*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 9 September 2013

ဆီးရီးယားသို့ ရုရှား စစ်သင်္ဘော လေးစင်းစေလွှတ် ...


ဆီးရီးယားသို့ ရုရှား စစ်သင်္ဘော လေးစင်းစေလွှတ်
မော်စကို စက်တင်ဘာ ၇

ရုရှား ရေတပ်ဖွဲ့သည် ဆီးရီးယား နိုင်ငံအနီး မြေထဲပင်လယ် အရှေ့ခြမ်းသို့ စစ်သင်္ဘော လေးစင်း စေလွှတ်ခဲ့ကြောင်း Interfax သတင်း အေဂျင်စီက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံကို တိုက်ခိုက်လာပါက ဆီးရီးယား နိုင်ငံမှ ရုရှား နိုင်ငံသား များကို ရွှေ့ပြောင်း နိုင်စေရန် ရည်ရွယ်၍ မြေထဲ ပင်လယ်တွင်   ၎င်း၏ရေ တပ် ဖြန့်ကြက် တည်ရှိမှုကို တိုးမြှင့်လျက် ရှိကြောင်း ရုရှား အစိုးရ အဆင့်မြင့် တာဝန်ရှိသူ ဆာဂျီ အိုင်ဗန်နော့ဗ်က ထုတ်ဖော်ပြောကြား ခဲ့သော်လည်း အဆိုပါ မြေထဲ ပင်လယ် ဒေသသို့   စစ်သင်္ဘော အရေအတွက် မည်မျှ စေလွှတ်ထားသည် ဆိုသည်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
 
ရုရှား ရေတပ်၏ ကမ်းထိုး တိုက်ခိုက်ရေး စစ်သင်္ဘော နှစ်စင်းနှင့် ကင်းထောက် စစ်သင်္ဘော တစ်စင်းတို့သည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ Bosporus ဆိပ်ကမ်းမှ တစ်ဆင့် စက်တင်ဘာ ၅ ရက်တွင် ဆက်လက် ထွက်ခွာ သွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် Dar-danelles ရေလက်ကြား ကို ဖြတ်ကျော် သွားပြီ ဖြစ်ကြောင်း Interfax သတင်း အေဂျင် စီက ပြောကြားခဲ့သည်။

အခြားကမ်းထိုး ရေယာဉ် တစ်စင်းသည်လည်း စက်တင်ဘာ ၆ ရက်တွင် ပင်လယ်နက် အတွင်းရှိ Sevastopol ဆိပ်ကမ်းမှ မြေထဲပင်လယ် အရှေ့ပိုင်းသို့ ဦးတည်ထွက်ခွာ သွားခဲ့ကြောင်းနှင့် မြေထဲပင်လယ် အရှေ့ပိုင်းသို့ မရောက်မီ Novorossiysk မြို့ ဆိပ်ကမ်းတွင် အထူး ကုန်ပစ္စည်းများ တင်ဆောင်ဦးမည် ဖြစ်ကြောင်း သိရသည်။

 Written by            မြ၀တီမှမျှဝေဖေါ်ပြသည်...

1 comment: