စင်္ကာပူအသင်းကို ၂ ဂိုး -
ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ မြန်မာအသင်းဟာ ဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပြီး
မလေးရှားအသင်းနဲ့ တွေ့ရမှာဖြစ်ပါတယ်။ မလေးရှားအသင်းက
ထိုင်းအသင်းကို (၃-၀) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲသို့
မြန်မာအသင်းနှင့် အိမ်ရှင်မလေးရှား အသင်းတို့ တက်ရောက်သွားပြီး စက်တင်ဘာ ၁၄
ရက် မြန်မာစံတော်ချိန် ည ၇း၁၅ နာရီတွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း
သိရသည်။
စက်တင်ဘာ ၁၀ ရက်နေ့ ရန်ကုန်မှာ ယှဉ်ပြိုင်တဲ့ အာစီယံ အမျိုးသမီး ချန်ပီယံရှစ် အုပ်စု ခ ပွဲစဉ်မှာ အိမ်ရှင် မြန်မာက လာအိုကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မြန်မာအမျိုးသမီး အသင်းအတွက် အနိုင်ဂိုးတွေကို စန်းစန်းမော်၊ခင်မာလာထွန်း၊ ရီရီဦးနဲ့ခင်မိုးဝေတို့က သွင်းယူပါတယ်။ အုပ်စု ခမှာ ပွဲဦးထွက် နိုင်ပွဲရတဲ့ မြန်မာဟာ ၁၄ ရက်နေ့မှာ ဖိလစ်ပိုင်၊ ၁၆ ရက်နေ့မှာ အင်ဒိုနီးရှား၊ ၁၈ ရက်နေ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဂျပန်ယူ ၂၃ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
www.mmdailystar.com ...မှမျှဝေဖေါ်ပြသည်.....
No comments:
Post a Comment