စာနှင့်တကွ ကျွန်တော် တင်သမျှ post တွေသည် …… မိတ်ဆွေတို့ ၏
တန်ဖိုးရှိလှသော အချိန် ၅မိနစ်ခန့် ကို အကုန်ခံကာ ဖတ်ရသည့်အတွက်
ဘာအကျိုးမှ မရှိသောpost ကို ကျွန်တော်မတင်ပါ။
မိတ်ဆွေပေးရသော ၅မိနစ်သည် တစ်စုံတစ်ခုကို အောင့်မေ့သတိရ
ပြင်ဆင်နိုင်ရန် အထောက်ကူဖြစ်ပါစေသား။
တစ်ခုတော့ပြော ပါရစေ ကျွန်တော်တို့ ကို ထိန်းကြောင်း သွန်သင်ခဲ့
သော လူကြီးအားလုံးသည် နောက်ဆုံး၌ ကလေးဘဝနှင့်မခြား အားနွဲသူများ
ပြန်ဖြစ်သွားကြသည်မှာ လောကဓမ္မတာပါ။ ကျွန်တော်တို့ အားလုံးလည်း
အိုမင်း ရင့်ရော်လာသည်နှင့် အမျှ ကလေးလို သူများပြုစုတာ ခံရမဲ့
ကလေးလို ဘဝရောက်ကြရမှာမို့  ခုကစလို့ စာနာပေးဖို့  ရင်ကိုထိလာ
သောစာစုလေးကို ကျွန်တော်ဖတ်ဖူးသော စာပေများမှ မျှဝေပါသည်။
မဖတ်ရသေးသော မိတ်ဆွေ သူငယ်ချင်း အားလုံးသို့ ……………
မူရင်း ။ ။ Marion Schoeberlein ၏ The Ice Cream Girl.
ဘွားဘွား ဘာတွေဖြစ်နေသလဲ "အယ်လီနာ" မသိပါ။ ဘွားဘွားက ဟိုဟာ
တွေမေ့ သည်ဟာတွေမေ့ အားလုံးမေ့နေသည်။ သကြားဆိုလျှင်လည်း
ဘယ်နားထားသလဲ သူမမှတ်မိ။ ပိုက်ဆံပေးရမှာတွေလည်း သူသတိမရ။
ဈေးလိုက်ပို့ ဖို့  ဝင်ခေါ်သည့်အချိန်မှာလည်း အရင်ကလို အဆင်သင့်မရှိ။
"ဘွားဘွား ဘာဖြစ်တာလဲဟင်" အယ်လီနာက မေးသည်။ "အရင်တုန်းကဆို
နေတာထိုင်တာ အရမ်းသပ်သပ်ရပ်ရပ် စနစ်ကျတာပဲ၊ အခု သူ့ ကြည့်ရတာ
ညှိုးညှိုးငယ်ငယ် မှိုင်မှိုင်တွေတွေနဲ့ ၊ ဘာတစ်ခုမှ မသိ ဘာမှလဲမမှတ်မိဖြစ်
နေတယ်"……………
"အိုသွားတာပေါ့သမီးရယ်" …………… အမေဖြစ်သူကဖြေသည်။
"အခုအချိန်မျိုးမှာ သူ့ အပေါ် အမေတို့ က မေတ္တာတွေ …ကြင်နာမှု့ တွေ…
အများကြီးပေးဖို့ လိုတယ်"……………
"လူတိုင်းတော့လဲဒီလို မမေ့တတ်ကြပါဘူး၊ သမီးရဲ့ ဘွားဘွားကတော့
"အယ်လဇိုင်းမား" ဆိုတဲ့ ရောဂါကြောင့် ဦးနှောက်အာရုံကြောတွေ ထိခိုက်
လို့  ဒီလောက်များများကြီး မေ့တာလို့  မေမေတို့ ထင်တာပဲသမီး၊ အဘွားကို
အခု သက်ကြီးရွယ်အိုဆေးရုံ ပို့ ထားရမှာ၊ အဲဒီမှာသူ့ ကို စနစ်တကျ စောင့်
ရှောက်ပြုစုနိုင်မှာ"
"ဟင်…!မေမေ ဒုက္ခပဲ၊ ဘွားဘွားသနားပါတယ်၊ ဘွားဘွားကသူ့ အိမ်လေး
ကို သိပ်အောက်မေ့မှာ၊ ဟုတ်တယ်နော်"
"ဟုတ်ချင်လဲ ဟုတ်မှာပေါ့ သမီးရယ်၊ ဒါပေမဲ့ တခြားနည်းလမ်းမှမရှိဘဲ၊
ဟိုမှာကကောင်းကောင်းလဲပြုစုခံရမှာ၊ ရွယ်တူတန်းတူး မိတ်ဆွေသစ်တွေ
လဲ ရမှာ"
အယ်လီနာ့ မျက်နှာလေးငေးသွားသည်။ သည်အစီအစဉ်ကို သူမနှစ်သက်။
"သမီးတို့ ရောမကြာခဏ သွားတွေ့ လို့ ရမလားဟင်၊ သမီးကဘွားဘွားနဲ့ 
စကားပြောချင်တာ၊ သူ့ ဘာသာသူသတိရရ မရရပေါ့"
"စနေ တနင်္ဂနွေနေ့ တိုင်း အမေတို့ သွားလို့ ရပါတယ်၊ သွားတဲ့အခါ သူ့ 
အတွက်တစ်ခုခုယူသွားပေါ့"
"အိုက်စကရင် ယူသွားလို့ ရတာပေါ့နော်၊ ဘွားဘွားက စတော်ဘယ်ရီ
အိုက်စကရင် သိပ်ကြိုက်တာ" အယ်လီနာပြုံး၍ ဆိုသည်။
"ဟုတ်တာပေါ့ စတော်ဘယ်ရီ အိုက်စကရင် ကောင်းတယ်"
*ပထမအကြိမ်အဘွားကို လူအိုရုံမှာသွားတွေ့ တော့ အယ်လီနာငိုချင်သည်။"
"မေမေ ဒီမှာရှိတဲ့လူကြီးတွေက အားလုံးလိုလို ဘီးတပ်ကုလားထိုင်တွေနဲ့ 
ချည်းပဲလား" သူကမေးသည်။
"ဟုတ်တယ်၊ မတော်တဆ လဲမှာပြိုမှာစိုးရတာကိုး" အမေကရှင်းပြသည်။
သည့်နောက် "ကဲ၊ သမီးဘွားဘွားကိုတွေ့ ရင် ပြုံးပြုံးရွှင်ရွှင်နေနော်၊ ပြီးတော့
ဘွားဘွားက သိပ်ကြည့်လို့ ကောင်းတာပဲလို့ ပြော" ဟုဆိုသည်။
အဘွားက နေသာဆောင်လို့ ခေါ်သည့် အခန်း၏ ထောင့်တစ်နေရာမှာ
တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်ကာ အပြင်ကသစ်ပင်တွေဆီ
ငေးကြည့်နေသည်။ အယ်လီနာက အဘွားကိုပြေးဖက်လိုက်ပြီး…………
"ဟောဒီမှာ ဘွားဘွားအတွက်လက်ဆောင်ပါတယ်၊ ဘွားဘွားအကြိုက်ဆုံး
စတော်ဘယ်ရီ အိုက်စကရင်လေ" ဟုဝမ်းသာအားရပြောလိုက်သည်။
အဘွား စကားတစ်ခွန်းမှမဆို၊ အိုက်စကရင် ခွက်ကိုယူပြီးသာ ဇွန်းကလေး
နှင့် ကော်၍ ကော်၍ စားနေသည်။
"ဟုတ်တယ် ဘွားဘွားသိပ်ကြိုက်တယ်" သမီးရဲ့  အမေကဆိုသည်။
"ဟင့်အင်း မေမေရယ်၊ သမီးတို့ ကိုတော့မမှတ်မိသလိုကြီးပဲ"
အယ်လီနာစိတ်အားငယ်သွားသည်။ နည်းနည်းတော့ အချိန်ပေးရမှာပေါ့
သမီးရယ်၊ သူကပတ်ဝန်းကျင်အသစ်မှာ အသားမကျသေးဘူး မဟုတ်လား
တဖြည်းဖြည်း ဘယ်သူဘယ်ဝါ ခွဲလို့ ရလာမှာပါ။
သို့ သော် နောက်တစ်ကြိမ် သူတို့ ရောက်တော့လည်း အဲသည်အတိုင်းပင်။
အိုက်စကရင်စားသည်……… သူတို့ ကိုပြုံးပြသည်……… သို့ သော်
စကားတော့မပြော။
"ဘွားဘွား သမီးဘယ်သူလဲသိလားဟင်" အယ်လီနာမေးသည်။
"အိုက်စကရင်ယူလာတဲ့ သမီးလေးပေါ့" အဘွားကဖြေသည်။
"ဟုတ်တယ်လေ ဒါပေမဲ့ သမီးနာမည် အယ်လီနာလေ… ဘွားဘွားရဲ့ မြေး
လေ မမှတ်မိဘူးလား" အယ်လီနာက သူ့ အဘွားကို ဖက်၍ပြောသည်။
အဘွားက ရိပ်ရိပ်ကလေးပြုံးသည်။ ပြီးတော့ပြောသည်။
"မမှတ်မိဘူးလာ၊ အင်း မှတ်မိပါတယ်၊ သမီးက အိုက်စကရင်ယူလာပေးတဲ့
မိန်ကလေးပေါ့"
သည်အခိုက်မှာပင် အယ်လီနာ ရိပ်မိလိုက်သည်။ အဘွားသူ့ ကိုနောင်လည်း
မှတ်မိလာမှာ မဟုတ်တော့။ အဘွားက အမှတ်သညာတွေ မှေးမှိန်ပျောက်
ကွယ်သွားပြီဖြစ်သည့် အထီးကျန်ကမ္ဘာလေးထဲမှာ တသီးတခြားရောက်ရှိနေ
ခဲ့ပြီ။
"ဘွားဘွားကို သမီးချစ်လိုက်တာ" ရင်ထဲကလှိုက်လှဲစွာဖြင့် အဘွားကိုသူ
ပြောမိသည်။
"ချစ်တယ်၊ ဟုတ်လား၊ ချစ်တယ်ဆိုတာ အဘွား မှတ်မိတယ်"
သည်စကားဆိုသည်အခိုက်………………
အဘွားပါးပြင်မှာ မျက်ရည်တစ်စ စီးကျလာတာ အယ်လီနာ မြင်ရသည်။
"တွေ့ လားသမီး၊ ဘွားဘွားမှာ လိုနေတာ မေတ္တာပဲ" ဟုအမေက ဆိုလိုက်
သည်။
"ဟုတ်တယ် မေမေ၊ သမီး ဘွားဘွားဆီကို အပတ်တိုင်း အိုက်စကရင်ယူလာ
မယ်၊ ပြီးတော့ သမီးကို မှတ်မိမိ မမှတ်မိမိ ခုလိုပဲ ဖက်ပြီးစကားပြောမယ်"
အယ်လီနာ အားပါးတရဆိုလေသည်။
*မှန်သည်။ နာမည်ကိုမမှတ်မိခြင်းထက် မိမိအား ချစ်ခင်ကြင်နာသူ……
ယုယပိုက်ထွေးသူဟူ၍ သိမှတ်ခြင်းကပို၍ တန်ဖိုးရှိလှသည် မဟုတ်ပါလား။
မူရင်း ။ ။ Marion Schoeberlein ၏ The Ice Cream Girl.
အား ဘာသာပြန်ရေးသားထားပေးသော ဆရာဦးဖေမြင့် ၏
(The Chicken Soup For The Soul)
နှလုံးသာ အာဟာရ(၂) စာအုပ်မှ မျှဝေပါသည်။
သိုက်ကြီး (ကျောက်ပန်းတောင်း)kpgtheik@gma il.com

ဟိုမှာကကောင်းကောင်းလဲပြုစုခံရမ

သိုက်ကြီး (ကျောက်ပန်းတောင်း)kpgtheik@gma
No comments:
Post a Comment