*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 27 June 2013

အမေပြာဖူးတဲ့ ပုံပြင်ကလေး


                  အမေပြောဖူးတဲ့ ပုံပြင်ကလေး..  သတင်းပေါင်းစုံမှ ကူးယူဖေါ်ပြသည်...

ယနေ့ မျိုးစောင့် ဥပဒေနဲ့ပတ်လို့ facebook ကသူငယ်ချင်းတွေ အထူးအားဖြင့် အမျိုးသမီးတွေ ပွစိပွစိ ဖြစ်နေတာ ဖတ်ရတော့ ငယ်ငယ်က အမေပြောဖူးတဲ့ ပုံပြင်ကလေးကို သတိရမိတယ်။

ဟို.. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ လိမ္မာယဉ်ကျေးတဲ့ မိသားစုလေးတစ်ခုရှိခဲ့တယ်။ အဲဒီမိသားစုလေးမှာ ဘာပဲလုပ်လုပ် အားလုံး စိတ်တူ ကိုယ်တူ ညီညီညွတ်ညွတ်လုပ်ကြတယ်။
တစ်ခုသော ဆောင်းတွင်းမှာ သူတို့မိသားစုလေး အိမ်ဝိုင်းထဲမှာ မီးဖိုကာ မီးလှုံကြတယ်။

မီးလှုံတာကတော့ ၊ အေးလွန်းတဲ့ ဆောင်းရာသီ တောရွာဓလေ့ဖြစ်ပါတယ်။ မိသားစု အတူ မီးလှုံချိန်မှာ အဖေရယ်၊အမေရယ်၊သားရယ်၊သမီးရယ် အတူ မိလှုံနေတာ ဆိုတော့ တစ်ဖက်မှာ မီးလှုံနေတဲ့ သမီးက အောက်စလွတ်နေသတဲ့၊ သမီးဖြစ်သူကလည်း အမှတ်တမဲ့ဖြစ်နေမှာပေါ့ ။

ဒါကို အဖေဖြစ်သူက သမီးအောက်စလွတ်နေတယ်လို့ ပြောရင် ရှက်သွားမှာစိုးလို့၊ အဖေက စပြီးစကားဆိုလိုက်တယ်။ “ကဲ..ကဲ.. မီးလှုံနေတဲ့ ငါ့တို့မိသားစု ခုအချိန်ကစပြီး ပြင်ထိုင်ကြအောင်” လို့ ဆိုလိုက်တယ်။

ဒီတော့ နမော်နမဲ့ နိုင်တဲ့ သမီးက စောဒကတတ်လိုက်တယ်။ “အားလုံး ပြင်ထိုင်တဲ့ အထဲမှာ သမီးကော ပါသလား” လို့ပြန်မေးသတဲ့ ။

ဒီတော့ အဖေဖြစ်သူ စိတ်ဆိုးမာန်ဆိုးနဲ့ “ အိမ်း… ပြင်ထိုင်ရမယ့်အထဲမှာ သမီးက အဓိက” လို့ဆိုလိုက်သတဲ့။

စာရေးသူတွေးမိတာကတော့ ..ဒီပုံပြင်ထဲကအတိုင်းပဲ ၊ အောက်စလွတ်နေတဲ့ သမီးတွေကို အဖေဖြစ်သူက ပြင်ထိုင်ခိုင်းချင်လို့ မျိုးစောင့် ဥပဒေများ ထုတ်သလားမသိဟု အဝေးမှ နေ၍ တွေးတောမိပါကြောင်း။

စာကြွင်း။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးများအတွက် ဘယ်လောက်အကာအကွယ် ပေးနိုင်တဲ့ ဥပဒေများ ရှိသလဲဆိုတာ ၊ စာရေးသူကိုယ်တိုင် မသိရသေးပေမယ့် စာရေးသူနေထိုင်တဲ့ နိုင်ငံမှာတော့ အမျိုးသမီးတွေကိုကာကွယ်ပေးတဲ့ ဥပဒေတွေတော်တော် များများရှိတယ်။ လင်မယားချင်းတောင် ၊ မိန်းမဖြစ်သူက စိတ်မပါရင် .. ဖုန်းဆက်ကာ ရဲခေါ်လို့ရပါတယ်။ ယုတ်စွ.. ရထားဂိတ်၊ကားဂိတ်တွေမှာ မိန်းကလေးများ မနှောက်ယှက်နိုင်ရန်၊ အကူအညီရယူဖို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ရေးထားပါတယ်။ စာရေးသူ ညကျောင်းတက်စဉ်က .. မိန်းကလေးများ ၊ ဘက်စကားမှတ်တိုင် မရောက်သော်လည်း သူဆင်းချင်တဲ့ နေရာမှ ဆင်းလို့ရပါတယ်၊ ယောကျာ်းလေးများမရပါ။ ထို့ကြောင့် ဥပဒေဆိုတာ ကာကွယ်ဖို့သာဖြစ်ပါတယ်။

Burmese Buddhist Society, BC
 

No comments:

Post a Comment