*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 10 September 2013

ကမ္ဘာ့ အကြီးဆုံး လှိုဏ်ဂူ....




Tuesday, September 10, 2013

ဆွန်ဒန်း လို့ အမည်တွင်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ တည်ရှိပြီးတော့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူဖြစ်ပါတယ်။ လှိုဏ်ဂူ အတွင်းမှာ ရေတံခွန်တွေ၊ ထူထပ်သော တောတောင်တွေ၊ ရှားပါးသော ငှက်မျိုးတွေ ရှိပါတယ်။
လှိုဏ်ဂူး၏ အကျယ်အဝန်းဟာ ၅.၅ မိုင်လောက် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ လှိုဏ်ဂူကြီး၏ နံရံတွေမှာ ရှေးခေတ် အံ့သြဖွယ်ရာများကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။


၎င်းလှိုဏ်ဂူကြီးကို ၁၉၉၁ ခုနှစ်မှာ လူတစ်ယောက် တွေ့ရှိခဲ့သော်လည်း ဝင်ရောက်နိုင်ခြင်း မရှိပါဘူး။ ဗြိတိန်နိုင်ငံမှ ဂူလေ့လာရေး သမားဟာ ၂၀၀၉ ခုနှစ် မှာ ထိုဂူအတွင်းသို့ ဝင်ရောက်လေ့လာနိုင်ခဲ့ ပါတယ်။
ယခု အိုလစ်ဆိုတဲ့ ကုမ္ပဏီက ထိုလှိုဏ်ဂူ အတွင်းသို့ ဝင်ရောက်လေ့ လာနိုင်အောင် ဆောင်ရွက်ပေး ထားပါတယ်။ ထိုဂူသို့ အလည်အပတ် သွားမယ်ဆိုရင် အနည်းဆုံး ၆ ရက်လောက် ကြာမယ်လို့ ဆိုပါတယ်။ ယခု ၎င်းလှိုဏ်ဂူကြီးဟာ ခရီးသွားများဖြင့် စည်ကားလျက် ရှိတယ်လို့ ဆိုပါတယ်။


Ref - huffingtonpost
Kyaw Lin Naing {ရိုးရာလေး}

From...Facebook

No comments:

Post a Comment