*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 10 September 2013

ပဲခူးမြို့တွင်းမြေကွက်များ ကျပ်သိန်းတစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာ...


photo fro new no 11 2  
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အတွင်း၌ ဟံသာဝတီလေဆိပ် စီမံကိန်းများကြောင့် ယခုရက်ပိုင်းအတွင်း အဝယ်လိုက် လာခဲ့ပြီး မြေဈေးနှုန်းများမှာ ကျပ်သိန်းတစ်သောင်း ၀န်းကျင်အထိ မြင့်တက်လာခဲ့သည် ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

ပဲခူးမြို့ဟံသာဝတီလေဆိပ် အနီးပတ်ဝန်းကျင်ဒေသ များ၌ ပေ(၄၀x၆၀)မြေကွက်တစ်ကွက်လျှင် ပျမ်းမျှဈေးနှုန်း ကျပ်သိန်း ၅၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပဲခူးမြို့အချက်အချာကျသောနေရာများ၌ အိမ်ခြံမြေဈေးနှုန်းများမှာ ကျပ်သိန်း တစ်သောင်း ဝန်ကျင် အထိရောက်ရှိနေခြင်းဖြစ်သည်ဟု Eastate Myanmar အိမ်ခြံမြေ အကျိုးဆောင်းလုပ်ငန်းမှ စုံစမ်းသိရှိရသည်။


 ပဲခူးကောလိပ်အနီး ဉာဏ်စတား အထည်ချုပ်စက်ရုံအနီးက ခြံမြေ လယ်မြေတွေ ဆိုရင် အရင်က အဲဒီလောက် ဈေးမရှိဘူး။ အခုဆိုရင် သိန်း၆၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်။ ရန်ကုန်ပဲခူး လမ်းမကြီး ဘေးကမြေကွက်တွေ ဆိုရင်လည်း ဒီဈေး အတိုင်းပဲ အရောင်းအဝယ်ဖြစ်တာ များတယ်။ ဒီဘက်မှာပေ(၄၀x ၆၀)နဲ့ရောင်းတာ သိပ်မရှိဘူးဟု  

ပဲခူးကောလိပ်အနီး၌ နေထိုင်သည့်အမျိုးသမီးတစ်ဦးက ပြောသည်။
ရန်ကုန်-ပဲခူးလမ်းမကြီးတစ်လျှောက်ရှိ အိမ်ခြံမြေများမှာအဝယ်လိုက်လာသဖြင့် အိမ်ခြံမြေဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာခဲ့ပြီး လက်ရှိကာလတွင် ပဲခူးမြို့အတွင်းရှိ ဂရန်ပါပေ(၄၀x၆၀) ခြံတစ်ကွက်လျှင် သိန်းခုနစ်ထောင်မှ တစ်သောင်း ဝန်းကျင်အထိ ပေါက်ဈေးရှိနေခြင်းဖြစ်သည်ဟု ပဲခူးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် များထံမှ စုံစမ်းသိရှိရသည်။

“ပဲခူးမြေဈေးက အဲ့ဒီလောက် မပေါက်ဘူး၊ အခုဆို ပဲခူးမြို့ထဲပိုင်းလိပ်ပြာကန် ဘက်က မြေကွက်တွေဆို ဂရန်ပါမြေကွက် (၄၀×၆၀)ဆို ကျပ်သိန်း ၈ထောင် ကနေ တစ်သောင်းဝန်းကျင်အထိ ရှိတယ် ဟု ပဲခူးအိမ်ခြံမြေပွဲစားဒေါ်ရီရီမြင့်က ပြောသည်။
ဟံသာဝတီလေဆိပ် စီမံကိန်းကြောင့် ပဲခူးမြို့တွင်းနှင့်ရန်ကုန်-ပဲခူးလမ်းမကြီးတစ်လျှောက်ရှိ အိမ်ခြံမြေဈေးနှုန်းများ အဓိကမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဆက်လက်မြင့်တက်လာနိုင်သည် ဟု အိမ်ခြံမြေ အကျိုးဆောင်အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

အရင်ကဆို မြေဈေးတွေက အဲ့ဒီလောက်၊ မရှိဘူး ပဲခူးဘုရားကြီး အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ မြေကွက်တွေ ဆို ပေ (၄၀x၆၀) ဆို သိန်း(၂၀၀) ဝန်းကျင်လောက်ပဲ ရှိတယ်။ မြေဈေးတွေ တက်တာ သိပ်မကြာသေးဘူး။ ပဲခူးကောလိပ်ကို သွားတဲ့ လမ်းအနီးမှာရှိတဲ့ စက်မှုဇုန်မြေကွက်တွေ ဆိုရင်လုပ်ငန်းရှင်တွေပဲ ဆင်းဝယ် တာများကြတယ်။ အဲဒီဘက်မှာတော့ ပေနဲ့ရောင်းတာ သိပ်မရှိဘူး။ လယ်မြေ တွေဆို ဧကနဲ့ရောင်းပြီး၊ သူတို့ လုပ်ကိုင်စားသောက်နေတဲ့ ခြံတွေဆိုရင်လည်းအရှိကို တွက်ပြီး ရောင်းတာ များတယ် ဟု ပဲခူးဒေသခံဦးမြင့်ဌေးက  ပြောသည်။

ဟံသာဝတီလေဆိပ်စီမံကိန်းကြောင့် ပဲခူးမြို့တွင်းနှင့်ရန်ကုန်-ပဲခူးလမ်းမကြီးတစ်လျှောက်ရှိ အိမ်ခြံမြေဈေးနှုန်းများ အဓိကမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဆက်လက်မြင့်တက်လာနိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင်အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။
 From-MYITMAKHA

No comments:

Post a Comment