*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 12 August 2013

ဒေါသကို လျှော့ပါးစေသည့် နည်းလမ်းများ




ဒေါသလျော့ပါးစေသည့်နည်းလမ်းများ
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြပေးတာဖြစ်ပါတယ်.
အားလုံးကို ဖတ်စေချင်တဲ့ဆန္ဒတခုတည်းနဲ့မ
ျှဝေပေးတာ ဖြစ်ပါတယ်. ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါနော်……

၁။ သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ။ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလုံလောက်လို့စောင့်နေရတဲ့အ
ခါမှာ စိတ်တိုတတ်တယ်.


၂။ သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင် ၀ယ်ထားပါ။ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုရတာ မဖြစ်အောင်နော်.

၃။ ကတိအကြွေးတွေဟာစိတ်ကို ပင်ပန်းစေတယ်. ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှ ကတိအတိုင်း မတတ်နိုင်တဲ့အခါ စိတ်ဆင်းရဲရတယ် .စိတ်တိုရတယ်. ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ဒေါသဖြစ်တယ်.

၎။ မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ကိုက်ညီဖို
့ လိုတယ် . ကိုယ့်ရည်မှန်းချက် ကို နဲနဲချင်းတဖြေးဖြေးမြှင့်ပါ

၅။ ကိုယ့်အတွက် အရေးကြီးတဲ့ကိစ္စကိုလုပ်ဖို့
အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီးတော့ ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကို လုပ်ရင် ပိုပြီးစိတ်ပင်ပန်းတယ်. ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးသွားရင် စိတ်ပေါ့ပါးသွားလို့ နောက်လုပ်စရာ သိပ်အရေးမကြီးတာတွေကို လုပ်ဖို့် အားတက်လာတယ်.

၆။ စနစ်တကျ လုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်.အမှားနည
်း
တယ် . စိတ်ပင်ပန်းရတာ လူပင်ပန်းရတာ နည်းတယ်.

ရ။ ကိုယ်နေတဲ့နေရာ၊ ကိုယ်အလုပ်လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းအောင် သပ်ရပ်အောင် လှပအောင် ပြုပြင်ပါ။ ရှုပ်ထွေးညစ်ပတ်နံစော်နေတဲ့ နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

ဂ။ စိတ်ကြည်လင်မှုကို ဖျက်ဆီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာ မရှိပါစေနဲ့။ နံရံပေါ်မှာစာအုပ်စင်ပေါ်မှာ အလုပ်စားပွဲပေါ်မှာ စိတ်ကို အနှောက်အယှက်ပေးနိုင်တဲ့နေရ
ာတွေကို မရှိပါစေနဲ့။
စိတ်တိုစရာကိစ္စ စိတ်ညစ်စရာကိစ္စကို အဟောင်းကိုအသစ်ဖြစ်အောင်လုပ်မယ့်ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာ ကောင်းတယ်.

ရ။ အနံ့အသက်ဆိုးတွေ၊မီးခိုးတွေ
၊ ဆူညံသံတွေမရှိအောင် လုပ်နိုင်ရင်ကောင်းတယ်. မရှိအောင် မတတ်နိုင်ရင်တော့နည်းနိုင်သမျှနည်းအောင် လုပ်ပါ။

၉။ စိတ်အေးအေးချမ်းချမ်းနေချင်
ရင် သူများအကြောင်းကို တတ်နိုင်သလောက် မပြောပဲနေတာကောင်း တယ်.အထူးသဖြင့်သူများမကောင်းကြောင်းမပြောပဲနေတာကောင်းတယ်.ကိုယ့်အကြောင်းကို သူများက မကောင်းပြောရင်တောင်မှ သူပြောတာ မဟုတ်ကြောင်းပြောကိုပဲ အေးအေးဆေးဆေးပြောပြီး သူမကောင်းကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲ ထားလိုက်တာက ပိုကောင်းတယ်.

၁၀။ စိတ်အနှောက်အယှက်ဖြစ်ရတာ နည်းချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။အခက
်အခဲရှိလို့
ပြောချင်ရင် တကယ်ကောင်းတဲ့အကြံမျိုးကို ပေးနိုင်မယ့် သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကို မပြောပါနဲ့။စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှမပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ပြောရင် ကိုယ်ပါစိတ်ဓာတ်ကျမယ်. စိုးရိမ်စိတ်တွေများလာမယ်   စ
ိတ်ပင်ပန်းမယ်.ကိုယ်
လုပ်မယ့် အလုပ်မျိုးကို လုပ်နေတဲ့သူ. အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲ ကို နားလည်မယ်.ဒါကြောင့် ဘယ်သူနဲ့တိုင်ပင်မယ်ဆိုတာကု
ိ သေသေချာချာစဉ်းစားပါ။

၁၁။ အေးအေးဆေးဆေးပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင် လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်. အလျင်လိုနေရင် စိတ်မရှည်ဘူး။အလျင်လိုနေ               လျှ
င်အမှားများ
တယ်. မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်. ဒါကြောင့် စိတ်ရှည်ရှည် နဲ့ သေသေချာချာတိတိကျကျ လုပ်တတ်တဲ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ်။

၁၂။ လတ်တလော အဆင်ပြေအောင် လွယ်လွယ်နဲ့ကတိမပေးလိုက်ပါန
ဲ့။ ကိုယ့်ကို သဘောကျသွားအောင် ဘာတွေပေးမယ်၊ဘာတွေလုပ်ပေးမယ်. ဘယ်လိုအခွင့်အရေးတွေပေးမယ် .ဆိုတာမျိုးကို မစားရ ၀ခမန်းမပြောပါနဲ့။တကယ်ပေးနိုင်မှ တကယ်လုပ်ပေးနိုင်မှ ပြောပါ။ ပေးနိုင်တာထက် နဲနဲလျှော့ပြောတာကောင်းတယ်။

၁၃။ အရေးမကြီးတာတွေကို ငြင်းတာခုံတာ မလုပ်ပါနဲ့။ ငြင်းကြခုံကြရင်း ရန်ဖြစ်တာ မုန်းရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များတယ်. ဒါကြောင့် အရေးကြီးတဲ့အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုယ်သိတိုင်းလည်း မပြောသင့်ဘူး. မေးတိုင်းလည်းမဖြေသင့်ဘူး.

၁၄။ အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကိုသူသိလာအောင် စောင့်သင့်တယ်. ကိုယ်မှန်တိုင်း ၀င်ပြောပြီး အနိုင်မယူသင့်ဘူး.

၁၅။ လူတွေအပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ.သူတို့ကု
ိ နားလည်ဖို့ကြိုးစားပါ. ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့.တဖက်သားပြောချင်တာကို ဂရုတစိုက် နားထောင်ပါ. သူ့စိတ်ထဲမှာ
ပြောချင်နေတာကို ပြောခွင့်ပေးပါ။

၁၆။ အရေးမကြီးတဲ့ရပိုင်ခွင့်တချ
ို့ကို မရမကရအောင် မလုပ်ပါနဲ့။သူ့ထက်အရေးကြီးတဲ့ ကိစ္စတွေကို အချိန်ပေးပါ။ မဖြစ်လောက်တဲ့ကိစ္စလေးကို မရမကလုပ်ရင်းနဲ့ အဆင်မပြေဖြစ်ရရင် အချိန်ကုန်လူပန်းပြီး တခြားပိုပြီးအကျိုးရှိတဲ့အလုပ်တွေပျက်တာပဲ အဖက်တင်မယ်. အသေးအမွှား ရပိုင်ခွင့်ကို အချိန်ကုန်ခံပြီး မရမကရအောင် လုပ်နေရင် ကိုယ့်စိတ်ထားပါနိမ့်ကျသွားတယ်။

၁၇။ လူတွေရဲ့ကောင်းတဲ့အချက်လေးတေ
ွကို မကြာမကြာတွေးပါ. အထူးသဖြင့် လူတယောက်ကို မကျေမနပ်ဖြစ်နေရင် သူ့အကြောင်းကောင်းတာလေးတွေကို တွေးဖြစ်အောင်တွေးပါ။

ကိုယ့်ဒေါသကိုကိုယ်သိပြီး ထိန်းနိုင်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ အကျိုးရှိတဲ့အလုပ်တွေကို များများလုပ်နိုင်ပြီး စိတ်ကျေနပ်မှုရှိတဲ့သူ၊ စိတ်ချမ်းသာတဲ့သူတွေ ဖြစ်ကြပါစေ။
              
ေ၇းမိေ၇း၇ာလေးများမှ မျှဝေဖေါ်ပြသည်...

No comments:

Post a Comment