*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 12 September 2013

ကောင်မလေး တစ်ယောက်ရဲ့ ဝက်ခြံပျောက်နည်း


9/12/2013 09:08:00 AM
 
ကောင်မလေးတစ်ယောက်ဆီက ဒီလိုမက်ဆေ့တစ်စောင်ရတယ်။ ဝက်ခြံကြောင့် အလှပျက်နေသူများ အတွက် မျှဝေလိုက်ပါတယ်။

ဟိုင်း အစ်မ
အစ်မ ညီမ ဆေးနည်းလေးတစ်မျိုးပေးချင်လို့ပါ (အလှူလုပ်ချင်တာပါ)
ညီမ wall ပေါ်မှာဆို fri နည်းတော့ နည်းနည်းပဲသိကြမှာ။ အဲဒါ အစ်မ ရေးပေးချင်လားလို့။ ဝက်ခြံကြောင့် အလှပျက်တဲ့သူတွေအတွက်ပါ။ သဘာဝဆေးပေါ့။

ညီမ ဝက်ခြံပေါက်တာ ၅တန်းလောက်ကတည်းကပါ။ ပေါက်လိုက် သက်သာသွားလိုက်နဲ့  အရှင်း မပျောက် ဘူး။ ရန်ကုန်မှာလည်းကုတာ ဆေးနည်းတော်တော် စုံနေပြီ။ Singaporeမှာလည်းကုတာ ဆေးတွေသာ ၆လ လောက်သောက်လိုက်ရတယ်။ တော်တော်တော့ပျောက်ပါတယ်။နည်းနည်းကြာလာရင် ပြန်ပြန်ဖြစ် တယ်။ ဒီဝက်ခြံကြောင့် ငွေတော်တော်ကုန်ပါတယ်။ အဆိုးဆုံးက ပြီးခဲ့တဲ့ May လတုန်းက ညီမမျက်နှာမှာ ဝက်ခြံထက်တောင်ဆိုးပါတယ်.. အဖုကြီးတွေဖြစ်ပြီး အိမ်ပြင်တောင် မထွက်ရဲပါဘူး။ infection တွေဝင်သ လိုဖြစ်ပြီး ယားကယား ရဲကရဲ တော်တော်ကြည့်ရဆိုးပါတယ်။ ပြီးတော့ ဆေးခန်းသွားပြီး ပျောက်ချင် စိတ်နဲ့  peeling လုပ်လိုက်တာ ပိုဆိုးလာတယ်။ အိမ်ကို အလုပ်လာလုပ်ပေးတဲ့ ကောင်မလေးက ဆေးနည်းပေးလို့  လုပ်ကြည့်တာ ၄ ရက်လောက်နဲ့ တော်တော်သက်သာသွား တယ်။

ဆေးနည်းက တမာရွက်ကို ရေနဲ့ စင်အောင်ဆေးပြီး( ပိုစိတ်ချချင်ရင်တော့ ဆားရေနဲ့ဆေးပေးပါ or အသီးအအရွက်ဆေးဆပ်ပြာနဲ့ ဆေးပေးပါ)
ပြီးရင် ညက်နေအောင်ထောင်းပြီး မျက်နှာတစ်ခုလုံးပွတ်ပေးပါ။ ဝက်ခြံရှိတဲ့နေရာမှာပုံပေးရင် ပိုကောင်း တယ် အစ်မ။ ကြာကြာထားလေ ကောင်းလေပါ။ ပြီးရင်တော့ မျက်နှာသစ်ပြီး လိမ်းနေကျဆေး လိမ်းလို့ ရပါတယ်။ ၁ လတိတိတော့ မှန်မှန်လုပ်ပေးပါ။ အမာရွတ်လေးတွေပါ ပါးပါးလာလိမ့်မယ် အစ်မ။ ဝက်ခြံရှိတဲ့ နေရာတွေကတော့ နည်းနည်းယားလိမ့်မယ်။ ပြီးတော့ မျက်နှာသစ်ပြီးရင်လည်း နည်းနည်းနီတာရှိမယ် အစ်မ။ 15mins လောက်နေရင် ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ် အစ်မ။

နောက်တစ်နည်းက ညီမမေမေပေးတဲ့နည်းပါ။ တမာရွက်ကိုပြုတ်ပြီး အအေးခံပြီး မျက်နှာသစ်ပါ။ ညီမက တော့ ၃ ရက်လောက်လုပ်လိုက်ပါတယ်။ နှစ်မျိုးလုံးဆို ဝက်ခြံများတဲ့သူအတွက်ပို ထိရောက်ပါတယ်။

အားလုံးဝက်ခြံကင်းစင်တဲ့ မျက်နှာပိုင်ဆိုင်နိုင်ကြပါစေ
ညီမငယ် Shinn Thant
Credit: နိုင်းနိုင်းစနေ
Cute myanmar girls 
From...Today Myanmar
 

No comments:

Post a Comment