*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 1 September 2013

မြေထဲပင်လယ် အရှေ့ပိုင်း ရုရှား စစ်သင်္ဘောများ စေလွှတ်



 မော်စကို၊ သြဂုတ် ၂၈


ဆီးရီးယားနိုင်ငံကို အနောက်နိုင်ငံများက စစ်ရေးအရ အရေးယူမည်ဟု သတိပေးချက်များ ထွက်ပေါ်နေချိန်တွင် မြေထဲပင်လယ် အရှေ့ပိုင်းဒေသသို့ ဒုံးကျည်တင် စစ်သင်္ဘော တစ်စင်းနှင့် ရေငုပ်သင်္ဘောရန် ကာကွယ်ရေး စစ်သင်္ဘော တစ်စင်း စုစုပေါင်း နှစ်စင်းကို ရုရှားနိုင်ငံက စေလွှတ် လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဒုံးကျည်တင် သင်္ဘောနှင့် ရေငုပ်သင်္ဘောရန် ကာကွယ်ရေး စစ်သင်္ဘော နှစ်စင်း မြေထဲပင်လယ် အရှေ့ပိုင်းဒေသသို့ လာမည့် ရက်ပိုင်းအတွင်း ရောက်ရှိမည်ဟု ရုရှား စစ်ဘက် အရာရှိများ ပြောကြားချက် ကို ကိုးကားပြီး Interfax သတင်းတွင် ဖော်ပြထားသည်။


ဒေသတွင်း ဖြစ်ပွားနေသော အခြေအနေများကြောင့် ယင်းသို့ စေလွှတ် ရခြင်း ဖြစ်သည်ဟု ဆီးရီးယား ပဋိပက္ခကို ရည်ညွှန်းပြီး ရုရှား စစ်အရာရှိများ က ပြောကြားသွားသည်။

သို့သော်လည်း ယင်းသို့ စစ်သင်္ဘောများ စေလွှတ်ခြင်းမှာ ဆီးရီးယား အရေးနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ မြေထဲ ပင်လယ်တွင်း ရုရှား စစ်သင်္ဘောများ တပ်စွဲထားရေး ရေရှည် အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ကြောင်း ရုရှား ရေတပ်က ရှင်းလင်း ပြောကြားသွားသည်။

မည်သည့်စစ်သင်္ဘော အမျိုးအစားဖြစ်ကြောင်း၊ စင်းရေ မည်မျှ ရှိကြောင်း စသည့် အချက်များကို ရုရှားရေတပ်က ထုတ်ပြန်သွားခြင်း မရှိပေ။

မြေထဲပင်လယ်တွင်းရှိ ရုရှားရေတပ် အင်အားကို တိုးချဲ့ရန် စစ်သင်္ဘော များ စေလွှတ်ခြင်း ဖြစ်ကြောင်းနှင့် တပ်လဲလှယ်မှု မဟုတ်ကြောင်း အချို့သော သတင်းများတွင် ဖော်ပြထားသည်။

ဆီးရီးယားအစိုးရ တပ်ဖွဲ့ဝင်များက ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ကြောင်း အမေရိကန် ပြည်ထောင်စုက စွပ်စွဲ ပြောကြား ထားပြီး မြေထဲပင်လယ် ဒေသတွင်းရှိ ရေတပ် အင်အား များကို ရွှေ့ပြောင်း နေရာချထားလျက် ရှိသည်။

သို့သော်လည်း ဓာတုလက်နက်သုံး တိုက်ခိုက်သည့် သက်သေ အထောက်အထား မရှိကြောင်း ရုရှားနိုင်ငံက ပြောကြားသည်။

ရုရှားနိုင်ငံသည် ဆီးရီးယားသမ္မတ အာဆတ်၏ အမာခံ မဟာမိတ်ဖြစ်ပြီး စစ်ရေးအရ စွက်ဖက် တိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း၊ ပဋိပက္ခများ တွင်းသို့ ဝင်ရောက် ပါဝင်ပတ်သက်ရန် အစီအစဉ် မရှိကြောင်း ရှင်းလင်း ပြောကြားထားသည်။



The Voice Weekly



No comments:

Post a Comment