*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 7 September 2013

၂၀၁၅ စတော့ဈေးကွက် အတွက် အစိုးရ၏ စာရင်းတွင် လွယ်ဟိန်း၊ ထူး၊ မက်စ်၊ ရွှေတောင်၊ စီဘီတို့ ပါဝင် ..





၂၀၁၅ တွင် ပေါ်ပေါက်လာမည့် မြန်မာနိုင်ငံ ၏ စီးပွားရေး အတွက် မရှိမဖြစ် စတော့ အိတ်စ်ချိန်းအတွက် ပြည်တွင်းမှ လုပ်နိုင်စွမ်း ရှိသော ထိပ်သီး ကုမ္ပဏီ ၁၅ခုကို အစိုးရက သီးသန့်စာရင်း ပြုစုထားပြီ ဖြစ်ရာ Max, Htoo, ရွှေတောင်, လွယ်ဟိန်း, CB အစရှိသော လုပ်ငန်းစုကြီးများ ပါဝင်လာပြီ ဖြစ်ကြောင်း ၂၄.၈.၂၀၁၃ရက် သတင်း ရရှိသည်။ အဆိုပါ စာရင်းအတွက် ဘဏ္ဍာရေးဝန်ကြီးဌာန အနေနှင့် Diwa Institute တို့က ဦးဆောင် ရွေးချယ်ပေးခြင်း ဖြစ်ကာ ပြည်တွင်းရှိ အင်အားတောင့်တင်းသော လုပ်ငန်းစုနှင့် စနစ်ကျသော လုပ်ငန်းစုများကိုသာ ဦးစားပေး ရွေးချယ်ထားခြင်း ဖြစ်သည်ဟုသိရသည်။


''အစိုးရက List လုပ်ထားပါတယ်။ အခိုင်အမာ ကုမ္ပဏီ ငါးခု အထက်တော့ ရနေပါပြီ။ ကုမ္ပဏီတွေကိုတော့ ထုတ်ဖော် မပြောတော့ပါဘူး။ သူတို့ကို ကြော်ငြာပေးသလို ဖြစ်နေမှာစိုးလို့ပါ'' ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ ပြည်တွင်းမှ လုပ်ငန်းစုများထဲတွင် အချို့ လုပ်ငန်းစုများမှာ Stock အတွက် ကြိုတင်ပြင်ဆင်ပြီး လုပ်သားအခွင့်အလမ်း၊ စည်းကမ်းစနစ်ကျမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ Clearing ဖြစ်အောင် စတင် ကြိုးပမ်းနေပြီဟု သိရသည်။ ''စတော့အတွက် ၂၀၁၄ နှစ်ဦးပိုင်းကတည်းက ခိုင်မာတဲ့ ကုမ္ပဏီ တွေကို အစိုးရက list လုပ်ထားရမှာ။၂၀၁၅ခုနှစ် ဒီဇင်ဘာမှာ စတင်မယ့် စတော့ အတွက် ဆရာ သိသလောက်တော့ ကုမ္ပဏီ ၁၅ခုလောက် ပြထားပြီလို့ ဆိုတယ်။ ဆရာတို့လည်း ပါပါတယ်''ဟု လွယ်ဟိန်းကုမ္ပဏီ ဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းက ထုတ်ဖော် ပြောကြားသည်။ အလားတူပင် Max ၊ ရွှေတောင်နှင့် ထူးလုပ်ငန်းစုတို့သည် စတော့ဈေးကွက် ၀င်ရေးအတွက် ကုမ္ပဏီတွင်း Training လုပ်နေခြင်းများ သီးသန့် ပြင်ဆင်နေသည်ဟု သိရကာ အစိုးရ၏ ပထမ ဦးစားပေး စာရင်းများ ပါဝင်လျက် ရှိသည်ဟု သိရသည်။
''စတော့ ရှိလာရင် စတော့ ကုမ္ပဏီကြီးရဲ့ ရှယ်ယာကို တင်ပြီး ရောင်းလို့ ရသလို တစ်ကျပ်တန်ပစ္စည်းဟာ စတော့မှာ လူကြိုက်များလာရင် တစ်ကျပ်၁၀ ပြား ဆိုတာမျိုးတွေရဲ့ တန်ဖိုးတွေ တက်လာနိုင်တယ်။ ဒီကတက်လာတဲ့ ငွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးတွေ လုပ်လို့ရတယ်။ စတော့ပြီးရင်တော့ နိုင်ငံတော်အဆင့် တကယ့် အကြီးစား လုပ်ငန်းစုကြီးတွေ အများကြီး ပေါ်လာမယ်''ဟု ဒေါက်တာ စိုင်းဆမ်ထွန်းက သုံးသပ် ပြောကြားလိုက်သည်။ အစိုးရက list လုပ်ထားသော ကုမ္ပဏီကြီးများ အနေဖြင့် ၂၀၁၄ ခုနှစ်ဦးပိုင်းတွင် တရားဝင် ထုတ်ဖော် ရှင်းလင်းလာခြင်းများ ရှိလိမ့်မည်ဟုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
                      စွယ်စုံ ဂျာနယ် မှမျှဝေဖေါ်ပြသည်...

No comments:

Post a Comment