*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 13 September 2013

ထိုင်းအလွတ်တန်း ကရာတေးဒိုပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ် ခုနစ်ခုရရှိ

ထိုင်းအလွတ်တန်း ကရာတေးဒိုပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ် ခုနစ်ခုရရှိ
Thursday, September 12, 2013

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်ထိ ကျင်းပခဲ့သည့် ထိုင်းအလွတ်တန်း ကရာတေးဒို ဖိတ်ခေါ်ပြိုင်ပွဲ တွင် မြန်မာကရာတေးဒို အားကစားအဖွဲ့သည် ရွှေတံဆိပ်ခုနှစ် ခု၊ ငွေတံဆိပ် သုံးခုနှင့်ကြေးတံဆိပ် ခြောက်ခုရရှိခဲ့သည်။

မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို ရီနွယ်ထွန်း(အမျိုး သမီးတစ်ဦးချင်း
ခတ)၊ မင်းဟိန်းခန့် (အမျိုးသား တစ်ဦးချင်း ခတ)၊ ဧပရယ်ဖော (အမျိုးသမီးတစ်ဦးချင်းကုမိတဲ့ -၅၀Kg ) ၊ နွေးနွေးဇော်ဝင်း (အမျိုးသမီးတစ်ဦးချင်း ကုမိတဲ့ -၆၁ Kg)၊ စောကျော်သူ(အမျိုးသားတစ် ဦးချင်း ကုမိတဲ့ -၈၄ Kg)၊ အမျိုးသမီး အသင်းလိုက် (ခတ)နှင့် အမျိုးသားအသင်းလိုက် (ခတ)တို့မှ ရွှေတံဆိပ်ဆုများ ရယူပေးခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲသို့ မြန်မာကရာတေးဒို အားကစားအဖွဲ့မှ အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ အားကစားသမား စုစုပေါင်း ၃၅ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံပေါင်း ၂၀ ခန့်မှ ကရာတေးဒို အားကစားသမားများ လာရောက် ယှဉ်ပြိုင်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ဆီးဂိမ်းအကြိုကရာ တေးဒိုပြိုင်ပွဲတွင် မြန်မာ ကရာတေးဒို အားကစားအဖွဲ့သည် ရွှေတံဆိပ်ခုနှစ် ခု၊ငွေတံဆိပ် ခြောက်ခုနှင့် ကြေး တံဆိပ် နှစ်ခုရရှိခဲ့ပြီး လာမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ရရှိရန် အလားအလာကောင်းနေသည်။ လက်ရှိအချိန်တွင် ကရာတေးဒို အဖွဲ့ချုပ်၌ ကုမိတဲ့ (အတိုက်) ကစားသမား ၂၃ ဦးနှင့် ခတ (အပြ) ကစားသမား ကိုးဦး စုစုပေါင်း ၃၂ ဦး စခန်းသွင်းလေ့ ကျင့်လျက်ရှိသည်။

ကရာတေးဒိုအားကစား အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းတွင် ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် နှစ်ခုရရှိခဲ့သည်။

From...မဇ္ဈိမ


                                        Photo..Myanmar Kakatedo Federation




No comments:

Post a Comment