိတယ်။

သောက်ကျိုးနည်း။''ဟင်။အောင်မလေးဗျ''ကိုစိန်အော်ရင်းကိုင်းတံကိုလွှတ်ချလိုက်တယ်။လွှတ်ချမှာပေါ့။သူ့ကိုင်းတံမှာမိနေတာငါးလည်းမဟုတ်၊လိပ်လည်းမဟုတ်ချေ။

ခေါင်းပြတ်ကြီးဖြစ်နေတာကိုး။

ကိုစိန်တစ်ယောင်ကြောင်ပြီးခေါင်းပြတ်ကြီးကြည့်နေစဉ်ခေါင်းပြတ်ကြီး၏ပါးစပ်ပွင့်လာပြီးသွားဝါကြင်ကြင်များကြားမှလျှာကတစ်တောင်လောက်ထွက်ကျလာတယ်။

မျက်လုံးများကပြူးနေပြီးကို့စိန့်ကိုလှန်ပြီးကြည့်လိုက်တဲ့အခါကိုစိန်ကရေထဲပစ်ချလိုက်တော့တယ်။ကြောက်လွန်းလို့ကိုစိန့်တကိုယ်လုံးတုန်လာပြီ။မဖြစ်တော့ဘူး၊ဒါသူရဲခြောက်တာဘဲ။

တော်ပြီ။ကိုစံပဆိုင်မှာအရက်သွားသောက်တာဘဲကောင်းတယ်လို့စိတ်ထဲမှာတွေးရင်းချောင်းစွယ်ကနေကိုစိန်ထွက်လာလိုက်တော့တယ်။

ကိုစံပဆိုင်မှာရေချိန်ကိုက်သွားတော့ဒီညနေလည်းခါတိုင်းလိုကိုစိန်တစ်ယောက်ရွာသင်္ချိုင်းကိုဖြတ်ပြီးအိမ်ပြန်လာတုန်းလေတစ်ချက်ဝေါကနဲတိုက်ခတ်သွားသည်။''ဟိုက်။

ဒီနေ့တယ်အေးပါလားဟ''စိတ်ထဲမှာရေရွတ်မိပြီးကြက်သီးများဖြန်းကနဲထလာသည်။ထတာမှတစ်ကိုယ်လုံးတဆတ်ဆတ်တုန်သွားအောင်ထသွားခြင်းမျိုးပေ။

ကိုစိန်ကပတ်ဝန်းကျင်ကိုရီဝေဝေမျက်လုံးများနဲ့ဝေ့ဝဲကြည့်ရာမြင်မြင်သမျှသည်နက်မှောင်သောအဆင်းဖြင့်သာငြိမိသက်နေတော့လမ်းဆက်လျှောက်သွားသည်။

ရုတ်တရတ်ကိုစိန့်ရင်ထဲဖြန်းကနဲဖြစ်သွားပြီးအကြောတွေပါဆိုင်းသွားသလိုခံစားလိုက်ရပါတယ်။''တောက်။ဘာလဲကွာ။ကြက်ကြော်နဲ့စားထားတဲ့အရက်လေးတောင်အမူးပြေသွားတယ်။

လှလိုက်တာဘယ်ရွာသူတုန်းဟ။တို့ရွာသူတော့မဖြစ်နိုင်ဘူး''ဟုပါးစပ်ကပင်ပြောမိတယ်။ပြောမိမှာပေါ့။

သင်္ချိုင်းအထွက်ရွာအဝင်လမ်းမှာအဝါရောင်ဝမ်းဆက်နဲ့မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတာကိုး။

အမှောင်ကတဖြည်းဖြည်းရင့်လာပြီ။

နေ့အလင်းရဲ့လက်ကျန်အလင်းမှိနိမှိန်လေးအောက်မှာကိုစိန်ကသူတွေ့လိုက်ရတဲ့အဝါရောင်မိန်းမနောက်ကိုရမ္မက်တန်ခိုးနဲ့အနားကပ်ဖို့ကြိုးစားလိုက်ပါတယ်။

အဝါရောင်မိန်းမကလည်းနောက်ကိုတစ်ချက်လှည့်ကြည့်ပြီးခြေလှမ်းခပ်သွက်သွက်နဲ့မပြေးရုံတမယ်ထွက်သွားတယ်။သူဦးတည်နေတာကရွာဘက်ကိုမဟုတ်၊

ရွာအပြင်လယ်ကွက်တွေကိုသွားတဲ့လမ်းအတိုင်းပေါ့ဗျာ။

ကိုစိန်ကတော့အရက်တန်ခိုး၊တဏှာတန်ခိုး၊သူကြီးသားဆိုတဲ့အရှိန်၊လူမိုက်ဆိုတဲ့ဂုဏ်နဲ့ငါလုပ်ရင်ဘာမဆိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့အဲဒီမိန်းမနောက်ကိုအပြေးတပိုင်းလိုက်တော့တာဗျို့။

သင်္ချိုင်းအကျော်ညောင်ကြပ်ပင်အောက်နားရောက်တော့ကိုစိန်အဝါရောင်မိန်းမကိုမီလုမီခင်ဖြစ်သွားပြီးနောက်ကနေလက်ကိုလှမ်းဆွဲလိုက်ပါတယ်။

ကိုစိန်လှမ်းဆွဲလိုက်ပေမယ့်မမီဘဲလေကိုသာဖမ်းမိသွားလို့စိတ်တိုသွားဟန်တူပါတယ်။''နင်တော့လား။မိလို့ကတော့ကွာ''လို့နှုတ်ကနေတောင်ကြိမ်းဝါးလိုက်သေးတယ်။

ကိုစိန်ကြိမ်းဝါးအပြီးအဝါရောင်မိန်းမကခြေလှမိးကိုတုန့်ကနဲရပ်လိုက်တယ်။ကိုစိန်အားရဝမ်းသာဖြစ်ပြီးနောက်တစ်ခါလက်ကိုလှမ်းဆွဲလိုက်တယ်။

ကိုစိန်ရင်ထဲထိတ်ကနဲလန့်သွားတယ်။ဒီတစ်ခါသူလှမ်းဆွဲတာအဝါရောင်မိန်းမရဲ့လက်ကိုဆွဲမိပါရဲ့။ရေခဲတမျှအေးစက်တဲ့အထိအတွေ့ကြောင့်လန့်သွာူတာပါ။

အဝါရောင်မိန်းမကလှည့်ကြည့်တယ်။

လှပသောမျက်နှာ၊ဝိုင်းစက်တဲ့မျက်ဝန်း၊ထူထူထဲထဲနဲ့နီနေတဲ့နှုတ်ခမ်း။အဲဒါတွေမြင်ရတော့ကိုစိန်တစ်ယောက်တံတွေးတောင်ဂလုကနဲ့မြိုချလိုက်မိတယ်။

ရေခဲတမျှအေးစက်နေတဲ့အထိအတွေ့ကြောင့်ထိတ်လန့်နေပေမယ့်လှပလွန်းတဲ့မျက်နှာကြောင့်ကိုစိန်ဆွဲထားတဲ့လက်ကိုမလွှတ်စတမ်းဆွဲထားလိုက်တယ်။

အဝါရောင်မိန်းမကရှေ့ကိုချာကနဲပြန်လှည့်ပြီးလယ်တောသွားတဲ့လမ်းအတိုင်းဆက်သွားတယ်။ကိုစိန်ကလည်းကြောင်ပြီးငေးကြည့်နေမိတယ်။

သူ့လက်ထဲကအဝါရောင်မိန်းမရဲ့လက်ကိုပိုပြီးတင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ဒါပေမယ့်အဝါရောင်မိန်းမကသူနဲ့၁၀ပေခန့်အကွာရောက်နေချေပြီ။''ဘုရား။

ဘုရား''တစ်သက်နဲ့တစ်ကိုယ်မတဖူးသောဘုရားတမိသွားတယ်။

ကိုစိန်သူ့လက်ကိုသူသေချာကြည့်လိုက်တယ်။သူ့လက်ထဲမှာဟိုအဝါရောင်မိန်းမရဲ့လက်တစ်ဖက်ကရှိနေဆဲ။

ပုံစံကသားရေကြိုများလို,လိုသလောက်ဆွဲဆန့်ထားသလိုမျိုးဖြစ်နေတာကိုးဗျ။

အံ့သြထိတ်လန့်တဲ့စိတ်ကအရက်နဲ့ရမ္မက်တန်ခိုးကြောင့်ဆူပွက်နေသောသွေးများကိုအေးခဲသွားစေပြီးဒူးနှစ်ဖက်ကညွှတ်ကွေးပြီးလဲကျသွားတယ်။

ဒူထောက်ကျသွားမှ''ဟင်''ပါးစပ်ကနေယောင်ပြီးကိုစိန်ရေရွတ်မိသွားတယ်။

အဝါရောင်မိန်းမရဲ့ခြေဖမိုးနဲ့ခြေချောင်းတွေကခန္ဓာကိုယ်ရဲ့အနောက်ဘက်မှာရောက်နေပြီးခြေဖနောင့်ကအရှေ့ဘက်မှာရောက်နေတယ်။

ဒါဆိုခြေထောက်ပြောင်းပြန်ကြီးနဲ့လမ်းလျှောက်လာတာပေါ့လို့တွေးမိသွားတာကိုး။

အဝါရောင်မိန်းမကကိုစိန်ရှိရာသို့လှည့်ကြည့်လိုက်တယ်။

အစောကဝိုင်းစက်လှပလိုက်တာလို့ကိုစိန်ထင်ထားတဲ့မျက်လုံးတွေဟာမီးကျီခဲလိုနီရဲနေပြီးပါးစပ်ကနေ''ဟင်း..ဟင်း..ဟင်း..ဟီး..ဟီး..ဟီး..''လို့ရယ်သံပြုလိုက်တော့ကိုစိန်လည်းလက်ထဲ

မှာမလွှတ်စတမ်းဆုပ်ကိုင်ထားတဲ့အဝါရောင်မိန်းမရဲ့လက်ကိုယောင်ယမ်းပြီးငုံ့ကြည့်မိတယ်။''အားးးး''ကိုစိန်တစ်ယောက်ငယ်သံပါအောင်အော်ဟစ်ပြီးသူကိုင်ထားတဲ့လက်တစ်ဖက်ကိုလွှ

တ်ချလိုက်တယ်။ဟုတ်တယ်ဗျ၊သူကိုင်ထားတာလက်မဟုတ်ဘဲအူတွေဖြစ်နေတာကိုး။

အဲဒီနေ့ညကကိုစိန်အိမ်ကိုဘယ်လိုပြန်ရောက်လာတယ်ဆိုတာမမှတ်မိတော့ချေ။

ဘာဆိုဘာမှအသိစိတ်မရှိဘဲအိမ်ပြန်ရောက်လာ၍အိမ်သားတွေကြောက်လန့်တကြားဖြစ်ကုန်ကြတာပေါ့။ရွာထဲကပယောဂကုဆရာဦးတေကိုအပြေးအလွားသွားပင့်ကြရတယ်။

ဦးတေရောက်လာပြီးဆေးများတိုက်ပေးကာမှကိုစိန်သက်သာသွားတော့တယ်။

ဦးတေကကိုစိန့်အဖေသူကြီးဦးသိုးနဲ့ငယ်သူငယ်ချင်းဆိုတော့ဦးသိုးကိုအသာလက်တို့ခေါ်ပြီးလူရှင်းရာရောက်မှ''ငသိုး။

မင်းသားဘာဖြစ်လာတယ်ထင်တုန်း''ဟုမေးလိုက်ရာ''မသိဘူးလေငတေ။

ဘာဖြစ်လာတာတုန်း''လို့ပြန်မေးလိုက်သဖြင့်ဦးတေမှ''မင်းသားမောင်စိန်သုဿာန်စောင့်မဖဲဝါနဲ့တွေ့လာတာမောင်၊

မင်းသားကသူ့နယ်ထဲမှာအပြောအဆိုမှားပြီးသူ့ကိုပါစော်ကားလိုက်တယ်တဲ့ကွာ''လို့ပြောလိုက်တယ်။ဦးသိုးမှ''ဟာ။ဒါဆိုဘယ့်နှယ့်လုပ်ကြမတုန်း၊

ကယ်ပါဦးငတေရယ်''ဟုပြောသဖြင့်ဦးတေမှ''ငါတတ်နိုင်သလောက်တော့လုပ်ပေးခဲ့မယ်။

ဒါပေမယ့်မနက်ဖြန်ကျရင်တော့မင်းစိန်ကန့်လန့်ကဆရာဦးတောကိုသာရအောင်ပင့်ပြီးကုပေတော့။ငါဒီလောက်ဘဲစွမ်း 

တယ်ကွာ''ဟုပြန်ပြောလိုက်ရာဦးသိုးမှမျက်နှာပျက်ပြီးခေါင်းငြိမ့်ပြလိုက်ပါတယ်။

ဆရာဦးတေမှဆေးတိုက်သွားလို့မောင်စိန်တစ်ယောက်နှစ်ခြိုက်စွာအိပ်မောကျသွားမှသူကြီးဦးသိုးလည်းအိပ်ရာဝင်တော့တယ်။

ညသန်းခေါင်ယံကျော်ချိန်မှာတော့ရွာအပြင်ကတောကျီးကန်းများတအာအာအော်ရင်းလန့်ပြိုလာတယ်။

ရှေ့ဆင့်နောက်ဆင့်ဆိုသလိုဘဲရွာထဲကခွေးတွေကလည်းအူသံရှည်များနဲ့အူကြပါတော့တယ်။

ခွေးအူသံရှည်ကြောင့်ကိုစိန့်ကိုလူမမာစောင့်ပေးနေတဲ့ညီဖြစ်သူမောင်ပိန်လန့်နိုးလာတယ်။

စိတ်ထဲကရွာကိုသူခိုးဓါးမြကပ်သည်အထင်နဲ့တံခါးကိုအသာလေးဟပြီးချောင်းကြည့်လိုက်ပါတယ်။

သူတို့အိမ်ရှေ့ရွာလယ်လမ်းဟာလရောင်အောက်မှာထင်းနေပါတယ်။မောင်ပိန်ဟိုဟိုသည်သည်လျှောက်ကြည့်ရင်းမျက်လုံးကသူတို့ခြံစည်းရိုးထောင့်မှာအင်္ကျိအဝါရောင်၊

ထမီအဝါရောင်မိန်းမသဏ္ဍာန်အရိပ်ကိုတွေ့လိုက်ရတာကြောင့်သေသေချာချာစောင့်ကြည့်လိုက်တယ်။အရိပ်ရှင်ကခေါင်းပေါ်မှာဖျာလိပ်ကြီးနဲ့ပါလား။ကိုပိန်လန့်သွားတယ်။

သေသေချာချာထပ်ကြည့်တော့မှအရိပ်ရှင်ခေါင်းပေါ်ကဟာကဖျာလိပ်မဟုတ်ဘဲလူသေထည့်တဲ့ခေါင်းတလားဖြစ်မှန်းသတိထားမိရာမှကိုပိန်ကြောက်သွားတယ်။

အရိပ်ရှင်ဟာကိုပိန်တို့အိမ်ရှေ့ရောက်တော့။ခေါင်းပေါ်ကထမ်းထားတဲ့ခေါင်းတလားကြီးကိုသူတို့အိမ်ရှေ့ကတလင်းပေါ်မှာဒုန်းကနဲပစ်ချပြီးပြန်လှည့်ထွက်သွားပါတယ်။

မနက်မိုးလင်းတော့သူကြီးဦးသိုးတစ်ယောက်ဒေါသတော်တော်ထွက်သွားတယ်။''ဘယ်ကောင်တွေတုန်းကွ၊ကျက်သရေကိုယုတ်တယ်''လို့ပြောဆိုနေပါတယ်။

ပြီးတော့အခေါင်းမှာမီးသွေးနဲ့ရေးထားတာက''မောင်စိန်။အသက်(၂၆)နှစ်။''ဆိုတော့သူကြီးဦးသိုးဒေါသကထွက်ပြီပေါ့။

ဦးသိုးဘာမှထပ်မပြောတော့ဘဲအိမ်အပေါ်ထပ်မှာအိပ်နေတဲ့သားကြီးဖြစ်သူမောင်စိန့်အခြေအနေကိုကြည့်ဖို့တက်ခာပါတယ်။ကိုစိန်ကတော့ခပ်စန့်စန့်နဲ့အိပ်ပျော်နေတာပေါ့။

ကိုပိန်တက်လာပြီးအကိုဖြစ်သူကိုဆေးတိုက်ဖို့နှိုးပါတော့တယ်။

ဒါပေမယ့်ကိုစိန်တစ်ယောက်မနိုးတော့ချေ။တစ်ကိုယ်လုံးတောင့်တင်းနေပြီးသေဆုံးသွားခဲ့လေပြီတကား။

ကျေးဇူးတင်လျှက်
ဝင်းမျိုးခိုင်
Credit to-မမြင်တွေ့နိုင်သောပရလောက
Post by:မောင်မိုးတိမ်

ပဲခူးရိုးမ ၏ အနောက်ခြမ်း မိုးညိုမြို့နယ် အတွင်းမှ ရွာကလေး တစ်ရွာ။

ချောင်း ၏ တစ်ဆစ်ချိုး တွင်မေးတင် တည်ရှိနေသော ဒီ ၇ွာလေး သည်နေဝင် သည်နှင့်ငြိမ်သက် တိတ်ဆိတ်သွားတတ်စမြဲ။ နွားလှည်းသံ ၊လှေချည်သံ၊နှုတ်ဆက် သံများ ဆူပြီး မကြာ တိတ်ဆိတ် သွားတတ်သည် မှာနေ့စဉ်ပင်။

ရွာရဲ့အနောက်တောင် စွန်းစွန်း မှာ ရှိတဲ့ ထန်းရည်ဆိုင်လေးဟာ ချက် အရက်ကလေး၊ အမြည်း အဖြစ်မြစ် ငါး၊ ငှက်ကြော် စသည်တို့ ကိုပါ တွဲဖက်ရောင်းချ၍ အမြဲ စည်ကားလေ့ ရှိပါတယ်။

ဒီ ဆိုင်ကလေး မှာနေ့တိုင်း လိုလိုနေ့လယ် ခင်းက စပြီးဆိုင်ပိတ်ချိန် အထိချက် အရက်သောက်ပြီး အားရကျေ နပ်ပြီ ဆိုမှ ထပြန်တတ်သူ တစ်ဦး ရှိပြီး ထိုသူကို ဆိုင်ရှင် ကိုစံပ မငြို ငြင် ရဲပေ။


Tuesday, 16 September 2014

မှော်ဝင် နန်းတော်




သံချေးတွေ အထပ်ထပ် နဲ့ခြံ အဝင်အဝ တံခါးကိုကြည့်ပြီးကျတော်နဲ့မင်းကျော်စွာ တစုံတခုကို ခံစား လိုက်မိပါတယ်။ ဒီခြံ တိတိ ကျကျပြောရရင် စံအိမ်ဟောင်းကြီး တခုပေါ့။
 
စံအိမ်ဟောင်းကြီးရဲ့ ညာဘက် အုတ်တိုင်မှာရေးထိုး ထားတဲ့ အိမ်ကြီးရဲ့ နာမည်က
 
××× လောကနတ် စံအိမ်×××။

---၁၈၉၀လောက်ကပေါ့ နိုင်ငံတော်ဝန်ကြီး တဦးဖြစ်တဲ့ဦးဘ နဲ့ ကတော် ဒေါ်မြယမုံ တို့ကနေပြီး သားဖြစ်သူမောင်ကျော်ဇော ဝန်ထောက် ကလေးမောင်...
ကျော်ဇော နှင့် အတူ အသစ် စက်စက် ဇနီးလေး အင်္ဂလန် နိုင်ငံသူ အဲလိစဘတ် တို့ အတွက်မင်းကြီး ကနေပြီးတော့ လက်ဖွဲ့ ထားတဲ့နန်းတော်ကြီး တမျှ ခမ်းနား လှပြီး ကျယ်ဝန်းလှ တဲ့ခြံကြီးနဲ့ အတူ သစ်ပင် ပန်းမန် စုံစုံလင်လင်နဲ့ နေချင် စဖွယ်စံအိမ်ကြီး လောကနတ်ကို လက်ဆောင် အဖြစ်ပေးခဲ့ပါတယ်။

Thursday, 4 September 2014

သတ္တု အမျှင်ချောင်းတွေ ဗိုက်ထဲက ထွက်နေသူ၊ ပြုစားခံရတာ ဟု အရပ်ကပြော


၁၀ စင်တီမီတာကျော် သတ္တု အမျှင်ချောင်းတွေ ဗိုက်ထဲက ထွက်နေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်း ဟာ အင်ဒိုနီးရှား မှာ သတင်းတစ်ခု ဖြစ်နေပါတယ်။

ဒီလိုမျိုးဖြစ်နေတာ နှစ် ၂၀ ကျော် ရှိနေပြီး ဆရာဝန်တွေ ဟာလည်း လက်တွေ့ကျ တဲ့ ရှင်းပြချက်မျိုး မပေးနိုင်သေးဘူး လို့ ဆိုပါတယ်။
အရပ်ထဲမှာတော့ သူမဟာ ပြုစား ခံရတာဖြစ်တယ် လို့ ပြောဆိုနေကြ ပါတယ်။

Noorsyaidah လို့ခေါ်တဲ့ ဒီအမျိုးသမီး ဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Kalimatan ပြည်နယ် Samarinda မြို့က ဖြစ်ပါတယ်။


Monday, 1 September 2014

သင်းချိုင်းစောင့် နှင့် အင်တာဗျူးး


 ****** သင်းချိုင်းစောင့် နှင့် အင်တာဗျူး********

သုသာန်တာဝန်ခံ အဖြစ် ၁၉ နှစ်ကြာ တာဝန်ထမ်းဆောင်လာခဲ့သည့်သက်တမ်းတစ်လျှောက်တွင် ၀ိညာဉ်လောကနှင့် ပတ်သက်၍၀င်ရောက်ပူးကပ်ခြင်း 

ဖြစ်ရပ်တစ်ခုကိုသာရှေ့မှောက်မှာကြုံတွေ့
ခဲ့ရသည်ဟု ဦးလှကြည်ကပြောပါသည်။

ယမကာသမားတစ်ဦး၏အလောင်းကို မြေချရန်လာရောက်ကြသည့်လူအုပ်စုအတွင်းမှ အမျိုးသ
မီးတစ်ဦးကို ထိုယမကာသမား၏ ၀ိညာဉ်က ၀င်ရောက်ပူးကပ်ခြင်းဖြစ်ပြီး မျက်နှာ အမူအရာနှင့်
အသံပါ ပြောင်းလဲသွားကာ အရက်တိုက်ရန် တောင်းဆိုခြင်း ဖြစ်သည်ဟုဆိုသည်။

“အလောင်းတောင် ကားပေါ်ကမချရသေးဘူး။ ၀င်ပူးတာ။ အရက်တိုက်ပါဆိုတဲ့အသံက သေသွားတဲ့လူရဲ့အသံနဲ့။ ပါးစပ်ထဲကိုအရက်ထည့်ပေးလိုက်မှ ထွက်
သွားတယ်”ဟု ဦးလှကြည်ကရှင်းပြသည်။ သို့သော် ထိုဖြစ်ရပ်ကသူနှင့် ခပ်လှမ်းလှမ်းတွင် ဖြစ်ပွား
ခဲ့ခြင်းဖြစ်ပြီး သူရောက်ရှိသွားသောအခါ ပူးကပ်ခြင်းမရှိတော့ပေ။

ဦးလှကြည်က ပဲခူးမြို့မှ ဖားကန်သုသာန်တွင် တာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ယခင်
က စည်ပင်၊ သန့်ရှင်းရေးဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး တာဝန်အရ သုသာန်သို့ ပြောင်းရွှေ့လာ
ရခြင်းပင် ဦးလှကြည်နှင့်အတူ ဇနီးသည်ကလည်း အလောင်းထည့်သည့်ပျဉ်ခေါင်းများပြုလုပ်ကာ
ရောင်းချသည့်အလုပ်ဖြင့် စားသောက်ကြရသည်။

သုသာန်မြေအတွင်းမှ အိမ်လေးတစ်လုံးတွင် နေထိုင်ကြသော်လည်း သူတို့မိသားစုမှာကြောက်ရွံ့
ခြင်းမရှိ။ နာနာဘာဝဖြစ်ရပ်များကို ယုံကြည်သော်လည်း တစ်ကြိမ်တစ်ခါမှ ကိုယ်တိုင်ကြုံတွေ့ဖူး
ခြင်းမရှိသဖြင့် ထူးခြားစွာကြောက်လန့် ခြင်းမဖြစ်ကြောင်း သူတို့ကဆိုကြသည်။

“ဒီကို စရောက်ကတည်းက သုသာန်ထဲမှာ ပြောထားတယ်။ အသင်တို့ကိုမနှောင့်ယှက်ပါဘူး။ ကျွန်ုပ်ကိုလည်း မနှောင့်ယှက်ပါနဲ့။ တာဝန်အရ လာရတာပါဆိုပြီး ဗုဒ္ဓဘာသာရဲ့ 

စာပေတွေအရ၊ ကျွန်တော့်ဖြတ်သန်းမှုတွေအရ မယုံလို့မရပါဘူး။ အရင်ကဆို ဒီသုသာန်က ကြမ်းတယ်လို့နာမည်
ကြီးတယ်။ အခုနောက်ပိုင်း စည်ပင်ကကိုင်တော့ နိုင်ငံတော် အာဏာနဲ့ ကိုင်ထားတာပေါ့” ဟု ဦး
လှကြည်က သူနေထိုင်ရပုံကို ရှင်းပြသည်။

မြန်မာ့ရှေးရိုးစွဲအယူအဆအရ သချုင်းဆိုလျှင် မဖဲဝါပိုင်ဆိုင်သည်ဟု အယူအစွဲရှိပြီး ပိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်များ၊ အပင်စောင့်နတ်များ၊ နာနာဘာဝဇာတ်လမ်းများက သုသာန်တိုင်းတွင် 

ရှိနေခဲ့သည်။
သုသာန်တာဝန်ခံများကတော့ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်းတို့နှင့်သာ ပြေလည်အောင် နေထိုင်
ကြသည်ဟု ဆိုကြပါသည်။

“ဒီသုသာန်ထဲက ညောင်ကြတ်ပင်ကြီးဆိုရင် ဘုန်းကြီး ဖြတ်လျှောက်ရင်တောင် ခဲနဲ့ပေါက်တာ။ တစ်ခါတုန်းက ကောင်မလေးတစ်ယောက် ဗီဒီယိုကြည့်ပြီးအပြန် 

အပင်အောက်အပေါ့သွားမိတာ
ပြန်ထလို့ကိုမရတော့ဘူး။ လက်ဖက်နဲ့ကွမ်းနဲ့ တောင်းပန်ခဲ့ရတယ်။

သရဲမရှိဘူးလို့ ပြောလို့မရပါဘူး။ မြင်တော့မမြင်ရဘူး။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေ များလာတော့ မ
ယုံလို့မရဘူးဖြစ်နေတယ်”ဟု ပဲခူးမြို့၊ ဖောင်တော်ဦးသုသာန်မှ အသက် ၅၈ နှစ်အရွယ်တာဝန်ခံ ဦးအုန်းလှိုင် ကဆိုသည်။

ဦးအုန်းလှိုင်ထံတွင် ကျင်းတူးခြင်း၊ အခေါင်းစပ်ခြင်းတို့ကို လုပ်ကိုင်နေသည့် ၂၃ နှစ်အရွယ် လူ
ငယ်တစ်ဦးကတော့ “သရဲ ဆိုတာ မမြင်ဖူးတော့ ယုံချင်စိတ်လည်းမရှိဘူး” ဟု ပြောလာသည်။

သန်လျင်၊ ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား တစ်ဦးကလည်း “အယုံအကြည်မရှိဘူး
လည်း မဟုတ်ဘူး။ ခြောက်တာတွေတော့ ရှိတယ်။ ကိုယ်တိုင်တော့မကြုံဖူးဘူး” ဟု ပြောသည်။

သုသာန်အပြောင်းအရွှေ့များတွင် ၀ိညာဉ်များကို ကားဖြင့်သယ်ဆောင်ခြင်း၊ ကားနောက်တွင် မ
မြင်ရသည့် အလေးချိန်များ ပြည့်နေသည့်အတွက် ကားထွက်မရခြင်း၊ အစိုးရအာဏာဖြင့် အမိန့်
ပေးရခြင်းစသည့် ဖြစ်ရပ်များကတော့ နယ်များမှာသာမက မြို့ကြီးများမှာပင် နာမည်ကျော်ကြား
နေဆဲဖြစ်သည်။

ခြောက်လှန့်ပူးကပ်ခြင်း၊ ထန်းသီးခန့်ကြီးသည့်မျက်လုံးနှင့် ထန်းပင်ခန့်ရှည်သည့်အရပ်ကြီးနှင့်သ
ရဲ၊ ကိုယ်ထင်ပြသည့် ဒေါ်ကုလားမသရဲ၊ လမ်းတွင် ဆိုင်ကယ်ပေါ်တက်လိုက်လာသည့် ဆံနီမသ
ရဲ အုတ်ခုံမှာ ထိုင်နေသည့်သရဲမကြီးနှစ်ဦးစသည့် ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းများက သုသာန်
တွေမှာ နာမည်ကြီးစမြဲဖြစ်သည်။

ထိုသို့ နာနာဘာဝ ခြောက်လှန့်ခြင်းများကို ပြောပြသူတို့ကလည်း ကိုယ်တိုင်ကြုံတွေ့ခြင်း မဟုတ်
ဘဲ တစ်ဆင့်စကားဖြင့် ပြန်ပြောသည်က များကြလေသည်။

သုသာန်တွင် နေ့ရောညပါ နေထိုင်လုပ်ကိုင်နေကြသူများကတော့ သရဲတစ္ဆေခြောက်လှန့် ခြင်းကို တစ်ကြိမ်တစ်ခါမှ မကြုံ တွေ့ခဲ့ကြရကြောင်း တညီတညွတ်တည်း ပြောကြပါသည်။

“ကိုယ့်ကိုအရိပ်အယောင်ပြ ခြောက်လှန့်ဖို့နေနေသာသာ သူတောင်မှပဲ နာရီဝက်လောက်မှာ ပြာ
ဘ၀ ရောက်သွားတာ။ ဒီလိုအယူတွေက မရှိတာကောင်းပါတယ်”ဟု ရန်ကုန်မြို့ ရေဝေးသုသာန်
မှ မီးသင်္ဂြိုဟ်ပေးနေသည့် စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။ ၅၁ နှစ်အရွယ် ဦးလှကြည်က
လည်း “နောက်ဆုံးတော့ စိတ်ပါပဲ” ဟု ဆိုပါသည်။

သုသာန်တာဝန်ခံများသည် သုဘရာဇာ ၀တ္ထုများနှင့် ဗီဒီယိုဇာတ်လမ်းများထဲမှ အရက်သေစာ
သောက်စားခြင်း၊ ရုပ်ရည်ကြမ်းတမ်းခြင်းစသည့် ပုံရိပ်များ မဟုတ်ကြပါ။ ယနေ့ခေတ် သုသာန်
တာဝန်ခံများသည်အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်ရုံသာမက သူတို့၏လက်အောက်
မှ ကျင်းတူးသူ၊ အခေါင်းစပ်သူတို့ကိုလည်း သောက်စားမူးယစ်ခြင်း တားမြစ်ထားကြသည်။

“လူတွေက ကိုယ့်အပူနဲ့ ကိုယ်လာကြတာ ကိုယ်ကမူးယစ်နေပြီး အမှားလုပ်မိရင် သူတို့တွေပိုပြီး
စိတ်မကောင်း ဖြစ်ရမှာပေါ့”ဟု သန်လျင်မြို့နယ် ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။

သုသာန်တွင် ကျင်းတူးသည့်သူကို ရှာဖွေရသည်ကလည်း အလုပ်တစ်ခုဖြစ်သည်။ သုဘရာဇာဆိုသည့်စကားနှင့် သိက္ခာကျသည်ဟု သတ်မှတ်ထားသည့် ပတ်ဝန်းကျင်တို့ကြောင့်
မြေကျင်းတူးသည့် အလုပ်ကို လုပ်ကိုင်မည့်သူ ရှားပါးခြင်းဖြစ်သည်။

သုသာန်တာဝန်ခံများသည် အလောင်းမြှုပ်နှံခြင်းကိစ္စရပ်များကို ကူညီရုံသာမက အခေါင်းစပ်ခြင်း၊ မှတ်တိုင်ပြုလုပ်ခြင်း၊ အုတ်ဂူဆောက်ပေးခြင်းတို့ကိုပါ ဆောင်ရွက်ကြသည်ကို 

တွေ့ရသည်။

အလောင်းမြှုပ်နှံရန်ကျင်းတစ်ကျင်းတူးလျှင် ကျင်းတူးသမားကိုငွေလေးထောင်ခန့်ပေးရသည်။ သစ်သားအခေါင်းတစ်လုံးရောင်းချရပါက အမြတ်ငွေနှစ်ထောင်ကျပ်ခန့် ကျန်ကြသည်။
တာဝန်ခံတစ်ဦး၏ လစာမှာ ခုနစ်သောင်းကျပ်ခန့်သာ ဖြစ်သည်။

ထိုဝင်ငွေများနှင့်ပင် သုသာန်အတွင်း နေထိုင်ကြသည့် မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်းကြ
ရသည်။ ဖားကန်သုသာန်မှ ဦးလှကြည်၏ သမီးနှစ်ဦးမှာ ဘွဲ့ရပညာတတ်များဖြစ်ပြီး တစ်ဦးက ပရဟိတလုပ်ငန်းများတွင် ကွန်ပျူတာဆရာမအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ဖောင်တော်ဦး သုသာန်မှ ဦးအုန်းလှိုင်၏သားသမီးများနှင့် မြေးမြစ်များကတော့ သူ၏လုပ်ငန်းကို ၀င်ရောက်ကူညီလုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ နိမ့်ကျသည့် အလုပ်ဟု 

ပတ်ဝန်းကျင်က
သတ်မှတ်ထားကြသော်လည်း သူတို့ဝမ်းမနည်းပါ။ သမ္မာအာဇီဝ အလုပ်ဖြစ်၍ မြတ်သည်ဟုသာ ခံယူထားကြသည်ကို တွေ့ရသည်။ သုသာန်တာဝန်ခံ 

မိသားစုကိုအနီးအနားရပ်ကွက်များကခွဲခြား
ဆက်ဆံမှုများ အနည်းငယ်ရှိနေဆဲဖြစ်သည်။ လူတွေသေရင် ကြိုက်မှာပေါ့ဟူသည့် အပြောအဆို
များကို အတော်အားတင်းခံစားခဲ့ရသည်ဟု ဦးလှကြည်ကဆိုပါသည်။

“ကြေးစည်သံကြားမှ ထမင်းစားရတဲ့ လူတွေလို့ အပြောခံရတယ်။ မနာပါဘူး။ သမ္မာအာဇီဝ လုပ်
တာပဲလေ” ဟု ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။

ဖောင်တော်ဦးသုသာန်တာဝန်ခံ ဦးအုန်းလှိုင်ကတော့ မိသားစုကို အောက်ပါအတိုင်းမှာကြားထား
ခဲ့သည်။

“အရင်တုန်းက ဒုက္ခရောက်ခဲ့ကြတယ်။ အခု ဒီအလုပ်က အဆင်ပြေတယ်။ သားသမီးတွေ ပညာ
သင်တာ ဒီအလုပ်ပဲ။ ကိုယ့်ကျေးဇူးရှင်အလုပ်ကို ဘယ်တော့မှ စိတ်မပျက်နဲ့။ အလုပ်ကို မစော်
ကားနဲ့လို့မှာထားတယ်” ဟူ၍ဖြစ်သည်။

မန္တလေးမြို့၊ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းမြင့်က“စဏ္ဍာလတို့၊ သုဘရာ
ဇာတို့ဆိုတာ လူမှုဝန်းကျင်က အနိမ့်ဆုံးအလုပ်လို့ သတ်မှတ်ထားတာ။ ဒီအလုပ်ကို ဦးကျော်သူတို့
လို အောင်မြင်ကျော်ကြားတဲ့သူတွေတောင် ရှေ့ဆောင်လမ်းပြလုပ်ပေးနေတာဆိုတော့တချို့တွေ
ရဲ့ ကျဉ်းမြောင်းတဲ့ အယူသီးမှုတွေကို ဖယ်ထုတ်စေချင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

ယခင်ခေတ်များက သုသာန်တွင်ကျင်းတူးပေးခြင်း မြေမြှုပ်ပေးခြင်းတို့ကို လုပ်ဆောင်သည့် သုဘ
ရာဇာများရှိခဲ့ကြသည်။ ယခုခေတ်တွင် သုသာန်များကို စည်ပင်သာယာရေးကော်မတီက တာဝန်
ယူပြီး တာဝန်ခံများ ခန့်အပ်ထားကြပြီဖြစ်သည်။ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသည့်
အခါ နယ်မှ သုသာန်တာဝန်ခံအချို့အတွက် အနည်းငယ် အခက်အခဲကြုံကြရသည်ဟု ဆိုသည်။

နာရေးကူညီမှု အသင်းများက အလောင်းကိုပို့ဆောင်ပေးရုံသာမကဘဲ အခေါင်းများကိုပါ လှူဒါန်း
လာကြသောကြောင့် ဦးလှကြည်တို့ သုသာန်အတွင်းမှ အခေါင်းလွတ်အချို့ ဖုန်တက်လာခဲ့သည်။ သုသာန်မြေအနီးထိ ရောက်ရှိတိုးချဲ့လာကြသည့် လူနေရပ်ကွက်များကြောင့် 

ညှော်နံ့ထွက်သည့် မီးသင်္ဂြိုဟ်ခြင်းကိုလည်း ရပ်ဆိုင်းထားကြခဲ့ရသည်။

တစ်ခါတစ်ရံ ပိုင်ရှင်မဲ့အလောင်းများကိုလည်း သက်ဆိုင်ရာ ရဲစခန်း၊ နာရေး ကူညီမှုအသင်းများ
နှင့် ပူးပေါင်း၍ မြေမြှုပ်ပေးကြရသည်။ ငွေမတတ်နိုင်၍ ဖျာလိပ်နှင့်ထမ်းလာသည့် အလောင်းအ
ချို့ကိုလည်း မေတ္တာဖြင့်ကူညီပေးကြရသည်။ မြေမြှုပ်ပြီး သုံးလခန့်အကြာမှ ရာဇ၀တ်မှုပေါ်၍ အ
လာင်းပြန်ဖော်ရသည့် ဖြစ်ရပ်များကို ကြုံတွေ့ရသည့်အပြင် တရားရုံးတွင် သက်သေလိုက်ပေးရ
ခြင်းမျိုးလည်းရှိသည်။

ညဘက်တွင် သုသာန်အတွင်း ဓူတင်ဆောင်၊ တရားကျင့်ကြံတော်မူကြသည့် သံဃာတော်များကို
လည်း စောင့်ရှောက်ပေးခြင်း၊ ၀တ်ကြီးဝတ်ငယ် ပြုစုပေးခြင်းတို့ကို ဆောင်ရွက်ပေးကြရသည်။

ထိုကြားထဲသုသာန်အပြောင်းအရွှေ့ရှိသည်ဟူသည့် ကောလာဟလများက ပြန့်တတ်သည့်အတွက် ဦးလှကြည်ကတော့ သုသာန်အတွင်းမှာပင်“အပြောင်းအရွှေ့မရှိပါ”ဟူ၍ 

စာရေးထားသည်ကို တွေ့
ရသည်။ အယူသီးနေဆဲဖြစ်သည့် အနီးအနားရပ်ကွက်များနှင့်လည်း သူတို့ကအဆင်ပြေအောင်နေ
ထိုင်ကြရသည်။

“အရင်ကဆို အသုဘအိမ် ဘယ်နားလဲမေးရင် မကြိုက်ကြဘူး အသုဘလာပို့တဲ့ကားက ကိုယ့်အိမ်
ရှေ့မှာ ခေါင်းပြန်လှည့်ရင် လက်မခံကြဘူး။ အလောင်းတွေကတော့ ဒုက္ခရောက်လာတဲ့ လူဆိုရင် ကူညီပေးရတာပဲ သာရေးဆိုတာက ပိုက်ဆံရှိလို့လုပ်တာ နာရေးက တားလို့မရဘူး 

တချို့ထောင်
ထဲမှာ သေတဲ့အလောင်းတွေဆို ပိုင်ရှင်မဲ့တွေပဲ ကိုယ်ကပဲတရားနာတာ ထမင်းထုပ်ထည့်ပေးတာ အကုန်လုပ်ပေးရတယ်” ဟု ဖောင်တော်ဦးသုသာန်မှ ဦးအုန်းလှိုင်က ရှင်းပြသည်။

သို့သော်လည်း တိုးတက်လာသောခေတ်အရ မြန်မာလူမျိုးတို့သည်လည်းအယူသီးမှုများပျောက်
ကွယ်ကုန်ကြပါပြီ။ သုသာန်မြေအနီးတွင် ပတ်ပတ်လည်တည်ဆောက်ထားထည့် အိမ်များရှိလာ
သည်။ ရပ်ကွက်တစ်ခုနှင့် တစ်ခုအကူးကို သုသာန်အလယ်တည့်တည့်မှ လမ်းဖောက်သွားလာ
နေကြခြင်းများလည်း ရှိလာသည်။ နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်းများလည်း အရာမ၀င်တော့။ သုသာန်မြေများသည် ညသန်းခေါင်တွင် ခွေးအူသံတညံညံဖြင့် ကြောက်စရာမဟုတ်တော့။

“ခွေးတွေကတော့ မိတ်လိုက်တဲ့ရာသီဆို တစ်ကောင်အူရင် ဆက်တိုက်အူကြတော့တာပဲ” ဟု ဦးအုန်းလှိုင်က သုသာန်အတွင်းရှိ ခွေးများကို မေးငေါ့ပြောရင်း သဘောတကျ 

ရယ်နေသည်။

ရှေးမြန်မာခေတ်များတွင် အခေါင်းစပ်ခြင်း၊ အလှဆင်ယင်ခြင်း၊ အလောင်းထမ်းခြင်း၊ တွင်းတူးခြင်း
မြေမြှုပ်မီးရှို့၍ အရိုးကောက်ခြင်းစသည့် စဏ္ဍာလငါးမျိုးရှိသည်ဟု ကျမ်းများတွင် ဖော်ပြထားသည်။
ထိုအလုပ်ကို လုပ်ကိုင်သူတို့ကိုလည်း သုဘရာဇာဟူ၍ အမည်တွင် သတ်မှတ်ထားခဲ့ကြသည်။ ယခုအခါမှာတော့ သုသာန်တာဝန်ခံတို့သာရှိပါတော့သည်။

သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်းသုသာန် တာဝန်ခံဦးစံရှားကတော့ “နိမ့်ကျတဲ့အလုပ်ကို မြင့်
မြတ်တဲ့ပုဂ္ဂိုလ်တို့က လုပ်ဆောင်ကြတယ်။ အဘကတော့ ဒီအလုပ်ကို မြတ်တဲ့အလုပ်လို့ ယူဆ
တယ်” ဟု သူ၏ ခံယူချက်ကိုပြောပါသည်။

သုသာန်စောင့် မဖဲဝါပိုင်ဆိုင်သည့် သင်္ချိုင်းမြေ တစ်ခုအတွင်းမှ ပေါက်တူး ပေါက်သံ တဒုတ်ဒုတ် ထွက်ပေါ်လာသည်။ နေ့လယ်ခင်း လေပြည်ညင်းကြောင့် လွင့်ပါနေသည့် 

ရွက်ခြောက်တို့အသံ တရှဲရှဲက မြေကျင်းပေါက်သံနှင့်အတူရောထွေးနေသည် မကြာမီမှာ ကြေးစည်သံတဒူဒူဖြင့်အသု
ဘ သံဝေဂသံကို ကြားရမည်။ ငိုကြွေးသံများလည်း ပျံ့လွင့်လာလိမ့်မည်။

၂၀၁၃၊ မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် မြှုပ်နှံမည့် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အသုဘ
အတွက် ဖားကန်သုသာန် တာဝန်ခံ ဦးလှကြည်၏ ဇနီးဖြစ်သူကသစ်သားမှတ်တိုင်ပေါ်တွင်အမည်
နှင့် အသက်ကို ဆေးဖြင့် ရေးထိုးနေသည်။

ဦးလှကြည်ကတော့ သူ့ဆီရောက်လာသည့်ရုပ်အလောင်းအတွက် သံဃာပင့်၍သရဏဂုံတင်နိုင်ရန်
အလို့ငှာ အနီးအနား ဘုန်းကြီးကျောင်းတစ်ကျောင်းဆီသို့ ခပ်အေးအေးပင် ဆေးပေါ့လိပ်ဖွာလျက် လှမ်းထွက်သွားလေသည်။

Credit to-Orginal Writer
Post by:မောင်မိုးတိမ်

သုသာန် တာဝန်ခံ အဖြစ် ၁၉ နှစ်ကြာ တာဝန် ထမ်းဆောင် လာခဲ့သည့် သက်တမ်း တစ်လျှောက်တွင် ၀ိညာဉ်လောကနှင့် ပတ်သက်၍ ၀င်ရောက် ပူးကပ်ခြင်းဖြစ်ရပ် တစ်ခု ကိုသာရှေ့မှောက် မှာကြုံတွေ့
ခဲ့ရသည် ဟု ဦးလှကြည် ကပြောပါသည်။


ယမကာ သမားတစ်ဦး၏ အလောင်း ကို မြေချရန် လာရောက်ကြသည့် လူအုပ်စု အတွင်းမှ အမျိုးသမီး တစ်ဦးကို ထို ယမကာသမား ၏ ၀ိညာဉ် က ၀င်ရောက် ပူးကပ်ခြင်းဖြစ်ပြီး မျက်နှာ အမူအရာနှင့်
အသံပါ ပြောင်းလဲ သွားကာ အရက် တိုက်ရန် တောင်းဆိုခြင်း ဖြစ်သည်ဟုဆိုသည်။


“အလောင်းတောင် ကားပေါ်က မချရသေးဘူး။ ၀င်ပူးတာ။ အရက်တိုက်ပါ ဆိုတဲ့အသံ က သေသွား တဲ့ လူရဲ့ အသံနဲ့။ ပါးစပ်ထဲကို အရက်ထည့်ပေးလိုက် မှ ထွက် သွားတယ်” ဟု ဦးလှကြည် ကရှင်းပြ သည်။ 

Saturday, 23 August 2014

လှည်းကူးမြို့ မှ အသက် ၆ဝကျော် အမယ်အို တစ်ဦးအား ဓမ္မစေတီခေါင်းလောင်း ကို စောင့်ရှောက်နေ သည်ဟု ဆိုသော နဂါး ဝင်ပူး သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဟုဆို

 Pay Hmya WaiYu's photo.


ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော် ဆယ်ယူရန် ကြိုးစားနေသည် မှာ ၁၃ ရက်တိုင် ရှိ လာခဲ့ပြီဖြစ်သည်။
ယင်းသို့ သာကေတမြို့နယ် အ နီး လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ ဆုံသည့်နေရာ ၌ ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု လုပ်ဆောင် နေခြင်းကို စိတ်ဝင်စားသူ အမြောက် အမြား ရှိနေချိန်၌ ရန်ကုန်မြို့နှင့် မိုင်၂ဝကျော် ကွာဝေးသည့် လှည်းကူး မြို့နယ်တွင် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ နဂါးဝင်ပူး သည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 
ယင်းဖြစ်ရပ် မှာ ခေါင်းလောင်း ကြီး ကို စောင့်ရှောက်နေသည် ဟု ဆို သော နဂါးမောင်နှမ သုံးဖော် ထဲမှ တစ်ဦး က လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက် သီတာအေး (၅)လမ်း တွင် နေထိုင် သည့် အမယ် အို တစ်ဦး ဘုရား ဝတ်ပြု ဆုတောင်း နေချိန်တွင် နဂါး ဝင်ရောက် ပူးကပ် သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

Monday, 18 August 2014

ဆရာဝန် ကို အကူ အညီပေး ခဲ့တဲ့ ဝိညာဉ်


Photo: ဆရာဝန်ကို အကုအညီပေးခဲ့တဲ့ ဝိညာဉ်

အစ္စရေးနိုင်ငံထဲက တိုင်းရင်းသား လူမျိုးစု ၁၂ ခုထဲမှာ တစ်ခုအပါ အဝင်ဖြစ်တဲ့ စီမီယွန် လူမျိုးစုကလေးငယ်တစ်ဦးဟာ ပုဂ္ဂလိက ဆေးခန်း တစ်ခန်းထဲ ကို အပြေးအလွှား ဝင်ရောက်လာ ပါတယ်။ သူဟာ
ဆရာဝန်နဲ့ တွေ့တွေ့ချင်း စကားမပြောနိုင်သေးဘဲ အသက်ကို ဝအောင်ရှူ နေရပါသေးတယ်။ ပြီးတော့မှ အမော တကောနဲ့ ပြောထွက်လာတာ ပါတယ်။

" ဒေါက်တာ၊ ဒေါက်တာ ... ကျွန်တော့် သခင်ကြီးရဲ့လက်မမှာ ပိုးသတ်ဆေး အဆိပ်ထိထားပါတယ်၊ ကျွန်တော်တို့လည်း အဲဒီအဆိပ်ကို တတ်နိုင်သလောက် စုပ်ထုပ်ထားပါတယ်၊ ဒါပေမယ့် အဆိပ်က သူ့လက်မောင်းအထိ တက်နေတယ်လို့ ပြောပါတယ်၊ အဲဒါ ဒေါက်တာ လိုက်ကြည့်ပေးပါဦး "

သူတို့လူမျိုးစုရဲ့သခင်ကြီးလို့ ပြောလိုက်က တည်းက အမြင့်ဆုံးအကြီးအကဲ တစ်ဦးဖြစ်တယ်ဆို တာ ဆရာဝန်က သဘောပေါက်သွားပါပြီ။ အဲဒီသခင်ကြီး ဘယ်မှာနေတယ်ဆိုတာကိုလည်း သူ သိထား ပါတယ်။ သူက သူ့ဆေးအိတ်ကို ဆွဲပြီး ဆေးခန်း ထဲကနေ ချက်ချင်း ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဆေး
ခန်းဘေးက မြင်းဇောင်းမှာထည့်ထားတဲ့မြင်းကို ဆွဲခေါ်ပြီး မြင်းကုန်းတင်၊ ပါးချပ်ခွံ့ရတာကတော့ နည်းနည်း အချိန်ပေးရတာပေါ့။ သခင်ကြီးနေတဲ့နေရာ က ၂ မိုင်လောက် ဝေးတာဆိုတော့ လမ်းလျှောက် သွားနေရင် တော်တော် နဲ့ရောက်မှာ မဟုတ်တော့ဘူး။ ဆရာဝန်က လာပို့တဲ့ကောင်လေး ကိုပါ မြင်းပေါ်တင်ပြီး နှစ်ဦးသား ဒုန်းစိုင်းခဲ့တယ်။

သခင်ကြီးအိမ်ကို ရောက်တော့ ဆရာဝန်ကိုသခင်ကြီးရဲ့တပည့်တွေက ကြိုဆိုပြီး သခင်ကြီးရဲ့ အိပ်ခန်းဆီ ခေါ်သွားပါတယ်။ သခင်ကြီးဟာ သူ့ခုတင်မှာ လှဲနေပြီး အနားမှာတော့ သူ့ဇနီးတွေနဲ့သားသမီးတွေက ဝိုင်းနေကြလေရဲ့။ ဆရာဝန်ကို တွေ့တွေ့ချင်း သခင်ကြီးက လက်မကို မြှောက်ပြ
ပြီးပြောတယ်။

" ဒေါက်တာ၊ ခင်ဗျား ကျွန်တော့်ကို ကယ်မှ ဖြစ်မယ်၊ ပိုးသတ်ဆေးအဆိပ်က လက်မကနေ ကျွန်တော့်လက်မောင်းအထိ တက်နေပြီ၊ ဦးနှောက် ထဲ ဝင်သွားရင်တော့ ကျွန်တော် သေတော့မှာပဲ" 
သခင်ကြီးရဲ့ စကားသံနဲ့ အတူ ဆယ်ယောက်နီး ပါးလောက်ရှိတဲ့ သူ့ဇနီးတွေက တအီအီနဲ့ ငြွေိုကးလာကြ ပါတယ်။ မိခင်တွေ ငိုတော့ သားသမီးတွေက လည်း လိုက်ငိုကြ တယ်။ သခင်ကြီးရဲ့ အိပ်ခန်းဟာ
အသုဘ အိမ်နဲ့ တူသွားပါတော့တယ်။ ဆရာဝန်ကသူ့ဆေးအိတ်ကို ခုတင်ဘေးက စားပွဲခုံပေါ်တင်လိုက်ရင်း လက်မြှောက်ပြလိုက်တယ်။

" မငိုကြပါနဲ့၊ ကျွန်တော် ရောက်လာတာ အချိန် မီပါသေးတယ်၊ သခင်ကြီးကို ကျွန်တော်က အမေရိကန်က လာတဲ့ " သွမ်ဆိုနီယံ ဆေးဝါး"  တွေနဲ့ ကုမှာ၊ သခင်ကြီး မသေစေရပါဘူး" သခင်ကြီးရဲ့မိန်းမတွေ၊ ကလေးတွေဟာ အဲဒီ ဆေးဝါးအကြောင်း ကြားတောင်ကြားဖူးကြတာ
မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်က အသံသြဇာ ကောင်းကောင်း နဲ့ပြောလိုက်တာမို့ ဆက်မငိုကြတော့ ပါဘူး။ ဆရာ ဝန်က သူ့ဆေး အိတ်ထဲကနေ ဆေး ဝါးတွေ ထုတ်နေတဲ့အချိန်မှာ သခင်ကြီး ရဲ့ ဇနီးတွေနဲ့ သားသမီးတွေဟာ အိပ်ခန်းထဲကနေ အလျှိုအလျှို နဲ့ ထွက်သွားကြတယ်။

ဆရာဝန်က သခင်ကြီးရဲ့လက်မဒဏ်ရာကို ဆေးစည်းပေးပြီး သောက်ဆေးတွေ တိုက်ကျွေးနေတဲ့အချိန်မှာ မီးဖိုဆောင် ဘက်ကနေ ဟင်းရနံ့တွေ လှိုင်ထွက်လာတယ်။ သူ့ကို ညစာကျွေးဖို့ပြင်ဆင် နေကြပြီလို့ ဆရာဝန်က သေချာပေါက်တွေး မိတယ်။ သူ ထင်တဲ့အတိုင်းပဲ ဆေးကု သမှုပြီး ဆုံးလို့ သခင်ကြီးရဲ့ အခန်းထဲက ပြန်ထွက် လာတဲ့ အချိန်မှာ သခင်ကြီးရဲ့ ဇနီးတွေက ညစာစားပြီးမှပြန်ပါလို့ လာပြောကြတယ်။ ဆေးခန်းမှာ လူနာတွေလာကြဦးမှာ မို့ မစားနိုင်တော့ကြောင်း တောင်းပန်ပြီး ဆရာဝန်
လည်း ပြန်လာခဲ့တယ်။

အစ္စရေးနိုင်ငံ ထဲက တိုင်းရင်းသား လူမျိုးစု ၁၂ ခု ထဲမှာ တစ်ခု အပါ အဝင်ဖြစ်တဲ့ စီမီယွန် လူမျိုးစု ကလေးငယ် တစ်ဦးဟာ ပုဂ္ဂလိက ဆေးခန်း တစ်ခန်းထဲ ကို အပြေးအလွှား ဝင်ရောက်လာ ပါတယ်။ သူဟာ ဆရာဝန် နဲ့ တွေ့တွေ့ချင်း စကား မပြောနိုင်သေးဘဲ အသက်ကို ဝအောင်ရှူ နေရ ပါသေး တယ်။ ပြီးတော့ မှ အမော တကောနဲ့ ပြောထွက် လာတာ ပါတယ်။

" ဒေါက်တာ၊ ဒေါက်တာ ... ကျွန်တော့် သခင်ကြီးရဲ့ လက်မမှာ ပိုးသတ်ဆေး အဆိပ် ထိထားပါတယ်၊ ကျွန်တော်တို့ လည်း အဲဒီ အဆိပ်ကို တတ်နိုင် သလောက် စုပ်ထုပ် ထားပါတယ်၊ ဒါပေမယ့် အဆိပ်က သူ့လက်မောင်း အထိ တက်နေတယ် လို့ ပြောပါတယ်၊ အဲဒါ ဒေါက်တာ လိုက်ကြည့်ပေးပါဦး "

Saturday, 9 August 2014

ဗြိတိန်နိုင်ငံ က အသက် ၅၈နှစ် အရွယ် အမျိုးသမီးကြီး ကို တဏှာ ကြီးသော သရဲ တစ်ကောင် လိုက်ခြောက်နေ သဖြင့် သရဲနှင် ဆရာခေါ်ပြီးနှင်လိုက်ရ ဟုဆို

10534551_820942434591345_2207239910524248241_n
ဗြိတိန်နိုင်ငံ၊ အရှေ့ယောက်ရှိုင်းယား စီရင်စု၊ဟူးလ်မြို့ က အသက်၅၈နှစ် အရွယ် ပေါ်လင်းဟစ်ဆင် ဆိုတဲ့ အမျိုး သမီးကြီး တစ်ယောက် ကို တဏှာကြီးလွန်း တဲ့သရဲ တစ်ကောင်က တစ်ကောက်ကောက် လိုက်ခြောက်နေ လို့ သရဲနှင် ဆရာ ကိုခေါ်လိုက် ရတယ်လို့ အင်္ဂလန်ထုတ် ကြေးမုံ သတင်းစာကြီး ကရေး သား လိုက်ပါတယ်။

အဲဒီ သရဲဟာ ပေါ်လင်း ရဲ့ အတွင်းခံတွေ ကိုပဲ လိုက်ဝှက်နေတယ် လို့ ပေါ်လင်း ကပြော ပါတယ်။သူ့ အနေ နဲ့ အဲဒီ တဏှာကောင် သရဲ လက်ကလွတ်ချင် လို့ ၂နှစ် အတွင်း မှာ အိမ် ၇ခါပြောင်းခဲ့ ပေမယ့် သရဲ က ပြောင်း တဲ့အိမ်တွေ အထိ လိုက်ပြီး အတွင်းခံဘောင်းဘီ နဲ့ဘရာစီယာတွေ ကို လိုက်ဝှက်နေတယ် လို့ ဆိုပါတယ်။
 

Friday, 1 August 2014

" စားချင် လိုက်ခဲ့ " .. လို့ ခေါ်မိ လို့ ကြောက်မက်ဖွယ် ကြုံ ခဲ့ ရတဲ့ သရဲသောင်းကျန်း တဲ့ ည

 
 
၁၉၉၀ လောက်ဖြစ်မယ် ထင်တယ်။ ၆ တန်း စာမေးပွဲ အပြီး နွေရာသီ  ကျောင်းပိတ်ရက်။ ကျွန်နော်နေခဲ့တဲ့နယ်မြို့လေး နဲ့သုံးမိုင်လောက်ဝေး တဲ့ နယ်ရွာလေးက စာသင် အခန်းဖော် သူငယ်ချင်း တစ်ယောက် ရဲ့ဖိတ်ခေါ်မှု နဲ့ သူတို့ ရွာ ကို ၁၀ ရက်လောက် အလည် လိုက်ခဲ့ဖူးတယ်။ 

ရွာလေး က အိမ်ခြေ ၂၅၀ လို့ရွာ အဝင်ဆိုင်းဘုတ် မှာ ဖတ်ရတယ်။ တစ်ရွာလုံး က လယ်၊ ယာ နဲ့ ခြံ သမားတွေ ချည်းပဲ။

အရောင်းအဝယ် ကုန်သည် ပွဲစားလုပ်သူ လည်း နှစ်ယောက် သုံးယောက်ရှိ သတဲ့။ ရွာလေးက ချစ်စရာ ။ အေးချမ်း တယ်။ ရွာသားတွေ က ရိုးသားတယ်။ စကားပြော ရင် ရှင်းရှင်း ဘွင်းဘွင်း ။ ရွာက ကာလ သားတွေ ကလည်း တုံး တိုက်တိုက် ကျား ကိုက်ကိုက် ဆိုသလို မျိုးတွေ။ 

Sunday, 8 June 2014

ဥစ္စာစောင့် တစ်ကယ် ရှိတာလား ???


10303457_962217197158881_9045355832145404624_n

ကျွန်တော့် ကို ဒီလို လာမေးရင်တော့ ရှိတယ် ဆိုတာဖြစ်နိုင်တယ်။ ယုံလား ဆိုတော့ ယုံတယ် လည်း မဟုတ် ဘူး၊ မယုံဘူးလည်း မဟုတ်ဘူး။ သူ့ဟာသူ နေကြတယ်။ ကိုယ်လည်း ကိုယ်ဟာကိုနေ တယ်ပေါ့လေ ။ ဥစ္စာစောင့်တွေကြောင့် စီးပွား တက်တာ ဟုတ်လားမေးရင် လည်း ဟုတ်ချင်လည်း ဟုတ်မယ် ၊ ဒါပေမယ့် ကျွန်တော် တို့ ကိုယ့် အလုပ်ကိုယ် လုပ်ပြီး အလုပ် နဲ့ ရတဲ့ငွေကိုပဲ လိုချင်တယ်။ 

ဘယ် ပစ္စည်းမှ အလကား မရတာ၊ဥစ္စစောင့် က စီးပွားတက်အောင် လုပ်ပေးတယ် ဆိုရင်လည်း သူတစ်ခု ခု လိုချင်လို့ လုပ်ပေးတာဖြစ် မှာပေါ့။ အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ် အပိုတွေ လုပ်ပေးရဦးမယ်။ အဲ့ဒီတော့ သူ့ဟာ သူနေ ကိုယ်ဟာ ကိုယ်နေလို့ပဲ ကျွန်တော်က ခံယူတယ်။

ဥစ္စာစောင့် တစ်ကယ် ရှိတာလား ဆိုတဲ့ မေးခွန်းလေး ကိုကျွန်တော် ငယ်ငယ်လေး ထဲက မယုံတာပါ။ ဗိုလ်တစ်ထောင် က မြနန်းနွယ် ဆိုတဲ့ ဥစ္စာစောင့် အကြောင်းလည်း ကြားဖူးပါရဲ့။ ဒါပေမယ့် ကိုယ်တွေ မဟုတ်လေတော့ ယုံရ ခက်ခက်ကြီးရယ်။ 

Sunday, 1 June 2014

မိတ္ထိလာမြို့ အိမ်တစ်အိမ် တွင် ပုဏ္ဏက တိုက်ပြီး ထူးဆန်းစွာ အလိုအလျှောက် မီးလောင်မှုဖြစ်ပွား


10177327_682447825126355_5780766885683480732_n


မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်) ရပ်ကွက်၊ (၃) လမ်းရှိ ဒေါ်မြင့်မြင့်စိုး ၏ အိမ်အမှတ် (157) တွင် မေလ (၃၀) ရက်နေ့ နံနက်က အိမ် အတွင်းရှိ ဖက်လုံး၊ ခေါင်းအုံးနှင့် မွေ့ယာ များ ထူးဆန်းစွာ အလိုအလျှောက် မီးလောင်မှုဖြစ်ပွားနေ သဖြင့် ဒေါ်မြင့်မြင့်စိုး အပြင် လူအများ လာရောက် ၀ိုင်းအုံကြည့်ရှုနေကြသည်။

ဖြစ်ပွား ပုံမှာ ဒေါ်မြင့်မြင့်စိုး ၏ (၂)ထပ်တိုက် ၏ အောက်ထပ် ရှိ ၄င်း၏ မိခင်ဒေါ်စောလှ အိပ်သည့် အခန်း အတွင်းရှိ ခေါင်းအုံးနှင့် စောင်မှာ လူ မအိပ်သည့် အခန်းအတွင်း မှ ဖက်လုံးနှင့် လိုက်ကာ အလို အလျောက်လောင် ကျွမ်း သဖြင့် အိမ်နီးချင်း ဦးထွန်းငြိမ်းနှင့် အိမ်ရှင် ဒေါ်မြင့်မြင့်စိုးက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ထံ အကြောင်းကြား ၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရောက်ရှိနေစဉ် ၁၂း၃၀ နာရီခွဲ အချိန်တွင် အိမ် အပေါ်ထပ်ရှိ ဖက်လုံးနှင့် ခေါင်းအုံး မီးလောင်ရာ အိမ်ရှင်နှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူး တို့က ၀ိုင်းဝန်းငြိမ်းသက်လိုက်ကြရသည်။ 


Thursday, 10 April 2014

မိန်းကလေးတွေ ၀ိုင်းဝိုင်း လည်နေသူ ထံမှ ပီယဆေးဖော်နည်းတောင်းပြီး လူသေ မှ ပီယဆေး လုပ်သူ တစ်ဦး ကြုံတွေ့ ခဲ့ရတဲ့ ခြောက်ခြားဖွယ်ရာ ည



ယောက်ျားလေး ပီယဆေး ဆိုတဲ့ ဝေါဟာရ ကို ကောင်းကောင်း ရင်းနှီးကြမယ် ထင်ပါတယ်..။ ကျွန်တော် တို့ လူပျိုပေါက် အရွယ် တုန်း က ပီယဆေး ဆိုတာကို လိုချင်လိုက် တာ ပြော မနေနဲ့တော့..။ အတန်းထဲ မှာ ပါဖြောင့်ဖြောင့်နဲ့ ရည်စား ထည်လဲ တွဲနိုင် တဲ့ကောင် ဆိုရင် ပီယဆေး ရှိတယ်လို့ နာမည် ကြီးပြီ..။ 

အဲ့ဒီမှာ ကျွန်တော်တို့ ကလည်း မနေနိုင် မထိုင်နိုင် ပီယဆေး ဘယ်က ရလဲ ဘယ်လိုလုပ်ရလဲ ဆိုပြီး အောက်ကျ ခံပြီး မေးရတော့ တာပေါ့..။ ကျွန်တော် မှတ်မိ သလောက် ဆိုရင် ပီယဆေး ကို ဖော်နည်း ၈ မျိုးလောက်ရှိမယ် ထင်ပါတယ်..။ 

Tuesday, 1 April 2014

သားသတ်ရုံ အ၀ ၌ ဒူးထောက် ငိုကြွေး အသနား ခံသော နွားကြီး အား တရုတ်ဘုန်းကြီးကျောင်းထံသို့ လွှဲအပ်

 သားသတ်ရုံအ၀၌ ဒူးထောက်ငိုကြွေး အသနားခံသော နွားကြီးအား တရုတ်ဘုန်းကြီးကျောင်းထံသို့ လွှဲအပ်

Monday, March 31, 2014

မယုံမရှိနဲ့ ဤအဖြစ်အပျက်သည် ဟောင်ကောင်၌ အမှန်တကယ် ဖြစ်ခဲ့သည်။ အလုပ်သမားတစ်စုက နွားကြီးတစ်ကောင်ကို သားသတ်ရုံကို ဆွဲခေါ်လာခဲ့ရာ ၀င်ပေါက်ဝအနားအရောက်၌ သနားစရာ နွားကြီးခမျာ ရှေ့ခြေထောက် ၂ ချောင်းကို ညွှတ်၍ ဒူးထောက်ချလိုက်သည်။ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး ရှေ့ဆက်သွားခိုင်းလို့လည်း မရတော့ပေ။
နွားတစ်ကောင်က အသတ်ခံရတော့မည်ဆိုသည်ကို သားသတ်ရုံအထဲမှ မရောက်သေးခင် မည်ကဲ့သို့ သိပါသလဲ။ မျက်မြင်များကတော့ ပြောမယုံ ကြုံမှသိ ဖြစ်ခဲ့ရသည်။
မစ္စတာရှုးဆိုတဲ့ သားသတ်သမားကြီးက `ဒီနွားကြီးရဲ့ မျက်လုံးမှာ ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့ ငိုကြွေးနေတာ မြင်တဲ့အခါ ကျွန်တော်လည်း တုန်လှုပ်မိတယ်၊ ဒါကို ကျွန်တော်က ကျန်တဲ့လူတွေကို ခေါ်ပြတယ်။ မြင်သူတိုင်း အံသြကြတယ်။ ဒါနဲ့ ကျွန်တော်တို့ ရှေ့ကို ဆက်သွားခိုင်းတော့ မလှုပ်မယှက်နဲ့ ငိုပြီးရင်း ငိုနေတော့တာပဲ´ ဟုဆိုသည်။
အဆိုပါ သားသတ်ရုံပိုင်ရှင်ဖြစ်သူ ဘီလီဖောင်းက `လူတွေက တိရစ္ဆာတွေဟာ လူတွေလို မငိုတတ်ဘူး ထင်ကြတာ၊ ဒါပေမယ့် ဒီနွားကြီးက ငိုတာမှ ကလေးလေး တစ်ယောက်အတိုင်းပဲ´ ဟု ပြောသည်။ ထိုအဖြစ်အပျက်အား လူ ၁၀ ယောက်ကျော် မြင်ခဲ့ရပြီး မြင်သူတိုင်းကို စိတ်ထိခိုက်စေခဲ့သည်။ ၎င်းနွားကြီးအား သတ်ဖြတ်ရန် တာဝန်ကျသူ သားသတ်သမားများအဖို့ ပို၍စိတ်ထိခိုက်ရပြီး မျက်ရည်များပင် ကျကြလေသည်။
သားသတ်ရုံမှ အခြားအလုပ်သမားများလည်း အသနားခံနေသည့် နွားကြီးအား လာရောက်ကြည့်ရှုရာ လူများ ပြည့်ကြပ်သွားသည် ဆိုသည်။ သားသတ်သမား ၃ဦးက ၎င်းတို့အနေနှင့် ဤနွားကြီးအား ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ဟု ပြောသည်။
နွားကြီးနှင့်အတူ လူများပါ ငိုကြွေးလျှက်ရှိကြရာ ယင်းနွားကြီးအား သတ်ဖြတ်ရန်အလို့ငှာ မည်သူမျှ တတ်နိုင်မည် မဟုတ်ကြောင်း အားလုံးက သဘောပေါက်သိရှိသွားကြပြီး နောက်ဆုံး၌ ယင်းနွားကြီးအား ငွေစု၍ ၀ယ်ယူပြီး ဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့ကြသည်။ ဘုန်းတော်ကြီးများက နွားကြီးအား တစ်သက်တာလုံး ဂရုစိုက်ပေးကြ ပေမည်။
ထိုကဲ့သို့ ၀ယ်ယူ၍ ဘုန်းကြီးကျောင်းသို့ လှူဒါန်းရန် ဆုံးဖြတ်ချက်ချခဲ့ကြပြီးနောက် အံအားသင့်ဖွယ်ရာ နောက်ထပ်အဖြစ်တစ်ခု ကြုံကြရပြန်သည်။
`သူ့ကို မသတ်တော့ပါဘူးလို့ ဂတိပေးလိုက်တော့မှ ခေါ်ရာနောက် လိုက်တော့တယ်´ဟု အလုပ်သမားတစ်ဦးက ပြောသည်။
`ယုံမလားတော့ မသိဘူး။ ပြောပြလို့ ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမယ့် တကယ် ဖြစ်ခဲ့တာ´ ဟု မစ္စတာရှုးက ပြောသည်။ နွားကြီးသည် သားသတ်သမားများ၏ ဘ၀နှင့် ခံယူချက်အား အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပေးနိုင်ခဲ့သည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိ။
တိရစ္ဆာန်များကို လူသားများ၏ အသုံးခံသက်သက်အဖြစ် မသတ်မှတ်ထိုက်။ ဇီဝဗေဒနှင့် တိရစ္ဆာတို့၏ စိတ်ခံစားမှု၊ ခံစားနိုင်စွမ်းကို နားလည်ခြင်းက အရေးကြီးပါသည်။ သို့သော် ယခုအဖြစ်အပျက်ကဲ့သို့ လူသားနှင့် တိရိစ္ဆာအကြား နှလုံးသားချင်းဆက်သွယ်မှုကို လက်တွေ့ မြင်ရခြင်းက ပိုမိုစွမ်းပကားထက်လှသည်။
Ref ; Conspiracy Watch
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဓမ္မနဒီ

မယုံမရှိနဲ့ ဤ အဖြစ်အပျက်သည် ဟောင်ကော င်၌ အမှန်တကယ် ဖြစ်ခဲ့သည်။ အလုပ်သမား တစ်စု က နွားကြီး တစ်ကောင်ကို သားသတ်ရုံကို ဆွဲခေါ်လာခဲ့ရာ ၀င်ပေါက်ဝ အနားအရောက်၌ သနား စရာ နွားကြီး ခမျာ ရှေ့ခြေထောက် ၂ ချောင်းကို ညွှတ်၍ ဒူးထောက် ချလိုက်သည်။ 

မျက်ရည်များ ဖြိုင်ဖြိုင် ကျလာပြီး ရှေ့ဆက် သွားခိုင်းလို့လည်း မရတော့ပေ။ နွားတစ်ကောင် က အသတ် ခံရတော့မည် ဆိုသည်ကို သားသတ်ရုံ အထဲမှ မရောက်သေးခင် မည်ကဲ့သို့ သိပါသလဲ။ မျက်မြင် များ ကတော့ ပြော မယုံ ကြုံမှသိ ဖြစ်ခဲ့ရသည်။
 

Wednesday, 19 March 2014

အခေါင်း ကနေ ခဏ ထ လို့ ရေတောင်းသောက်ပြီး ပြန်သေသူ

အခေါင်းကနေ ခဏ ထလို့ ရေတောင်းသောက်ပြီး ပြန်သေသူ 

ဘရာဇီးနိုင်ငံမှာ တကယ် ဖြစ်သွားတဲ့ ဖြစ်ရပ် ဖြစ်ပါ တယ်။ သေဆုံးပြီး သွားတဲ့ ကလေးငယ်ကို အခေါင်းသွင်းခါနီး အချိန် ရုတ်တရက် ရေ ထတောင်းသောက်ပြီး ချက်ချင်း ပြန်လှဲလျောင်း သေဆုံးခဲ့ ပါတယ်။ 

သက္ကရာဇ် ၂၀၁၂ ခုနှစ် ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ Kelvin Santos  လို့ အမည်ရတဲ့ ၂ နှစ်အရွယ် ကလေးငယ်ဟာ နှလုံး အသက်ရှု ရပ်ပြီး သေဆုံးတယ်လို့ဆေးရုံက ဆရာဝန်များက အတည်ပြုလိုက် ပါတယ်။ ဒါကြောင့်မို့ ရက်ပိုင်း အတွင်း သင်္ဂြုလ်ရန် စီစဉ်ပြီး အုတ်ဂူသွင်းခါနီးချိန် အခေါင်းကနေ ရုတ်တရက် ထလို့ "အဖေ ရေသောက်ချင်တယ်" လို့ ထ ရေရွတ်ပါတယ်။ မြင်နေရတဲ့ ပတ်ဝန်းကျင်က လူအားလုံး အလန့်တကြား အော်ဟစ် ကြပြီး ထွက်ပြေးသူက ပြေး ပါတယ်။ 

ဒါနဲ့ ပြန်လှဲလျောင်း သွားတဲ့ ကလေးငယ်ကို အဖေ ဖြစ်သူ က ပွေ့ ဖက်ပြီး ဆေးရုံကို နောက်တစ်ခါ ပြန်သွား ပါတယ်။ ဆေး ရုံမှာ နောက် တစ်ခါ သေချာ စစ်ဆေးပေမယ့် အသက်ရှင်တဲ့ လက္ခဏာ လုံးဝ မတွေ့ ပါဘူး။ သေတုန်းကလည်း နှလုံး အသက်ရှူ ရပ်လို့ သေဆုံးတယ်လို့ အတည်ပြုထားခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် အခေါင်း ကနေ ရုတ်တရက် ပြန်ထ လို့ စကားပြန်ပြောတာကိုတော့ ဘယ်သူမှ မစစ်ဆေး မဖော်ထုတ် နိုင်သေး ပါဘူး။ 

အသက်ရှူရပ်ပြီး သေတယ်လို့ အတည်ပြုထားတဲ့ လူတစ်ယောက်က မီးသဂြိုလ်ခါနီး၊ အခေါင်းသွင်း ခါနီး ပြန် အသက်ရှင်လာတဲ့ ဖြစ်ရပ်တွေတော့ များစွာ ရှိပါတယ်။ သို့ပေမယ့် Kelvin Santos လို့ အမည်ရတဲ့ ကလေးငယ် ကတော့ အဖေ့ထံ ရေတစ်ခွက် တောင်းဆိုပြီး တကယ် အပြီး သေဆုံး ခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/health/health-article/40324-boy-wake-from-caffin-for-water-and-died

.

ဘရာဇီးနိုင်ငံမှာ တကယ် ဖြစ်သွားတဲ့ ဖြစ်ရပ် ဖြစ်ပါ တယ်။ သေဆုံးပြီး သွားတဲ့ ကလေးငယ်ကို အခေါင်းသွင်းခါနီး အချိန် ရုတ်တရက် ရေ ထတောင်းသောက်ပြီး ချက်ချင်း ပြန်လှဲလျောင်း သေဆုံးခဲ့ ပါတယ်။

သက္ကရာဇ် ၂၀၁၂ ခုနှစ် ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ Kelvin Santos လို့ အမည်ရတဲ့ ၂ နှစ်အရွယ် ကလေးငယ်ဟာ နှလုံး အသက်ရှု ရပ်ပြီး သေဆုံးတယ်လို့ဆေးရုံက ဆရာဝန်များက အတည်ပြုလိုက် ပါတယ်။ 


Sunday, 9 March 2014

သွေးစုပ် ဖုတ်ကောင် (Vampires) တွေ တစ်ကယ်ပဲ ရှိသလား

Pay Hmya WaiYu's photo.

အသက် (၁၆) နှစ်အရွယ် တရုတ်နိုင်ငံက ကောင်လေးတစ်ယောက်မှာ သွေးစုပ်ဖုတ်ကောင် တွေရဲ့ အစွယ်ပုံစံလေး ပေါက်လာခဲ့ပါတယ်…၊ ချက်ချင်းဆိုသလိုပဲ အမေဖြစ်သူက ဆရာဝန်ဆီ ကို ခေါ် သွားပြခဲ့ပါတယ်..။ 

ဒီကလေးရဲ့ပုံစံဟာ အခုဆို မွေးစက ပုံစံနဲ့အတော့ကို ကွာနေပါပြီ..။ မွေးမွေးချင်းမှာပဲ.၊ အမေ ဖြစ်သူက ကလေးရဲ့ ကိုယ်ပေါ်က အမွှေးအမျှင်တွေကို သတိထားမိခဲ့ပါတယ်..။ ဒါကို သတိမထားခဲ့ပဲ အချိန်တန် ရင် ပျောက်သွားမှာပဲလို့ တွေးထားခဲ့ပါတယ်..။ 

Thursday, 6 March 2014

မကောင်း ဆိုးဝါးတွေ အကြောင်းပြောပြီး ကလေးတွေ ပါတဲ့ ကားကို သမုဒ္ဒရာထဲ ထိုးမောင်းခဲ့တဲ့ မိခင်




ကိုယ်ဝန်ဆောင် မိခင်တစ်ဦးဟာ သူ့ရဲ့ ကလေး ၃ ယောက် ပါတဲ့ Honda Odyssey ကားကို အတ္တလန္တိတ် သမုဒ္ဒရာထဲ ထိုးမောင်းခဲ့ပါတယ်။ သူမဟာ မကောင်းဆိုးဝါးတွေ အကြောင်းပြောခဲ့တာ မှန်ပေမဲ့ ရဲတွေ စစ်ဆေးကြည့်တော့လည်း အကောင်းအတိုင်း ပါပဲလို့ အာဏာပိုင်တွေက မေလ ၅ရက်နေ့မှာ ပြောခဲ့ ပါတယ်။

Honda Odyssey အနက်ရောင်ကားဟာ လှိုင်းလုံးတွေကြား မြှုပ်တော့မှာမို့ အသက် ၉နှစ်နဲ့ ၁၀နှစ်ရှိတဲ့ ကလေးနှစ်ယောက်ဟာ သူ့တို့အသက်ရှင်ရေးအတွက် ကြိုးစားခဲ့ကြတယ် လို့ ကြောက်ရွံ့ထိတ်လန့်ခဲ့ ရတဲ့ ဘေးကမြင်သူတွေက ပြောပါတယ်။


Monday, 3 March 2014

သမ္ဗုဒ္ဓေ မကြောက်သော သရဲ


သမ္ဗုဒ္ဓေ မကြောက်သော သရဲ
၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက

အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံးတည်ခြင်း၊ ရောဂါတစ်ခုပင်။
စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာအရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခုခက်နေသည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။
၎င်းရောဂါကိုအရင်သက်သာအောင် ဆေးစားပြီးစောင့်နေရသည်က နှစ်ရက်သုံးရက်ကြာ သွားသည်။ အရေးပေါ်ခန်းဖြစ်သည့် အတွက်စောင့်ပေးသောညီမမှာ
လည်းအထဲဝင်ခွင့်မရ အခြားနေရာမှသာစောင့်ရရှာသည်။
ညရောက်လာသည်နှင့်ကြောက်စိတ် ကအလိုလိုဝင်လာသည် အားကိုးပြုစရာ ရှာကြည့်တော့ အခန်းထဲတွင် ဘာသာခြားကုလားအမျိုးသမီး တစ်ဦးကိုသာတွေ့
ရသည်၊ ဘာသာရော လူမျိုးပါမတူသဖြင့် တော်တော်နှင့်စကားမပြောဖြစ် သုံးရက်မြောက်နေ့ မနက်တွင်မတော့ ထိုဘာသာခြား အမျိုးသမီးထံမှ ငိုရှိက်သံသဲ့သဲ့
ထွက်လာတော့ ဒေါ်တင်တစ်ယောက်မနေနိင်တော့ မိန်းမချင်းကိုယ်ချင်းစာစိတ်ဖြင့် သွားေ၇ာက်မေးမြန်းမိသည်။
“သြော်-ဒီကညီမ ကျွန်မဘာများ အကူအညီပေးရမလည်းဟင်” သူက“ကျွန်မကို ကယ်နိင်ရင်ကယ်ပါရှင် ကျမနေရမှာ မဟုတ်တော့ပါဘူး” ပြောပြောဆိုဆိုဖြင့်
ဒေါ်တင်ဖက်သို့ လှည့်ကြည့်လိုက်သော ဘာသာခြားအမျိုးသမီးမျက်နှာကို မြင်လိုက်ရသည်နှင့် ဒေါ်တင်တယောက် ထိတ်ခနဲဖြစ်သွားခါ ထရပ်မိတော့သည်
ထရပ်မည်ဆိုလည်း ရပ်စရာပင်။ အဘယ်ကြောင့်ဆိုသော် ဆင်းရက်ပင်ရပြီဖြစ်၍ ကျန်းမာစဖြစ်နေသော ဘာသာခြားအမျိုးသမီးမှာ စိတ်ချမ်းချမ်းသာသာ ၀၀
ဖြိုးဖြိုး တွေ့ရသော်လည်း ယခုမနက်တွင်ကာ အသားအရေများမှာ ယူပစ်လိုက်သကဲ့သို့ တကိုယ်လုံး အရိုးပေါ်အရေတင်သာကျန်ရှာလေတော့သည်၊
ပါးချောင်ကြီးကျပြီး မျက်တွင်ကြီးချိုင့်နေသည်မှာ ကြောက်တက်သူဆိုလျှင် လိပ်ပြာလွင့်လောက်ပေသည်။ သို့သော်မြန်မာလူမျိုးတို့ လက်သုံးကရုဏာတရား
က အကြောက်တရားကိုလွှမ်းမိုးသွားသဖြင့် ခုတင်ဘေးတွင် တင်ပလွှဲထိုင်နေရင်းက ထိုအမျိုးသမီး၏လက်ကိုဆုပ်ကာ အားပေးလိုက်မိသည်။
"ညီမရယ် အားငယ်စရာတွေမပြောပါနဲ့၊ ဆရာဝန်ကြီးကတောင် ညီမကိုဆင်းရက်ရပြီလို့ ပြောသွားတယ်မဟုတ်လား၊ ညီမ ဘာမှဖြစ်စရာမရှိပါဘူး" 
"ညီမနေရဖို့အချိန်သိပ်မရှိပါဘူး၊အစ်မကိုပဲမှာချင်တာမှာခဲ့ပါရစေ၊ နေ့ခင်းညီမအိမ်ကလူတွေလာတဲ့အခါ တစ်ခုလောက်ပြောပေးပါ"
"ပြောလေညီမ ဘာပြောရမလဲ"
"ညီမစုထားတဲ့ငွေကြေးအချို့ကိုကုသိုလ်ပြုပြီး ညီမကိုအမျှပေးကြပါလို့"
"ညီမက ဗုဒ္ဓဘာသာလား"
"ဗုဒ္ဓဘာသာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကုသိုလ်ပြုအမျှဝေတဲ့အခါမှာတော့ ဗုဒ္ဓဘာသာအတိုင်းသာပြုပေးပါလို့ ပြောပေးပါ"
"အေးအေး-အေးအေး ပြောပေးပါ့မယ်ကွယ်"
ထိုအခါ ဒေါ်တင်တစ်ယောက် ပျဉ်းမနားမှ ကုလားသူဌေးကြီးတစ်ယောက်အကြောင်းကို သွားအမှတ်ရမိသည်။၎င်းသူဌေးကြီးမှာ သမီးလေးတစ်ယောက်သာ
ရှိရာ လင်မယားနှစ်ယောက်လုံး ငုံထားမတတ် ချစ်ကြသည်။
တစ်နေ့တွင် သမီးငယ်လေးမှာ ရုတ်တရက် ရောဂါတစ်ခုဖြင့်ဆုံးပါးသွားတော့ရာ သူဌေးကြီးတို့ လင်မယားမှာ ဆောက်တည်ရာမရဖြစ်အောင်ခံစားကြရရှာ
သည်။မကျွတ်ရှာသောသမီးလေးမှာ သေပြီးနောက်တစ်ရက်မှာပင် သူနေသောအခန်းထဲမှ ချိုးချိုးချွတ်ချွတ် အသံပေးခြင်း၊ မိဘနှစ်ပါးသာရှိနေသောအခါတို့တွင်
"ဒယ်ဒီနဲ့မာမီ သမီးကို အ၀တ်အစားတွေပေးပါ" ဟူသော အသံကလေးကို ညတိုင်းကြားနေရသဖြင့် သူတို့ဘာသာထုံးစံအတိုင်း ပြုလုပ်ပေးသော်လည်း သမီးင
ငယ်လေးအသံက ပျောက်ပျက်မသွားပေ။
သို့ဖြင့် မိဘနှစ်ပါးမှာ ကြံရာမရဖြစ်နေစဉ် သစ်လုပ်သားထဲမှ ဗုဒ္ဓဘာသာတစ်ယောက်ကို ဖွင့်ဟတိုင်ပင်ပြီး ဗုဒ္ဓဘာသာနည်းအတိုင်း ရဟန်းသံဃာများပင့်ကာ
ဆွမ်း၊ သင်္ကန်းများလှူပြီး အမျှပေးသောအခါမှ ညတိုင်းကြားနေရသော သမီးငယ်လေး၏ အသံမှာပျောက်သွားခဲ့ပါသည်။ ထိုမှနောက် သူဌေးကြီးတို့ လင်မယား
နှစ်ယောက်မှာလည်း ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းရောက်ရှိလာခဲ့ပါတော့သည်။
ယခုအမျိုးသမီးလဲထိုကဲ့သို့ပင် သဘောပေါက်ထားသောကြောင့် ယခုလိုပြောခိုင်းခြင်း ဖြစ်လိမ့်မည်ဟူ၍ နားလည်ထားလိုက်ပါသည်။
"အစ်မကိုလဲ ကိုယ့်အစ်မအရင်းလိုသဘောထားပြီး တစ်ခုသတိပေးခဲ့ပါရစေ"
"ရှင်-သြော်-ပြောလေ ညီမ၊ ပြောပါ"
ကိုယ့်အတွေးနှင့်ကိုယ် လွင့်မြောနေသောအချိန်မို့ ဒေါ်တင်ထံမှ အာမေဍ္ဍိတ်သံတစ်ခု ထွက်သွားသည်။
"အစ်မ-ညီမ အခုသေရမယ်ဆိုတာ တခြားကြောင့်မဟုတ်ဘူး၊ လူတွေရဲ့ သာမန်မျက်စိနဲ့မမြင်ရနိုင်တဲ့ မကောင်းဆိုးဝါးတွေကြောင့်ပဲ၊အစ်မလဲ ကိုယ့်ဘာသာ
နည်းနဲ့ကိုယ် မကောင်းဆိုးဝါး ဘေးကလွတ်အောင် အကာအကွယ်လုပ်ထားပါ"
"ညီမ ကိုမနေ့ညက (၁၂) နာရီလောက်မှာ အလွန်ကြောက်စရာကောင်းတဲ့ ခေါင်းပြတ်ကြီး ဆယ်လုံးဝိုင်းပြီးလိုက်ကြတယ်၊ ပထမတော့ကိုယ့်ဘာသာနည်း
နဲ့ ကြိုးစားပြီးကာကွယ်ကြည့်သေးတယ်၊ ဘယ်လိုမှမရဘူး၊ မရတဲ့အဆုံးမှာတော့ သူလိုကိုယ်လိုပဲ ထွက်ပြေးရတော့တာပေါ့"
"ဒါပေမယ့် မလွတ်ပါဘူးအစ်မရယ်၊နောက်တော့ ညီမရဲ့ ဟောဒီလက်မလေးကို ခေါင်းပြတ်တစ်လုံးက ကိုက်မိသွားတယ်၊ ဒီမှာသေချာကြည့်ပါ အစ်မ"
ဒေါ်တင်တစ်ယောက် မယုံတစ်ဝက်ယုံတစ်ဝက်မျက်နှာဖြင့် သေချာကြည့်လိုက်တော့ သွားကိုက်ရာလေးဖြင့် သွေးခြေဥနေသော လက်မလေးကို သေသေ
ချာချာ မြင်လိုက်ရသည်။
"ဘုရား-ဘုရား ဘယ်လိုများဖြစ်ကုန်ကြပါလိမ့်" အထိတ်တလန့်ဖြင့် ဘုရားကိုပင် စိတ်ထဲမှာ တ, လိုက်မိသည်။
"ညီမရဲ့ လက်ကိုအကိုက်ခံလိုက်ရကတည်းက ညီမမှာရှိတဲ့ အားတွေ နည်းနည်းမှမကျန်အောင် ထုတ်ယူပစ်သလိုခံစားလိုက်ရတယ်၊ လူလဲအ၀တ်ပုံကြီးလို 
ခွေကျသွားတယ်၊အဲဒီအချိန်မှာပဲ မည်းမည်းအကောင်ကြီးတစ်ကောင်က ညီမကို ဟိုး ကောင်းကင်အမြင့်ကြီးထိ ဖမ်းခေါ်သွားပြီးမှ အောက်မြေပေါ်ကို ပြန်လွှတ်ချ
ပစ်လိုက်တယ်၊ အခုတော့ညီမ အဲ့ဒီဒဏ်နဲ့ပဲသေရတော့မှာပါ၊ ကဲပကဲ- အစ်မလဲ အစ်မနေရာသွားပြီး ကိုယ့်အကာအကွယ်နဲ့ကိုယ်နေပါတော့"
ထိုသို့ပြောဆိုပြီးသည်နှင့် အမျိုးသမီးက စောင်ကို ခေါင်းမြီးခြုံသွားသဖြင့် ဒေါ်တင်တစ်ယောက် ဘာမှဆက်မပြောနိုင်တော့ဘဲ မိမိခုတင်သို့ပြန်ခဲ့ရတော့
သည်။ထိုအချိန်မှာပင် လူနာစောင့်တာဝန်ကျနေသော ဒေါ်တင်၏ညီမအငယ်ဆုံး အခန်းထဲ စားစာရာအချို့နှင့်အတူဝင်လာသည်။
"အစ်မရေ-ကျွန်မ ဆရာဝန်ကြီးနဲ့တွေ့လာတယ်၊ ဆရာဝန်ကြီးကပြောတယ်၊ သွေးတိုးရောဂါ၊ စိတ်ချရမှခွဲမှာဆိုတော့ နောက်သုံးရက်လောက်စောင့်ရဦး
မယ်တဲ့၊ အဲ့ဒီတော့ ခွဲစိတ်မယ့်ရက်မှပဲ ညီမလာတော့မယ်၊ ဒီကြားထဲတော့ ဆေးရုံရှေ့က ထမင်းဆိုင်မှာပဲ အစ်မဘာသာကြည့်စားပေတော့၊ ဆိုင်ကိုလဲမှာထားပါ
တယ်၊အစ်မ လာမစားနိုင်ရင် အခန်းထဲထိ လာပို့ပါလို့၊ ကဲ-ကျွန်မပြန်တော့မယ်၊ အိမ်မှာ ကလေးတွေချည်းဆိုတော့ စိတ်မချရဘူး၊ အစ်မရောဘာမှာချင်သေး
လဲ"
စောင့်ပေးနေသော ညီမက ပြန်သွားတော့မည်ဆိုတော့လဲ အားငယ်စိတ်က အလိုလိုဝင်လာသည်။ သူ့ကိုယ်သူသေမည်ဟု ပြောနေသော အမျိုးသမီးကို 
လှမ်းကြည့်လိုက်တော့ စောင်ခေါင်းမြီးခြုံလျက် တိတ်ဆိတ်ငြိမ်သက်စွာတွေ့ရသောကြောင့် သေများသွားပြီလားဟူသော အတွေးနှင့်အတူ ခန္ဓာကိုယ်မှာ ဆတ်
ကနဲ တစ်ချက်တုန်သွားသည်ကို ကိုယ့်ကိုယ်ကို သတိထားမိလိုက်သည်။
အကြီးဆုံးအစ်မတစ်ယောက်က အငယ်ဆုံးညီမတစ်ယောက်ကို ငါကြောက်လို့မပြန်ပါနဲ့ဟူသောစကားကိုလဲ ပြောရမှာ ရှက်နေသဖြင့် ဘာမှမပြောမိ။
"ကဲပါလေ ပြန်ချင်ပြန်ပါ၊ အစ်မအတွက်ဘာမှပူစရာ မရှိပါဘူး၊ မှာစရာလဲမရှိပါဘူး"
ဒေါ်တင်၏စကားဆုံးသည်နှင့် ညီမဖြစ်သူမှာသိမ်းစရာရှိသော ပစ္စည်းတချို့ကို သိမ်းဆည်း၍ ဆေးရုံဝင်းထဲမှ ထွက်ခွာသွားပါတော့သည်။ ဟိုတွေးဒီတွေး
ဖြင့် အချိန်ကုန်သွားရာ နေ့လယ် (၁၁) နာရီခန့်အချိန်မှာပင် ဘာသာခြား အမျိုးသမီး၏ ဆွေမျိုးများဖြစ်ဟန်တူသော မိန်းမနှစ်ယောက်နှင့်ယောက်ျားတစ်
ယောက်တို့ဝင်လာသည်ကို တွေ့လိုက်ရသည်။
တစ်ခဏအကြာမှာပင် ထိုအမျိုးသမီးခုတင်မှ စူးစူးဝါးဝါး အော်ဟစ်ငိုယိုသံတစ်သံကို ကြားလိုက်ရသည်။
"အမယ်လေးသမီးရဲ့ အဖြစ်ဆိုးလှချည်လား၊ ဆေးရုံကဆင်းခွင့်ရပြီးကာမှ ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံရတာလဲကွယ့်၊ ဟဲ့ဟဲ့"
ငိုယိုသံကိုထောက်ဆကြည့်လိုက်လျှင် ထိုအမျိုးသမီး သေဆုံးသည်မှာသေချာနေပေပြီ။ ၄င်း မှာထားသော စကားများကို သတိရလိုက်မိသည်နှင့် ကြောက်
စိတ်ကြောင့် ကြက်သီးများ တဖျန်ဖျန်း ထသွားရင်းဖြင့်ပင်။ ထိုအမျိုးသမိ၏ီး ၏ မှာထားချက်များကို သွား၍ပြောလိုက်ရသေးသည်။ သူတို့တစ်တွေက မယုံသလို
ယုံသလို မျက်နှာပေးတွေနှင့်ကြည့်နေကြသဖြင့် ယုံတာ၊ မယုံတာ သူတို့အလုပ်၊ မှာထားခဲ့သည့်အတိုင်းပြောရမှာ ငါ့အလုပ်ဟု သဘောထားပြီး ပြောပြီးသည်နှင့်
ကိုယ့်နေရာကို အေးအေးဆေးဆေး ပြန်လာခဲ့လိုက်သည်။
ဘာသာခြားအမျိုးသမီး၏ အလောင်းကို ပိတ်ဖြူအုပ်ပြီး ထုတ်ယူသွားသည်နှင့် မြင်ကွင်းက ဒေါ်တင်၏မျက်စိထဲတွင်ဖျောက်မရနိုင်အောင် ဖြစ်နေရသည်။ည
မိုးချုပ်လာသည်နှင့်ကြောက်ရွံ့စိတ်တို့က တဖြည်းဖြည်းများလာသည်။ ကျန်လူနာခန်းများနှင့် အရေးပေါ်ခန်းမှာ ဘာမှဝေးသည်တော့မဟုတ်။
စကားကျယ်ကျယ်ပြောလျှင်ပင် ကြားနိုင်လောက်သော အနေအထားရှိသည်။ချောက်ချားသော စိတ်ကို ဖြေဖျောက်ရင်အလို့ငှာ တခြားအခန်းမှ လူနာများ
ကို သွားရောက်စကားပြောရင်းဖြင့် အချိန်ဖြုန်းနေလိုက်သည်။ သို့သော် ည (၁၀) နာရီခန့်ရှိသောအချိန်တွင်ကား အိပ်ချိန်ရောက်နေပြီဖြစ်သဖြင့် ကိုယ့်နေရာ
ကိုယ် အလိုက်တသိ ပြန်ရေရတော့သည်။
ဘာသာခြားအမျိုးသမီးမှာခဲ့သော "ညီမ အခုသေရမယ် ဆိုတာတခြားကြောင့်မဟုတ်ဘူး၊ လူတွေရဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့မကောင်းဆိုးဝါးတွေ
ကြောင့်ပဲ" ဆိုသည့်စကားလုံးက ဒေါ်တင်၏ စိတ်နှလုံးကို တစ်ညလုံးချောက်ချားစေခဲ့သည်။ဟိုလူး ဒီလှိမ့်ဖြင့် ည (၁၂) နာရီ ထိုးသွားခဲ့လေပြီ။
ထိုအချိန်မှာပင် မိမိအခန်းဆီသို့ တရှပ်ရှပ်ဖြင့်လာနေသော ခြေသံကို ကြားလိုက်ရသ်ဖြင့် ခေါင်းမြီးခြုံထားသော စောင်ကို ဖယ်၍ သေချာစွာကြည့်လိုက်ရာ
ဘာကိုမှ မတွေ့ရ။
ခုတင်ပေါ်တွင် အသီးသီးအိပ်ပျော်နေကြသော လူနာများကိုလည်း မှန်ခန်းစည်းမှ အတိုင်းသားမြင်နေရသည်။ ထူးခြားသည်က ခြေသံကိုကြားနေရသည်။
ခြေသံပိုင်ရှင်ကို မတွေ့ရဖြစ်နေခြင်းပင်။ မိမိနေသော အရေးပေါ်အခန်းဝ၊ လူဝင်တံခါးနားရောက်တော့ ခြေသံက ခဏပျောက်သွားသည်။
လူဝင်တံခါးကလည်းမှန်ကိုသာတပ်ထားသည်မို့ အပြင်ဘက်ကို အထင်းသားမြင်နေရပါသည်။ခဏအကြာမှာပင် လူဝင်တံခါး ရှေ့မိမိအခန်းဝတွင် စုတ်
ပြတ်ပေရေနေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ အေးစက်စက်နှင့် ဖြုဖပ်ဖြူရော်ဖြစ်နေသောမျက်နှာထားကြီးကိုမြင်လိုက်ရသည်နှင့်ဘယ်လိုကဘယ်
လိုဖြစ်သွားသည်မသိ။
ဒေါ်တင်၏ ညာဘက်လက်ညှိုးက ထိုမကောင်းဆိုးဝါးရှိရာ တည့်တည့်ထိုးလျက် သမ္ဗုဒ္ဓေဂါထာတော်ကို နှုတ်တက်ရွရွရွတ်ဆို လျက်ရှိပါတော့သည်။ ဂါ
တာတစ်ခေါက်မဆုံးမီမှာပင် စိတ်ပျက်သောအမူအရာနှင့် ပြန်ထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။
မိမိ၏မြင်ကွင်းမှ ကွယ်ပျောက်သွားသည်နှင့် ဂါထာကို အရွပ်ရပ်ပြီး နေခင်းကမှ သေဆုံးသွားသော ဘာသာခြားအမျိုးသမီး၏ ခုတင်ကိုလှမ်းကြည့်လိုက်မိ
သေးသည်။ ထိုအမျိုးသမီး၏မှာကြားခဲ့သောစကားတို့မှာ သေခါနီး ကယောင်ချောက်ချားထင်မိ ထင်ရာပြောခဲ့ခြင်းမဟုတ်သည်မှာတော့ သေချာနေသည်။
မကောင်းဆိုးဝါးကို မိမိကိုယ်တိုင် တွေ့လိုက်ရပြီမဟုတ်ပါလား။ ဘာမှတော့ သိပ်ကြာလိုက်သည် မထင်ရ။ စောစောက လူဝင်တံခါးမှပင်အဖြူရောင်အ
ဝတ်စသဏ္ဌာန်ကို တွေ့လိုက်ရသလို ရှိသဖြင့် သေသေချာချာစိုက်ကြည့်လိုက်မိသည်။ သေချာသွားလေပြီ။
"မသေခင် ကိုယ့်ဘာသာ သရဏဂုံတင်ထားပြီး စွဲမြဲနေဖို့ပဲ အရေးကြီးတယ်၊ သေပြီးမှ သရဏဂုံတင်နေလို့ကတော့ သေသွားသူအတွက် ဘာမှအကျိုးမရှိ
ဘူး၊ ကျန်ရစ်တဲ့ မိသားစုအတွက်ပဲ အကျိုးရှိတယ်" ဟူသော ဆရာတော်ကြီးများ၏ အဆုံးအမကို သတိရသည်နှင့် ဒေါ်တင်တစ်ယောက်အချည်းအနှီးဖြစ်သော
ရုန်းကန်နေသည့်အလုပ်ကိုရပ်လိုက်ကာ-
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ၊
သံဃာတော်အရှင်မြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟူ၍ နောက်ဆုံးဆောက်တည်နေခြင်းအနေဖြင့် အာရုံရရွတ်ဆိုဆောက်တည်လိုက်ရာ သရဏဂုံအဆုံးမှာပင် သရဏဂုံသုံးပါ၏

အစွမ်းသတ္တိကို ကိုယ်တွေ့ကြုံလိုက်ရသော ဒေါ်တင်ကတော့ တခြားဘာကိုမှ အာရုံမထားနိုင်တော့ဘဲ သရဏဂုံသုံးပါး
ကိုသာ ဆက်တိုက်ရွတ်ဖတ်သရဇ္ဈာယ်နေတော့ရာ မည်မျှလောက်ကြာသွားသည် မသိတော့။
တာဝန်ကျ သူနာပြုလေးများနှင့် တခြားအခန်းမှ လူနာများအခန်းထဲဝင်လာပြီး ၀ိုင်းဝန်းမေးမြန်းပြုစုတော့မှပင် အရွတ်ရပ်နိုင်ပါတော့သည်။ဘေးကလူ
များကတော့ တခြားဘာကိုမှမမြင်လိုက်ကြ။ သရဏဂုံသုံးပါးကို ပက်လက်ကြီးလှန်၊ လက်အုပ်ချီပြီး အသံကျယ် ကြီးဖြင့် ဆက်တိုက်ရွတ်ဖတ်နေသောကြောင့်
သာ အထူးအဆန်း ဖြစ်ပြီး ၀င်ရောက်မေးမြန်းကြခြင်းဖြစ်သည်။
ထိုရက်မှနောက်တွင်ကား ၄င်းအခန်းထဲတွင် မကောင်းဆိုးဝါး အန္တရာယ် လုံးဝကင်းရှင်းသွားကြောင်း၊ သူကိုယ်တိုင်လည်း ခွဲစိတ်ပြီးသည်အထိနေခဲ့
သော်လည်း ဘာအနှောင့်အယှက်မှ ထပ်မတွေ့တော့ကြောင်းကို ၀မ်းသာအားရ ပြောပြခဲ့ပါသညါ။ စာရှုသူအပေါင်းလည်း သရဏဂုံအစွမ်းဖြင့် မကောင်းဆိုးဝါး
အန္တရာယ်မှကင်းဝေးကြပါစေသော်/

(အရှင်ဇ၀နရေးသော သရဏဂုံအစွမ်းစာအုပ်မှဖေါ်ပြသည်)
(၀ိဇ္ဇာစရဏသမ္ပတော)



Credit-buddhaworld

၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင် တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက အမျိုးသမီးများ တွင် အဖြစ် များသော သားအိမ်ထဲ အကျိတ်အလုံး တည်ခြင်း၊ ရောဂါတစ်ခုပင်။

စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာအရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခု ခက်နေသည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။

၎င်းရောဂါကို အရင်သက် သာအောင် ဆေး စားပြီးစောင့်နေရသည် က နှစ်ရက်သုံးရက်ကြာ သွားသည်။ အရေးပေါ်ခန်းဖြစ်သည့် အတွက် စောင့်ပေးသော ညီမမှာ လည်းအထဲဝင်ခွင့်မရ အခြားနေရာမှ သာ စောင့် ရရှာသည်။

Tuesday, 25 February 2014

ခိုင်မာတဲ့ ခံယူချက် နဲ့ မင်္ဂလာပွဲနွှဲ ပြီး ရွှေလက် တွဲတော့မယ့် လိင်တူ ချစ်သူ စုံတွဲ

ကိုတင်ကိုကို (ရှေ့)နဲ့ ကိုမျိုးမင်းထက် (နောက်) တို့ကို နေအိမ်မှာ ပျော်ပျော်ရွှင်ရွှင်တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)











ညနေခင်း ရုံးဆင်း  လို့ သူတို့ရဲ့ထရံကာ၊ သွပ်မိုး ပျဉ်ထောင်အိမ်လေး ကို အရင်ဆုံး ပြန်ရောက်တဲ့
သူက မီးဖိုချောင် မှာ ထမင်းဟင်းချက်တဲ့ တာဝန်ကို ယူရပါတယ်။

နှစ်ယောက် စလုံး ရုံးမှာ သိပ်ကို ပင်ပန်းလာပြီ ဆိုရင်တော့ ချက်ပြုတ်မနေတော့ ဘဲ နီးရာဆိုင်မှာပဲ
ပြေးပြီး ညစာစားကြပါတယ်။

ဒါဟာ လိင်တူ ချင်း သံယောဇဉ်ဖြစ်မိကြပြီး သာမန်စုံတွဲတွေ လိုပဲ နှစ်ယောက် တစ်ဘ၀ ထူထောင်
ထားကြတဲ့ ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက် တို့ စုံတွဲရဲ့ လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ် ဖြတ်သန်းမှုပုံစံပဲ
ဖြစ်ပါတယ်။



Wednesday, 5 February 2014

အိပ်နေစဉ် ငရဲကျသည့် ခံစားချက်- Old Hag' Syndrome


အိပ်နေစဉ် ငရဲကျသည့် ခံစားချက်- Old Hag' Syndrome

Old Hag' Syndrome လို့ခေါ်ပါတယ်။ 'sleep paralysis' လို့လည်း အမည် ရတဲ့ ခံစားချက် တစ်ခုပါ။ 

ညသန်းခေါင် သို့မဟုတ် အချိန်တစ်ခုခုမှ ရုတ်တရက်လန့်နိုးပေမယ့် အသံထွက် အော်ဖို့ သို့မဟုတ် လှုပ်ရှားပြုမူဖို့ ဘာမှ မလုပ်နိုင်ပါဘူး။ မြင်ရ၊ ကြားရ၊ ထိတွေ့ရ၊ ရှူရှိုက်ရပေမယ့် ကိုယ်က ဘာမှ ပြန်မလုပ်နိုင်ပဲ တစ်ခုခု က ရှုပ်တီးထားသလို ခံစားရမှာ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ အငွေ့ ကို ရမယ်။ ကြောက်စရာ အသံတွေ ကြားရမယ်၊ လူသို့မဟုတ် ကြောက်စရာ အကောင်၊ သတ္တဝါတစ်ခုခု က ကိုယ့်အပေါ် ဖိထားသလို ခံစားနေရပြီး အသက် ရှုကြပ်တယ်လို့လည်း ခံစားရမှာ ဖြစ်ပါတယ်။ 

ယင်းအချိန်ကာလက ၁ မိနစ်နဲ့ ၂ မိနစ်ကြား ကြာမြင့်ပါတယ်။ အိပ်ရေး ပျက်ပါ များရင်လည်း ဖြစ်တတ်တဲ့ အခြေအနေ တစ်ခုပါ။ 'sleep paralysis' လိုမျိုး အိပ်နေစဉ် ငရဲကျတဲ့ ခံစားချက်မျိုးကို လူအများစု ခံစားရဖူးကြောင်း သိရပါတယ်။
.
Ref: medicfacts

အောင်ခမ်း (ရိုးရာလေး) 

.
 
Old Hag' Syndrome လို့ခေါ်ပါတယ်။ 'sleep paralysis' လို့လည်း အမည် ရတဲ့ ခံစားချက် တစ်ခုပါ။

ညသန်းခေါင် သို့မဟုတ် အချိန် တစ်ခုခုမှာ ရုတ်တရက် လန့်နိုးပေမယ့် အသံထွက် အော်ဖို့ သို့မဟုတ် လှုပ်ရှားပြုမူဖို့ ဘာမှ မလုပ်နိုင်ပါဘူး။

Saturday, 21 December 2013

ကွယ်လွန်သူ ရဲ့ လိပ်ပြာ ကို ပြန်ခေါ်ရာ မှာ နောက်ပြောင်ပြီး ခေါ်ခဲ့လို့ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်များ (ဖြစ်ရပ်မှန်)


ဒီဇာတ်လမ်းလေး က ကျွန်မတို့မိသားစုမှာ တကယ်ဖြစ်ခဲ့တာပါ။ ကျွန်မ တို့ခြံ (အခုတော့ ကန်ထရိုက်တိုက်) က တာမွေမြို့နယ် ကျိုက်က္ကဆံဘောလုံးကွင်း နဲ့ကပ်လျှက် မှာရှိပါတယ်။ ကျွန်မတို့ အဖိုးကတော့ ဒီဇာတ်လမ်းလေး ရဲ့ မင်းသားပေါ့ ။ 
အဖိုးကအလုပ် အရမ်းလုပ်သူပါ... အိမ်မှာလဲ ဆေးပြင်းလိပ်ခုံထောင်ထားသလို ဇတ်ပွဲကန်ထရိုက်လည်း လုပ်ပါတယ်... မိသားစုကို သံယောဇဉ်ကြီးသလို ပျော်ပျော် လည်းနေတတ်သူပေါ့။ ဒါပေမဲ့ ကံကြမ္မာက အဖိုး ကို ကုသမရတဲ့ ကင်ဆာရောဂါကို ပေးခဲ့ပါတယ်။

ဇာတ်လမ်းကတော့အဖိုးအသုဘမြေချတဲ့ရက်မှာစတာပါ။ မြေချတဲ့ရက်မှာမိသားစုဝင်ထဲမှာ ယောက်ျားလေး   တွေ ရှိပေ မဲ့ အားလုံးကသောက အပူတွေနဲ့ဆိုတော့ အဖိုးလိပ်ပြာပြန်ခေါ်ဖို့ ကိုသတိ မရကြဘူးပေါ့။ 

Friday, 22 November 2013

ပြုစားသူများ က လူ ကိုပဲ ပြုစား တတ်သလား ... တိရိစ္ဆာန် များလည်း ကမ္မစိဒ္ဓိဒဏ်ကို မခံရဘူးလား ... ထိုသို့ ကမ္မစိဒ္ဓိကပ်ငြိတိုင်း ပြုစားသည်ဟု သတ်မှတ်လို့ရသလား ...



                                                         Online Photos

နွားတစ်ကောင် နေမကောင်းဖြစ်နေသည်။ လယ်ထဲခေါ်လို့လည်း မရ။ လှည်းလည်း မဆွဲချင်၊ ကျောပေါ်ကို တစ်ခုခု တင်ရုံမပြောနှင့် ၀ပ်နေရာမှ မထချေ။ နွားရှင်မှ ပထမတော့ ရိုက်နှက်မိသေးသည်။ အတွင်း ဒဏ်များ ရှိလေမလားထင်ပြီး တိရိစ္ဆာန်ကု ဆရာဝန်ဖြင့်ပြသေးသည်။ 

၁၅ ရက်ခန့် ဆေးကုလို့ မပျောက်နိုင်၍ ပ ယော ဂ စစ်ဆေးသောဆရာကို နွားရှင်က လာပင့်လေသည်။ ဆရာမှာ ထိုနွား ကို ကိုင်ကြည့်ရာ နွားတွင် ကမ္မစိဒ္ဓိသဘော ကပ်ငြိနေကြောင်း သိလေသည်။ 

သို့ရာတွင် ဆရာ စဉ်းစားသည် က အမှီ ခံရသူက နွားဖြစ်နေ၍ မည်သို့ လူတွေ မြင်သာအောင် ပူးကပ်ခိုင်း၍ သင့်မည်နည်း။ စကားပြော ခိုင်းလျှင်လည်း ဘွတ်အဲ ပဲ အသံထွက်သ ည့်နွားက လူနား လည်သည့် စကားပြောနိုင်ရန် အသံအိုး ပြောင်းနိုင်ပါမည်လား ....