*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 20 July 2013

န.စ.က ဖျက်သိမ်းမှု ဒဲ၇စ်မစ်ချဲလ် ကြိုဆို..........


န.စ.က ဖျက်သိမ်းမှုအပေါ် ဒဲရစ်မစ်ချယ်ကြိုဆို


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်မှ သမ္မတဦးသိန်းစိန်၏ နယ်စပ်ဒေသလူဝန်မှု စစ်ဆေးရေးကွပ်ကဲမှုဋ္ဌာနချုပ်(န.စ.က)ဖျက်သိမ်းခြင်းအပေါ် ကြိုဆိုလိုက်သည်ဟု ဇူလိုင်လ(၁၇)ရက်နေ့က ပြောကြားလိုက်သည်။



“ ရခိုင်နယ်စပ်လုံခြုံရေး န.စ.က ကို သမ္မတဦးသိန်းစိန် ဖျက်သိမ်းလိုက်တဲ့သတင်းကို ကြိုဆိုပါတယ်။န.စ.က က လူ့အခွင့်အရေးချိုးဖောက်တဲ့ သတင်းတွေကို အကြိမ်ကြိမ် ကြားသိခဲ့ရပါတယ်။ ဒီသတင်းတွေဟာ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ရခိုင်ပြည်နယ်ဆောက်တည်ရေးကို အနှောင့်အရှက်ဖြစ်စေပါတယ်။ အမေရိကန်နိုင်ငံမှ ရခိုင်ပြည် နယ်ရဲ့ အခြေအနေကို ကြားသိနေရပါတယ်။ ထိရောက်တဲ့ အရေးပေါ်အခြေအနေ စီမံချက်ရှိဖို့၊ လူသားခြင်း စာနာမှု အကူအညီတွေ ပေးနိုင်ဖို့၊ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ဖို့၊ အာမခံရှိဖို့ နဲ့ အခြေခံအခွင့်အရေးတွေ ကို ရရှိနိုင်ဖို့ လိုပါတယ်”ဟု ဒဲရစ်မစ်ချယ်မှ ပြောကြားလိုက်ခြင်းဖြစ်သည်။
န.စ.ကကို ဖျက်သိမ်းလိုက်ပြီး ရခိုင်ပြည်နယ်၌ အားကိုးအားထားပြုနိုင်ပြီး အာမခံနိုင်သည့် လုံခြုံရေးအဖွဲ့ အစည်းတစ်ခုကို တည်ဆောက်ကာ အကြမ်းဖက်မှုများရန်မှ ကာကွယ်နိုင်ပြီး ရခိုင်လူ့အဖွဲ့အစည်းအား ပိုမိုလုံခြုံပြီးစိတ်ချရသည့်  အခြေအနေမျိုး တည်ဆောက်နိုင်လိမ်ဟု မျှော်လင့်ကြောင်းကိုလည်း ၄င်းက ဆိုသည်။
နယ်စပ်ဒေသလူဝန်မှုစစ်ဆေးရေးကွပ်ကဲမှုဋ္ဌာနချုပ်အား ဖျက်သိမ်းကြောင်းကို နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ လက်မှတ်ရေးထိုး၍ ဇွန်လ(၁၂)ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ဖျက်သိမ်းရခြင်းကိုမူ မသိရချေ။
 “နစက ကိုဖျက်တာ လက်ခံတယ်၊ ထောက်ခံတယ်”ဟု ရခိုင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတတ်ရေးပါတီမှ ဒေါက်တာ အေးမောင်က ပြောကြားထားကြောင်းနှင့် အသစ်ပြန်လည်ဖွဲ့စည်းသင့်သည်ဟု အကြံပြုထားကြောင်း သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ တဘက်နိုင်ငံများမှ ခိုးဝင်မှုများမှာ နစခအဖွဲ့နှင့်ပတ်သက်မှုများရှိခြင်းကြောင့် ယခုကဲ့သို့ ဖျက်သိမ်းရခြင်းဖြစ်နိုင်သည်ဟု ရခိုင်ဒေသခံလူငယ်တစ်ဦးက သုံးသပ်သည်။
နစကအဖွဲ့၌ လ.၀.က၊ ရဲတပ်ဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များနှင့် တပ်မတော်ထောက်လှမ်းရေး၊ အကောက်အခွန် အဖွဲ့ဟူ၍ အဖွဲ့(၅)ခုပါဝင်ကြောင်း သိရှိရပြီး ဋ္ဌာနချုပ်မှာ ရခိုင်ပြည်နယ် ကျီးကန်ပြင်ကျေးရွာ၌ အခြေစိုက် သည်ဟု သိရသည်။
                                မြစ်မခ မှကူးယူဖေါ်ပြသည်......

No comments:

Post a Comment