ကွက်လပ်
မိသားစု စကားဝိုင်းမှာ ကြားလိုက်ရတဲ့ သမီးငယ်ရဲ့ စကားအတွက် ကျွန်တော့်အနေနဲ့ အံ့သြတကြီး ဖြစ်သွားခဲ့ရတာပါ။ အဲဒီလို စကားမျိုးကို ကြားလိုက်ရတဲ့အတွက် အံ့သြလွန်းတဲ့စိတ်၊ အားမလိုအားမရနဲ့ ဒေါသဖြစ်မိတဲ့စိတ်၊ စိုးရိမ်ပူပန်မိတဲ့စိတ်တွေအားလုံးကို ရောထွေးခံစားမိရာက အခြားကြုံတွေ့ဖူးတဲ့ ပြဿနာတွေကိုပါ ဆက်စပ်ပြီး ”ကွက်လပ်” ဆိုတဲ့အကြောင်းအရာကို အတွေးနယ်ချဲ့မိပါတယ်။
”ကွက်လပ်”
ဆိုတာကို အကြောင်း အရာတစ်ခုခု၊ နေရာတစ်ခုခု၊ ပြဿနာ တစ်ခုခုမှာ အကြားအလပ်
ဖြစ်ပေါ်နေ တာ၊ ဟာကွက်ဖြစ်ပေါ်နေတာ၊ အဆက် အစပ် ပြတ်ေ တာက်နေတာ၊ ကွာဟချက်
ဖြစ်ပေါ်နေတာတွေကို ကွက်လပ် ဖြစ်နေတယ်လို့ ရည်ညွှန်းပြောဆိုနိုင်သလို
မီဒီယာလောက အနေနဲ့ဆိုရင်တော့ အဖြစ်မှန်နဲ့ သတင်းအချက် အလက် ကွာဟချက်
(credibility gap) လို့ ပြောရင်ရမယ်ထင်ပါတယ်။ အဲဒီလိုပါပဲ။
လက်ဆင့်ကမ်းမှု
အဆက်ပြတ်နေတဲ့ လူကြီးနဲ့ လူငယ်မျိုးဆက်တွေအ ကြားက ခြားနားကွာဟချက်၊ (the
generation gap) ကိုလည်း ကွက်လပ် ဖြစ်နေတယ် လို့ပဲ ပြောဆိုနိုင်ပါတယ်။
ကျောင်းသားလူငယ်တွေ အနေနဲ့က တော့ မှတ်ဥာဏ်ဘယ်လောက် ကောင်း သလဲ (ဝါ)
စာကျက်အား ဘယ်လောက် ကောင်းသလဲ ဆိုတာကို စစ်ဆေးတဲ့ ကွက်လပ်ဖြည့်ပါ
မေးခွန်းကို ပြောတာ ဖြစ်ပါတယ်လို့ ဖြေကြမှာ မလွဲပါဘူး။ကျွန်တော်
အတွေးနယ်ချဲ့မိတဲ့ ”ကွက်လပ်” ဆိုတာကလည်း လူကြီးနဲ့ လူငယ်တွေအကြားက
မျိုးဆက်ပြတ် တောက်မှု(the generation gap)ကိုပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ
ပထမကမ္ဘာ စစ်အတွင်း ကြီးပြင်းအရွယ်ရောက်လာ ကြတဲ့ လူငယ်မျိုးဆက်တွေကို
ရည်ညွှန်း တဲ့ ”လမ်းပျောက်နေတဲ့ မျိုးဆက်တစ်ခု” (lost generation) ကို
ပြောချင်တာ မဟုတ်ဘဲ စစ်အာဏာရှင်အဆက်ဆက်က ဖန်တီးပုံသွင်း တာကို ခံခဲ့ကြရတဲ့
ကျွန်တော်တို့ လူငယ်မျိုးဆက်တွေနဲ့ လူကြီးတွေရဲ့ အကြားက ကွာဟသွားတဲ့
မျိုးဆက်ပြတ်လပ်မှု (the generation gap) ကို ပြောချင်တာပါ။
ဟုတ်ပါတယ်။
ကျွန်တော်တို့ မြန်မာ့လူမှုအသိုက်အဝန်းက လူငယ်၊ လူရွယ်အားလုံးဟာ
နှိမ့်ချပြီး ရိုးသားကြိုး စားတဲ့ စိတ်ဓာတ်၊ ရိုးရိုးကျင့် မြင့်မြင့်ကြံ
တတ်တဲ့ စိတ် ဓာတ်တွေကို အခြေခံက စပြီး ပြုစုပျိုးထောင်ပေးတာကို ခံခဲ့ကြ
ရသူတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ ရဲ့ မျိုးဆက်သစ်လူငယ်လေးတွေဟာ
ငယ်ရွယ်စဉ် ကလေး ဘဝကတည်းက ငါးပါးသီလ အခြေခံကစပြီး သုံးဆယ့်ရှစ် ဖြာ မင်္ဂလာ၊
သိင်္ဂါလော ဝါဒသုတ် စတဲ့ လူ့ကျင့်ဝတ်တရားတွေနဲ့ နီးနီးကပ်ကပ် ယဉ်ပါး
ထိတွေ့သင်ယူခဲ့ကြရတာ ဖြစ်တဲ့ အတွက် ”သားသမီးကျင့်ရာ ဝတ်ငါးဖြာ” ကို
အသက်ထက်ဆုံး လိုက်နာကျင့်ကြံ နိုင်ခဲ့ရုံမျှသာမက ”တပည့်ဝတ်ငါးဖြာ” ကိုလည်း
မမေ့ မပျောက် လိုက်နာကျင့် ကြံနိုင်ခဲ့ကြပါတယ်။ ဒီလိုပါပဲ။ အခြား အခြားသော
လူမှုရေးကျင့်ဝတ်တွေကို လည်း လိုက်နာနိုင်ခဲ့ကြတာကို တွေ့ ကြရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့
ဒီလို အခြေခံစိတ်ဓာတ် ကောင်းမွန်ကြတဲ့ ကျွန်တော်တို့မျိုးဆက်
သစ်လူငယ်လေးတွေရဲ့ ဥာဏ်ရည်ဥာဏ် သွေး(IQ) နဲ့ စိတ်ခံစားချက် အရည်အ
သွေး(EQ)တွေကို အညွန့်တုံးအောင်၊ မဖွံ့ဖြိုးအောင် ခေတ်စနစ်တွေကဖန်တီး
ပေးခဲ့တဲ့အတွက် လူငယ်မျိုးဆက်သစ် တွေနဲ့ လူကြီးတွေရဲ့အကြားက ကွာခြား
သွားတဲ့ ”ကွက်လပ်”က ကြီးမားလွန်း လှပြီး အံ့သြဖွယ်ရာ
ဖြစ်လာခဲ့ရပါတော့တယ်။ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ မူလ တန်းကျောင်းသားအရွယ်
မြေးငယ်နှစ် ယောက်ကို အကြောင်းတိုက်ဆိုင်လာ တဲ့အတွက် အာဇာနည်ဆိုတာ ဘာလဲ။
သိကြရဲ့လားလို့ မေးမြန်းလိုက်မိတော့ မြေးအကြီးက စဉ်းစားနေခိုက်မှာ မြေး
အငယ်က ကျွန်တော်သိပါတယ်အဖိုးရဲ့။ အဆိုတော် အာဇာနည်ကို ပြောတာ
မဟုတ်လားလို့ပြန်မေးပါတယ်။ မြေး အကြီးက တစ်ခဏမျှ စဉ်းစားပြီး ရွှေ
တိဂုံဘုရား အောက်နားမှာ ရှိတယ်လေ။ သားတွေ့ဖူးပါတယ်လို့ သူတွေ့မြင်စဉ်း
စားမိတဲ့အတိုင်း ဖြေကြားခဲ့ပြီးအချက် အလက်အပြည့်အစုံကိုတော့ မပြောနိုင်
ရှာပါဘူး။
အဲဒီလိုပါပဲ။ ကျွန်တော်တို့
ငယ် ရွယ်စဉ် ကျောင်းသားဘဝမှာ ဆရာက ဗိုလ်ချုပ်လို့ ပြောလိုက်တာနဲ့
ဗိုလ်ချုပ်အောင်ဆန်းကို ပြောတာဖြစ်ကြောင်း၊ ချက်ချင်း နားလည်သဘောပေါက်ခဲ့ကြ
ပေမယ့် မိတ်ဆွေတစ်ဦးက သူ့ရဲ့မြေးမ လေး အကြောင်းကို ပြောပြပါတယ်။ သူ့ရဲ့
မြေးမလေးဟာ ဗိုလ်ချုပ်ကို သိ ရဲ့လားလို့ အမေးခံ ရတော့ သိပါတယ် အဖိုးရဲ့လို့
သွက်သွက်လက်လက်နဲ့ ပြန် ဖြေလိုက်ပါသတဲ့။ မြေးမလေးဆက်ဖြေ လိုက်တာကတော့
ဟိုနေ့က တီဗွီထဲမှာ တွေ့လိုက် ရတယ် အဖိုးရဲ့။ စစ်သားတွေ ကို
ကားနဲ့လှည့်ပြီး အလေးပြုခံနေတာ လေတဲ့။
ကျွန်တော်တို့ရဲ့
မျိုးဆက်သစ် လူ ငယ်လေးတွေ အခုလို ဥာဏ်ရည်ဥာဏ် သွေးတွေလျော့နည်းလာရတာဟာ
အုပ်ချုပ်ရေးအခွင့်အာဏာရှိသူတွေရဲ့ အစီအစဉ်တကျ ဖန်တီးမှုတွေကြောင့်လို့
ပြောရင် ရပါတယ်။ ကျွန်တော်တို့ ငယ် စဉ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ
ကို ကျောင်းတွေနဲ့ ရုံးပြင်ကနားတွေမှာ အလေးထားနေရာပေး ချိတ်ဆွဲခဲ့ရာမှ
ဖယ်ရှားပစ်ခဲ့တာတွေ၊ ဗိုလ်ချုပ်အောင် ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်း
တွေကို လူငယ်၊ လူရွယ်တွေ မဖတ်ရှုနိုင်အောင် ပိတ်ခဲ့တာတွေ၊ အာဇာနည်နေ့
အခမ်းအနား ကျင်းပခွင့် မပေးဘဲ ပိတ်ပင်ခဲ့တာတွေ၊ အာဇာနည်နေ့ကို ဆရာတွေက
ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ စာသင်ခန်းထဲမှာ ကျင်းပပြုလုပ်တာကို ပိတ်ပင်ရုံမျှမက
ဖမ်းဆီးအရေးယူမှုတွေ ပါ ပြုလုပ် ဖိနှိပ်လာတော့ အာဇာနည်ဆို တာ အဆိုတော်
ဖြစ်သွားရသလို တပ်မ တော်နေ့ အခမ်းအနားမှာ မော်တော် ကားနဲ့ အလေးပြုခံတဲ့
အကြီးအကဲက လည်း ဗိုလ်ချုပ် (ဗိုလ်ချုပ်အောင်ဆန်း) အဖြစ် အထင်ခံရတဲ့
အဖြစ်မျိုးတွေက အဆန်းမဟုတ်ကြတော့ပါဘူး။ ဒီတော့ အခုလို အခြေအနေမျိုးတွေဟာ
အထက်မှာ ကျွန်တော် ဖော်ပြခဲ့သလို ခေတ်၊ စနစ်တွေက ဖန်တီးပေးလိုက်
တာတွေလို့ပဲ နားလည်ခံစားရပါတော့တယ်။
ဒါတွင်
မကသေးပါဘူး။ ကျွန် တော်တို့နိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ ရန်
ကုန်တက္ကသိုလ်ကြီးဆိုရင်လည်း အာရှ တစ်ခွင်မှာထိပ်ဆုံးအဆင့်ကနေ အဆင့်
နိမ့်လျှော ကျခဲ့ရပြီး ခြောက်ခြောက်ကပ် ကပ်၊ ကျီးနဲ့ဖုတ်ဖုတ်
ဖြစ်သွားခဲ့ရပါ တယ်။ တစ်ခေတ်တစ်ချိန် က အဆင့် မြင့်မြင့်နဲ့
ကျော်ကြားခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးဟာ ဂုဏ်ထူး တန်းအချို့၊
ဘွဲ့လွန်မဟာတန်း ကျိုးတိုးကျဲတဲနဲ့ ဒေါက်တာဘွဲ့အတွက် အဆင်ပြေတဲ့ နီး စပ်ရာ
အသိုက်အဝန်းက ပုဂ္ဂိုလ်ကြီး အ ချို့လောက်ကိုပဲ တွေ့မြင်ရ တဲ့အခြေအ
နေမျိုးအထိ ဖြစ်သွားခဲ့ရပါတယ်။ နိုင်ငံ ရဲ့ တက္ကသိုလ်အသီးသီးဟာလည်း အ
ဆင့်တွေ လျှော့ချတာခံရပြီး အနယ်နယ် အရပ်ရပ်ကို ပြောင်းရွှေ့ ရောက်ရှိသွား
ခဲ့ရပါတယ်။ အဲဒီ အချက်တွေဟာ ကျောင်းသားလူငယ် မျိုးဆက်သစ်တွေ ရဲ့
လူမှုရေးအသိစိတ်ဓာတ် ကောင်းမွန် မှုတွေ၊ နိုင်ငံရေးအသိ နိုးကြားတက်ကြွ
မှုတွေကို အညွန့်တုံးသွားစေဖို့အတွက် စစ်အာဏာရှင်ကြီးများက အကွက်ကျ ကျ
အစီအစဉ်ရှိရှိ စီမံဖန်တီးခဲ့ကြတဲ့ လုပ်ရပ်တွေပဲလို့ ထင်မြင်မိပါတယ်။
ဒီလိုအခြေအနေတွေကြောင့်
ဗိုလ် ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေ အ ကြောင်းကို မသိနားမလည်ကြတော့သ လို
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာ ဦး
ဆောင်ခဲ့ပြီး ငြိမ်းချမ်းရေး ဗိသုကာကြီး ဖြစ်တဲ့ မျိုးချစ်စာဆိုတော်
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ယောင် ဝါးဝါးဖြစ်နေကြတာမျိုးကို
ဝမ်းနည်းဖွယ် ရာ တွေ့မြင်လာရပါတယ်။ လွတ်လပ် ရေးရပြီး ဒီဘက်ခေတ်က
ကျွန်တော်တို့ နိုင်ငံရဲ့ကြယ်ဖြူကြီးတစ်ပွင့်နဲ့ ကြယ်ငယ် ငါးပွင့် အလံတော်၊
ဗိုလ်ချုပ်နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်ခေတ် ပင်နီယံ (pinion) စက်သွားနဲ့
ကြယ်ငယ်ဆယ့် လေးလုံး အလံတော်၊ ဒီနေ့ ခေတ်အဝါ၊ အစိမ်း၊ အနီ၊သုံးရောင်ခြယ်နဲ့
ကြယ်ဖြူ အလံတော်တွေကိုတောင် ကွဲပြားခြား နားစွာ မသိကြတော့တဲ့
ကျွန်တော်တို့ရဲ့ လူငယ်မျိုးဆက်တွေအတွက် အတော် လေး ခံစားခဲ့ရပါတယ်။
ဒီနေ့ဒီအချိန်မှာတော့
ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့
နယ်ပယ်အသီးသီးမှာ ပရဟိတကျောင်းတွေ၊ အမေ့အိမ်စာ သင်ကျောင်းတွေ၊ ပညာ
ရေးကွန်ရက်တွေ၊ ဘကစာသင်ကျောင်း တွေ၊ အခမဲ့ဆေးကုသပေးတဲ့ ဆေးခန်း တွေ၊
ဆရာတော်၊ သံဃာတော်ကြီးများ ဦးဆောင်တဲ့ ကျန်းမာရေးစောင့်ရှောက်
ကုသပေးမှုတွေ၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေ၊
စစ်ဘေးရှောင် ပြည်သူတွေကို ကူညီမှု လုပ်ငန်းတွေ၊ နာရေးကူညီမှုလုပ်ငန်းတွေ နဲ့
အခြားလူမှုရေးဖောင်ဒေးရှင်း အဖွဲ့ အစည်းအသီးသီးဖွဲ့စည်းပြီး ကူညီတာ တွေကို
တွေ့မြင်လာရတော့ အတော် လေး ကြည်နူးခဲ့ရပါတယ်။ အဲဒီလိုပါပဲ ယခင်က
ပိတ်ပင်ခံခဲ့ရတဲ့ စာအုပ်စာ တမ်းတွေ ပုံနှိပ်ထုတ်ဝေခွင့် ရလာကြတဲ့ အတွက်လည်း
လူငယ်လူရွယ်တွေရဲ့ အသိဥာဏ်ဖွံ့ဖြိုးမှု ကို မြှင့်တင်ပေး ရာ
ရောက်တာကိုတွေ့ရပြီး ကျွန်တော် ကိုယ်တိုင်လည်း တတ်နိုင်တဲ့အပိုင်းက
ပါဝင်ဆောင်ရွက်လာနိုင်ခဲ့လို့ စိတ်သက် သာမှု ဖြစ်ရပါတယ်။
ဒါပေမဲ့
မိသားစုစကားဝိုင်းမှာ သမီးငယ်ပြောတဲ့ အကြောင်းအရာနှစ် ခုကြောင့်
ကျွန်တော့်မှာ ဝမ်းသာပီတိ ဖြာခဲ့ရတာနဲ့အမျှ ”ဟေဟုတ်ရဲ့လား” လို့
အော်မိလောက်အောင် လည်း အံ့ အားသင့်ခဲ့ရပါတယ်။ကျွန်တော့်သမီးရဲ့
သူငယ်ချင်းက Language School တစ်ခုက အင်္ဂလိပ် စာ သင်ပြတဲ့
ဆရာမတစ်ယောက်ဖြစ်ပြီး စာသင်ချိန်မှာ အဲဒီဆရာမကြုံတွေ့ရတဲ့ အဖြစ်တစ်ခုကို
ပြောပြတာပါ။ အဲဒီ ဆရာမ သင်ပြနေတဲ့အခန်းထဲမှာ မူလ တန်းအရွယ်၊
အသက်ဆယ်နှစ်ဝန်းကျင်၊ ကျောင်းသူကျောင်းသား သုံးလေးဆယ် ကျော် ရှိပြီး
သင်ကြားမှုပုံစံက စာချည်း သက်သက် သင်ပြတာရှိသလို ကစားတဲ့ နည်းနဲ့
စာသင်ကြားတဲ့အချိန်လည်း ရှိ ပါသတဲ့။ သင်တန်းချိန်တစ်ခုအတွင်းမှာ
အဲဒီဆရာမနဲ့ လက်ထောက်ဆရာမ သုံး ယောက်က ကျောင်းသားလေးတွေကို စာသက်သက်ပဲ
သင်ကြမှာလား၊ ကစား ရင်း စာသင်ကြမှာ လား လို့ မေးလိုက် တော့ ကစားရင်းပဲ
သင်ပါဆရာမလို့ ကျောင်းသားအားလုံးက ဖြေကြပါသ တဲ့။ ဆရာမတွေကမနေ့ကလည်း ကစား
ရင်း သင်ခဲ့ကြပြီးဖြစ်တဲ့ အတွက် ဒီကနေ့ စာသက်သက်ကို သင်ကြားဖို့ တိုင်ပင်
ဆုံးဖြတ်ကြပြီး ကလေးတို့ရေ ဒီနေ့တော့ စာကိုပဲ သင်ကြရအောင်နော်လို့ ပြော
လိုက်တဲ့ အခါ ကျောင်း သားလေးတစ် ယောက်က ထိုင်နေရာမှထရပ်ပြီး၊ ဆရာ မတို့
ကျောင်းက ဒီမိုကရေစီလည်း မရှိ ဘူး။ ကျွန်တော်တို့ကအားလုံး၊ ဆရာမ တို့က
လေးယောက် တည်းရှိတဲ့ဟာကို မတရားဘူးဗျာလို့ ပြောပါသတဲ့။ ဒီ အတွေ့အကြုံ
အဖြစ်အပျက်လေးက ကျွန်တော့်ရဲ့စိတ်နှလုံးကို ရွှင်ပြုံးကြည်နူး စေခဲ့ပေမယ့်
…..
ကျွန်တော့်သမီးက ဆက်ပြီး ပြော
ပါသေးတယ်။ သူ့ရဲ့ တပည့်နှစ်ဦးက နိုင်ငံခြားမှာ အလုပ်လုပ်နေရာမှ ခေတ္တ
အလည်ပြန်လာချိန်မှာ လာရောက်နှုတ် ဆက်ဂါရဝပြုတဲ့အတွက် သူကလည်း
တပည့်နှစ်ဦးကို ပြန်လည် ကျွေးမွေး ဧည့်ခံဂုဏ်ပြုလိုက်ပါသတဲ့။ ကျွေးမွေး
ဧည့်ခံပွဲမှာ သမီးရဲ့ တပည့်နှစ်ဦးက သူတို့နဲ့အတူ နိုင်ငံခြားမှာ အလုပ်လုပ်
တဲ့ သူငယ်ချင်း မိတ်ဆွေတစ်ဦးကို ခေါ်လာခဲ့ပြီး မိတ်ဆက်ပေးပါသတဲ့။
ထမင်းစားပွဲမှာ သူတို့ အလုပ်အကိုင်အ ကြောင်း၊ အဲဒီနိုင်ငံအကြောင်း၊ ကိုယ့်
နိုင်ငံထဲမှာဖြစ်ပေါ်နေတဲ့ အပြောင်းအ လဲတွေအကြောင်းကို စကားစပ်မိသလို
ပြောဆိုဖြစ်ကြပါတယ်တဲ့။ လူမှုရေးနယ် ပယ်က ရန်ပုံငွေရှာဖွေတဲ့ ဖျော်ဖြေပွဲ
တွေ၊ ပညာရေးရန်ပုံငွေ ထောက်ပံ့တဲ့ အလှူပွဲတွေ၊ ဝမ်းမိုးအလှူပွဲတွေ အ
ကြောင်းကအစ၊ ကျန်းမာရေးပညာရေး ဖောင်ဒေးရှင်းတွေ အကြောင်းက အ လယ်၊ ဆရာတော်၊
သံဃာတော်ကြီးတွေ ဦးစီးဦးဆောင်ပေးတဲ့ လူမှုရေး၊ ပညာ ရေး၊ ကျန်းမာရေးကိစ္စတွေ
အဆုံး ပြော ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန် မှာ တပည့်မတစ်ဦးက
တစ်စုံတစ်ရာကို သတိရလာဟန်နဲ့ ”ဆရာမရယ်၊ ဟိုက လူတွေက သူတို့တတ်နိုင်သလောက်
စုဆောင်းပြီး ဖောင်ဒေးရှင်းတစ်ခုကို လှူပေးဖို့ သမီးကို ပိုက်ဆံပေး လိုက်ကြ
တယ်။ ဒါနဲ့ သမီးက ဖုန်းနဲ့ အကျိုးအ ကြောင်းပြောပြီး ဘယ်လိုလှူရမလဲလို့
စုံစမ်းတော့ ဘယ်လောက်လှူမှာလဲ လို့ မေးတယ်ဆရာမရဲ့။ ကျွန်မက လှူမယ့် ငွေ
ပမာဏကိုပြောလိုက်တော့ ပြန်ယူ သွားပါတဲ့။ ငွေနှစ်သိန်း လှူခိုင်းလိုက် တာ
ဆရာမရဲ့။
ငွေတစ်သိန်း၊ နှစ်သိန်း
ဆိုလည်း မနည်းပါဘူး ဆရာမရယ်။ တစ်ခုခုတော့ လွဲချော်နေပြီ ထင်တယ်
နော်ဆရာမ”လို့ပြောရှာပါတယ်။ ကျွန်မ က ဘာစကားမှ ဝင်မပြောရသေးမီ
အခြားတပည့်မတစ်ယောက်ကဝင်ပြီး ဒေါသတကြီးနဲ့ ပြောပါတယ်။ ”နင်က အခုပြောတာ
ဘယ်သူလဲလို့ ဖုန်းလက်ခံ တဲ့လူရဲ့ နာမည်ကိုမမေးလိုက် ဘူးလား တဲ့”
အဲဒီအချိန်မှာ သူတို့နဲ့အတူပါလာ တဲ့ အမျိုးသမီးလေးက
ဝင်ပြီးပြောလိုက်တာကတော့။”နင်တို့ကလည်းဟယ်။ အလုပ်ရှုပ်ခံနေရသေး တယ်။
ကိုယ့်ဟာကိုယ် သွားရင်ရတာပဲ။ ကိုယ့်မှာ ကားလည်း ရှိနေရဲ့သားနဲ့။
ဒေါ်ခင်ကြည်ဆီကို။ ကိုယ်တိုင်သွားလှူလိုက်တာ မဟုတ်ဘူး။ ဘယ်နေ့သွားမလဲ။
ငါလည်းလိုက်မယ်” တဲ့။
ခင်မောင်အေး(ချောက်) Popular News မှ ကူးယူဖေါ်ပြသည်...
No comments:
Post a Comment