*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 14 July 2013

အကြားအမြင်၇ အိုင်းစတိုင်း နှင့် အနာဂတ် ကမ္ဘာ


အကြားအမြင်ရ အိုင်းစတိုင်း နှင့် အနာဂတ်ကမ္ဘာ

အကြားအမြင်ရ အိုင်းစတိုင်း နှင့် အနာဂတ်ကမ္ဘာ
အဲလ်ဘတ်အိုင်းစတိုင်း ပြောခဲ့ဖူးတဲ့ စကား တစ်ခွန်းက ဒီလိုပါ..

"ကျနော်ကတော့ နည်းပညာဟာ လူသားတို့ရဲ့  အသုံးဝင်မှု ထက် ပိုကျော်လွန် သွားမှာ စိုးရိမ်တယ်။ ကမ္ဘာမှာ လူပျော့လူညံ့ မျိုးဆက်တွေ ပဲ ဖြစ်တည်လာ လိမ့်မယ်"


တကယ်မှန်ကန်လာပါတယ်။ လူသားတွေဟာ နည်းပညာကို တီထွင်တယ် ဆိုပေမယ့် ယင်းနည်းပညာအပေါ် မှီခိုတဲ့ လူသားအရေအတွက်က ပိုများ လာလေတော့ တကယ်ပဲ idiot တွေများလာ ပါတယ်။ တွေးခေါ်နိုင်မှုစွမ်းအား၊ ဖန်တီးနိုင်မှုစွမ်းအား၊ လုပ်ကိုင်နိုင်မှုစွမ်းအား၊ ကြိုးစားနိုင်မှု စွမ်းအား ဟာ အနာဂတ်လူငယ်တွေမှာ နည်းပါးလာနိုင်တယ်လို့ အိုင်းစတိုင်းက ကြိုတင် ခန့်မှန်းခဲ့ခြင်း ဖြစ် ပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း ဘယ်ရောက်ရောက် နည်းပညာပစ္စည်းများနဲ့သာ စီးမျှောနေတဲ့ ခေတ်ကို တကယ်ရောက် လာပါပြီ။ မြန်မာပြည်မှာလည်း ဖြစ်လာပါပြီ။
ကမ္ဘာမှာ စွန့်ဦးတီထွင်သူတွေ များစွာပေါ်ပေါက်လာခြင်းနဲ့အတူ ပညာအရည် အချင်းနိမ့်သော၊ လုပ်ရည်ကိုင်ရည်နိမ့်ကျသော လူငယ်များ အရေအတွက်လည်း တိုးပွားလာပါတယ်။ ယင်းကဲ့သို့လည်း ကံအကြောင်း ဖန်နေ ပါတယ်။ စွန့်ဦးတီထွင်ဖန်တီးသူ အရေအတွက် ထပ် idiot အရေအတွက် ပိုများလာမယ့် ကမ္ဘာကြီးဟာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ  အိုင်စတိုင်းပြောတဲ့ စကားထဲမှာ အဖြေရှာတွေ့နိုင်ပါတယ်။
--
ရိုးရာလေး
                                                မြ၀တီ သတင်း မှ ကူးယူဖေါ်ပြသည်...

No comments:

Post a Comment