*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 11 September 2013

သြစတြေးလျ အခြေစိုက် အိမ်ရာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီ GPS Alliance မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်


8.1.1

GPS Alliance မှ တည်ဆောက်နေသည့် ထိုင်းနိုင်ငံရှိ အဆောက်အအုံ တစ်ခုကို တွေ့ရစဉ်

သြစတြေးလျနိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော GPS Alliance Private Limited သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန် စတင်ဝင်ရောက် လာကြောင်း သတင်းရရှိသည်။
လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Myanmar GPS Alliance Co., Ltd ကို ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၆ ရက်က ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
GPS Alliance ကို ၂၀၁၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သြစတြေးလျ စတော့အိပ်ချိန်းဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံတို့တွင် လုပ်ငန်းများ 


အဓိက လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ ယခုစတင် ၀င်ရောက်လာခြင်း ဖြစ်သည်။ GPS Alliance Private Limited သည် GPS Alliance အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး GPS Alliance Holdings Pte Ltd၊ GPS Alliance IT Pte Ltd၊ GPS Alliance Development & Investments Pte Ltd၊ GPS Alliance Home Solution Pte Ltd နှင့် Muse Living Pte Ltd တို့နှင့် ညီနောင်ကုမ္ပဏီ တစ်ခုဖြစ်သည်။ GPS Alliance သည် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို လက်ကားဖြန့်ဖြူးသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အာဆီယံနိုင်ငံ အချို့တွင် အိမ်ရာများ၊ အဆင့်မြင့် ကွန်ဒိုများကို တည်ဆောက်ရောင်းချ နေသည့်လုပ်ငန်း တစ်ခုဖြစ်သည်။

စင်ကာပူနိုင်ငံတွင် အဆင့်မြင့်ကွန်ဒို အဆောက်အအုံများ ဆောက်လုပ်လျက်ရှိပြီး Sea Horizon EC ၊ The Octed ၊ Sophira Residence ၊ Waterwoods EC ၊ Cosmoloft ၊ SkyPark Residences ၊ Twin Foundations EC ၊ Newton Imperial ၊ One Canberra EC နှင့် Killiney 118 တို့သည် ၎င်း၏ ဆောက်လုပ်ပြီးနှင့် ဆောက်လက်စ အဆောက်အအုံ များဖြစ်သည်။
ထို့အတူ GPS Alliance သည် မလေးရှားနိုင်ငံတွင် The Peak၊ ထိုင်းနိုင်ငံတွင် Amazon Residences နှင့် City Center Residence၊ အင်ဒိုနီးရှားနိုင်ငံတွင် Devins Sky Villa အမည်များဖြင့် အဆင့်မြင့် လူနေအဆောက်အအုံများ ဆောက်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ကုမ္ပဏီဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 Created on Monday, 09 September 2013 22:41             From...Search MYANMAR

No comments:

Post a Comment