အမှောင်ထဲမှ အလင်းတန်း များနှင့် တွေ့ဆုံခြင်း
မႈန္ပ်ပ်
ခန်းမထဲသို့ ကျွန်တော်တို့ ရောက်ရှိ သွားသောအခါ ခန်းမ တစ်ခုလုံး
ငြိမ်သက်နေသည်။ ခန်းမထဲရှိ အစီ အရီ ချထားသော ထိုင်ခုံ များပေါ် တွင်
ထိုင်နေသော သူ အားလုံးသည် တုတ်တုတ်မျှ မလှုပ်၊ အာရုံတစ်ခုကို စူး စိုက်လျက်
ရှိနေ သည်။ ထိုခန်းမ သည်ကား ဝိပဿနာ ကျင့်ကြံရာ တရားဓမ္မ အားထုတ်ရာ ခန်းမ
တစ်ခုတော့ မ ဟုတ်ချေ။ ငြိမ်သက် တိတ်ဆိတ်နေသော ခန်းမ အတွင်းသို့
ကျွန်တော်တို့ ရောက်ရှိနေရာ ယူပြီးသောအခါ ရှေ့ဆုံးစာပွဲ ထိုင်ခုံတွင်
ထိုင်နေသော အမျိုးသမီး ငယ်တစ်ဦး သည် နှုတ်ခွန်းဆက် စကား ပြောကာ ကျွန်တော်၏
အတ္ထုပ္ပတ္တိ အကျဉ်းချုပ်အား ခန်းမ တွင်းရှိ လူအများထံ ဖတ် ကြားတော့သည်။
ထို့နောက် ကျွန်တော့် အား စကားပြောပေး ပါရန် မေတ္တာရပ် ခံခဲ့သည်။
တစ်ချိန်တည်း ခန်းမရှေ့ရှိ စကားပြော စင်ထက်သို့ ကျွန်တော် သွား ရောက်ကာ
“ကျွန်တော်သည် ယခင် က သရုပ်ဆောင် ဒါရိုက်တာ “မင်းသား ကျော်သူ”ဖြစ်ကြောင်း၊
သို့ပေမင့် ယခုအချိန် မှာတော့ “မသာမင်းသား” ဖြစ်နေပြီ ဖြစ်ကြောင်း၊
အဘယ့်ကြောင့် ဆိုသော် မြန်မာပြည်အနှံ့ လှည့် လည် ပြီးတော့ ကျေးရွာ၊
မြို့များသို့ သွား ရောက်ပြီး နာရေး ကူညီမှု၊ အယူသီးမှု အကြောင်းတွေသာ
ပြောဆို လုပ်ကိုင် နေရသည့် အတွက် ဖြစ်ကြောင်း”ပြောကြား လိုက် သည်နှင့်
တစ်ပြိုင်နက် တည်း လက်ခုပ် သြဘာသံများ ထွက်ပေါ်လာခဲ့ သည်။ ထို့နောက်
ကျွန်တော်တို့ လုပ် ကိုင်ပေးဆပ် လျက်ရှိသော လူမှုရေး လုပ်ငန်း များဖြစ်သည့်
နာရေး ကူညီမှု အသင်း (ရန်ကုန်)
စတင် ဖြစ်ပေါ်လာ ပုံ၊ ကျေးဇူးရှင် စာရေးဆရာ
ဒါရိုက်တာကြီး ဘဘ ဦးသုခ အကြောင်းများ နှင့် ကျွန်တော်တို့ လူမှုရေးသမား
များ ပေးဆပ် လျက်ရှိသော လူမှုရေး လုပ် ငန်းရပ်အားလုံးအား Slide Show
ရုပ်ပုံလွှာ များအား Projecter ဖြင့် ပိတ်ကားပြင် ထက်တွင် ပြသရင်း မိုက်
ခရို ဖုန်းဖြင့် ဟောပြော ခဲ့သည်။ ခန်း မတွင်းရှိ လူကြီး ၊လူငယ်၊ ကလေးများ
မကျန် စိတ်ဝင်တစား ငြိမ်သက်စွာ နား ထောင်ရင်း အားပေး ချီးမြှင့်ခြင်းကို
ခံခဲ့ရသည်။ ယင်းနောက် ခန်းမ တွင်းရှိ သူများ၏ သိချင်သော အကြောင်း အရာ အချက်
အလက်များအား၊ တစ်ဦးချင်း မေးမြန်းမှု တို့အား ကျွန်တော် ပြန်လည် ဖြေ ကြား
ပေး ခဲ့ရသည်။ ထိုသူ တို့၏ မေးမြန်းသော အချက်အလက် များမှာ အခြားသော
ပြည်တွင်း/ ပြည်ပနိုင်ငံ များရှိ ဟောပြောပွဲ များတွင် သာမန် လူတို့၏
မေးမြန်းချက် များနှင့် မတူ ထူးခြား နက်ရှိုင်းမှု တို့ကို တွေ့မြင်ခဲ့ရသည်။
အချို့သော ပြည်ပနိုင်ငံ များ၌ မေးမြန်းခဲ့သော “ဦးကျော်သူ ဘာ ဖြစ်လို့
ဆံပင်ရှည်၊ မုတ်ဆိတ်၊ နှုတ် ခမ်းမွေးထား ရတာလဲ” ဟူသော မေး ခွန်းမျိုးနှင့်
မတူ သူတို့၏ မေးမြန်းချက် များသည် “အခု လိုမွန်မြတ်လှသည့် ဦးကျော်သူ
တို့ရဲ့ အသင်း အဖွဲ့ဖြစ်တဲ့ နာရေးကူညီမှု အသင်း(ရန်ကုန်) က မြန်မာနိုင်ငံမှာ
အသင်း ခွဲပေါင်းမည်မျှ ရှိပြီးတော့ ပြည်သူ လူထုတွေကို ကူညီ
ဖေးမပေးနေပါသလဲ”၊ “အခုလို ဦးကျော် သူတို့ နာရေးတွေ လုပ်ကိုင် ကြတော့၊
အချို့ရောဂါ ဝေဒနာမျိုးစုံနဲ့ သေသွား ကြတဲ့ အလောင်းတွေ ကို သွားသယ် ကြ တော့
ကိုယ့်ရဲ့ကျန်းမာရေး နဲ့ ပတ်သက် ပြီးတော့ ကာကွယ်တဲ့ အနေနဲ့ ဘယ် လိုနည်း
စနစ်၊ နည်းပညာတွေ နဲ့ လုပ်ပေးပါသလဲ”၊ “ဦးကျော်သူတို့ နာရေး တွေသွား
သယ်ကြပြီးတော့ ထမင်းစား တာ၊ စားစရာတွေ ကိုရော ဘယ်လို ပုံ စံနဲ့ စားသောက် ကြ
ပါသလဲ၊ ဒီလို အ လောင်းတွေ ကိုင်ပြီး အသုဘ ချပြီး တော့ စားလို့
သောက်လို့ရော ဝင်ရဲ့ လား” အစရှိသည့် မေးခွန်း များပင် ဖြစ်သည်။ ထို့ကြောင့်
ယခင့် ယခင် ဟော ပြောပွဲများနှင့် မတူ ထူးခြားစွာ ကျွန်တော် ဝမ်းမြောက်၊
ကြည်နူး၊ အံ့ သြမိပေသည်။ အဘယ်ကြောင့် ဆိုရသော် ယခုသွားရောက် ဟောပြော ရ သော
ခန်းမသည် မြန်မာနိုင်ငံ ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ) ဖြစ်ပြီး ဟော
ပြောချက်များအား နားထောင်အား ပေး မေးမြန်းကြ သူများမှာလည်း လူမျိုး
ဘာသာပေါင်း စုံဖြစ်ကြသော ၊အမြင်အာရုံ ချို့တဲ့နေကြသော(မျက်မမြင်) များ
ပင်ဖြစ်တော့သည်။
လူတို့တွင် မြင်မှု၊
ကြားမှု၊ အနံ့ အာရုံ ခံစားမှု၊ အရသာ အာရုံခံစားမှု၊ ထိတွေ့မှု တည်းဟူသော
အာရုံငါးပါး ရှိမှ ပြီးပြည့်စုံသည့် လူသား တစ်ဦးဖြစ် သည်ဟု အဆို
ရှိခဲ့သော် လည်း ယခုဆို လျှင် ထိုအဆိုပြုချက်အား တွန်းလှန် တိုက်ဖျက်နေ
ကြပြီ ဖြစ်တော့သည်။ မျက်မမြင် များသည် အမြင်အာရုံကို အသုံး
မပြုနိုင်ကြသော်လည်း ကြားမှု၊ အနံ့ အာရုံခံစားမှု၊ အရသာ အာရုံခံစား မှု၊
ထိတွေ့မှု များအား ထိရောက် ထက် မြက်စွာ အသုံးချနိုင် ကြပြီဖြစ်သည်။
တစ်ချိန်က
ရုပ်ရှင်လောကတွင် သရုပ်ဆောင် ဘဝ ကျင်လည်စဉ်က ကျေးဇူးရှင် ဒါရိုက်တာကြီး
ဘဘဦး သုခနှင့် “အဖေနှင့်သား” ဟူသော ဇာတ်လမ်း ရိုက်ကူးစဉ် အချိန် ကာလက လည်း
တွေ့ကြုံခဲ့ ရဖူးသည်။ ဘဘဦး သုခသည် အသက် အရွယ် ကြီးရင့်လာ သည်နှင့် အမျှ
မျက်စိအမြင် အာရုံ အား နည်းလာခဲ့သူ တစ်ဦးဖြစ်သည်။ ဒါရိုက်တာ အဖြစ်
ဘဘဦးသုခမှ စီစဉ် ညွှန်ကြားရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်း တစ်ခုတွင်
ကွယ်လွန်သူ အစ်ကိုကြီး ဦးဇော်လင်းနှင့် ကျွန်တော် တို့အား သားအဖ ချင်း
စကား များသော ဇာတ်ဝင်ခန်း ရိုက်ကွက် တစ်ခု ရိုက်ကူးနေစဉ် ဘဘ ဦးသုခ သည်
ရိုက်ကွင်းပြင်ပ ဘက်သို့ မျက်နှာ လွှဲပြီးနေသည်ကို သတိထားမိသည်။ ထိုဇာတ်
ဝင်ခန်း ရိုက်ကူး ပြီးချိန်တွင် ဘဘ ဦးသုခ မှ ကျွန်တော့်အား
“မောင်ကျော်သူရေ နောက် တစ်ခေါက်လောက် ပြန်ရိုက် ပေးပါကွာ … မင်းရဲ့
သရုပ်ဆောင် အိုက်တင် နည်းနည်း လျော့နေတယ်”ဟု ပြောလိုက်သဖြင့် ကျွန်တော်
အလွန်အံ့ သြမိပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်တို့ သရုပ်ဆောင်နေသော
ဘက်သို့ ဘဘ ဦးသုခ ကြည့်ရှုနေခြင်း မဟုတ်ဘဲ ဘာကြောင့်များ ကျွန်တော် ၏
သရုပ်ဆောင်မှု (အိုက်တင်) ကိုလျော့ နေတယ်ဟု တွေးမိခြင်းကြောင့်ပင် ဖြစ်သည်။
ထိုအခါ ဘဘ ဦးသုခ ၏ သား တပည့် တစ်ဦးဖြစ်သူ ဦးနှင်းမိုးနှင့် ဝါရင့်
ကင်မရာမင်းန်ကြီး ဖြစ်သူ ဦးဖိုး ထောင် တို့က ကျွန်တော့်အား “ကျော်သူ ရေ …
ဘဘက အမြင် အာရုံ နည်းပေမဲ့ အကြား အာရုံ အစွမ်းထက်တယ်ကွ၊ မင်းပြောတဲ့ စကားသံ
ရဲ့ အတိမ် အနက်ကို နားထောင်ပြီး မင်းရဲ့သရုပ် ဆောင် အိုက်တင်ကို အတိအကျသိ
နိုင်တယ်ကွ” ဟူ၍ တိုးတိုး ကလေး ပြောပြခဲ့သည်။ ထို့ကြောင့် ကျွန်တော့် အတွက်
အနုပညာ နဲ့ပတ် သက်သော သင်ခန်းစာ ပညာရပ်တစ်ခု ရရှိခဲ့ကာ ကျွန်တော် ထပ်မံ၍
ကြိုးစား ပြောဆို သရုပ်ဆောင် ရိုက်ကူးခဲ့ သောကြောင့် ဘဘ ဦးသုခ ကျေနပ်
ပီတိဖြစ်သွား ခဲ့တော့သည်။
ဤကဲ့သို့ပင်
ထူးခြား အံ့ဖွယ်ဖြစ် ရပ်တစ်ခု ရှိခဲ့ပေသည်။ ထိုအကြောင်း အရာမှာ ယမုံနာ
ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ဒါရိုက်တာကြီး ဦးကြီးမြင့်၏ သမီးဖြစ်သူ
ဒါရိုက်တာ အိအိခိုင် ရိုက်ကူးခဲ့သော ကျွန်တော်၊ မခိုင် (ထွန်းအိန္ဒြာဗို)၊
ဖိုးသောကြာ၊ ပုလဲဝင်းတို့ ပါဝင်သော “ရတနာ” ရုပ်ရှင် ဇာတ်ကားကြီး ပြသစဉ်
အချိန် ကာလက ဖြစ်သည်။ ထိုအချိန် က ဒါရိုက်တာ အိအိခိုင်မှ ရုပ်ရှင်အထူးပွဲ
တစ်ပွဲအား ထူးခြားစွာ စီစဉ်ခဲ့သည်။ ထိုပွဲစဉ် သည်ကား မျက်မမြင် ကျောင်း မှ
အမြင် အာရုံချို့တဲ့ သူများအား ရတနာ ”ဇာတ်ကားကြီးအား ပြသပေး ခဲ့ခြင်း
ဖြစ်သည်။ ထိုရုပ်ရှင် ပွဲပြသပြီးခဲ့စဉ် မီဒီယာများ၏ မေးမြန်းချက် များ အား
မျက်မမြင်များက ပြန်လည် ဖြေကြားရာတွင်“ ဘယ် အခန်း မှာ ဦးကျော် သူ
သိပ်ကောင်းတယ်၊ ဟိုအခန်းမှာ ထွန်းအိန္ဒြာဗို ကိုကြိုက်တယ်” စသဖြင့် ပြန်လည်
ဖြေကြားသောအခါ မီဒီယာ များက ဦးကျော်သူ ကောင်းတယ် လို့ မည်ကဲ့သို့
သိသနည်းဟု ပြန်လည်မေး မြန်းရာတွင် သူတို့သည် မျက်မမြင် များဖြစ်သော်လည်း
အကြား အာရုံ ခံစားမှုများရှိကြောင်း၊ ပိတ်ကားထက် တွင် ပြော ကြားနေသော
စကားလုံး များ၊ စကားသံများမှ တစ်ဆင့် မိမိ တို့၏ ဦးနှောက်ရှိ အမြင်အာရုံ
ခံစားမှုများက သရုပ်ဆောင် များ၏ လှုပ်ရှားပြောဆို နေမှု များကို သိရှိနိုင်သည်
ဟုပြန် လည် ၍ ဖြေကြားခဲ့ကြသည်။
ထို့ကြောင့်
မျက်မမြင်များ မလုပ် နိုင်သော အလုပ်ဟူ၍ မရှိသလောက် ပင်ဖြစ်သည်။ ပန်းကလေး
တစ်ပွင့်ကို လက်တွင် စမ်းသပ်၍ အနံ့ခံ ကြည့်ရုံမျှ ဖြင့် မည်သည့်
ပန်းဖြစ်ကြောင်းပြော ကြားနိုင်သည်။ ကွန်ပျူတာ၊ အင်တာ နက်၊ IT ပညာရပ်
များကိုလည်း တတ် ကျွမ်းသော ပညာရှင်များ ပေါ်ပေါက် လာခဲ့သည်။ လက်မှု ပညာရှင်
များ စွာလည်း ထွန်းကားလာခဲ့သည်။ ဂီတပညာရှင် များလည်းပေါ်ပေါက်လာခဲ့သည်။
တတ်သိ ပညာရှင်များစွာ လည်း ပေါ်ပေါက် လာခဲ့သည်။ သူတို့ တွင် အများသူ ငါထက်
အစွမ်း သတ္တိ ရှိသော ကြားမှု၊ အနံ့ အာရုံခံစားမှု၊ အရသာ အာရုံခံစားမှု၊
ထိတွေ့မှု တို့အပြင် ထူးခြား ထက်မြက်စွာ တွေးခေါ်နိုင် သော ဦးနှောက် အသိဉာဏ်
များ လည်း ပေါင်းစပ်ထားကြသည်။
ထို့ကြောင့်
သူတို့အား မျက်စိ အမြင် အာရုံချို့တဲ့နေသော အမှောင် လောကကြီး အတွင်းမှ
ထူးခြားထက် မြက်သော၊ အမြင်အာရုံ၊ တန်ဖိုးမဖြတ် နိုင်သော အလင်းတန်း များကို
ပိုင်ဆိုင် ထားသော၊ ကမ္ဘာမြေပြင်ကြီး အားတန် ဖိုးရှိစွာ ဖန်တီး
တည်ထောင်ပေးနိုင် သော အဖိုးတန် လူသားများဟု တင် စား၍ ဂုဏ်ပြု
လိုက်ရပါတော့သည်။
ကျော်သူ Popularmyanmar.com မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment