*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 6 September 2013

ရန်ကုန် ဧရိယာအတွင်း၌ ဒလရေအောက် ဥမင်ဖောက်လုပ်ခြင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံချက်




 
ရေအောက် ဥမင်လမ်းများ ဖောက်လုပ်ရေးအတွက် ဂျပန်နိုင်ငံတွင် 
 အသုံးပြုပြီးသား စက်များကို မြန်မာနိုင်ငံက ပြန်လည်သုံးစွဲခွင့် ရရန် အဆိုပြုဆွေးနွေးထားမှုများ ရှိနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိ တစ်ဦးထံမှ ၁၇-၇-၂၀၁၂ရက်က သိရသည်။ မြန်မာနိုင်ငံတွင် ရေအောက်ဥမင် လမ်း ဖောက်ခြင်း နည်းပညာကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ခြင်း မရှိသေးဘဲ နည်းပညာအပါအ၀င် စက်ပစ္စည်းများကိုပါ ပံ့ပိုးပေးနိုင်မည့်နိုင်ငံ လိုအပ်နေကြောင်းသိရသည်။ ''ဆောက်လုပ်ရေး ၀န်ကြီးဌာနကတော့ ဂျပန်ကို အဆိုပြုလွှာတွေ တင်ထားတာရှိတယ်လို့ သိရတယ်။ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး နည်းပညာတွေအတွက် နိုင်ငံတကာ အကူအညီ အများကြီးလိုနေတယ်။
 
 အထူးသဖြင့် ဥမင်လိုဏ်ခေါင်း (Tunnel)လို ကိစ္စမျိုးပေါ့။ Tunnel အတွက် ဂျပန်နိုင်ငံက တစ်ပတ်နွမ်း စက်တွေကို မြန်မာနိုင်ငံကို ရောင်းပေးဖို့ ဒါမှမဟုတ် ငှားပေးဖို့ ဆွေးနွေးတောင်းဆို ထားတာရှိတယ်။ ဒါမှ ကုန်ကျစရိတ် သက်သာမှာလေ။ သူတို့ဘက်က စဉ်းစားပေးပါ့မယ်လို့ ပြောတယ်'' ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဥက္ကဋ္ဌ (ငြိမ်း) ဦးဟန်ဇော်က ပြောကြားသည်။
ရန်ကုန်ဧရိယာ အတွင်း၌ ဒလရေအောက် ဥမင်ဖောက်လုပ်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံချက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေဖိတ်ခေါ်ရမည့် အနေအထားတွင် ရှိနေသည်ဟုသိရသည်။  ''ဒလရေအောက် ဥမင်ဆိုရင် မြို့ပြဖွံ့ဖြိုးမှုနဲ့ တိုးချဲ့မှုတွေအတွက် လိုအပ်ချက်တစ်ခုပဲ။ ဥမင်ကို တစ်နေရာမှာ တည်ဆောက်အပြီးမှာ ရေအောက်မှာ မြှုပ်တာမျိုး ဒါမှမဟုတ် စက်တွေနဲ့ ရေအောက်မှာ တူးတာမျိုးတွေက ဂျပန်နိုင်ငံလိုမျိုးမှရမှာ'' ဟု ဦးဟန်ဇော်က သုံးသပ်ပြောကြားသည်။
                                 အလင်းေ၇ာင် ကြယ်များမှ ကူးယူမျှဝေသည်

No comments:

Post a Comment