ကမာရွတ်မြို့နယ်မှ နာမည်ကျော်
အင်းလျားကန်ပေါင်သည် နံနက်ခင်း နှင့်အတူ နိုးထလာလေပြီ။
အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိပုံရသည့် အသားဖြူ ဖြူ အမျိုးသား တစ်ဦးနှင့်
ဆံပင်ရှည်ကို အမြင့်စီးကာ အားကစားဖိနပ်ကို အကျ အနဝတ်ထားသော
အမျိုးသမီးတစ်ဦးတို့ ကန်ပေါင် တစ်လျှောက် ဖြည်းဖြည်းမှန် မှန်ပြေးနေရာမှ
စကား တပြောပြောနှင့် လမ်းလျှောက်နေသော ပင်စင်စားအဘိုး အို အဖွဲ့ကိုပင်
ကျော်တက်သွားလေပြီ။ နံနက် ၄ နာရီခန့်က မိုးရွာ ထားခြင်း ကြောင့်
ကန်ပေါင်အောက်ခြေမှ ပန်းပင် မြက်ပင်လေးများတွင် မိုးရေစက်လေး များ
တွဲခိုနေသည်။ ကန်ပေါင်အဆင်း ကုန်းမို့မို့မှ ပန်းပင်များဖြင့် ပုံဖော်ထား
သောအလှစာတန်းတွင် ကြက်သွေးရောင် အပင်ပုလေးများ များပြားသောကြောင့်
ကြက်သွေးရောင်သည် အတောက်ပဆုံး ဖြစ်နေသည်။ မိုးရာသီမို့ အရာရာတိုင်း သည်
စိမ်းစိမ်းစိုစိုရှိလှသည်။ ဘေးမြေ ကွက်လပ် တွင်မူ အားကစားဝတ်စုံများ ဖြင့်
ထိုက်ကျိကစားနေကြသော အရွယ် စုံအမျိုးသမီး၊ အမျိုးသားများ၊ အသက် နှစ်ဆယ်မှ
အသက်ခုနစ်ဆယ်ခန့်ထိ အ ရွယ်စုံလူများ ကို တွေ့ရသည်။ ထူးခြား
ချက်မှာကလေးငယ်များကို မတွေ့ရခြင်း ဖြစ်သည်။
”ကန်ပေါင်က ကျွန်တော်တို့ နေ
တဲ့နေရာနဲ့ဆို နှစ်မှတ်တိုင်လောက်ပဲဝေး ပေမယ့် ကလေးတွေက မလာချင်ကြ ဘူး။
သူတို့အတွက် ကစားကွင်းမှမရှိတာ” ဟု ကမာရွတ်မြို့ နယ်တွင် နေထိုင်သည့်
ကလေးနှစ်ယောက်၏ ဖခင်ကိုဝင်းသိန်း က ပြောသည်။
ကန်ထရိုက်တိုက်များပြားပြီး လုံး ချင်း
အိမ်နည်းသော သူတို့နေထိုင်ရာရပ် ကွက်တွင်
ကလေးများလမ်းပေါ်ထွက်ကစားကြသည်ကရှာမှရှား။ ကား အန္တရာယ်၊ ဆိုက်ကား အန္တရာယ်ေ
ကြာင့် ကလေးများကျောင်းက ပြန်လာသော် လည်း မိဘများက သူတို့ကလေးများကို အောက်
ဆင်း၍မကစားစေခဲ့။ ကလေး များ လွတ်လွတ်လပ်လပ် ကစားဖို့လည်း
သူတို့ရပ်ကွက်တွင် ကစားကွင်းမရှိ။ထို့ကြောင့်ထင်သည် ကျောင်းပိတ်ရက် တွင်
တိရစ္ဆာန်ဥယျာဉ်သို့ လိုက်ပို့ပါက ကလေးများက အတိုင်းထက်အလွန်ပျော်
ရွှင်ကြသည်။
”ကစားကွင်းတွေကို အမြဲတမ်း တော့
ဘယ်လိုက်ပို့နိုင်မလဲဗျာ။ ကားခ၊ တိရစ္ဆာန်ရုံဝင်ကြေး၊ ဘက်စုံကစားကွင်း
ဝင်ကြေး အဲလိုအဆင့်ဆင့်ပေးနေရတာ၊ တစ်နေရာ မှာဝင်ကြေးပေးထားလို့ ပြီး
တာမဟုတ်ဘူး။ ဒီကြားထဲ ကစားကွင်း မှာ ကစားရင်လည်းတစ်ခုချင်း အလိုက်
ငွေပေးရသေး တာလေ။ အဲဒါကြောင့် တစ်နှစ်ကို လေးခါ ငါးခါလောက်ပဲလိုက်
ပို့ဖြစ်တယ်။ ကိုယ့်ရပ်ကွက်မှာ ပန်းခြံ လေးဘာလေး လုပ်ပေးထားရင်တော့
ကလေးတွေနေ့တိုင်းဆော့နိုင်မှာပေါ့။ ပန်းခြံဆိုတော့ ကားအန္တရာယ် လည်း
မပူရဘူးလေ”ဟု ကိုဝင်းသိန်းက ဆို သည်။
၂ဝဝ၂ မှ ၂ဝ၁၂ ခုနှစ် ဆယ်နှစ် တာ ကာလအတွင်း
မြို့ပြဖွံ့ဖြိုးမှု ဧရိယာ၊ ဖွံ့ဖြိုးမှုဆောင်ရွက် ဆဲဧရိယာနှင့် စိုက်ပျိုး
မြေဧရိယာ၊ ကစားကွင်းဧရိယာ၊ မြေ ကွက်လပ်ဧရိ ယာ၊ ရေမြက်နှာပြင် ဧရိ ယာ၊
စိမ်းလန်းဧရိယာများ၏ တိုးတက်မှု လျော့ကျမှုအား မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး
ရေး မဟာ ဗျူဟာစီမံကန်း ကြားဖြတ် အစီရင်ခံစာတွင် ဖော်ပြ ထားချက်အရ
မြို့ပြဧရိယာဖွံ့ဖြိုးတိုးတက်မှု သည် ဖွံ့ဖြိုး မှု ဆောင်ရွက်ဆဲဧရိယာ၊
စိမ်းလန်း ဧရိ ယာနှင့် စိုက်ပျိုးမြေဧရိယာတို့၏လျော့
ကျမှုကြောင့်ဖြစ်ကြောင်း တွေ့ရ သည်။
ယခင်က မြို့ပြစီမံကိန်း ရေးဆွဲပါ က
ပန်းခြံဧရိယာ၊ စိမ်းလန်းမြေဧရိယာ ဟူ၍ ရှိသော်လည်း ကွန်ကရစ်လမ်းခင်း ခြင်း၊
ကန်ထရိုက်တိုက်များဆောက်ခြင်း တို့ကြောင့် စိမ်းလန်းမြေ ဧရိယာ၊ ရေဝပ်
ဧရိယာဟူ၍ မရှိတော့ဟု မြို့ပြစီမံကိန်း ရေးဆွဲရေးပညာရှင် ဒေါက်တာကျော် လတ်က
ပြောသည်။ ထိုသို့မရှိသော ကြောင့် ရေကြီးခြင်း ရေဝပ်ခြင်းများဖြစ်
ပေါ်လာသည်ဟု ၄င်းက ဆိုသည်။
ဖွံ့ဖြိုးမှု၏ နောက်ဆက်တွဲအဖြစ် အိမ်ခြံမြေ
ဈေးများကြီးမြင့်လာသည်။မြို့သစ်များတွင် ပေ ၂ဝ x ၄ဝ မြေကွက်
များကိုချပေးထားသော်လည်း မြေကွက် များကိုခွဲရောင်း ကြသောကြောင့် သစ် ပင်
ပန်းပင်များစိုက်စရာမြေကွက်လပ်ပင်မကျန်တော့ဘဲ တစ်အိမ်နှင့်တစ်အိမ်
ကပ်နေတော့သည်။ ထိုအခါ လူတို့ သဘာဝအရ စိမ်းလန်းသော၊ ကျယ် ဝန်းသော၊
ရှုချင်စဖွယ်တင့်တယ်သော ဝန်းကျင်သစ်ကို တောင့်တလာကြတော့ သည် ။
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ
စီမံကိန်း ကြားဖြတ်အစီရင် ခံစာ ၂ အရ မြို့လယ်ဗဟိုဖွံ့ဖြိုးမှုပုံစံ၊
စိမ်းလန်းမြေပါသည့် မြို့လယ်ဗဟို ဖွံ့ ဖြိုးမှုပုံစံ၊ မြို့လယ်စီး ပွားရေး
ဇုန်တစ်ခု တည်းအား ဗဟိုပြုသောပုံစံ သုံးမျိုးကို ရေးဆွဲ၍ မြို့နယ် (၃၉)
မြို့နယ်ရှိ အိမ် ထောင်စုများအား လူမှုရေးစစ်တမ်း ကောက်ယူရာ ၇၄
ရာခိုင်နှုန်းသည် စိမ်း လန်းမြေပါသည့် မြို့လယ်ဗဟို ဖွံ့ဖြိုးမှု ပုံစံကို
အဆိုပြုကြသည်။ထိုအချက်ကို ကြည့်ပါက မြို့ပြနေသူတို့၏ စိမ်းလန်း သော
ဝန်းကျင်တောင့်တချက်ကို အ လွယ်တကူ
သိနိုင်မည် ဖြစ်သည်။
”တောင်ဥက္ကလာ(သုမင်္ဂလာ)ပန်း
ခြံနဲ့ကလည်းအဝေးကြီး။ကလေးက လည်း လမ်းလျှောက် တတ်ခါစ အပြင် ထွက်ချင်တယ်။
အဲဒါကြောင့် ညနေဆို ရင် လမ်းထဲပဲလမ်းေ လျှာက်ရတာပဲ။ ရပ်ကွက်ထဲ
ပန်းခြံလေးဘာလေးရှိရင် ကောင်းမှာပဲလို့ တစ်ခါတလေတွေး မိတယ်”ဟု
ကလေးတစ်ယောက်မိခင် မနန္ဒာကဆိုသည်။ ကလေးများသော မိသားစုများမှာမူ
ရန်ကုန်မြို့ လယ်ရှိ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ဥယျာဉ် စသည်တို့သို့
သွားရောက်အပန်းဖြေ ကြသည်။ ထိုသို့အပန်းဖြေရာတွင် လည်း ငွေကုန်ကြေးကျ
များပြားလွန်းသော ကြောင့် တစ်နှစ်လျှင်တစ် ကြိမ်မျှသာ ကလေးကို
လိုက်ပို့ဖြစ်သည်ဟု ဒဂုံမြို့ သစ်မြောက်ပိုင်းမှ ကိုကျော်ကျော်က ပြောသည်။
”နီးနီးနားနားမှာ ကလေးကစား ကွင်းပါတဲ့
ပန်းခြံလေးရှိရင် မြို့ထဲထိ သွားစရာမလိုတော့ ဘူးလေ။ စားဖို့ သောက်ဖို့ကလည်း
ငွေရှာရသေးတော့ ကလေးကိုအမြဲတမ်း လိုက်မပို့နိုင်ဘူး။ ဒီနှစ်မှာ
ရွှေတိဂုံဘုရားသွားရင်းနဲ့ ပြည် သူ့ဥယျာဉ်ကိုတစ်ခါလားပဲ လိုက်ပို့ဖြစ်
တယ်”ဟု ငါးနှစ်အရွယ်သားတစ် ယောက်ဖခင်ဖြစ်သည့် ကိုကျော်ကျော် က ပြောသည် ။
ရန်ကုန်မြို့တွင် မြို့နယ် ၃၂
မြို့နယ်ရှိပြီး ပန်းခြံ ၅၈ ခြံရှိသော်လည်း မြို့နယ်တိုင်းတွင်
ပန်းခြံတစ်ခုစီမရှိသေး ပေ။ လသာ၊ ဗိုလ်တထောင်ကဲ့သို့သော မြို့နယ်များတွင်
ပန်းခြံမရှိသလို ရှိပြီး သား မြို့နယ်ပန်းခြံများကိုလည်း မြို့ခံ
များကအသုံးမပြုကြသည်များလည်း ရှိ သည်။
”ကျွန်တော်တို့ မြောက်ဒဂုံက ပန်း ခြံဆိုရင်သွားတဲ့သူကိုမရှိတာ”ဟု ကို ကျော်ကျော်က ဆိုသည်။
ပန်းခြံများကို ဖွင့်ပေးထားသော် လည်း
အချို့ပန်းခြံများသည် ကလေး ကစားကွင်း မပါရှိခြင်း၊ စိမ်းလန်းစိုပြည်မှု
မရှိခြင်း၊ ထိန်းသိမ်းမှုအားနည်းခြင်း၊ လူဝင်လူထွက်နည်း ပါးခြင်းတို့ကြောင့်
ပန်း ခြံအနီးနေထိုင်သူများပင် သွားရောက် အပန်းဖြေရန် မေ့လျော့နေကြပြီး အမှု
မဲ့အမှတ်မဲ့ရှိနေကြသည်ဟု ကိုကျော် ကျော်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ပြည်သူ
အများစုသည် ဝမ်းရေးအတွက် အဓိက ထားရှာဖွေနေရေ သာကြောင့် ထိုကဲ့သို့
အပန်းဖြေရန် ပန်းခြံများသို့ သွားရောက် ချိန်မရှိခြင်းက လည်း အကြောင်း ရင်း
တစ်ချက်ဖြစ်ကြောင်း ၄င်းက ပြော သည်။
”ထမင်းစားဖို့ အရင်လုပ်ရတယ်။ပန်းခြံတွေ
ဘာတွေသွားဖို့ဆိုတာလည်း ငွေရှိမှ သွားလို့ရ မှာပေါ့”ဟု စတီးပစ္စည်း နှင့်
ပေါင်းအိုး ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ၄င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံ
များဖြစ်သော စင်ကာပူ၊ မလေးရှား စသည့် နိုင်ငံများတွင်မူ ရပ်ကွက်တိုင်း တွင်
ပန်းခြံတစ်ခုစီရှိပြီး ဝင်ကြေးအခမဲ့ ဖြစ်သည်ဟု စင်ကာပူ တွင်နေထိုင်သည့်
မိသားစုထံ မကြာခဏအလည်သွား လေ့ရှိသူ ဒေါ်မော်မော်ကဆိုသည်။ ပန်း
ခြံများတွင်လည်း ပန်းပင်ကြီးသိပ်မရှိဘဲ ကလေးများအတွက် ကစားကွင်း ကို
အဓိကထားပေးထားကြောင်း ၄င်းက ပြောသည်။
”ပန်းခြံထဲမှာဆို ကလေးကစား စရာတွေ၊
ထိုင်ခုံလေးတွေနဲ့ မြက်ခင်း စိမ်းစိမ်းစိုစိုလေးတွေ လှမှလှပဲ။ သူတို့ ဆီက
ရပ်ကွက်ပန်းခြံတွေမှာ ကလေး ငယ်တွေက ပိတ်ရက်မှ စုပြုံလာတာမျိုး မဟုတ်ဘူး။
အနီးအနားမှာရှိပြီး အခမဲ့ ဖြစ်တဲ့အတွက် အချိန်မရွေး အဆင်ပြေ သလိုသွားနိုင်
လို့ပန်းခြံထဲမှာ လူကျပ်နေ တာမျိုးမရှိဘူး”ဟု ၄င်းက ပြောသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့
University Tunku Abdul Raham (Setapak Campus) တွင် ကျောင်း တက်နေသည့်
မသီရိက မလေးရှားရှိ ငွေပေးဝင်ရသော ပန်းခြံများသည် လွန် စွာသားနားပြီး
ကွန်ဒိုတိုင်း၊ ရပ်ကွက် တိုင်းတွင်လည်း အခမဲ့ပန်းခြံတစ်ခုစီ ရှိသည်ဟု
ပြောပြသည်။
”ငွေပေးဝင်ရတဲ့ ပန်းခြံတွေမှာ လည်း
ကစားနည်းအကုန်ကစားချင် တယ်ဆို Package အလိုက် ဝယ်လို့ရ တယ်။
သူ့နိုင်ငံသားရတဲ့ဝင်ငွေနဲ့ ပေးရတာနဲ့ချိန်ကြည့် ရင်သက်သာတာပေါ့။ Free
ပန်းခြံတွေကတော့ ရပ်ကွက်တိုင်း မှာကိုရှိတယ်”ဟု မလေးရှားသို့ ၂ဝ၁ဝ
ခုနှစ်ကတည်း က ရောက်ရှိနေသော မသီရိက ဆိုသည်။
မြန်မာနိုင်ငံတွင်မူ ရပ်ကွက်တိုင်း တွင်
ပန်းခြံတစ်ခုစီ မရှိသော်လည်း မြို့စီမံကိန်းရေးဆွဲ ကတည်းက ရပ်ကွက်
မြို့နယ်အဆင့်အလိုက် ပန်းခြံထားပေး ရန်ကို ထည့်သွင်းေ ရးဆွဲရသည်ဟု
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မြို့ပြနှင့်
ဒေသစီမံကိန်းဌာနခွဲမှ ညွှန် ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြော သည်။
ထို့ပြင် ဆေးပေးခန်း၊ ပန်းခြံ
စသည်တို့အတွက် မြေနေရာချန်ထားရ ကြောင်း၊ ဘတ်ဂျက် အရ အခြားစီမံကိန်း
များလုပ်နေရခြင်းကြောင့် အကောင် ထည်မဖော်နိုင်သေး လျှင်ပင် နေရာချန်
ထားပေးရကြောင်း ၄င်းက ပြောသည်။
”ရပ်ကွက်အဆင့်ဆိုရင် ရပ်ကွက် မှာ
နေတဲ့ကလေးတွေ အိမ်ခြေ ၁ဝဝ နေတဲ့ရပ်ကွက်လား၊ အိမ်ခြေ ၂ဝဝ နေ တဲ့ ရပ်ကွက်လား
ဆိုတာပေါ်မှာ မူတည်ပြီးတော့ Plan ချတယ်၊ စာသင် ကျောင်းဆိုရင်လည်း အိမ်ခြေ
၅ဝဝ လောက်အနိမ့်ဆုံးရှိတဲ့နေရာမှာ မူလ တန်းကျောင်း၊ ထောင်ချီသွားရင်တော့
အလယ်တန်းကျောင်း အထက်တန်း ကျောင်း ဒါမျိုးတွေ လျာထားရတယ်”ဟု ၄င်းတို့ဌာန၏
အစီအစဉ်များကိုပြော ပြသည်။
ထိုသို့အများပြည်သူသုံးဧရိယာ ချန်ထားပြီး
အကြောင်းတစ်ခုခုကြောင့် ပြန်ပြောင်းပစ် မည်ဆိုလျှင်လည်း အများ
ပြည်သူနှင့်ဆိုင်သောနေရာများကို မလုပ် သင့်ကြောင်း၊ သို့သော်လည်း
အချို့မြို့ သစ်များတည်ထားစဉ်က အများပြည်သူ သုံးဧရိယာ မဖြစ်ခဲ့သည်များ
ရှိကြောင်း ၄င်းက ဆိုသည်။
”ဒဂုံတို့ ရွှေပြည်သာတို့ လှိုင်သာ ယာတို့
၊အဲလိုမြို့သစ်တွေကို Plan ဆွဲတုံးက Public Area မဖြစ်ခဲ့တာ မျိုးရှိတယ်။
နောက် မြို့သစ်တွေရဲ့ နေရာအချို့မှာ ကျူးကျော်ေ တွကိုနေရာ ပေး တယ်။
မြို့တစ်ခု Plan ဆွဲတဲ့နေရာ မှာ သူ့စည်းမျဉ်း လုပ်ထုံးလုပ်နည်းနဲ့သူရှိ
တယ်။ ဒါပေမဲ့ တချို့နေရာတွေက အ သွင်ပြောင်းသွားတာတွေ ရှိတယ်” ဟု ၄င်းက
ပြောသည် ။
ထိုအချက်များသည် မြို့ပြစီမံခန့် ခွဲမှု
အပိုင်းတွင် အားနည်းချက်ဖြစ် သွားပြီး အသွင်ပြောင်း သွားသည့် ဧရိ
ယာများကိုလည်း တိုးတက်အောင်မလုပ် နိုင်သည်ကိုတွေ့ ရကြောင်း၊ အချို့မြို့
သစ်များတွင် ပန်းခြံနေရာထားပေးသော် လည်း ဖြစ်မြောက်အောင်မဆောင်ရွက်
နိုင်သေးေ ကြာင်း၊ ထိုသို့ဆောင်ရွက်ရန် အတွက်လည်း အစီအမံနှင့် ဘတ်ဂျက်
ရှိရန်လိုအပ်ကြောင်း သုံးသပ်သည်။
”သူများတိုင်းပြည်ရဲ့Plan အတိုင်း
လိုက်လုပ်လို့ မရတာရှိတယ်။ စင်ကာပူ၊ မလေး၊ အင်ဒိုတို့ဆိုရင်လည်း သူတို့ဆီ
မှာGreen Space လိုနေရာမျိုးကို မြို့ရဲ့ ၂ဝ ရာခိုင်နှု န်းလောက် ယူထားတယ်။
လမ်းရဲ့ဘေးတွေမှာ ပန်းခြံတွေ၊ လူထု အပန်းဖြေနိုင်အောင် Public Area
တွေဆိုရင် အသွင်ပြောင်းတာမျိုးကို တော်တော်များများမလုပ်ဘူး။ ပန်းခြံ
လို့သတ်မှတ်ပြီး သွားရင် အဲဒါကိုရှင်သန် အောင်လုပ်တာပဲရှိတယ်။ ဒီမှာတော့
ဒါကို Control လုပ်တာနည်းသေး တယ်”ဟု ဒေါ်အေးအေးမြင့်က ဒေသ
တွင်းနိုင်ငံများနှင့်နှိုင်းယှဉ်၍ပြောသည်။
နေ့စဉ်အလုပ်လုပ်နေရသော လူ ကြီးများ၊
စာသင်နေရသောကလေးများ၊ ဝမ်းရေးအတွက် ရှာဖွေစားသောက်နေရသူများအားလုံးအတွက်
စိတ်ပျော်ရွှင်မှု ရရန်ဆိုလျှင် အပန်းဖြေရန် လွန်စွာအ ရေးကြီးပေသည်။ သို့မှသာ
လူများ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအခြေအနေ များပိုမို
ဖွံ့ဖြိုးမည်ဖြစ်ပြီး ကလေး များသည်လည်း ပန်းခြံများ တွင်အပန်းဖြေဆော့
ကစားခြင်းအားဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် နီးစပ်လာမည်ဖြစ် သည်။
သက္ကရာဇ် ၂ဝ၅ဝ ရောက်ပါက ကမ္ဘာကြီး၏
သုံးပုံနှစ်ပုံသည် မြို့ပြဖြစ် လာမည်ဖြစ်ပြီး ရုပ်ပစ္စည်းများလည်းပို
မိုတိုးတက်လာမည်ဖြစ်၍ ကျန်းမာရေး အရ လူတစ်ဦးလျှင် Green Area 9m2
လိုအပ်လာမည်ဟု ဗိသုကာပညာရှင် တစ်ဦးက WHO ၏ အစီရင်ခံစာကိုကိုး ကား၍ပြော
သည်။
”အဲဒီ အစီရင်ခံစာအရ ဆိုရင် ပန်းခြံတွေ သေချာပေါက်လိုလာမှာပဲ” ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။
လက်ရှိအနေအထားအရမူ ရန်
ကုန်မြို့လယ်တွင်ပင် အပန်းဖြေစရာ ပန်းခြံနည်းပါးေ နသေးကြောင်း မြို့ရွာ
နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မြို့ ပြနှင့်ဒေသစီမံကိန်းဌာနခွဲ မှ
ညွှန်ကြား ရေးမှူး ဒေါ်အေးအေးမြင့်က ပြော သည်။
”မြို့လယ်ကောင်ဆို မဟာဗန္ဓုလ ပန်းခြံလိုမျိုးကလွဲလို့ မြို့လယ်ကောင်မှာ ဘာမှမရှိဘူး”ဟု ၄င်းက ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ
ပန်းဥယျာဉ်နှင့် အားက စားကွင်းများဌာနမှ တာဝန်ရှိသူ တစ် ဦးက
မြို့နယ်များတွင်ရှိသော စည်ပင် ပိုင် ပန်းခြံ ၅၈ ခုကို အမြဲဖွင့်ပေးထားပြီး
ယခုနှစ်အတွင်း ပန်းခြံအချို့ကို အဆင့် မြှင့်ပေးရန်ရှိသည်ဟုပြောသည်။ ကန်
တော်မင်္ဂလာ၊ သခင်မြ၊ မဟာဗန္ဓုလ၊ နံ့သာမြိုင် (စော်ဘွားကြီးကုန်း)၊ သု မင်္ဂလာ၊
ဆိပ်ကြီးခနောင်တို၊ လှိုင် သာယာ ၊ ရှုခင်းသာ စသည့် ပန်းခြံများ ကို
ယခုနှစ်အတွင်း အဆင့်မြှင့်သွားမည် ဖြစ်ပြီး လိုအပ်သည့် ပန်းခြံများကိုလည်း
နှစ်အလိုက် အဆင့်မြှင့်မှုများလုပ်ဆောင် လျက်ရှိသည်ဟု ပြော သည်။ ထို့ပြင်
ယခုနှစ်မှစ၍ ကန်သာယာကုက္ကိုင်း၊ မဟာဗန္ဓုလ၊ သခင်မြ၊ ဥက္ကလာသီရိ
စသည့်ပန်းခြံများကို ဝင်ကြေး အခမဲ့အ ဖြစ်ပြောင်းလဲသတ်မှတ်လိုက်သည်ဟုလည်း
သိရသည် ။
စည်ပင်ပိုင်ပန်းခြံများ၏ ဝင်ကြေး များသည်
လူတစ်ဦးလျှင်အနည်းဆုံး ကျပ် ၁ဝဝ မှ အများဆုံး ကျပ် ၃ဝဝ အထိရှိပြီး
လက်ရှိတွင် ကန်တော်ကြီး သည် ဝင်ငွေ အများ ဆုံးကောက်ခံ
ရရှိသည့်ပန်းခြံဖြစ်သည်ဟု သိရသည် ။မြို့စွန်များတွင်မူ နေရာကျယ်ဝန်းပြီး
အပင်စိုက်ပျိုးရန်ေ နရာရှိသောကြောင့် ပန်းခြံများတွင် လာရောက်အပန်းဖြေမှု
နည်းပါးကြောင်း၊ ထို့ကြောင့် မြို့စွန်ပန်း ခြံများသည် လူဝင်နည်းကြောင်း
သိရ သည်။
နှစ်သုံးဆယ် မြို့ပြဖွံ့ဖြိုးရေးစီမံ
ကိန်း ဖော်ဆောင်သောအခါ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ
ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန မှ ပန်းခြံမရှိေ သာမြို့နယ်များတွင်
ပန်း ခြံများ လုပ်ဆောင်ပေးသွားရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။
”တစ်မြို့နယ်မှာ ပန်းခြံတစ်ခု လုပ် ဖို့
အစီအစဉ်ရှိပါတယ်။ ဘယ်နေရာမှာ ဘယ်လိုလုပ်မယ် ဆိုတဲ့Location တော့
အတိအကျမရသေးဘူးပေါ့၊ နှစ်အလိုက် စီမံကိန်း နဲ့ ဆောင်ရွက်သွားဖို့ ရှိတယ်”ဟု
အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ရန်ကင်းမြို့နယ်တွင်နေထိုင်သည့်
ကလေးနှစ်ယောက်မိခင် မသက်သက် ကမူ ပန်းခြံသစ် များလုပ်ဆောင်ရာတွင်
ကလေးများကစားနိုင်မည့် ကစားကွင်း များလည်း ထည့်ပေးရန် လိုအပ်ကြောင်း၊
အချို့မြို့နယ်ပန်းခြံများတွင် ကလေး ကစားကွင်းများမရှိကြောင်း ၄င်း၏
အမြင်ကိုပြောသည်။ ထို့ပြင် ပန်းခြံဝင် ကြေးများကိုလည်း အခမဲ့ဖြစ်စေချင်
ကြောင်း မသက်သက်က ဆိုသည်။
ထိုအချက်နှင့်ပတ်သက်၍ စည် ပင်မှ
တာဝန်ရှိသူက ”နောက်ပိုင်းမှာ ပန်းခြံအားလုံးကို လူထုအတွက် အခမဲ့
လုပ်ပေးသွားဖို့ အစီအစဉ်လည်းရှိတယ်။ ဖြစ်နိုင် တာတစ်ခု က ငွေကြေးမကောက်
ခံတော့ဘဲ အခမဲ့ဝင်ခွင့်ပြုလိုက်မယ် ဆိုရင် အရက်သေစာသောက်စားပြီး
မူးနေတဲ့သူတွေ၊ ပန်းခြံထဲမှာ မဖွယ်မ ရာလုပ်တဲ့သူတွေ တစ်နေကုန် တစ်နေ ခန်း
လာထိုင်နေမယ်၊ အဲဒီအတွက် ချင့်ချိန်ရမှာပေါ့၊ ဝင်ကြေးတစ်ခုသတ်
မှတ်ထားတဲ့အခါကျတော့ ဒီလိုလုပ်တဲ့ သူတွေ သိပ်မဝင်နိုင်ဘူးလေ”ဟု ပန်းခြံ
များ အားလုံးကိုအခမဲ့ဆောင်ရွက်သွား မည့် အစီအစဉ်နှင့် ပတ်သက်၍ ပြော သည်။
မြို့တစ်မြို့အတွက် Plan ဆွဲပါက
စိမ်းလန်းနယ်မြေ၊ အများပြည်သူပိုင် ဧရိယာတို့မှာ အနည်းဆုံး ၅
ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိပါရကြောင်း၊ နောက်ပိုင်းတွင် ရ သလောက်
ထပ်မံတိုး ချဲ့ လုပ်ဆောင်သွားရကြောင်း ဗိသု ကာပညာရှင်တစ်ဦးက ဆိုသည်။ သို့
သော် ရန်ကုန်မြို့အနေဖြင့် ဆိုပါက လူများစွာ အပန်းဖြေနားနေနိုင်မည့်
ပန်းခြံများ ကစားကွင်းများလိုအပ်နေ သေးကြောင်း၎င်းက ထောက်ပြသည်။
မည်သို့ပင်ဖြစ်စေ မြို့ပြလူထု၏
အပန်းဖြေစရာနေရာလိုအပ်ချက်ကို သိလိုပါက ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံ၏
ညနေခင်းကိုကြည့်လိုက်လျှင် ရှင်းလင်းစွာသိနိုင်ေ ပ သည်။ မြက်ခင်း
စိမ်းစိမ်းပေါ်တွင် ပြေးလွှားဆော့ကစား နေကြသော ကလေးငယ်လေးများ၊ ရေ
ပန်းရုပ်ရှင်နားတွင်ရပ်ကာ ရေပန်းများ ကို ကြည့်နေသောကလေးများ၊ မိဘများ
ကိုလက်တွဲကာ လမ်းလျှောက်စမ်းနေ သော ကလေးငယ်များ၊ ကလေးများ ကစားနေသည်ကို
မလှမ်းမကမ်း မှ စောင့်ကြည့်နေသည့် မိဘများ၊ ပန်းခြံ တွင်း
သစ်သားခုံလေးများပေါ်တွင် ထိုင် ကာစကားပြောနေကြသော လူငယ်စုံတွဲ များ၊
လွတ်လပ်ရေးကျောက်တိုင်ဘေး တွင် ထိုင်ကာစကားပြောနေသော လူ ငယ်များဖြင့်
ပန်းခြံ၏ ညနေခင်းသည် စည်ကားလှသည်။
ယခင်ကဈေးဆိုင်ခန်းများ၏ ပတ် ချာလည်
ကာရံမှုကြောင့် ညှိုးမှိန် ပျောက်ကွယ်ခဲ့ရသော ပန်းခြံ၏ အလှ အပများသည်
ပြန်လည်ရှင်းလင်းဖော်ထုတ်ခဲ့မှုကြောင့် အသစ် တစ်ဖန်ပွင့် လန်းလာချေပြီ။
ထို့ပြင် ပြည်သူလုထု အတွက် အခမဲ့ဝင်ခွင့်ပေးထားခြင်း ကြောင့်
လူတန်းစားမရွေးဝင်ရောက်နား နေ အပန်းဖြေနိုင်သည်။ အလားတူ ရန်ကုန်မြို့ရှိ
အခြားမြို့နယ်များမှ လူထု စိတ်ဝင်စားမှု လျော့ကျပျောက်ကွယ် နေသော မြို့စွန်
ပန်းခြံများကို အပန်း ဖြေချင်စဖွယ်ဖြစ်အောင် အဆင့်မြှင့်ပေး လိုက်ရင်ဖြင့် .
. .။
မေဇင်ဝင်း၊ ဝေမာထွန်း၊ သုတလင်း
popularmyanmar.com မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment