*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 19 July 2013

အိမ်မြေဈေး ကမ္ဘာ့စံချိန်ချိုးနေခြင်းက ပြည်သူသာမက နိုင်ငံတော်ပါ ထိခိုက်စေ



အိမ်မြေဈေး ကမ္ဘာ့စံချိန်ချိုးနေခြင်းက ပြည်သူသာမက နိုင်ငံတော်ပါ ထိခိုက်စေ


မြန်မာနိုင်ငံရန်ကုန်မြို့၌ အိမ်ခြံမြေဈေးနှုန်းများမြင့်မားနေခြင်းက ပြည်သူလူထုနှင့်နိုင်ငံတော်ကို ထိခိုက်စေနိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများမှ ပြောဆိုလျက်ရှိသည်။

 ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်မားလာခြင်းကြောင့် အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားပြည်သူများအနေဖြင့် အိမ်ခန်းပိုင်ဆိုင်ရန်အတွက် အလှမ်းဝေးကွာသွားလျက်ရှိသလို၊ နိုင်ငံတော်အနေဖြင့်လည်း ပြည်ပရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများဝင်ရောက်မှုအရေး တန့်သွား သည့်အတွက် နိုင်ငံခြားဝင်ငွေစီးဆင်းမှုကို ထိခိုက်စေနိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။
`ခုလို မြေဈေးတွေ မြင့်တက်နေတာက တနိုင်ငံလုံးအခြေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကောင်းတဲ့ 

 
လက္ခဏာတော့ မဟုတ်ဘူး၊ ပြည်သူတွေဘက်က ကြည့်ရင် အိမ်ခန်းပိုင်ဖို့ ဝေးသွားတယ်၊ အိမ်ခြံမြေ ၀ယ်ဖို့ ပိုဝေးသွားတဲ့ အနေအထားဖြစ်လို့ မကောင်းသလို၊ နိုင်ငံတော်အစိုးရ ဘက်ကနေ ကြည့်ရင် လည်း ဒါ ၀န်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံ့မဲ့သူတွေက ဒီကိစ္စတွေအပေါ်မှာ စဉ်းစားနေကြတယ် မြေယာဈေးမြင့်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏက မလိုအပ်ဘဲနဲ ကြီးမား တယ်ဆိုပြီး အသံတွေထွက်လာကြတယ်`ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးက သုံးသပ်ပြောဆိုသည်။
မြန်မာတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေအား ရေးဆွဲ၍ နိုင်ငံသားရင်းနှီးမြှုပ်နှံသူများအတွက် လမ်းဖွင့် ပေးထား သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းလိုက် ၀င်ရောက်လာမှု မရှိသေးခြင်းက မြန်မာ နိုင်ငံအတွင်း မြေယာရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် မြေဈေးကြီးမြင့်ခြင်းက အကြောင်းရင်းတစ်ရပ် အနေနဲ့ ပါဝင်နေသည်ဟု စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတို့က ဆိုသည်။
မြန်မာနိုင်ငံရှိ အိမ်ခြံမြေဈေးမှာ ကမ္ဘာ့မြေဈေးအကြီးဆုံးနေရာတစ်ခုအပါအ၀င်ဖြစ်သည့် အမေရိကန် ပြည်ထောင်စု နယူးယောခ့်မြို့ရဲ့အိမ်ခြံမြေဈေးနှင့် တချို့နေရာတွေမှာ တန်းတူ ဖြစ်နေပေမဲ့လည်း မြန်မာ့အိမ်ခြံမြေဈေးကွက်၌ လိုအပ်ချက်များ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သတင်းစာရှင်းလင်း ပွဲ၌ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US-ASEAN) ကပြေကြားထားသည်။
ပြည်တွင်းရှိ မြေဈေးကစားသူတွေက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမည်ဆိုသော အမြင်ဖြင့် မြေကွက်များကို ၂၀၁၁ ခုနှစ် ၀န်းကျင် ကတည်းက ကြိုတင်ဝယ်ယူစုဆောင်းကာ ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ပြုလုပ်လာသည့်အတွက် မြေဈေးများ အဆမတန်မြင့်တက်သွားခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းက သိရသည်။
ရန်ကုန်နှင့်ဒလကို တံတားထိုးမည့် စီမံကိန်းသတင်းကြောင့် ဒလမြို့နယ်အတွင်း၌ မြေဈေးများ မြင့်တက်ကာ မြေကွက်ဝယ်ယူစုဆောင်းသူများရှိသော်လည်း ရောင်းလိုသူ မရှိသည့်အဖြစ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများမှ သိရသည်။
`အိမ်ခြံမြေဈေးတွေကတော့ ထပ်တက်ဦးမဲ့ အနေအထားရှိတယ်လို့ သုံးသပ်ကြတယ်၊ စီမံကိန်းတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာရင် မြေ၀ယ်တဲ့ သူတွေက သတင်းထွက်တဲ့ နေရာတွေကို လိုက်ရှာ ၀ယ်တာမျိုးတွေရှိနေတယ်၊ ၀ယ်ချင်တဲ့ သူပဲ ရှိပြီး ရောင်းတဲ့သူကလည်း မရှိသလောက်ကို နည်းတယ်`ဟု ဒလမှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
ရန်ကုန် အိမ်ခြံမြေဈေးများအနေနှင့်လာမည့် ၂၀၁၄ ခုနှစ်အထိ ဈေးနှုန်းများ မြင့်တက်နေဦးမည် ဆိုသည့်သတင်းများထွက်ပေါ်နေတဲ့အပြင် လက်ရှိရန်ကုန်အိမ်ခြံမြေဈေးနှုန်းအနေအထားမှာလည်း ကမ္ဘာ့မြေဈေးစံချိန်ကို ချိုးလျက်ရှိသည့်အတွက် သာမန်ပြည်သူများအနေဖြင့် အိုးအိမ် ပိုင်ဆိုင်နိုင်ခွင့် အလှမ်းဝေး သွားသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
`၂၀၁၀ တုန်းက တိုက်ခန်းဝယ်ဖို့ဆိုရင် သိန်း ၈၀ လောက်ဆိုရင် အပေါ်ဆုံးထပ် ၈ လွှာလောက် ရသေးတယ်၊ ဒီနေ့ တိုက်ခန်း အပေါ်ဆုံးထပ်တောင် သိန်း ၁၅၀ လောက်ဈေးရှိနေတယ်ဆိုတော့ မ၀ယ်နိုင်တော့ဘူး၊ ဒီပုံသာဆိုရင် တစ်သက်လုံး အိမ်ငှားဘ၀နဲ့ပဲ နေသွားရမလား မသိဘူး`ဟု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်ရိတ်မွန်အိမ်ယာတွင် အိမ်ခန်းငှားရမ်းနေထိုင်ရသူ တစ်ဦးက ပြောသည်။


No comments:

Post a Comment