*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Thursday 31 October 2013
ရက်ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ
ရက်ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ
အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယေက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။
 Plan ကတော့ ရှင်းပါတယ်။ JFDI ပါ။ Just *ucking do it လို့ခေါ်တဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်တစ်ခု ထားလိုက်ပြီး ရက် ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် ၁၈၀ ခု ပြီးရမယ်။ ပြီးတော့ ဆိုဒ်ကို Public မြင်အောင်ပြသမယ်။ ပြီးတော့ အဲ့အတွက် နေ့တိုင်း ခံစားချက်ရေးသားတဲ့ Blog လုပ်မယ်လို့ အလုပ် သုံးခုကို Plan ဆွဲပြီး လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ တစ်ရက်ကို တစ်ဆိုဒ်နှုန်းနဲ့ စတင် ရေးသားစဉ် အခက်အခဲ များစွာ ရှိပေမယ့် တစ်ဆင့်ပြီး တစ်ဆင့်ဖြည်းဖြည်းဆီ တက်သွားတော့ ရည်မှန်းချက်အတိုင်း အောင်မြင် သွားပါတယ်။ 
အောင်မြင်ပြီးသွားချိန်မှာ သူမဟာ ပရော်ဖရှင်နယ် ဝဘ်ပရိုဂမ်မာ တစ်ယောက် ဖြစ်သွားပါပြီ။ တစ်ရက်ကို Page တစ်ခုနှုန်းဆွဲလိုက်တာ Website အခု ၁၈၀ ပြီးပြီး နာမည်ကျော်လာတဲ့ Jennifer Dewalt ရဲ့  ဝဘ်ဆိုဒ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 
http://jenniferdewalt.com
အောင်ခမ်း  (TSJ Team) 
http://blog.techspace.com.mm/2013/10/blog-post_31.html
.
အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယောက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။
ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။
ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ (ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့) 
Thursday, October 31, 2013
ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦ အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။
အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။ ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..
"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"
ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေး တစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျ လျက်ရှိပါတယ်..။
ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။
"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"
ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။
"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။
အောင်ထွန်းဦး 
အေးမြသာစည်ရွာ
ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေး သမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦး အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ 
Wednesday 30 October 2013
သင်ဟာ မိဘကို ချစ်မြတ်နိုးတဲ့ သားသမီးတစ်ယောက်ဖြစ်တယ်ဆိုရင်
သင်ဟာ မိဘကို ချစ်မြတ်နိုးတဲ့ သားသမီးတစ်ယောက်ဖြစ်တယ်ဆိုရင်....အောက်ပါစာလေးကို တခဏ အချိန်ပေးပြီး ဖတ်ကြည့်စေချင်ပါတယ်....။
။တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....
ဒီလောကမှာ မင်းနဲ့ သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ....
ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ...မိဘတွေကို မင်းအတွက် စိတ်မပူပါစေနဲ့...
မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ...
ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်းပွတ်ဖြစ်နေလို့ပါပဲ....
------------------------------------------------------------------------
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....
ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေးတဲ့ အကြင်နာနဲ့ ယုယစွာချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....
ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး....
ဒါကြောင့် အချိန်ရပြီဆိုတာနဲ့ အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ....ကိုယ့်အိမ်မဟုတ်တဲ့ စားသောက်ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ....
ဘာလို့လဲဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ပါပဲ....
-------------------------------------------------------------------------
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....
ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ.. ဂရုတစိုက် ကျွေးမွေးမဲ့သူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ....
ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များများ...အိမ်ပြန်ပြီး မိဘတွေနဲ့ အတူတူ ထမင်းလက်ဆုံစားပါ...
ဘာလို့လဲဆိုတော့ မိဘတွေမရှိတော့မှ သူတို့နဲ့အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ပါပဲ....
--------------------------------------------------------------------------
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....
ဒီလောကမှာ...မင်းကို နေကောင်းရဲ့လား ...အလုပ်အဆင်ပြေရဲ့လား...ပိန်သွားလား..၀ နေလား..ဆိုပြီး ဂရုစိုက်မဲ့သူနှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ....
တကယ်တော့ လူတစ်ယောက်ကို ဂရုစိုက်ရတယ်ဆိုတာ အပင်ပန်းဆုံးပါပဲ...တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ဆိုတာ မလွယ်ပါဘူး...
ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ...သူတို့ကို အထူး ဂရုစိုက်ပါ...အဝေးရောက်နေခဲ့ရင်လဲ မိဘတွေနဲ့ အမြဲဖုန်းဆက်သွယ်ပါ...ကိုယ့်ရဲ့ အခြေအနေကို ပြောပြသလို မိဘတွေရဲ့ ကျန်းမာရေးကိုလဲ အလေးထားပါ...
ဘာလို့လဲဆိုတော့ သူတို့ နာမကျန်းတဲ့အခါ...အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ပါပဲ...
--------------------------------------------------------------------------
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....
ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....
ဒါကြောင့် မိဘတွေကို စိတ်မထိခိုက်ပါစေနဲ့...မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှုများများပေးပါ....
မင်းမှာ အချိန်မရှိဘူးလို့စောဒက မတက်ပါနဲ့...အလုပ်အရမ်းများတယ်လို့ မညည်းတွားပါနဲ့....ကိုယ့်ရဲ့ အချိန်တွေကို တခြားသူတွေဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့...
မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ....
သူငယ်ချင်းဆုံးရှုံးသွားရင် ပြန်ရှာလို့ရတယ်...အလုပ်မရှိတော့ရင်...အလုပ်အသစ်ရှာလို့ရတယ်...ယုတ်စွအဆုံး နှလုံးသားတစ်ခုဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်...
ဒါပေမဲ့ မိဘတွေမရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့ မှ အစားထိုးလို့ရမှာ မဟုတ်တော့ပါဘူး....( မိဘကျေးဇူး ဆပ်နိုင်ကြပါစေ )
 သင်ဟာ မိဘကို ချစ်မြတ်နိုးတဲ့ သားသမီးတစ်ယောက်ဖြစ်တယ်ဆိုရင်....အောက်ပါစာလေးကို တခဏ အချိန်ပေးပြီး ဖတ်ကြည့်စေချင်ပါတယ်....။ ။တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွား...ခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ မင်းနဲ့ သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ.... ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ...မိဘတွေကို မင်းအတွက် စိတ်မပူ ပါစေနဲ့... မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ... ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်း ပွတ်ဖြစ်နေလို့ပါပဲ
ပုံကိုထိလိုက်တာနဲ့ ပုံက ပတ်ပတ်လည်နေစေအောင်
                                      Alternate Text
                                                 Alternate Text
အထက်ပါကဲ့ သို့ BLOG မှာ တင်တဲ့ ပုံတိုင်း(သိုမဟုတ်). ပုံတခုခုကို ..မောက်လေးနဲ့ ထိလိုက်တာ နဲ့ပတ်ပတ်လည် - လည်ပတ် သွားစေရန်ပြုလုပ် နိုင်မဲ့ နည်းလမ်းလေး ပါ၊ 
လူသိနည်းတယ် ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုး
  တိရစ္ဆာန် တစ္ဆေ္ဆများ
တချို့ သဘာဝလွန် နာနာဘာဝ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချား စရာ ကောင်းမှုကတော့ မလျော့နည်း သွားစေ ရပါဘူး။ ကဲလူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုးကို ဖတ်ကြည့်ပါဦး။
အခုခေတ်မှာ သရဲဝိညာဉ် တွေက popular culture တစ်ရပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ်ရုပ်သံ လိုင်း ကိုကြည့်ကြည့် သရဲအကြောင်း၊ ၀ိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေ ကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို မျိုးပေါ့။ တစ်ခါတစ်ခါ ကျတော့ “Ghost Whisperer” နဲ့ “Being Human,” လိုဇာတ်နာနာ လွမ်းစရာ လေး တွေလဲ တစ်ခါတစ်ခါ ပါပါ သေးတယ်။ 
Tuesday 29 October 2013
လူလိမ်ကန်ထရိုက်များရန်မှ ကင်းဝေးပါစေ
ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြမြေ ဈေးနှုန်းကြီးမြင့်မှုနှင့် ကျေးလက်နေပြည် သူများ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းပေါ် ပေါက်ပြီးနောက်တွင်အလုပ်အကိုင်အခက် အခဲရှားပါးလာမှုကြောင့် ရန်ကုန်မြို့ပေါ် သို့ အလုံးအရင်းနှင့်ရောက်ရှိလာပြီး ကြုံ ရာကျပန်းလုပ်ကိုင်စားသောက်အခြေချ လာကြသလို၊ လယ်ရောင်း၊ ခြံရောင်းပြီး နိုင်ငံရပ်ခြားအလုပ်ထွက်လုပ်ရန်အတွက် မြို့ပေါ် သို့ ပြောင်းရွှေ့နေရာယူလာမှု ကြောင့် အိမ်ခြံမြေငှား/ရောင်းဈေးကွက် အခြေပြု၍ အိမ်မြေဈေး များမြင့်တက် လာခဲ့ပါတယ်။
Monday 28 October 2013
၁၁-၁၂-၁၃ တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
 ၁၁-၁၂-၁၃ တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ရန် ရက်ပေါင်း (၄၃) ရက်သာ လိုပါတော့သည် ....
++++++++++
(၄၄) နှစ်ကြာမှ အိမ်ရှင်နိုင်ငံအဖြစ် ပြန်လည်ကျင်းပခွင့်ရသည့်ပွဲ ဖြစ်ပါသည်။ အားကစား အမျိုးအစား (၃၃) မျိုး ပါဝင်မည်ဖြစ်ပြီး ၄င်းအားကစားပွဲများ ကျင်းပပုံများနှင့် ပိတ်ပွဲအခမ်းအနားကိုပါ ထုတ်လွှင့်ပေးသွားမှာဖြစ်သည်။ သို့ပါ၍ Online မှ ကြည့်ရှုလိုသူများ http://www.mrtv.gov.mm/ နှင့် http://www.facebook.com/mrtvwebmediaportal ပေါ်တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
၁၁-၁၂-၁၃ တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ရန် ရက်ပေါင်း (၄၃) ရက်သာ လိုပါတော့သည် ....
၇၉ ဒေါ်လာတန် ဥရောပ Android Tablet Avoca 7
၇၉ ဒေါ်လာတန် ဥရောပ Android Tablet Avoca 7 
မြန်မာငွေ ၆ သောင်းလောက်နဲ့ ဥရောပဖြစ် ကျောက်သင်ပုန်းကွန်ပြူတာ တစ်လုံး ကောင်းကောင်း သုံးရမယ်ဆိုရင် တရုတ်ပြည်ထွက် Tablet တွေကို ခဏမေ့ထားနိုင်မှာ အမှန်ပါပဲ။  
အမည်ကတော့ Avoca 7 လို့ခေါ်ပါတယ်။ ဗြိတိန်ပေါင် ၄၉ နဲ့ ဗြိတိန်အခြေ ဆိုက် Carphone Warehouse က ထုတ်တာပါ။ Display အရွယ် ၇ လက်မ ရှိပြီး Resolution က 800x400 ပါ။ RAM 512 MB ရှိပြီး Processor ကတော့ 1GHz ပါပဲ။ ဘက်ထရီက 3000 mAh တောင် ရှိပါတယ်။ ၈ နာရီလောက်ထိ အသုံးခံ ပါတယ်။ 192x117x10.7 mm အတိုင်းအတာ ရှိပြီး အလေးချိန်ကတော့ ၃၅၀ ဂရမ် ရှိပါတယ်။ Wi Fi ရပါတယ်။ နောက်ကော အဖြူ၊ ရှေ့ အနက် ပုံစံ ကာလာ တစ်မျိုးထဲ ထွက်ပါတယ်။ 
Android 4.2 Jelly Bean OS ကို အသုံးပြု ထားပါတယ်။ built in storage က 8GB ရှိပြီး SD card ထပ်ဆိုက် နိုင်ပါသေးတယ်။ ဒါကို မြန်မာကျပ်ငွေ ၇ သောင်း၊ ၈ သောင်းနဲ့ ရမှာမို့ တော်တော်လေး တန်ပါတယ်။ UK made ဖြစ်ပြီး အာမခံလည်း ရရှိမယ့် ပစ္စည်း Avoca 7 Tablet အား အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာ ဝယ်ယူ နိုင်ပါတယ်။
http://www.carphonewarehouse.com/special-offers/categories/half-price-tablet?stop_mobi=yes#phonedetailstabs
.
Aung Kham ( TSJ team ) 
.
မြန်မာငွေ ၆ သောင်းလောက်နဲ့ ဥရောပဖြစ် ကျောက်သင်ပုန်းကွန်ပြူတာ တစ်လုံး ကောင်းကောင်း သုံးရမယ်ဆိုရင် တရုတ်ပြည်ထွက် Tablet တွေကို ခဏမေ့ထားနိုင်မှာ အမှန်ပါပဲ။ 
Sunday 27 October 2013
Picture Collage Maker ဆိုရင် တော်တော်များများသိမှာ
 Pearl Mountain Picture Collage Maker Pro 4.0.0 for Win XP, 7, 8 (105.3 Mb)
================================
Picture Collage Maker ဆိုရင် တော်တော်များများသိမှာပါ 
အခု25ရက်နေ့ထွက် ဗားရှင်းအသစ်မှာ ဒီဇိုင်းလေးတွေတော်တော်စုံလာပါတယ်
သူကတော့ ဓာတ်ပုံဘောင်လှလှလေးတွေထည့်တာ ဓာတ်ပုံအများကြီးကို တစ်ပုံထဲလုပ်တာ
ပြက္ခဒိန်မှာဓာတ်ပုံထပ်ပေါင်းထည့်တာ အမှတ်တရဓာတ်ပုံလုပ်တာ စသည်ဖြင့် 
အခြားလုပ်ဆောင်ချက်တွေလည်းပါရှိပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
http://bogalaytharthiha.blogspot.com/2013/10/pearl-mountain-picture-collage-maker.html
Pearl Mountain Picture Collage Maker Pro 4.0.0 for Win XP, 7, 8 (105.3 Mb)
Picture Collage Maker ဆိုရင် တော်တော်များများသိမှာပါ အခု25ရက်နေ့ထွက် ဗားရှင်းအသစ်မှာ ဒီဇိုင်းလေးတွေတော်တော်စုံလာပါတယ်...
Firefox ကို 3D ပုံစံလေးပြောင်းသုံးချင်သူများအတွက်။
Firefox ကို 3D ပုံစံလေးပြောင်းသုံးချင်သူများအတွက်။
အခုတင်ပေးလိုက်တဲ့ Add-ons လေးက အရမ်းကိုလန်းလွန်းလို့ တင်ပေးလိုက်တာပါ။
ဒီကောင်လေးက Firefox ကို 3D အနေအထားနဲ့ မြင်ရမှာဖြစ်ပါတယ်။
Internet ကိုလန်းလန်းလေးသုံးချင်သူများအတွက်ပေါ့။
Link ကိုတော့ တိုက်ရိုက်ဘဲ ကျွန်တော်ပြန်တင်ပေးထားပါတယ်။
စမ်းကြည့်ချင်တဲ့သူငယ်ချင်းများအောက်က Link မှာ စမ်းသပ်နိုင်ပါတယ်။
http://hngetngaimrokhimisistory.blogspot.com/2013/10/firefox-3d.html
အခုတင်ပေးလိုက်တဲ့ Add-ons လေးက အရမ်းကိုလန်းလွန်းလို့ တင်ပေးလိုက်တာပါ။
ဒီကောင်လေးက Firefox ကို 3D အနေအထားနဲ့ မြင်ရမှာဖြစ်ပါတယ်။
...
အင်တာနက်ပေါ်မှာ နားထောင်နေတဲ့ သီချင်းတွေကို ဖုန်းထဲထည့်ဖို့
ဒီဟာလေးကလည်း အားလုံးအတွက်  အဆင်ပြေနိုင်ပါတယ်  အင်တာနက်ပေါ်မှာ
နားထောင်နေတဲ့ သီချင်းတွေကို ဖုန်းထဲထည့်ဖို့  MP3 ပြန်ပြောင်းချင်ရယ် ရတယ်
ပြီးတော့ သီချင်ရှာရတာ အခက်ခဲရှိတယ်ဆိုရင်လည်း Flash Song တွေ ပေါတယ်
ပြန်ပြောင်းပြီး သုံးလို့ ရတယ် တစ်ခါတလေ ကျနော်လည်းသီချင်းလိုချင်တာရှာလို့ 
မလွယ်ဘူး ဒါနဲ့  Flashသီချင်းတွေကိုMP3 ပြန်ပြောင်းသုံးလိုက်တာအဆင်ပြေလို့ 
အဲ့တော့ အဆင်ပြေချင်ရင်ယူထား.....................
http://www.zwmnna.com/2012/05/flash-song-mp3.htm
ဒီဟာလေးကလည်း အားလုံးအတွက် အဆင်ပြေနိုင်ပါတယ် အင်တာနက်ပေါ်မှာ
နားထောင်နေတဲ့ သီချင်းတွေကို ဖုန်းထဲထည့်ဖို့  MP3 ပြန်ပြောင်းချင်ရယ် ရတယ်
ပြီးတော့ သီချင်းရှာရတာ အခက်ခဲရှိတယ်ဆိုရင်လည်း Flash Song တွေ ပေါတယ်...
ဆွမ်းအကျိုး နှင့် ရေအကျိုး
“ ဆွမ်းအကျိုး နှင့် ရေအကျိုး ”
••••••••••••••••••••••••••••
အရှင်ဘုရား၊ တပည့်တော် ရေလှူခြင်းအကျိုး ၁၀-ပါးရှိသည်ဟု ကြားဖူးပါသည်။ အချိုရည်၊ အအေးမျိုးစုံ၊ ကော်ဖီ၊ လက်ဖက်ရည်တို့သည်လည်း အရည်ဖြစ်သောကြောင့် ထိုအရည်များလှူဒါန်းလျှင် ရေကဲ့သို့ အကျိုး ၁၀-ပါး
ရရှိနိုင်ပါသလားဘုရား။ ဖြေကြားပေးပါရန်လျှောက်ထား
အပ်ပါသည်ဘုရား။
(မအေးသီရိရွှေ-ရန်ကုန်မြို့)
[www.facebook.com/youngbuddhistassociation.mm]
(ဖြေ)
ရှေးက ဒါယိကာမကြီးတယောက် ဘုန်းကြီးတပါးကို
ဆွမ်းကပ်သည့်အခါ မကျေနပ်သဖြင့် မေးသည့်မေးခွန်းနှင့်ပဲ ဖြေကြားပေးပါမည်။
ရှေးက ဒါယိကာမကြီးတယောက် ဆွမ်းကပ်သည့်အခါ
ဘုန်းကြီးက ဆွမ်းအကျိုး ၅-ပါးရကြောင်း ဟောကြားပါသည်။ ထိုဒါယိကာမကြီး မပြန်ခင် နောက်တဦးက
ရေလာလှူသည့်အခါ ရေအကျိုး ၁၀-ပါးရကြောင်း ဟောပါသည်။
သည်တွင် ဆွမ်းလှူသည့် ဒါယိကာမကြီးက ပိုက်ဆံအများကြီး
ကုန်ရ၊ ချက်ရ၊ ပြုတ်ရနဲ့ အလုပ်များလှတဲ့ ဆွမ်းကျတော့
အကျိုး ၅-ပါးသာရပြီး မချက်ရ၊ မပြုတ်ရတဲ့ ရေကျတော့
အကျိုး ၁၀-ပါးတောင် ရသလားဘုရား-ဟု ဘ၀င်မကျ၍ ဘုန်းကြီးကိုလျှောက်ပါသည်။
ထိုအခါ ဘုန်းကြီးက ဒါယိကာမကြီး ဆွမ်း-ဆွမ်းဟင်းတွေ
ချက်တော့ ရေမထည့်ရဘူးလား။ ထည့်ရပါတယ်ဘုရား။
အေး ဒါဆို ဆွမ်းအကျိုး ၅-ပါးရော၊ ရေအကျိုး ၁၀-ပါးရော
ပေါင်းရင် ဒါယိကာမကြီးက ၁၅-ပါးတောင် ရတာပေါ့လို့
ဟောလိုက်မှ ကျေနပ်သွားလေသတဲ့။
ထိုနည်းအတူပင် အချိုရည်၊ လက်ဖက်ရည်တို့တွင်လည်း အာဟာရဓာတ်များပါသည်။ ထို့ကြောင့် အာဟာရအလှူ
အကျိုး ၅-ပါးနှင့် ရေနှင့် ရောစပ်ထားသဖြင့် ရေအကျိုး
၁၀-ပါးပါ ပေါင်းလျှင် ၁၅-ပါး ရရှိနိုင်ပါသည်။
- ( မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)
Young Buddhist's Association
အရှင်ဘုရား၊ တပည့်တော် ရေလှူခြင်းအကျိုး ၁၀-ပါးရှိသည်ဟု ကြားဖူးပါသည်။ အချိုရည်၊ အအေးမျိုးစုံ၊ ကော်ဖီ၊ လက်ဖက်ရည်တို့သည်လည်း အရည်ဖြစ်သောကြောင့် ထိုအရည်များ လှူဒါန်းလျှင် ရေကဲ့သို့ အကျိုး ၁၀-ပါး ရရှိနိုင်ပါသလားဘုရား။ ဖြေကြားပေးပါရန်လျှောက်ထား
အပ်ပါသည်ဘုရား။...
(မအေးသီရိရွှေ-ရန်ကုန်မြို့)
ဒစ်ဂျစ်တယ်ပစ္စည်း လုပ်ဆောင်မှုများ နှင့် ပြဿနာ ဖြေ၇ှင်းနည်း
 ဒီစာအုပ်လေးကတော့ ယနေ့ ခတ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတဲ့ စာအုပ်ကောင်းလေးပါ
လူတိုင်း ခေတ်ပေါ်ပစ္စည်းတွေ ကိုင်တွယ်လာပီဆို ကိုယ်တိုင်ပြုပြင်တတ်ဖို့ လိုလာပီ
ပြဿနာအသေးအမွား ဆိုင်သွားပြရင် မသိတဲ့အခါ တောင်းသလောက်ပေးရတယ်
အဲ့တော့ ဒီပစ္စည်းတွေ ကိုင်ပီဆို သဘောတရားနားလည် အသေးအမွှားပြပြင်တတ်
သီချင်းသွင်းတတ် ဘယ်လိုဖိုင်အမျိုးစားတွေ ပွင့်လည်း မှားဖျက်မိတဲ့အခါဆိုရင်လဲ
ပြန်လည်ရယူနည်း  ရှာဖွေနည်းတွေပါဝင်ပါတယ် ။ မသိသေးတဲ့သူတွေက   အခွေ
သီချင်းတွေ အင်တာနက်က ယူထားတဲ့ ဗီဒီယိုဖိုင်တွေကို ဖုန်းတွေထဲ ထည့်တဲ့အခါ
အခွေပြန်ထုတ်ချင်တဲ့အခါ ဘယ်လိုပြုလုပ်သင့်လဲ  ဘယ်လိုဖိုင်တွေ ပြောင်းသင့်လဲ
အသေးစိတ် ရေးပြထားတာမို့  တစ်အုပ်ထဲနဲ့ ဆက်စပ်ရာ  ဗဟုသုတ အတော်လေး
များပြားပါဝင်တာကို တွေ့ ရတယ် ။ နည်းပညာဗဟုသုတအတွက်  မျှဝေလိုက်ပါ၏
အောက်ကလင့်မှာ အဆင်ပြေရာ ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်..................။
http://www.zwmnna.com/2013/03/mp3-mp4.html
ဒီစာအုပ်လေးကတော့ ယနေ့ ခတ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတဲ့ စာအုပ်ကောင်းလေးပါ
လူတိုင်း ခေတ်ပေါ်ပစ္စည်းတွေ ကိုင်တွယ်လာပီဆို ကိုယ်တိုင်ပြုပြင်တတ်ဖို့ လိုလာပီ
ပြဿနာအသေးအမွား ဆိုင်သွားပြရင် မသိတဲ့အခါ တောင်းသလောက်ပေးရတယ်...
အမှန်မြင်အောင် ကြည့်လိုက်ရင်
“ အမှန်မြင်အောင် ကြည့်လိုက်ရင် ”
••••••••••••••••••••••••••••••
မေခ ၊ မလိခ က အောက်ကိုစီးရင်းစီးရင်းနဲ့ သူတို့နှစ်ခု
ဆက်မိတဲ့အချိန်မှာ မေခလည်းမရှိတော့ဘူး၊ မလိခ
လည်းမရှိတော့ဘူး၊ ဧရာဝတီတစ်ခုတည်း ဖြစ်သွားတယ်။
အဲဒီတော့ United လား ၊ Union လား ၊ Harmony
လားနော်။
ညီညွတ်ခြင်းဆိုတာ ရေ ရေချင်းပေါင်းသွားတာနော်၊ မေခနဲ့
မလိခနံမည်နှစ်ခုကတော့ ပေါင်းလို့ မရဘူး။ အဲဒီနံမည်နှစ်ခု
အပေါ်မှာဘဲ ကြည့်ပြီး ငြင်းခုံနေမယ် ဆိုလို့ရှိရင်လည်း
ဧရာဝတီက မဖြစ်တော့ဘူး။
မင်းကမေခ တိဘက်ကလာတာ၊ မင်းကမလိခ တရုတ်
ကလာတာ တရုပ်နဲ့တိဘက်သည် မပေါင်းနိုင်ဘူးဆိုလို့
ရှိရင် ဧရာဝတီ မလာတော့ဘူး၊ ဧရာဝတီ မရှိတော့ဘူး။
မေခ,မလိခ ပေါင်းလိုက်လို့ ဘာဖြစ်လာတာလဲ ၊ ဧရာဝတီ ဖြစ်လာ
တာနော်။ အဲဒါပဲ...။ မေခနဲ့ မလိခ ဆိုတဲ့ နံမည်အပေါ်မှာကြည့်ပြီး
တော့ စကားများမနေပဲနဲ့ အထဲကရေကိုမြင်အောင်ကြည့်လိုက်ရင်
အကုန်လုံး အေးအေး ချမ်းချမ်း သန့်သန့် ရှင်းရှင်း ပေါင်းသွား
ကြမှာ ... ။
( သီတဂူဆရာတော်ကြီး)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
အေးချမ်းမွန် Credit To > Young Buddhist's Association <Thanks
https://www.facebook.com/excellencemedia
မေခ ၊ မလိခ က အောက်ကိုစီးရင်းစီးရင်းနဲ့ သူတို့နှစ်ခု
ဆက်မိတဲ့အချိန်မှာ မေခလည်းမရှိတော့ဘူး၊ မလိခ
လည်းမရှိတော့ဘူး၊ ဧရာဝတီတစ်ခုတည်း ဖြစ်သွားတယ်။...
အဲဒီတော့ United လား ၊ Union လား ၊ Harmony
လားနော်။
လိပ်ပြာသန့်သန့် အိပ်စက်ခြင်း
လိပ်ပြာသန့်သန့် အိပ်စက်ခြင်း
*******************
အသက် ၇ နှစ်အရွယ် ကောင်မလေးနဲ့ ကောင်လေး တစ်နေရာမှာ တွေ့ပါတယ်။ ကောင်မလေးမှာ သကြားလုံးများပါလာပြီး ကောင်လေးဆီမှာ ဖန်ဂေါ်လီလုံးများ ပါလာပါတယ်။ ကောင်လေးက သကြားလုံး စားချင်တော့ သကြားလုံး အားလုံးနဲ့ သူ့ဖန်ဂေါ်လီအားလုံး လှဲမယ်လို့ ပြောလိုက်ပါတယ်။ ကောင်မလေးက လည်း သဘောတူတော့ သကြားလုံးနဲ့ ဂေါ်လီလုံးများကို လှဲလိုက် ပါတယ်။ သို့ပေမယ့် ကောင်လေး ကတော့ အလှဆုံး ဖန်ဂေါ်လီတစ်လုံးကို မပေးပဲ ဝှက်ထားပါတယ်။ ကောင်မလေးကတော့ သူ့သကြားလုံး အားလုံးကို ပေးလိုက်ပါတယ် ညရောက်တဲ့အခါမှာတော့ ကောင်မလေးက အိပ်ပျော်ပေမယ့် ကောင်လေး တစ်ယောက် အိပ်မပျော်ပါဘူး။ ဖန်ဂေါ်လီ အားလုံး ပေးမယ်လို့ ပြောပြီး အလှဆုံး တစ်လုံး ဖယ်လို့ သူ့အတွက် သိမ်းထားမိတဲ့အတွက် မလုံမလဲနဲ့ ပေးခဲ့ရင် အကောင်းသား လို့တောင် နောင်တရနေမိပါတယ်။
---
သင်ခန်းစာ - လူတွေဟာ ကိုယ်ပေးစရာ ရှိတာမှန်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့် ပေးတာ အကောင်းဆုံးပါပဲ။ အပြန်အလှန်ပေးဆပ်ရတဲ့ လူမှု ဘဝနေထိုင်မှုမှာ ကိုယ့်အတွက် တစ်ကွက်ချန်လို့ အကျိုးအမြတ် ယူပေမယ့် တစ်ကယ်တမ်း ပူလောင်နေရတာက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ရာနှုန်းပြည့် ပေးဆပ်ပြီးသူကတော့ အပူအပင် မရှိအိပ်နိုင်ပါတယ်။ အမှားလုပ်သူကသာ၊ အပြစ်လုပ်သူကသာ မအိပ်နိုင်မစားနိုင် ဖြစ်ရပါတယ်။ အရာဝတ္ထုတင်မကပဲ မထိနိုင်၊မမြင်နိုင်တဲ့ ကိုယ်ချင်းစာတရား၊ ကြင်နာတရား၊ မေတ္တာတရား တို့မှာလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။
Ref: everyquote
Credit: အောင်ခမ်း ( ရိုးရာလေး )
http://www.searchmyanmar.com/click/search
အသက် ၇ နှစ်အရွယ် ကောင်မလေးနဲ့ ကောင်လေး တစ်နေရာမှာ တွေ့ပါ တယ်။ ကောင်မလေး မှာ သကြားလုံးများပါလာပြီး ကောင်လေးဆီမှာ ဖန်ဂေါ်လီလုံးများ ပါလာပါ တယ်။ ကောင်လေး က သကြားလုံး စားချင်တော့ သကြားလုံး အားလုံးနဲ့ သူ့ဖန်ဂေါ်လီအားလုံး လှဲမယ်လို့ ပြောလိုက် ပါ တယ်။ ကောင်မလေးက လည်း သဘောတူတော့ သကြားလုံးနဲ့ ဂေါ်လီလုံးများကို လှဲလိုက် ပါတယ်။ သို့ပေမယ့် ကောင်လေး ကတော့ အလှဆုံး ဖန်ဂေါ်လီတစ်လုံးကို မပေးပဲ ဝှက်ထားပါ တယ်။
ဆံပင်မပေါက်၍ ထိပ်ပြောင်နေသူများ နေရာကွက်၍ ဆံပင်မပေါက်သူများ ရှိခဲ့ပါလျှင် ဒီနည်းလေးကို သုံးကြည့်ကြပါ။
**ဆံပင်မပေါက်၍ ထိပ်ပြောင်နေသူများ နေရာကွက်၍ ဆံပင်မပေါက်သူများ ရှိခဲ့ပါလျှင် ဒီနည်းလေးကို သုံးကြည့်ကြပါ။**
======================
ဆေးနည်းမှာ
ပထမ ငှက်ပျောတစ်ပင်၏ ပင်စည်(၁)ပေ အမြင့်လောက်တွင် ဓါးနှင့် အနာဖြစ်အောင်ထိုးလိုက်ပါ။ ထိုအနာ ထဲသို့ စတီးဇွန်းကို မှောက်ခုံထည့်လိုက်ပါ။ အနာမှတစ်ဆင့် စတီးဇွန်း တစ်လျှောက် ငှက်ပျောရည်များ တစ်စက် တစ်စက် ကျလာမည်။
ထိုအစက်အောက်မှ ဖန်ခွက် ဖြစ်စေ၊ ပုလင်းဖြစ်စေ ခံထားရပါမည်။ (၅)ကျပ်သားခန့်ရလျှင် တစ်နေ့တာ အသုံးပြုရန် လုံလောက်ပါသည်။ ဆံပင်မပေါက်သည် နေရာအား အကြိမ်ကြိမ် ခြောက်တိုင်း လိမ်းပေး ရပါမည်။
အနည်းဆုံး (၁၀)ရက်ခန့် လိမ်းပေးလျှင် မပေါက်သောနေရာမှ ဆံပင်များ ပြန်၍ ထွက်လာပါလိမ့်မည်။ လက်တွေ့ စမ်းသပ်ခြင်းဖြင့် မှန်မမှန် သိနိုင်ပါသည်။
ဆံပင်ကျွတ်ပျောက်ဆေးနည်း
-------------------------------
သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့ နှစ်ကြိမ် လိမ်းပေးပါမူ ဆံပင်ကျွတ်ခြင်း ပျောက်ကင်း စေပါသည်။ ဆံပင်ပေါက်ဆေးနည်းသံပရာစေ့ကို ရေနှင့် ကြိတ်ပြီး နေ့စဉ် လိမ်းပေးပါက ဆံပင် ပြန်ပေါက် စေပါသည်။
ဆံပင်နက်ဆေးနည်း
---------------------
(၁) တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီး ချောမွတ်စေပါသည်။
(၂) မန်ကျည်းသီး အဆံကို သွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။
(၃) မယားကြီးရွက်၊ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကို ကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်းပေးပါ။
(၄) သူငယ်စား ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။
(၅) ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။
(၆) မန်ကျည်းသီး ငါးကျပ်သား ၊ ဆား ငါးကျပ်သား ၊ ပွေးကိုင်းရွက် ငါးကျပ်သား၊သကြားတစ်ဆယ် ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍ စားပါ။
နောက်တစ်နည်း
-----------------
ဆံပင်ကျွတ်ခြင်း ၊ ခေါင်းပြောင်ခြင်းဖြစ်သူများ ၊ ဆံပင်ပြန်ပေါက်ရန် ခြေဖဝါးကို ဆားပွတ်ပါ။
ကျန်းမာကြပါစေ.........မင်းမင်းဇော်
သတင်းနှင့်စွယ်စုံ Credit To>Myanmar Advertising Page <Thanks
https://www.facebook.com/nwesamazing 
 ဆေးနည်းမှာ 
ပထမ ငှက်ပျောတစ်ပင်၏ ပင်စည်(၁)ပေ အမြင့်လောက်တွင် ဓါးနှင့် အနာဖြစ်အောင်ထိုး လိုက်ပါ။ ထိုအနာ ထဲသို့ စတီးဇွန်းကို မှောက်ခုံထည့်လိုက်ပါ။ အနာမှတစ်ဆင့် စတီးဇွန်း တစ်လျှောက် ငှက်ပျောရည်များ တစ်စက် တစ်စက် ကျလာမည်။ ထိုအစက်အောက်မှ ဖန်ခွက် ဖြစ်စေ၊ ပုလင်းဖြစ်စေ ခံထားရပါမည်။ (၅)ကျပ်သားခန့်ရလျှင် တစ်နေ့တာ အသုံးပြုရန် လုံလောက်ပါသည်။
မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်
ရန်ကုန် ၊ အောက်တိုဘာ ၂၅
မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်းအထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ် ဆောင်သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။ မလေးရှား ၌ အောက်တိုဘာ ၁၈ရက်က တိုက်ခိုက်ခံရပြီး ဒဏ် ရာရကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက်အကူပြု အဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာနိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။
မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့် Smart Zawgyi 3 ထွက်ရှိ
နည်းပညာ
မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့် Smart Zawgyi 3 ထွက်ရှိလာပါတယ်။ Android version 1.6 မှ Android 4.4 ဖုန်းများအားလုံးကို ဒီ Tool နဲ့မြန်မာစာသွင်းနိုင်မှာပါ။ ကွန်ပျူတာ Tool တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းထွက် Sony တွေမှာ ဥပမာ Xperia C, Xperia L Build Number အမြင့်တွေဆို Font သွင်းတဲ့ပုံစံပြောင်းသွားပါတယ်…
မကျွတ်မလွတ်တို့ မြူးတဲ့ည
အချိန်ကား ည ၁၁ နာရီ ရှိနေပြီ ဖြစ်သော်လည်း ကောင်းကင်တွင် ဝိုင်းစက် ပြည့် ဝန်းသော သော်တာလမင်းထံမှ လရောင်နှင့် ထွန်းထားသော မီးလုံးတို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်လျက် ရှိသည်။
“အခုကျွေးမွေးတဲ့ အစားအစာတွေ ကို မကျွတ်မလွတ်သေးသောသူ အားလုံး လွတ်လွတ်လပ်လပ် လာရောက်စားသောက် နိုင်ပါတယ်” ဟူ၍ ဆရာတော်တစ်ပါး၏ မိုက်ဖြင့် ပြောလိုက်သံ ဟိန်းထွက်လာသည်။
ကေတီဗွီ (KTV)
 ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် ၃၅သန်းအတွက် ရှာကီရာဟာ သူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်။ အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲက ပန်းနုရောင်ပေါင်တံတွေဟာအဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ တဖွဲဖွဲဝင်လာမယ့် ရံပုံငွေ တွေပဲ။
ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက် ထားနိုင်ဖို့ သိုးစော်နံနေတဲ့ အဲ့ဒီအဆီ တစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနှိပ်ပေးနေရတယ်။
ဦးနှောက်များအတွက် တံစိုးလက်ဆောင်များ
 မစ္စယန်ကျိကို မိတ်ဆွေများက “ပိုက်ဆံစုထား” ဟုပြောနေသည်မှာ နှစ်ပေါင်းအတော်လေး ကြာခဲ့ပြီ ဖြစ်သည်။ သမီးကို ကျောင်းထားရသည့် အခါတွင်လည်း စာအုပ်ဖိုး၊ ကျူရှင်ဖိုးတွေ သာမက သမီးကို ကျောင်းကောင်းကောင်းရရန် လာဘ်ထိုးဖို့ စုဆောင်းရမည်ဟု ဆိုသေးသည်။ မြို့ပေါ်တွင် အစိုးရ ကျောင်းကောင်းကောင်းသို့ ဝင်ခွင့်ရရေးမှာ ပိုက်ဆံစုထား မှ ဖြစ်မည်ဆို သည့် သတင်းတွေကိုလည်း ကြားနေရသည်။
Saturday 26 October 2013
တရုတ်ပြေးမင်း နရသီဟပတေ့နှင့် ငဆောင်ချမ်း တိုက်ပွဲမှ နတ်များ အကြောင်း(၂)
ထိုသို့ ပုဂံနတ်များ ချီတက်လာသကဲ့သို့ တရုတ်ဘုရင် ဥတည်ဘွားကိုးကွယ် ထားသည့်ကြေးစန္ဒီ နတ်နှင့် အခြားနတ်များကလည်း တရုတ်တပ်များနှင့်အတူ လိုက်ပါလာကြလေသည်။
အနန္တပစ္စည်းနှင့်ရန္တပစ္စည်းသူရဲကောင်းနှစ်ယောက်တို့ ဦးဆောင်သော ပုဂံတပ်မကြီးသည် ငဆောင်ချမ်း အရပ် သို့ ရောက်လေသော်ယာယီမြို့ ကျုံးမြောင်းလုပ်ကာဗန်းမော်မြစ် အငူတွင်ခံတပ်ပြုထားကြ၏။
တရုတ်ပြေးမင်း နရသီဟပတေ့နှင့် ငဆောင်ချမ်း တိုက်ပွဲများ မှ နတ်များအကြောင်း
သက္ကရာဇ်(၆၄၃)ခုအေဒီ(၁၂၈၁)ခုနှစ်ကဖြစ်သည် တရုတ်ဘုရင် မှနေပြီးပုဂံပြည့်ရှင် နရသီဟပတေ့ မင်းကြီး ထံရွှေပေါင်းချောင် ၊ငွေပေါင်းချောင် (အချို့ ရာဇ၀င်များတွင် ဆင်ဖြူတော်) လာတောင်းသည် ဟူ၏။ ထိုအခါပုဂံပြည့်ရှင် မင်းကြီး ကစိတ်ဆိုးဒေါသထွက်ကာ လာရောက်တောင်းဆိုသော တရုတ်သံအဖွဲ့ ကို အမတ် တစ်ကျိတ်နှင့်မြင်းသည် တစ်ထောင် ကိုအမတ်ကြီး ရာဇသင်္ကြန် တားမြစ်သည့်ကြားမှ သံတမန် ဆက်ဆံရေး ကျင့်ဝတ်ကိုဖျက်ကာ တစ်ယောက်မကျန်သတ်စေ၏။ ထိုအကြောင်းကို တရုတ်ဘုရင် ဥတည်ဘွား ကြားလေသော် အမျက်ပြင်းစွာထွက်ပြီးမြင်း သည်၊ခြောက်သန်း ။ခြေလျင်စစ်သည် တစ်ကုဋေဖြင့် ပုဂံကိုစစ်ဆင် သိမ်းပိုက်ရန်လာလေ၏။
တညင်းသီး (မွန်ပုံပြင်)
Photo: တညင်းသီး (မွန်ပုံပြင်)
ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီးတော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်းမရအောင် လှတယ်။ ဒီလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံနှံ့အောင် ပျံလွင့်သွားတယ်။
ပြည်ထောင်ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင်မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့  သဝဏ်လွှာပါးပြီး လှထိန်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။
ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင်အချင်းချင်းမင်းတွေ စစ်ခင်းကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။
ဘုရင်ကြီးရဲ့ သဝဏ်လွှာကတော့ သူ့သမီးတော် လှထိပ်ခေါင်တင်ကို နန်းတွင်းက မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေစေပါတယ်။ ဘယ်လိုဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ မင်းသားမဆို ကိုယ့်ကိုယ်ကို ရေမစွတ်စေဘဲ သမီးတော်ကို ဆောင်ကြဉ်းနိုင်တယ်ဆိုရင် အဲဒီမင်းသားနဲ့ လက်ထပ်ထိမ်းမြားပေးမယ်ဆိုတဲ့ သဝဏ်လွှာတွေဖြစ်တယ်။
ဒီသဝဏ်လွှာကို ရကြတော့ ပြည်ထောင်ချင်းချင်း တစ်ရာ့တစ်ပါးသော မင်းတွေဟာ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးရဲ့ နန်းတော်ကို လာကြတယ်။ ပြီးတော့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေတဲ့ လှထိပ်ခေါင်တင် မင်းသမီးကလေးဆီ သွားဖို့ကြံကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်ကို ရေမစိုဘဲ ဘယ်နည်းနဲ့မှ ကန်ထဲက မင်းသမီးဆီ မရောက်နိုင်ဘူးဆိုတာ သိကြတာနဲ့ ကန်ပတ်လည်မှာ ဝိုင်းထိုင်မှိုင်နေကြတယ်။ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးကလည်း သမီးတော်လှထိပ်ခေါင်ကို (၃) ရပ်အတွင်း ဆောင်ကျဉ်းပါလို့ ရက်အကန့်အသတ်နဲ့ ထားတယ်။
ဒီသတင်းဟာ လူ့ပြည်တွင်မကဘဲ နတ်ပြည်အထိ ကျော်ကြားသွားတယ်။ သတင်းဖြစ်ပုံက ရမ္မာပူရပြည့်ရှင်ဘုရင့်သမီးတော်လေးဟာ လူမက နတ်မ, မျှလှကြောင်း၊ ချောတဲ့အကြောင်း၊ ဒီအလှရှင်မလေးကို ပိုင်ဆိုင်နိုင်ကြဖို့ အပြည်ပြည်ထောင်က မင်းသားများ အလှရှင်မလေး စံနေတဲ့ မင်္ဂလာရေကန်လယ်က ကြာပွင့်ပြသာဒ်ကို ဝန်းရံနေကြကြောင်း စတဲ့ သတင်းဖြစ်တယ်။ ဒီသတင်းဟာ မြို့တွေ ရွာတွေမှာ ရှိတဲ့ နတ်တွေက တစ်ဆင့် ဟိမဝန္တာက နတ်တွေဆီရောက်သွားတယ်။ ဟိမဝန္တာတောက နတ်တွေက တစ်ဆင့် မြင်းမိုရ်တောင်က နတ်တွေ ဒီသတင်းကို ကြားပြန်တယ်။ ဒီလို အဆင့်ဆင့်နဲ့ နတ်ပြည်တစ်ပြည်လုံးကို မင်းသမီးကလေးရဲ့ အလှအကြောင်း ကျော်ကြားသွားတာဖြစ်တယ်။
သုတိတာနတ်ပြည်က ကြင်ယာမရှိသေးတဲ့ နတ်သားတစ်ပါးက ဒီသတင်းကို ကြားရင်ကြားချင်း နတ်ပြည်ကဆင်းလာပြီး မင်္ဂလာရေကန်အလယ် ကြာပွင့်ပြသာဒ်မှာ စံနေတဲ့ မင်းသမီးကလေးကို ပွေ့ချီ၊ နတ်ပြည်ဆောင်ကြဉ်းသွားတယ်။
ဒီလို မင်းသမီးကလေးကို နတ်သားတစ်ပါးက ဆောင်ကျဉ်းသွားတာကို ရေကန်မှာ ဝန်းရံနေတဲ့ မင်းသားတွေ မြင်လိုက်ရတဲ့အခါ စိတ်အပျက်ကြီးပျက်ကုန်ကြတယ်၊ အဆွေးကြီးဆွေးကုန်ကြတယ်။ တစ်ခါတည်း အချစ်နာကြပြီး ငေးမှိုင်ကုန်ကြတယ်။ ဒါကို ပညာရှိအမတ်ကြီးတွေသိတော့ အဲဒီမင်းသားတွေကို ချော့မော့ပြီး သူ့တိုင်းပြည်သူပြန်ပို့လိုက်တယ်။ မင်းသားတွေဟာ သူတို့ရဲ့တိုင်းပြည်ကို ပြန်ရောက်တဲ့တိုင်အောင် မင်းသမီးကလေးအပေါ် စွဲလမ်းတဲ့စိတ်ကြောင့် မစားနိုင် မအိပ်နိုင်ကြဘူး တမှိုင်မှိုင်တတွေတွေဖြစ်ပြီး အချစ်နာကျတာကို ခံနေကြရတယ်။
မင်းသမီးကလေး တုသိတာနတ်ပြည် ရောက်သွားတဲ့အခါ နတ်သားက မင်းသမီးကလေးကို သူ့ဥယျာဉ်မှာ ခဏထားထားတယ်။
ဒီလို လူပြည့်က လူမက နတ်မ မျှလှတယ်ဆိုတဲ့ မင်းသမီးနတ်ပြည်ရောက်လာတယ် ဆိုတဲ့သတင်းကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ နတ်သမီးတွေကြားတော့ မင်းသမီးကလေးရဲ့ အလှကို လာလာကြည့်တယ်။ ကြည့်ပြီး ကျော်သလောက်လည်း လှရှာပါပေတယ်လို့ ချီးမွမ်းကြတယ်။ မင်းသမီးကလေးရဲ့ ဝတ်စားဆင်ယင်ပုံကိုလည်း အင်မတန် နှစ်ခြိုက် သဘောကျကြတယ်။ မင်းသမီးကလေးကတော့ သူ့ကို နတ်သမီးတွေလာလာပြီး ကြည့်ကြတာကိုပဲ မနေတတ် မထိုင်တတ်ဖြစ်နေတယ်။
နတ်သားကလည်း သူ့ကြင်ယာလောင်း လူမင်းသမီးကလေးကို အင်မတန် မြတ်နိုးတယ်။ နတ်ပြည်မှာ အကောင်းဆုံးဖြစ်တဲ့ သူ့ဥယျာဉ် ခြံထွက်အသီးတွေကို ခူးကျွေးတယ်။ ဒီအသီးတွေထဲမှာ တညင်းသီးလည်းပါလို့  မင်းသမီးကလေးဟာ မပြောတတ်တဲ့ ပြောလို့မတတ်တဲ့ အရသာမျိုးရှိတဲ့ တညင်းသီးကို အင်မတန်နှစ်သက်တယ်။ ဒါကြောင့်ပဲ တခြားအသီးတွေကို တို့ကာဆိတ်ကာသာစားပြီး တညင်းသီးကိုပဲ မက်မက်မောမော စားနေမိတယ်။
လူမင်းသမီးကလေး နတ်ပြည်ရောက်နေပြီ ဆိုတဲ့သတင်းဟာ နတ်သမီးတွေကတစ်ဆင့် နောက်ဆုံး သိကြားမင်းဆီ ရောက်သွားတယ်။ ဒီတင် သိကြားမင်းက တုသိတာနတ်သားကို ခေါ်ပြီး လူနဲ့ နတ်စာ ဒီပုံဒီနည်း ဆက်ဆံလို့ မဖြစ်ဘူး။ ဒါကြောင့် လူ့ပြည်ကို ချက်ချင်းပြန်ပို့ရမယ်လို့ အမိန့်ချလိုက်တယ်။
နတ်သားဟာ စိတ်ပျက်လက်ပျက်နဲ့ သိကြားမင်းဆီက ပြန်လာပြီး မင်းသမီးကလေးကို "လှထိပ်ခေါင်တင် လူသားမင်းသမီး၊ သင့်ကို လူ့ပြည်ပြန်ပို့ရမယ်လို့ သိကြားမင်းဆီက အမိန့်ပါလာတယ်။ ဒါကြောင့်  ကျွန်ုပ်ဘယ်လောက်ချစ်ပေမယ့် အမိန့်ကို မလွန်ဆန်ဝံ့လို့ လူ့ပြည်ကို ပြန်ပို့ရတော့မယ်။ အသင့်သာ ပြင်ထားပါတော့" စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။
နတ်သားရဲ့စကားကို ကြားတော့ မင်းသမီးကလေးက သူလူ့ပြည်ကို ပြန်ရပြီး မိဘနှစ်ပါးနဲ့ တွေ့ရတော့မှာဖြစ်လို့ အင်မတန်ဝမ်းသာသွားတယ်။ ပြီးတော့ လူပြည်ကို ပြန်ရောက်ရင် နတ်ပြည်မှာ အင်မတန်ကြိုက်တဲ့ အသီးဖြစ်တဲ့ တညင်းသီးကို စားရတော့မှာ မဟုတ်တော့ဘူး။ လူ့ပြည်မှာ တညင်းသီးစားရအောင် မျိုးရဖို့ တညင်းသီးတစ်လုံးကို ယူသွားမှဖြစ်မယ်။ ဒါပေမယ့် ဒီလိုယူသွားတာကို နတ်သားကသိရင် ကန့်ကွက်မှာ အမှန်ပဲ။ ဒီတော့ နတ်သားမသိအောင် ဝှက်သွားမှတော်မယ်လို့ ကြံပြီး တညင်းသီးတစ်လုံးကို လူ့ပြည်ယူသွားဖို့ သူ့မမြင်ကွယ်ရာမှာ ထည့်ပြီး ဝှက်ထားလိုက်တယ်။
နတ်သားကလည်း သိကြားမင်းရဲ့အမိန့်အတိုင်း မင်းသမီးကလေးကို အသာပွေ့ပြီး လူ့ပြည်ကို ဆင်းခဲ့တယ်။ ပြီးတော့ ရမ္မာပူရ ပြည့်ရှင်ဘုရင်ကြီးရဲ့ နတ်ဆောင်က သမီးတော်ဆောင်မှာ မင်းသမီးကလေးကိုထားပြီး နတ်ပြည်ကိုပြန်သွားတယ်။
မင်းသမီးကလေး နတ်ပြည်က ပြန်ရောက်လာတဲ့အကြောင်းဟာ မကြာခင်ပဲ နန်းတော်ထဲမှာ ပြန့်နှံ့သွားတယ်။ ဘုရင်ကြီးနဲ့တကွ တစ်နန်းတော်လုံး ဝမ်းသာအားရဖြစ်ပြီး ဒီသတင်းဟာ နေ့မကူးခင် တစ်မြို့လုံး လွှမ်းခြုံသွားတယ်။
ဒီအချိန်မှာ မင်းသမီးကလေးဟာ နူးညံ့သူဖြစ်တဲ့အတိုင်း လူ့ပြည်က နတ်ပြည်၊ နတ်ပြည်ကလူ့ပြည် စုန်ကာဆန်ကာ သွားလာခဲ့ရလို့ ပင်ပန်းပြီး နေမကောင်းဖြစ်တယ်။။ ဒီလို မင်းသမီးကလေး နေမကောင်းဖြစ်တာကို နန်းတော်က ဘုရင့်သမားတော်ကြီးတွေနဲ့ကုကြတယ်။ ဒါပေမယ့် မကြာခင်ပဲ မင်းသမီးကလေး နတ်ရွာစံသွားတယ်။
မင်းသမီးကလေး နတ်ရွာစံသွားတော့ တစ်နန်းတော်လုံး တစ်မြို့လုံး ဝမ်းနည်းပက်လက် ဖြစ်ကြတယ်။ ဘုရင်ကြီးကလည်း သမီးတော်ရဲ့ အလောင်းကို ကြာကြာမကြည့်ရက်တာကြောင့် ချက်ချင်းပဲ မြေမြှုပ်သင်္ဂြုဟ်လိုက်တဲ့အခါမှာ နတ်ပြည်က ဝှက်ယူလာတဲ့ တညင်းသီးပါ တစ်ပါတည်း မြှုပ်မိတာကြောင့် မကြာခင်ပဲ မင်းသမီးရဲ့ သင်္ချိုင်းက တညင်းပင်တစ်ပင်ပေါက်လာတယ်။
ဒီပေါက်လာတဲ့ တညင်းပင်ရဲ့ အသီးဟာ နတ်ပြည်မှာတုန်းက မွှေးတဲ့ အသီးဖြစ်ပေမယ့် အခုတော့ ဝှက်ယူလာရတဲ့ မင်းသမီးရဲ့ မကောင်းမှုနဲ့ ပေါက်လာရတာဖြစ်လို့ အနံ့က ခပ်ဆိုးဆိုးဖြစ်သွားပါတယ်။ ဒါပေမယ့် စားလို့တော့ အရသာကို မဖော်ပြနိုင်အောင် အင်မတန်မှကောင်းတဲ့ အသီးဖြစ်တယ်။
ဒီလို မင်းသမီးကလေး လူ့ပြည်ပြန်ရောက်ပြီး သေဆုံးသွားတဲ့ အကြောင်း၊ မင်းသမီးအလောင်းကို မြှုပ်ရာ သင်္ချိုင်းပေါ် တညင်းပင်ဆိုတဲ့ အပင်တစ်ပင်ပေါက်နေကြောင်းကို အပြည်ပြည်ထောင်က အမင်းမင်းတွေ ကြားကြပြန်တယ်။ ဒီတင် မင်းသမီးကလေးကို တမ်းတမ်းစွဲဖြစ်နေတဲ့  မင်းသားများ ဖြစ်ကြတဲ့အတိုင်း မင်းသမီးရဲ့ သင်္ချိုင်းကို အခြွေအရံတွေနဲ့ လာကြတယ်။ ပြီးတော့ မင်းသမီးမြှုပ်ရာ သင်္ချိုင်းပေါ်မှာပေါက်တဲ့ တညင်းပင်က အသီးကိုလည်း မင်းသမီးရဲ့ ချစ်လက်ဆောင်လို့ သဘောထားပြီး စားကြတယ်။ ဒီလို စားလိုက်တော့ တညင်းသီးရဲ့အရသာက အင်မတန်ကောင်းလွန်းလို့ သူတို့ခံစားနေရတဲ့ အချစ်ဝေဒနာဟာ သက်သာပျောက်ကင်သွားတယ်လို့တောင် ထင်မှတ်ကြတယ်။
မင်းသားတွေဟာ ဒီလိုမင်းသမီးကလေးရဲ့ သင်္ချိုင်းမှာ လာရောက် အလွမ်းဖြေကြပြီးနောက် တညင်းပင်က တညင်းသီးတွေကို ခူးကာ သူတို့တိုင်းပြည်ကို ပြန်ကြတယ်။ တိုင်းပြည်ရောက်တော့ တစ်ပြည်လုံး တောလက်ကျေးရွာမကျန် မင်းသမီးကလေးရဲ့ ချစ်လက်ဆောင် အသီးဆိုပြီး တောင်သူများကို စိုက်ပျိုးစေတယ်။ ကာလကြာတော့ ဒီအသီးမျိုျးွှေစာ ပြန့်ပွားပြီး ရာမညတိုင်းပြည်ကြီး တစ်ပြည်လုံး တညင်းသီးလှိုင်လှိုင်ပေါတဲ့ အထိ များပြားလာတယ်။
တညင်းသီးစာ ဒီကနေ့အထိ မခေါ်တတ် မပြောတတ်တဲ့ နတ်သုဒ္ဓါအဝင်အပါ အရသာတစ်မျိုးရှိနေသေးပြီး အနံကတော့ လူ့ပြည်ရောက်မှ ဖြစ်တဲ့ အနံ့ခပ်ဆိုးဆိုးပဲ ရှိနေသေးတယ်။ ဒါပေမယ့် လူတိုင်းကြိုက်တဲ့အသီးဖြစ်လို့ စာသူတွေသာ ပိုလို့သာများများလာတယ်။ ဒီအသီဟာ မူလက နတ်ပြည်ကနေ မင်းသမီးကလေးက မမြင်ကွယ်ရာမှာ ဝှက်ပြီး ယူလာရတဲ့အသီး ဖြစ်ကြောင်းလည်း မမေ့သင့်ဘူးလို့ မွန်ပုံပြင်ဆရာများက တညင်းသီးပုံပြင်ကို ပြောလေ့ရှိကြတယ်။
လူထုဦးလှ
ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီးတော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်း မရအောင် လှတယ်။ ဒီအလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံနှံ့အောင် ပျံလွင့်သွားတယ်။
"အမည်ကိုခေါင်ကွန့်ထားသည့် တောင်ညွန့်"
Photo: "အမည်ကိုခေါင်ကွန့်ထားသည့် တောင်ညွန့်"
မြန်မာနိုင်ငံကို ''ရွှေမြေ''(Golden Land)  ဟုတင်စားခေါ်ဝေါ်နေကြသလို ရန်ကုန်မြို့ကို စစ်ကြိုခေတ်က အာရှတိုက်၏ဥယျာဉ်မြို့တော် (Garden City of Asia) ဟုဂုဏ်ပြုခေါ်ဝေါ်ခြင်းခံခဲ့ဖူးသည်။ ထိုသို့ ဂုဏ်ထူးနာမရခဲ့ခြင်းမှာ မြတ်ဘုရားရွှေတိဂုံ၏ ခြေတော်ရင်းက စိမ်းလန်းစိုပြည်သည့် ကန်တော်ကြီးဝန်းကျင်က အဓိကပါဝင်နေခဲ့၍ဖြစ်သည်။
“တောင်ညွန့်မှသည် မင်္ဂလာတောင်ညွန့်ဖြစ်တည်”
အရှေ့ပိုင်းခရိုင်မှာပါဝင်သော မင်္ဂလာတောင်ညွန့်မြို့နယ်သည် ကန်တော်ကြီးဝန်းကျင်တွင် မြတ်ဘုရားရွှေတိဂုံတည်ရာ သိဂုင်္တ္တရတောင်စွယ်တောင်တန်းတွေမှနေ၍ ဆင်ခြေလျှော သွယ်တန်းလာသည့်တောင်ကုန်း၊ တောင်ထွတ်များတည်ရာမှာ ဖြစ်တည်လာသောမြို့ကွက်ဖြစ်သည့်အတွက် ကနဦးအမည်က တောင်ညွန့်ဖြစ်ခဲ့သည်။
စစ်ကြိုခေတ်က ကျော်ကြားသောလူရွှင်တော်ကြီးများ ဖြစ်ကြသည့် ဒီပေါက်နှင့် ညှပ်ကြီး တို့က ပြက်လုံးထုတ်ခဲ့ကြရာမှာ “လူပျိုကာလသားတွေနေတဲ့အရပ်ကို တောင်ညွန့်၊ အပျိုကလေးတွေနေသည့်အရပ်ကတော့ Spark လမ်း(ယခုဗိုလ်အောင်ကျော်လမ်း)ပေါ့”ဟု ရယ်ရွှင်ဖွယ်ရာ အပြင် မှတ်သားစရာပါဖြစ်ခဲ့သည်။
ထို့ကြောင့် လွတ်လပ်ရေးရပြီးသောအခါမှာ မင်္ဂလာအပေါင်းခညောင်းသည့်သိဂုင်္တ္တရကုန်းတော်၏ ဆင်ခြေလျောအတွင်း ဖြစ်တည်လာခဲ့သော တောင်ထွတ်အညွန့်အဖူးမှာ တည်ရှိနေသည့်ဗျူပ္ပတ်နှင့် အမည်ကို ခေါင်ကွန့်ကာ “မင်္ဂလာတောင်ညွန့်” အမည်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ တောင်ကုန်းတောင်ထွတ်ထူထပ်မှု နိမိတ်ပုံနှင့် မြတ်ဘုရားရွှေတိဂုံအား ခြံရံထားသည့် ကုန်း ၉၉ကုန်းတွင် ပါဝင်သော တောင်ကုန်း (အများစု)သည် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာ တည်ရှိနေသည်။ အရိုးကုန်း၊ ပျားရည်ကုန်း၊ သာယာကုန်း(ပါတာနီကုန်း)၊ မြယာကုန်း၊ ပိန္နဲကုန်းနှင့် ဒိုဘီကုန်းစသောကုန်းပေါင်းများစွာ ပါဝင်နေသည်။
ရန်ကုန်မြို့ကြီးကို နယ်မြေ(၁၂) ခုနှင့် ပိုင်းခြားမှုပြုခဲ့စဉ်က အမှတ် (၉)နယ်မြေ၏ ဒေသစိတ်ဖြစ်ခဲ့သည်။
ယခင်က ၈၇ လမ်းမှ ၉၄ လမ်းအထိကိုသာ ကန်တော်ကလေးရပ်ဟု သတ်မှတ်ခဲ့သေည်လည်း စနစ်သစ်အုပ်ချုပ်ရေးအရ ကန်ရှေ့၊ ကန်နောက်၊ ကန်တောင်၊ ကန်မြောက် ဟူ၍(၄)ရပ်ကွက်ဖြစ်လာသည်။ ၉၅ လမ်းမှနေလမ်း ၁ဝဝ အထိကို ဘင်္ဂါလီစု (Bengali busti)၊ ၁ဝ၁ လမ်းမှနေ ၁ဝ၃ လမ်းအထိကို ဖို့မြေဟူ၍ ခေါ်တွင်သည်။ အဘယ်ကြောင့်ဆိုသော် “ဒေဝ+သာဂရ = နတ်ပင်လယ်” ဟုခေါ်သည့်တောင်ကုန်းအောက်မှာ သိမ်ဖြူချောင်း၊ ပုဇွန်တောင်ချောင်းနှင့် ဒီတိုးချောင်းတို့ပေါင်းဆုံစီးဆင်းနေသည့်အတွက် ရွှံ့မြေကွက် ဖြစ်ခဲ့၍ မြို့ကွက်တည်ရန် မြေဖို့ပြုပြင်ခဲ့ရလို့ ဖို့မြေဖြစ်ခဲ့ရသည်။ ယခုအခါ စည်ပင်သာယာ၏အလုပ်ရုံ၊ စက်ရုံနှင့် ရေပုပ်စုပ်ယာဉ်များ ထားရှိနေရာဖြစ်လာသည်။
“မင်္ဂလာတောင်ညွန့်အတွင်းက ထူးခြားမှုအစုစု”
တစ်ချိန်က ကွမ်းခြံစိုက် မိလက္ခူတွေ နေထိုင်ခဲ့သည့် ကွမ်းခြံရပ်၏နိမိတ်ပုံအဖြစ် ကွမ်းခြံဘူတာကြီး (ယခုရန်ကုန်ဘူတာကြီး)နှင့် BAA အမည်ရခဲ့သည့် အောင်ဆန်းအားကစားကွင်းအပြင် ဘိုးဘွားရိပ်သာအစဖြစ်သော Little Sister ခရစ်ယာန်အဘွားရိပ်သာပါ ရှိခဲ့သည်။စစ်ကြိုခေတ်က ရန်ကုန်မြို့စွန်တွင် တည်ရှိခဲ့၍ ဘာသာပေါင်းစုံသင်္ချိုင်းတွေအပြင် ထူးထူးခြားခြား ဂျူးလူမျိုးတို့၏ ဂူသင်္ချိုင်းပါရှိခဲ့သည်။ 
ကူးစက်ရောဂါကု ကျောက်ဆေးရုံရှိခဲ့၍ ကျောက်ကွေ့ကားမှတ်တိုင်ရှိသလို၊ တစ်ခြမ်းပဲ့ဗလီနှင့် ကန်တော်ကလေးရွာဟောင်းဗလီများပါရှိသည်။ ခရစ်ယာန်ဘာသာဝင်များ၏ စိန်အန်ထော် Church ကလည်း ရှေးဟောင်း လက်ရာစုစာရင်းဝင်ဖြစ်သည်။ 
ယခုအခါ လွတ်လပ်ရေးရပြီး ဖြစ်သည့်အတွက် စိန်အန်ထော်နီကျောင်းတည်ရာကို စိန်အန်ထော်နီလမ်း အမည်တွင်ရာမှနေ အမျိုးသားပညာဝန် ဦးဖိုးကျားအားဂုဏ်ပြုကာ ဦးဖိုးကျားလမ်း၊ Little
Sister Road ကို သခင်မကြီးဒေါ်သိန်းတင်ကို ဂုဏ်ပြုကာ ဒေါ်သိန်းတင်လမ်း၊ ဧရာဝတီဖလိုတီးယားကုမ္ပဏီက စာရေးကြီးဝီလျံကနေဒီအမည်နှင့် ရှိခဲ့သည့်ကနေဒီကျွန်းကို လွတ်လပ်ရေးကျွန်းကနေဒီလမ်းအမည်ကို ဝန်းသိုစော်ဘွားကြီးအားဂုဏ်ပြုကာ ဦးအောင်မြတ်လမ်းတို့အပြင် Arrow Lane ကိုနောင်ရိုးလမ်း၊ Bow Laneကို ဗညားဒလလမ်း၊ Culvertလမ်းကို မြန်မာ့ဂုဏ်ရည်လမ်းနှင့် သဲတောလမ်းက မန္တလေးလမ်းအမည်ရနေပြီဖြစ်ဖြစ်သည်။
Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်း
မြန်မာနိုင်ငံကို ''ရွှေမြေ''(Golden Land) ဟုတင်စားခေါ်ဝေါ်နေကြသလို ရန်ကုန်မြို့ကို စစ်ကြိုခေတ်က အာရှတိုက်၏ဥယျာဉ်မြို့တော် (Garden City of Asia) ဟုဂုဏ်ပြုခေါ်ဝေါ်ခြင်း ခံခဲ့ဖူးသည်။ ထိုသို့ ဂုဏ်ထူးနာမရခဲ့ခြင်းမှာ မြတ်ဘုရားရွှေတိဂုံ၏ ခြေတော်ရင်းက စိမ်းလန်း စိုပြည်သည့် ကန်တော်ကြီးဝန်းကျင်က အဓိကပါဝင်နေခဲ့၍ဖြစ်သည်။
"ကြက်တိုက်ပွဲ"
Photo: "ကြက်တိုက်ပွဲ"
လူတို့ပျော်ရွှင်မှု ခံစားပုံကို အချုပ်အားဖြင့် ၂ မျိုး ခွဲခြားနိုင်သည်။ တစ်မျိုးမှာ မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသော ပျော်ရွှင်မှုများဖြစ်၍ ကျန်တစ်မျိုးမှာ အခြားသူများ ပါဝင်ဆောင်ရွက်သည်ကို ကြည့်ရှုနှစ်သိမ့်သောပျော်ရွှင်မှုများဖြစ်သည်။ ဥပမာ လူအများနှင့် စုပေါင်းယှဉ်ပြိုင်ရသော ဘောလုံးကန်ခြင်း၊ အပြေးပြိုင်ခြင်း၊ လှေပြိုင်ခြင်းစသော ကစားနည်းမျိုးတို့သည် ပါဝင်ဆောင်ရွက်သူများနှင့် ကြည့်ရှုသူများ ကိုပါ ပျော်ရွှင်စေလေသည်။ သို့ရာတွင် လက်ဝှေ့ထိုးခြင်း၊ နပန်းလုံးခြင်း၊ ဓါးခုတ်ခြင်း စသော တစ်ဦးချင်းယှဉ်ပြိုင် ကစားနည်းများ၌မူ ကိုယ်တိုင်ဆောင်ရွက်သူများထက် ကြည့်ရှု သူများက ပိုမို၍ပျော်ရွှင်မှုရနိုင်လေသည်။ ထိုသို့ယှဉ်ပြိုင် ကစားနည်းနှစ်မျိုးရှိသည့်အနက် လူတို့သည် ရံဖန်ရံခါ အသင်းအဖွဲ့နှင့် ယှဉ်ပြိုင်ရသောပွဲများကို ကြည့်လိုကြ၍ ရံဖန်ရံခါ တစ်ဦးချင်း ယှဉ်ပြိုင်ရသောပွဲများကို ကြည့်ရှုလိုကြသည်။ ထို့ကြောင့် လူလူချင်း ယှဉ်ပြိုင်ရသော ပွဲများကိုသာမက နွားတိုက်ပွဲ၊ ကျွဲတိုက်ပွဲ၊ ကြက်တိုက်ပွဲ စသော တိရိစ္ဆာန်တိုက်ပွဲများကိုလည်း ပြုလုပ်ကျင်းပလေ့ရှိကာ ပျော်ရွှင်မှုကို ရှာဖွေကြံဖန်ယူတတ်ကြသည်။
တိရိစ္ဆာန်တိုက်ပွဲများအနက် ကြက်တိုက်ပွဲကို နိုင်ငံတကာတိုင်းမှာလိုပင် ပြုလုပ်လေ့ရှိသည်မှာ ကြက်သည် အတိုက်အခွပ်သန်၍ အလွယ်တကူရရှိနိုင်သော အိမ်မွေးတိရိစ္ဆာန်မျိုးဖြစ်သောကြောင့်ဟု တွေးထင်ရသည်။
ကမ္ဘာပေါ်တွင် ကြက်တိုက်ပွဲများ မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည်ကို အတိအကျ မသိရှိရသော်လည်း လူတို့သည် ကြက်ကို စတင်မွေးမြူသည့်အချိန်မှစ၍ ကြက်တိုက်ပွဲများ စတင်ခဲ့သည်ဟု ထင်ရသည်။ ကြက်တိုက်ခြင်းသည် မြန်မာလူမျိုးများ၏ မျိုးရိုးစရိုက် ပျော်ရွှင်မှုတစ်ခုဖြစ်၍ မင်းညီမင်းသားမှအစ သူဆင်းရဲများအထိ ကြက်တိုက်ခဲ့ကြသည်။ တိုက်ကြက်မှာ အတိုက်အခွပ်သန်သော ကြက်မျိုးမှ သီးသန့် ဖောက်ယူရရှိသော ကြက်မျိုးဖြစ်၍ သာမန်ကြက်များထက် သန်မာပြီးလျှင် ဇွဲရှိသဖြင့် အတိုက်အခွပ်ကောင်းလေသည်။ တိုက်ကြက်များကို အမွေးအရောင်အလိုက် အမည်ပေးလေ့ရှိသည်။ အနီရောင် ပေါ်လွင်လျှင် နီဟူ၍လည်းကောင်း၊ ဘုတ်မွေးရောင်ရှိလျှင် ဖောင်းဟူ၍လည်းကောင်း၊ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ တိုက်ကြက်ကောင်း၏ လက္ခဏာများမှာ ဘုတ်ငှက်အရောင်ကဲ့သို့ အမွေးမျိုးရင်မှာ သက်ရမည်။ အတက်နက်၍ အမောက်ချွန်းရမည်။ ခြေထောက်မှ အကြေးဖတ်မှ ၃ဝ ရှိရမည်ဟု ဆိုလေသည်။ ထို့ကြောင့် 'ဘုတ်မွေးရင်သက်၊ တက်နက်မောက်ချွန်း၊ မြီးစွန်းထင်းစည်း၊ မောက်လုံးကြီး နှင့်၊ ခြေကြေးသုံးဆယ်၊ ဝိုင်းကြီးပယ်၊'ဟု တိုက်ကြက်လက္ခဏာများကို ဖော်ပြထားလေသည်။ ခြေကြေးပတ် ၃ဝ ကို ရေတွက်ပုံမှာ ခြေခလယ်အကြေးပတ်မှ အတက်နှင့်တည့်တည့် အကြေးပတ်အထိ အကြေးပတ်ပေါင်း ၃ဝ ရှိရမည်ဟု ဆိုလိုသည်။
ဖောင်းအမျိုးအစားထဲမှ ကြက်ကောင်းလက္ခဏာမှာ ကျောနှင့် နေရာများတွင် ဖောင်းရောင်သက် ရမည်။ အဖီမွေး၊ ချေးခံမွေး၊ ဒူးကွပ်မွေးများမှလည်း ဖောင်းရောင်ရှိရမည်။ ထို့ပြင် နှုတ်သီးအရောင်နှင့် ခြေထောက် အရောင်တို့ တူရမည်ဟု ဆိုလေသည်။
တိုက်ကြက်ကို အိပ်တန်းသီးသန့်ထားပေးရသည်။ နံနက်တိုင်း အစာကြေ မကြေသိရန် စလုတ်ကို ဂရုစိုက်၍ ကြည့်ရှု ရသည်။ ကြက်ချေးမာလျှင် ကြက်ကျန်းမာနေသည်ဟု သိရသည်။ ကြက်ကို နံနက်တိုင်းရေ ဝဝ တိုက်ပေးရသည်။ ထို့နောက် ခြေထောက်ကို ဒူးဆစ်အထိ ရေစိမ်ပေးပြီးလျှင် တောင်ပံကို ရေမစွတ်စေဘဲ ရင်အုပ်နှင့် ပေါင်တံများကို ဆုပ်နယ်ပေးရသည်။
ထို့ပြင် ကြက်ကောင်းကြိုးမကွာ ဆိုသည့်စကားအတိုင်း ကြက်မများနှင့် ရောနှောမနေစေရန် ငုတ်စိုက်၍ ကြိုးဖြင့် တည်းထားရသည်။ အနောက်နိုင်ငံများတွင်လည်း ကြက်ဝါသနာအိုးများသည် ငွေကြေးအကုန်အကျခံကာ ဆေးဝါးအကူအညီဖြင့် တိုက်ကြက်များကို မွေးမြူကြ၏။ အနောက်နိုင်ငံများ၌ ခေတ်စားသော တိုက်ကြက်မျိုးများမှာ ပလိုင်းမောက်ရောခ့်(Plymouth Rock)၊ ဝိုင်ယန်ဒေါ့(Wyandotte)၊ ဂျာစီဂျိုင်းယင့်(Jersey Giant)၊ ရုတ်ဒ်ကျွန်း အနီ(Rhode Island Red)၊ နယူဟမ်ရှိုင်းယာ(New Hampshire)၊ အောပန်တန်(Orpington) စသည်တို့ ဖြစ်ကြသည်။
"စည်းကမ်းချက်များ"
ကြက်တိုက်ပွဲ စည်းကမ်းချက်များမှာ တစ်နေရာနှင့် တစ်နေရာမတူကြချေ။ ဥပမာ၊ မြန်မာနိုင်ငံ၌ တိုက်ကြက်များကို နဂိုမူလအတက်နှင့် တိုက်လေ့ရှိသည်။ အိန်ဒိယနိုင်ငံ၌ ကြက် အတက်တွင် ဓါးသွားငယ်များ တပ်၍ တိုက်လေ့ရှိသည်။ မြန်မာနိုင်ငံ၌ ကြက်ပွဲကျင်းပပုံမှာ ရှေးဦးစွာ ကြက်ပွဲ စည်းမျဉ်းများကို နားလည်သူတစ်ဦးအား ဒိုင်ခန့်ရသည်။ ထို့ပြင် ကြက်များကို ကုသရန်အတွက် ကြက်ဆွဲနှစ်ဦးကိုလည်း ခန့်ထားရသည်။ ဒိုင်လုပ်သူက သတ်မှတ်ထားသော စည်းကမ်းချက်များကို ကြက်ရှင်များက ကျေနပ်လျှင် ကြက်များကို ဆိုင်ပေး၍ ကြက်တိုက်ပွဲ စလေတော့၏။ ထိုသို့တိုက်ရာတွင် တစ်ကောင်ကောင် ပိုင်းပိုင်းလဲလျှင်လည်းကောင်း၊ ပြားပြားကပ် အရှုံးခံလျှင်လည်းကောင်း၊ စည်းဝိုင်းအပြင်ဖက်သို့ ထွက်ပြေးလျှင်လည်းကောင်း၊ ကြက်ပွဲပြီးလေသည်။ အင်အားချင်းမျှ၊ စွမ်းရည်ချင်းတူသော ကြက်များ ခွပ်ကြလျှင် တစ်ခါတစ်ရံ ၂ နာရီနီးပါး ကြာတတ်ကြသည်။
အခြားစည်းကမ်းချက် အချို့မှာ-
- ကြက် ၂ ကောင် ခွပ်နေစဉ် ဝိုင်းအတွင်းမှ ကြက်ကိုလည်း မထူရ။
- ကြက်နှုတ်သီး၌ ကြက်မွေးများ အကယ်၍ ကပ်နေလျှင်လည်း မဖယ်ရချေ။
- ရေဖွာမှုတ်၍ မကူရ၊ လေကိုသာ မှုတ်၍ ကူပေးနိုင်၏။
- ကြက်၌ရရှိသော ဒဏ်ရာများကို ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက် စသည့် သွေးတိတ်ဆေးများဖြင့် မကုသရ။ ကြက်ဝိုင်းအတွင်းမှရသော ဖုံမှုန်မြေမှုန့်၊ ကြက်မွေးတို့ကိုသာ အသုံးပြုနိုင်သည်။
- သတ်မှတ်ထားသော စည်းပေါ်သို့ အမြီးထောက်မှ ကောက်ယူရမည်။
-  စည်းဝိုင်းအတွင်း၌ ကြက် ၂ ကောင် အခွပ် ရပ်ဆိုင်းနေလျှင် ၃ ခါစီ လေဖြင့်မှုတ်ပေးနိုင်သည်။
သို့ဖြင့် မခွပ်သေးလျှင် ဒိုင်ကခွင့်ပြုသော် ကြက်ဆွဲများက ကောက်ယူကုသနိုင်သည်။ ကုသပုံမှာ ကြက်၏ အာခေါင်တွင်းမှ ချွဲများကို ကြက်တောင်ဖြင့်ကျပ်၍ထုတ်ပစ်ခြင်း၊ ကြက်ကို ရေဖြင့်မှုတ်ပေးခြင်း၊ လက်ပူတိုက်ခြင်း၊ အညောင်းဆန့်ပေး ခြင်းများ ဖြစ်သည်။ အချို့ကြက်များသည် ပွဲဦးထွက်စ၌ အသင့်အတင့် မျှသာ ခွပ်ပြီးလျှင် တစ်ရေ နှစ်ရေ ထိုးပြီးသောအခါမှ အထူးအခွပ်ကောင်းလာတတ်လေသည်။
အကယ်၍ ကြက်များသည် တစ်ကောင်နှင့်တစ်ကောင် ခုန်ပျံ၍ မခွပ်နိုင်ကြသောအခြေအနေသို့ ရောက်နေလျှင် ဒိုင်က တစ်တောင်ပတ်လည် စည်းဝိုင်းရေးပေးလေသည်။ ကြက်များကို ထိုစည်းအတွင်းသို့ အသာအယာ လက်ဆုပ်ဖြေလွှတ်ကာ တေ့ဆိုင်ပေးရသည်။ ကြက်များ အကယ်၍ စည်းအပြင်ဖက်သို့ ရောက်သွားလျှင် ချက်ခြင်းကောက်ယူ၍ ကုသခြင်းမပြုဘဲ စည်းဝိုင်းထဲသို့ လွှတ်ပေးရသည်။ ထိုကဲ့သို့ ၃ ခါ ကောက် ယူပြီးမှ တစ်ခါကုသနိုင်သည်။ တစ်ခါကုသလျှင် လက်ပူ ၃ ခါသာ ထိုးရသည်။ ၃ ခါ လွှတ်ပြီး သည့် နောက်ပိုင်း၌ တစ်ကောင် ၃ ချက်ဆိတ်၍ ကျန်တစ်ကောင်က ပြန်မဆိတ်နိုင်လျှင် ထိုပြန်မဆိတ် နိုင်သောကြက်သည် ရှုံးပြီဟု ဒိုင်က ကြေညာလေသည်။ မြန်မာနိုင်ငံတွင် ကြက်ပွဲများကို စပါးပေါ်ချိန် ဆောင်းရာသီများတွင် ကျင်းပလေ့ရှိသည်။ ပွဲရသောကြက်များ ပါဝင်သော ခွပ်ပွဲကြီးများသည် အထူးစည်ကား၍ အလောင်းအစားပြုရာတွင်လည်း ကြေးပါလှ၏။ တိုက်ကြက်များ မိမိရရခွပ်ပုံမှာ ကြည့်ရှု၍ကောင်းလှသည်။ 
ထို့ကြောင့် မြန်မာလူမျိုးတို့သည် ကြက်ခွပ်ခြင်းကို စကားတင်စား ပြောဆိုရေးသားကြသည်။ ဥပမာ၊ စကားကြီး ၁ဝ ခွန်း တွင် ကြက်ဆုတ်ခွပ်ပစ် ဟူ၍လည်းကောင်း၊ မြန်မာစကားပုံတွင် ကြွေတစ်လက်၊ ကြက်တစ်ခုန်ဟူ၍လည်းကောင်း၊ ပြောဆိုရေးသားကြသည်။ ရေသည် ပြဇာတ်တွင်မူ 'သို့သော်လဲ ယောက်ျား၊ ကံရှေ့သွား၊ ကံထားရာဟဲ့၊ မနုန့်နဲ့ပါဘူး၊ အလှဲ့သင့်ချက်ပိုင်၊ ကြက်ကန်းခွပ်လို့၊ ပွဲကျွတ်အောင်နိုင်သေးသပ'ဟု ဦးပုညက ဖွဲ့ဆိုခဲ့သည်။ ရှေးအခါက မြန်မာလုလင်ပျိုများ တိုက်ကြက်နှင့် စောင်းများခင်တွယ်ပုံကို ရှေးဟောင်းအိုင်းချင်း တစ်ပုဒ်၌ 'မဲလီပင် နှင့် ဒန်းပင်နွဲ့နောင်း၊ ရှက်ကာငယ်ပေါင်း၊ ကင်းကြောင်းဆိပ်ဝယ်၊ ထိုးဝါးငယ်ဝယ်၊ တကယ်စုန်ဖြစ်မလားတော်။ စုန်မယ်ဆို၊ စုန်မဲ့ရက် ဆက်ဆက်မစုန်၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို၊ ပိုက်လို့ငယ်ငို၊ မောင့်ကိုကုန်သွားထည့်သလားတော်' စသဖြင့် စပ်ဆိုဖွဲ့နွဲ့ထားလေသည်။
"ကြက်ခွပ်တမ်း"
ကြက်များခွပ်သည်ကို အတုယူ၍ မိန်းကလေးများက ကြက်ခွပ်တမ်းကစားလေ့ရှိကြသည်။ "ကြက်ဖတိန်ညင်၊ တောကိုဝင်၊ မောင်ရင်လာမှ လေးနဲ့ပစ်" အစချီသော ကြက်ခွပ်သီချင်းမှာ လူသိအများဆုံး ကလေးသီချင်းတစ်ပုဒ် ဖြစ်၏။
ကြက်ခွပ်တမ်းတွင်လည်း ကြက်တိုက်ပွဲလိုပင်လဲသူအရှုံးဖြစ်သည်။
ကြက်များကဲ့သို့ မျက်နှာခြင်းဆိုင်ကာ ဒူးကွေးထိုင်ချပြီး အပြင်ဘေးသို့
ခြေများထုတ်ကာ ကြက်ယက်သကဲ့သို့ပြုမူ၍ ကစားသည့် မြန်မာကစားနည်းတစ်မျိုးဖြစ်သည်။
ကမ္ဘာအရပ်ရပ်တွင် ကြက်တိုက်ပွဲများကို နှစ်ပေါင်းများစွာကပင် သာသနာရေးဖက်နှင့် အခြားတိရိစ္ဆာန်ကာကွယ်ရေးအသင်းအဖွဲ့များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း ကြက်တိုက်ပွဲများမှာ ယခုတိုင် ပြုလုပ်မြဲ ပြုလုပ်နေကြသေး သည်။ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံများတွင် ၁၈၅ဝ ခုနှစ်ကပင် ကြက်ပွဲများကို တားဆီးပိတ်ပင်နိုင်သောဥပဒေများ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၁၈၉၉ ခုနှစ် ဧပြီလတွင် ပြဌာန်းခဲ့သော မြန်မာပြည် လောင်းကစားမှု အက်ဥပဒေအရ ကြက်တိုက်လောင်းတမ်း ကစားခြင်း ကို အရေးယူခဲ့သည့်အတိုင်း ယခုအခါ အပျော်သက်သက် ကြက်တိုက်ပွဲအချို့လောက်သာ ကျန်ရှိနေတော့သည်။ 
Ref: မြန်မာ့စွယ်စုံကျမ်း၊ Wikipedia
လူတို့ပျော်ရွှင်မှု ခံစားပုံကို အချုပ်အားဖြင့် ၂ မျိုး ခွဲခြားနိုင်သည်။ တစ်မျိုးမှာ မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသော ပျော်ရွှင်မှုများဖြစ်၍ ကျန်တစ်မျိုးမှာ အခြားသူများ ပါဝင်ဆောင်ရွက် သည်ကို ကြည့်ရှုနှစ်သိမ့်သောပျော်ရွှင်မှုများဖြစ်သည်။ 
သမီးရဲ့မျက်လုံးလေး
အဆုံးရဲ့အစ။
” အဖေ ….. “
” အမေ..ရေ…..”
” အမယ်လေး…. လုပ်ပါဦး….. လုပ်ပါဦး …..ဒါ… သမီး မဟုတ်ဘူး….သမီး မဟုတ်ဘူး… “
ဖြစ်စဉ် (၁)
ကျွန်တော့်မှာ သမီးလေး တစ်ယောက်ရှိတယ်။ သမီးက သိပ်လိမ်မာတယ်။ ကျွန်တော်တို့ လင်မယား အိမ်ထောင်ကျပြီး တော်တော်ကြာတဲ့အထိ သားသမီးမရဘူး။
ရတနာပုံ တယ်လီပို့က ရောင်းချမည့် ဆင်းမ်ကတ်နှင့် ရှယ်ယာတန်ဖိုးများ နှစ်ကုန်တွင်သတ်မှတ်မည်
ရန်ကုန်၊ အောက်တိုဘာ-၆
ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီက ရောင်းချပေးမည့် ဆင်းမ်ကတ်ဈေးနှုန်းများနှင့် အများပိုင် ကုမ္ပဏီ ရှယ်ယာတန်ဖိုးကို ယခုနှစ်ကုန်တွင် သတ်မှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“အတတ်နိုင်ဆုံးတော့ သူများထက် ဈေးနှုန်းမများအောင် လုပ်သွားမယ်။ ဈေးနှုန်းသတ်မှတ်ခြင်း၊ ရှယ်ယာတန်ဖိုး သတ်မှတ်ခြင်းတွေကိုတော့ ဒီနှစ်ကုန်လောက်တော့ လုပ်သွားမယ်”ဟု ရတနာပုံတယ်လီပို့ အမှုဆောင်အရာရှိ ဦးတင်ဝင်းကပြောသည်။
ဆက်သွယ်ရေးလုပ်ငန်းတွင် ကြုံရမည့် လျှပ်စစ်မီးပြဿနာအတွက် ကိုယ်ပိုင်လျှပ်စစ်စွမ်းအင်များထုတ်မည်ဟု တယ်လီနောပြော
ရန်ကုန်၊ စက်တင်ဘာ-၂၈
ဆက်သွယ်ရေးလုပ်ငန်းအတွက် ကြုံတွေ့ရမည့် လျှပ်စစ်မီးပြဿနာ အတွက် တယ်လီနောမြန်မာ ကုမ္ပဏီ အနေဖြင့် ကိုယ်ပိုင်လျှပ်စစ်စွမ်းအင်များ ထုတ်လုပ်သုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
“လျှပ်စစ်နဲ့ပတ်သက်ပြီး အခြားအာရှနိုင်ငံတွေမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဘယ်လိုလျှပ်စစ်မျိုး သုံးမလဲဆိုတော့ စွမ်းအင်ပြန်လည်အသုံးပြုလို့ရမယ့် Renewable Energy မျိုး သုံးမယ်။ အများဆုံးတော့ ဒီဇယ်ကိုအခြေခံထားတဲ့ လျှပ်စစ်မျိုးသုံးမယ်”ဟု Telenor Group ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Baksaas ကပြောသည်။
Friday 25 October 2013
အရွယ်မရောက်သေးသော ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ပါက သေဒဏ်ချမှတ်ပေးရန် ဘဘဦးသိန်းညွန့် အဆိုတင်သွင်းမှု ဒီနေ့  ပြည်သူ့ လွှတ်တော်မှာ (ဒုတိယမြောက်) ရှုံးနိမ့် ခဲ့ရ
သူငယ်ချင်းတို့ ရေ... 
အရွယ်မရောက်သေးသော ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ပါက သေဒဏ်ချမှတ်ပေးရန် ဘဘဦးသိန်းညွန့် အဆိုတင်သွင်းမှု ဒီနေ့  ပြည်သူ့ လွှတ်တော်မှာ (ဒုတိယမြောက်) ရှုံးနိမ့် ခဲ့ရတယ်တဲ့...ဒါကို ကြည့်ခြင်းဖြင့် ကိုယ်တော့ ဘ၀င် မကျမိဘူး သူငယ်ချင်း။ 
ကိုယ်ကတော့ ဘဘ ဦးသိန်းညွှန့် တင်သွင်းတဲ့အဆိုကို အနာဂတ် ကလေး သူငယ် အမျိုးသမီးငယ် လေးတွေ ရဲ့  ဘ၀ လုံခြုံရေး ၊ လူအညွှန့် အချိုး မခံရစေဖို့  ရည်ရွယ်ပြီး ကိုယ်တို့ တွေ သေသွားတဲ့ အထိ အနာဂတ် ရင်သွေးတွေ အတွက် စိတ်ချ လုံခြုံမှု့ ရှိတဲ့ တိုင်းပြည် တစ်ပြည် ဖြစ်စေဖို့  ပြည်သူ့ လွှတ်တော်ရှေ့ မှာ ဒူးထောက်ပြီး ဥပဒေနဲ့  အကာအကွယ်ပေးတဲ့ ဒီအဆိုကို အတည်ပြုပေးဖို့  တောင်းဆိုခွင့်ရရင် ကိုယ်တော့ တောင်းဆိုချင်တယ်ကွာ...။
ကိုယ်တို့ တွေ သေသွားတဲ့ အချိန်... ကိုယ်တို့ ရဲ့ အနာဂတ် ရင်သွေးလေးတွေ မလုံခြုံနိုင်တဲ့ ဘ၀ ၊ အနာဂတ် ကလေး သူငယ် အမျိုးသမီး လူမမယ်လေးတွေ လူလား မမြောက်ခင် အညွှန့် ချိုး ဖျက်စီး ခံရမယ့် ဘ၀ ၊ နိမ့်ကျ ဆင်းရဲ့ တဲ့ ဘ၀တွေ ထဲက ကလေးသူငယ် လူမမယ် အမျိုးသမီးငယ်လေးတွေ မြေနိမ့် လှံစိုက် ခံရမယ် မြန်မာ အမျိုး သမီးငယ်လေးတွေ ဘ၀ လုံခြုံမှု့ မရှိမှတော့....ကိုယ့်လူတို့ ပဲ စဉ်းစားကြည့် မနေသင့် မနေအပ်တဲ့ အရပ်အဖြစ် မြန်မာပြည်ကြီး  မသိမသာ  ဖြစ်လာမှာကို ကြိုတွေးပေးကြပါလားဗျာ...။
မုဒိမ်းကောင်တွေ ရဲ့ ကြားမှာ ကလေးသူငယ် အမျိုးသမီးငယ်လေးတွေကို သားကောင်း ဖြစ်စေချင်ကြတာလားဗျာ....။ 
အခု တင်သွင်းတဲ့ အဆိုကို ရှုံးနိမ့် တာဟာ မုဒိမ်းကျင့် ခံရမယ့် ကလေးသူငယ်တွေ အတွက် အကာအကွယ်ပေးမှု့  ရှုံးနိမ့် တာပဲ သူငယ်ချင်း ။ အဲတော့ လူစိတ်မရှိတဲ့ မုဒိမ်းကောင်တွေ အတွက်တော့ သေမိန့် ဆိုတာ မရှိမှတော့ လောကကြီးမှာ ဒီကောင်တွေ အတွက် ကျင့်လည်ခွင့်တွေ ရှိနေနိုင်တော့မှာပေါ့...။ ဒါဆို တရားပါ့ မလား...။
လူတစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် အနည်းဆုံး လူ ၃ ယောက် မျက်ရည်ကျပြီး ၊ ကာယကံရှင်ရဲ့ အနာဂတ် ပျက်စီးမယ့် အရေးကို ပေါ့သေးသေး မတွေးသင့်ဘူး သူငယ်ချင်း...။
မိမိ နိုင်ငံရဲ့ ဥပဒေဆိုတာဟာ မိမိ တိုင်းပြည်နဲ့  မိမိ လူမျိုးအတွက်ပါ..။
နိုင်ငံတစ်နိုင်ငံရဲ့  ဥပဒေဆိုတာဟာ အဲဒီ နိုင်ငံရဲ  အခြေအနေ အပေါ်မှာပဲ မူတည်သင့်တယ် ။ မိမိ နိုင်ငံ ၊ မိမိ ယဉ်ကျေးမှု့  ၊ မိမိ လူမျိုး ၊ မိမိ ဓလေ့စရိုက် အပေါ်မှာ အခြေခံပြီး မိမိ တိုင်းပြည် နဲ့  မိမိ ပြည်သူ အတွက် ထိခိုက် နစ်နာ မှု့ မရှိအောင် အကာကွယ် ပေးတာပဲဖြစ်ရမယ်..။
မတူညီတဲ့ လူသားစံနူန်းတွေ ကြားမှာ မလိုအပ်ပဲ  နိုင်ငံတကာကိုကြည့်ကြည့်ပြီး  ကော်ပီ ကူဖို့ မစဉ်းစားကြစေချင်ဘူးဗျာ..။
လူမဆန်တဲ့ လုပ်ရပ်ကို လူ့ ပတ်ဝန်းကျင်မှာ မရှိမှသာ လူသားဆန်တဲ့ လူ့ အဖွဲ့ အစည်းတွေ နဲ့ အတူ လူသားဆန်တဲ့ ယဉ်ကျေးမှု့ တွေ ပေါ်ပေါက်လာမှာပဲ ဖြစ်တယ် သူငယ်ချင်း..။ 
အဲတော့ ဘဘ ဦးသိန်းညွှန့် တင်သွင်းသော ဒီအဆိုလေးကို ကလေးသူငယ် လူမမယ် အမျိုးသမီးငယ်လေးတွေကို မုဒိမ်းကောင်းတွေ ရဲ့ သားကောင် အဖြစ်မှ အကာအကွယ်ပေး ဖို့  နောက်တစ်ကြိမ်တင်သွင်းရင် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ညီညီ ညွတ်ညွတ်နဲ့  အတည်ပြုပေးကြပါစို့ လို့ လေးစားစွာဖြင့် တောင်းဆိုလိုက်ပါရစေ...။
ဘဘ ဦးသိန်းညွှန့် ခင်ဗျာ ဒီအဆိုကို လွှတ်တော်မှာ တတိယ အကြိမ် ပြန်လည်တင်သွင်းပေးပါရန် ပြည်သူများ အားလုံးကိုယ်စား လေးလေးစားစားနဲ့ မေတ္တာရပ်ခံ လိုက်ပါရစေခင်ဗျာ..။
(ဒီ Post ကို ကလေးသူငယ်တွေ ဘက်ကနေ အကာအကွယ်ပေးရန် ရည်ရွယ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အားလုံး သိရှိစေရန် ရည်သန်လျှက် တစ်ဆင့် ပြန်လည် Share လုပ်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ ခင်ဗျာ..)
လေးစားစွာဖြင့်....
ဘစည်(စင်ကာပူ)
22.10.2013
သူငယ်ချင်းတို့ ရေ... အရွယ်မရောက်သေးသော ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူး လွန်ပါ က သေဒဏ်ချမှတ်ပေးရန် ဘဘဦးသိန်းညွန့် အဆိုတင်သွင်းမှု ဒီနေ့  ပြည်သူ့ လွှတ်တော် မှာ (ဒုတိယမြောက်) ရှုံးနိမ့် ခဲ့ရတယ်တဲ့...ဒါကို ကြည့်ခြင်းဖြင့် ကိုယ်တော့ ဘ၀င် မကျမိဘူး သူငယ်ချင်း။ 
Learning CSS (မြန်မာလို)......
CSS1.gif
ဒီကောင်လေးကလည်း CSS အကြောင်းကို မြန်မာလိုရေးထားတယ့် စာအုပ်ကလေးပါ။ ကိုစေတန်ဂေါ့ဒ် ရေးသားထားခြင်း ဖြစ်ပါတယ်။ 
Thursday 24 October 2013
Facebook ရဲ့ privacy shortcuts များအကြောင်း
Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်း ဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထား တာတွေ့ရမှာပါ။
Registry CleanUP 6 Suite v6.2.3.0 ကွန်ပြူတာမြန်ဆန်သွက်လက်စေဖို့
7:50 AM ရန်ကုန်သား 
မိမိကွန်ပြူတာ အတွက်မြန်ဆန်သွက်လက် ဖို့အတွက် Registry cleanup လေး ကိုဆောင်ထား ဖို့လို ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပေးနိုင်တာတွေကတော့ error , cleaning, repair and defragmentation လုပ်ပေးနိုင်ခြင်း ၊ မိမိတစ်နေ့တာသုံးခဲ့သမျှ errors file များ ၊ ပြန့်ကျဲနေသော အသုံးမလိုသည့် file များ ၊  registry ကို backup copy လုပ်ပေးနိုင်ခြင်း ၊ errors များကို direct deleting လုပ်ပေးနိုင်ခြင်း ၊ စက်သန့်ရှင်းရေးအတွက် နေ့တိုင်း အချိန်တစ်ခု သက်မှတ်ပေး ထားနိုင်ခြင်း ၊ Windows 8/7/vista/xp (32-64bit) အားလုံး အတွက်အသုံးပြုနိုင်ပါတယ်။
ဗုံးကွဲမှုတွေနောက်ကွယ်က အမာလိုင်း အုပ်စု
Posted Yesterday by MM Play Boys
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အပါအ၀င်နေရာတချို့နဲ့ တောင်ငူ၊ မန္တလေး စတဲ့ မြို့တချို့မှာ ဗုံးတွေ ပေါက်၊ ဗုံးတွေတွေ့ နဲ့မို့ ဒီဗုံးကွဲမှုတွေဟာ ဆန်းကြယ်ပြီး နောက်ကွယ်က ရည်ရွယ်ချက် ကြီးကြီး မားမားရှိတဲ့ အုပ်စုကြီးတခုက ကိုင်တွယ်နေတယ်ဆိုတာ ပေါ်လွင်တယ်။ 
Wednesday 23 October 2013
“မြို့နယ်တကာ့ ထိပ်ခေါင် ဗိုလ်တထောင်”
Photo: “မြို့နယ်တကာ့ထိပ်ခေါင်ဗိုလ်တထောင်”
မြို့နယ်တကာ့ထိပ်ခေါင်ဖြစ်သည့် ဗိုလ်တထောင်မြို့နယ်ဟာ အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ်မှာ အမှတ်စဉ် (၁) တွင် ပါဝင်နေသည်၊ မြို့နယ်သည် အရှေ့ပိုင်းခရိုင်အတွင်းရှိမြို့နယ်(၁၄)မြို့နယ်မှာအမှတ်စဉ် (၁) တွင် ပါဝင်နေသည်။ မြို့နယ်အကျယ်အဝန်း ဝ ဒသမ ၉၂ မိုင်အတွင်း ရပ်ကွက် (၁ဝ) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ အရှေ့ဘက်မှာ သန်လျက်စွန်းလမ်း၊ အနောက်ဘက်မှာ ဗိုလ်အောင်ကျော်လမ်း၊ မြောက်ဘက်မှာ ပုဇွန်တောင်လမ်းနှင့် တောင်ဘက်မှာ ကမ်းနားလမ်းမကြီး (Strand) အတွင်းတည်ရှိနေသည်။
“တဖုဿနှင့် ဘလ္လိကညီနောင်တို့၏ မဇ္ဈိမဒေသမှ မြတ်ဘုရား”
ဂေါတမ၏ဆံတော်ရှစ်ဆူကို ပင့်ဆောင်လာကြပြီး ပေါက္ခရဝတီဆိပ်ကိုရောက်ရှိသီတင်းသုံးစဉ် ဥက္ကလာပမင်းကြီးက ဗိုလ်ခြေတစ်ထောင်ဖြင့်လာရောက်ကြိုဆိုပင့်ဆောင်ခဲ့တဲ့အတွက် ဗိုလ်တထောင်အမည်တွင်ခဲ့သည်လို့လည်းကောင်း၊ ရွှေတိဂုံစေတီကြီးတည်ရာ သိင်္ဂုတ္တရကုန်းမြတ်၏ အရှေ့တောင်ထောင့်စွန်းစွန်း၊ တာတစ်ထောင့်ခန့်အကွာတွင်တည်ထားလို့ တာတစ်ထောင်မှ ဗိုလ်တထောင်မည်သည်လို့လည်းကောင်း၊ နယ်ချဲ့တို့ကို စစ်အင်အားပြသရန်အတွက် စစ်သည်ရဲမက်များကို အကွပ်အကဲဗိုလ်တစ်ထောင်နှင့် တပ်စခန်းတည်ဆောက်ချရပ်ခဲ့သည့်ဒေသဖြစ်လို့ ဗိုလ်တထောင်ရပ် အမည်တွင်ခဲ့သလို မွန်ဘာသာကျိုက်ဒေးအပ်အရ အဘိုးအိုက ဆံတော် ခေတ္တစံပယ်ရန် တောင်းဆိုခဲ့သဖြင့် အဘိုးတောင်းကနေ ဗိုလ်တထောင်ဖြစ်လာသည် လို့လည်းကောင်း ယူဆချက် အထွေထွေရှိခဲ့သည်။၊ 
“ဗိုလ်တစ်ထောင်မြို့နယ်က ဧကရီကျွန်း”
ရန်ကုန်မြစ်(ခ)လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ပေါင်းဆုံရာ မြစ်သုံးဆိုင်ထိပ်မှာ ကျွန်းဦးတည်ရာ သန်လျက်ခုံနှင့် မြို့တော်ရန်ကုန်ကို အနားကွပ်ပေးထားသည့်အစွန်းအငူဖြစ်သောကြောင့် အနွတ္တသညာပြုကာ သန်လျက်စွန်းလို့ ခေါ်တွင်သလို ဒီရေရောက်အရပ်တွင် ဓနိပင်၊ လမုပင်စသည့် ဒီရေရောက်တောအုပ်ကြီးဖြစ်၍ ဧကရီကျွန်း (Queen's Island) ဟုအမည်ရခဲ့ဖူးသည်။
နယ်ချဲ့အင်္ဂလိပ်တွေက ရန်ကုန်မြို့ကို အလစ်အငိုက်မှာ ဝင်တိုက်သည့်အခါ တောအုပ်ထဲရှိ မျောက်တွေက အနှောင့်အယှက်ပြုခဲ့၍ မျောက်ကျွန်း (Monkey Point) ဟုခေါ်ခဲ့ကြတာဖြစ်သည်။ ထိုကြောင့် Monkey Point အမည်နှင့် ဓနိတောအမည်များပါ ဗိုလ်တထောင်မြို့နယ်မှာ အခုထိတည်ရှိနေဆဲဖြစ်သည်။
ဗိုလ်တထောင်မြို့နယ်အတွင်းမှာ ရှေးဟောင်းသမိုင်းဝင် ဈေးနှစ်ဈေးရှိသည်။ ရန်ကုန်မြူနီစီပါယ်၏ ပထမဦးဆုံး ဈေးဖြစ်သည့် ဗိုလ်တထောင်ဈေးသည် စတင်ဖွင့်လှစ်ချိန်ကပင် စည်ကားမှုမရှိသောဈေးဖြစ်သည်။ Colonel Foule ၏သားဖြစ်သူ Edward Foule တည်ဆောက်ခဲ့သည့်သူဌေးဈေးကို အင်္ဂလိပ်ဘိုကလေး တည်ဆောက်ခဲ့လို့ ဘိုကလေးဈေးအမည်တွင်နေတာ မျက်မှောက်ကာလတိုင်ရှိနေပါသည်။
ဆူးလေဘုရားတည်ထားသည့် Sule Pagoda Road အမည်သည် ရန်ကုန်မြို့ကွက်တည်ခါစကပင် တည်ရှိခဲ့သော်လည်း၊ ဗိုလ်တထောင်ဘုရားတည်ရှိသည့်လမ်းသည် ကိုလိုနီခေတ်ကပင် Thompson Road အမည်တွင်ခဲ့ကာ၊ ၁၉၈၉ ခုနှစ်ရောက်သောအခါ ကိုလိုနီအမည်ကနေ ဗိုလ်တထောင်ဘုရားလမ်း အမည်သို့ ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ဗိုလ်တထောင်မြို့နယ်မှာ ဗိုလ်မြတ်ထွန်းလမ်း Creek Street သည် ဗိုလ်တထောင်ချောင်းလက်တက်ကလေး စီးဝင်ခဲ့သည့်လမ်းဖြစ်ခဲ့သည်။ 
ဗိုလ်အောင်ကျော်လမ်းသည် ရန်ကုန်မြို့၏ ပထမဆုံးအရေးပိုင်ဖြစ်သူ Major T.Spark ကို အကြောင်းပြုပေးထားသည့် Spark လမ်းကနေပြောင်းလဲလာသောလမ်းအမည်ဖြစ်သည်။
ဗိုလ်တထောင်မြို့နယ်ရှိ သိမ်ဖြူလမ်းသည် ရန်ကုန်မြို့၏အရှေ့ဘက်နယ်နိမိတ်ဖြစ်ခဲ့စဉ်က အရှေ့လမ်း East Road အမည်ရခဲ့ရာမှ ဂျူးသူဌေးကြီး ဂျူဒါအီဇကယ် အမည်သို့ပြောင်းခဲ့သည်။ ယခုတော့ သိမ်ဖြူလမ်းဖြစ်သည်။
မေယုလမ်းအမည်သည် ဗိုလ်တထောင်မြို့နယ်အတွင်းမှာရှိသည်ဆိုသည်ကို သိသူနည်းလှသည်၊၊ Lord Mayo ကို အကြောင်းပြု ခေါ်ခဲ့သည့် Mayo Street  ကို စစ်ရေယာဉ်မေယုအား အမှတ်ရစေဖို့အတွက် ပြောင်းပေးထားခြင်းဖြစ်သည်။ အလားတူ Brooking Street ကို ဘိုကလေးဈေးလမ်းနှင့် Landsdown Road ကို ရာဇာဓိရာဇ်လမ်းလို့ အမည်ပြောင်းပေးထားခြင်းဖြစ်သည်။
Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်းစာ
မြို့နယ်တကာ့ ထိပ်ခေါင်ဖြစ်သည့် ဗိုလ်တထောင်မြို့နယ်ဟာ အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ် မှာ အမှတ်စဉ် (၁) တွင် ပါဝင်နေသည်၊ မြို့နယ်သည် အရှေ့ပိုင်းခရိုင် အတွင်းရှိမြို့နယ် (၁၄)မြို့နယ်မှာ အမှတ်စဉ် (၁) တွင် ပါဝင်နေသည်။
“ရွှေတိဂုံစေတီတော်ကို ပုံမှန်ဆွမ်းကပ်သူတို့၏ ဒေါပုံမြို့နယ်”
Photo: “ရွှေတိဂုံစေတီတော်ကို ပုံမှန်ဆွမ်းကပ်သူတို့၏ ဒေါပုံမြို့နယ်”
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (၁၄)မြို့နယ်တွင် ဒေါပုံမြို့နယ်လည်း ပါဝင်နေသည်။ ဒေါပုံမြို့နယ်သည် တစ်ချိန်ကကျေးရွာငယ်အဆင့်သာရှိခဲ့သော်လည်း သမိုင်းကြောင်းက ကြီးမားလှသည်။ ဒေါပုံမြို့နယ်သည် ရန်ကုန်မြို့နှင့်ချောင်းခြားဖြစ်နေခဲ့စဉ်က ဆန်စက်နှင့် သင်္ဘောကျင်းသာရှိခဲ့သည်။ ထိုအခါက ဆန်စက်လုပ်သား၊ သင်္ဘောကျင်းလုပ်သားတွေသည် အိန္ဒိယနွယ်ဖွားတွေသာ ဖြစ်ခဲ့ကြသည့်အတွက် အိန္ဒိယအမည်ပေးထားသော လမ်းနှင့်ရပ်ကွက်အမည်တွေအပြင် ချောင်းကမ်းပါးဘေးက ရွာကလေးဖြစ်ခဲ့လို့ ဒေသကိုလိုက်၍အမည်ပေးထားသော ရပ်ကွက်နှင့် လမ်းအမည်လေးတွေပါရှိခဲ့ဖူးသည်။
“သမိုင်းကောက်ကြောင်းထဲက ဒေါပုံအမည်နာမ”
ဒေါပုံမြို့နယ် တည်ရာသည် ရန်ကုန်မြစ်(ခ)လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ဒေါပုံ၊ ပုဇွန်တောင်၊ ငမိုးရိပ်ချောင်းတို့ ဆုံစည်းရာ မြစ်သုံးဆိုင်နှင့် မလှမ်းမကမ်း ရန်ကုန်မြို့ကြီး၏ချောင်းတစ်ဖက်မှာ တည်ရှိနေသည်။ ဒီရေအတက်အကျ ကြမ်းတမ်းလှသည့် မြစ်သုံးဆိုင်အနားမှာရှိနေလို့ ဒေါပုံခေါ်သည်။ တစ်ခါငမိုးရိပ်ဇာတ်လမ်းနှင့် ဆက်စပ်ကာ ငမိုးရိပ်မိကျောင်း ပုန်းအောင်းခဲ့ရာဖြစ်လို့ တောပုန်းကနေ ဒေါပုန်ကရွေ့လျားကာ ဒေါပုံဖြစ်လာသည်ဆိုသည့် ယူဆချက်တွေလည်းရှိသည်။
ဘာသာဗေဒအရ ဒေါပုံအရေးအသားသည် မွန်ဘာသာက ဒေါပွန်ကနေရွေ့လျားလာခြင်းဖြစ်သည်။ ဒေါ(ဆက်ကပ်)+ပွန်း(ဆွမ်း)= ထမင်း၊ဆွမ်းဆက်ကပ်ခြင်းဖြစ်ကာ မြတ်ဘုရားရွှေတိဂုံကို အာစိဏ္ဏကံ(ပုံမှန်) ဆွမ်းကပ်သူတွေ နေထိုင်ခဲ့ရာ အရပ်ဖြစ်ခဲ့လို့ဖြစ်သည်။
“သမိုင်းကြောင်း ကြီးမားခဲ့တဲ့ ဒေါပုံဝန်းကျင်”
ဒုတိယမြန်မာနိုင်ငံကာလတွင် နယ်ချဲ့မျိုးရိုး ပေါ်တူဂီလူမျိုးဖိလစ်ဒီဗရစ်တို(ခ) သန်လျင်မြို့စား ငဇင်ကာသည် အမြောက်လက်နက်သွန်းလုပ်ရန်အတွက် စေတီ၊ ပုထိုးတွေမှာ တပ်ဆင်ထားတဲ့ကြေးခေါင်းလောင်းတွေကို အဓမ္မဖြုတ်ယူခဲ့သည်။ အထင်ရှားဆုံးက ဓမ္မစေတီမင်းခေါင်းလောင်းတော်ကြီးဖြစ်သည်။ ကြေးစင်အချိန်တစ်သိန်းရှစ်သောင်း၊ အစောက် တစ်ဆယ့်ခုနစ်တောင်၊ အဝငါးတောင်၊ တန်ချိန် (၂၇ဝ) ရှိသည့် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းတော်ကြီးကို ကောဇာ ၉၇၄၊ ခရစ် ၁၆၁၂ ခုနှစ်တွင် ဘရင်ဂျီကုလားငဇင်ကာက အမြောက်သွန်းလုပ်ရန်အတွက် ယူဆောင်သွားရာ ငဇင်ကာနှင့်တကွ လှေပါ (ပန်းအလွဲချောင်း) ဒေါပုံမြစ်တွင်နစ်မြုပ်ခဲ့သည်မှာ အခုထိဖြစ်သည်။
တတိယမြန်မာနိုင်ငံ တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကာလမှာ ဒေါပုံသည် စစ်ရေးအချက်အချာဖြစ်လာသည်။ ''ဒေါပုံတပ်ကား သန်လျင်မြို့၏အသက်ဖြစ်သည်။ ဒေါပုံတပ်မရှိလျှင် သန်လျင်ကို အလွယ်နှင့်ရနိုင်မည်၊ ဒေါပုံတပ်ကား သစ်တပ်မျှသာ''လို့ သတ်မှတ်ကာ အပြီးသတ်တိုက်ခိုက်ဖြိုခွင်းခဲ့ဖူးသည်။
“ဆန်းသစ်လာတဲ့ ဒေါပုံမြို့နယ်”
၁၉၆၇ ခုနှစ်တွင် သာကေတတံတားသစ်ကြီးကို တည်ဆောက်ပြီးချိန်မှာ ဒေါပုံဟာ အသစ်မွေးဖွားလာပြန်သည်။ ၁၉၇၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ စနစ်သစ်အုပ်ချုပ်ရေး၏ အသီးအပွင့်အနေဖြင့် ဒေါပုံမြို့နယ် ပေါ်ပေါက်လာသည်။ မြို့နယ်၏အကျယ်အဝန်း ၁ဒသမ ၄၂ စတုရန်းမိုင်မျှသာ ကျယ်ဝန်းကာ၊ ရပ်ကွက် ၁၄ ရပ်ကွက်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ မြစ်သုံးသွယ်ဆုံရာဝန်းကျင်မှာ တည်ရှိခဲ့လို့ နိမိတ်ပုံအမည်တွေဖြစ်သည့် လမုတန်း၊ ကြည်စု၊ ယမုံနာ (၁)၊ ယမုံနာ(၂)တို့အပြင် အေးရွာဆိုတာပါရှိခဲ့သည်။
ယင်းကာလမတိုင်မီက ဒေါပုံသင်္ဘောကျင်းနှင့် ဆန်စက်တွေမှာ လုပ်ခဲ့ကြသည့်အိန္ဒိယနိုင်ငံသား၊ အင်ဂျင်တံတေး၊ တေးလ်ဝါလား၊ ပေတံတေ၊ ပန်ကာဝါလား၊ ပတ်တောဝါးလား၊ ပူစီဝါလား တွေနေထိုင်ခဲ့ကြတဲ့ ကုလားစု (India Busti) ပင်ရှိခဲ့ဖူးသည်။ ထို့အပြင် ကျဉ်းမြောင်းရှုပ်ထွေးလှသည့် ခြေလိမ်ရပ်ကွက်နှင့် အရက်ပုန်းချက်၊ တိုးတိုးသား(အမဲ)ပေါ်ရောင်းသော အေးရွာဆိုသည့် ကျေးရွာကလေးလည်းရှိခဲ့ဖူးသည်။
ဒေါပုံမြို့နယ်ကာလမှာ အေးရွာအမည်ကနေ ဗမာအေး၊ ခြေလိမ်ကနေ နွယ်အေးအမည်သို့ ပြောင်းလဲထားသလို ဝါတွင်းကာလမှာ ဆွမ်းဆက်ကပ်သည့်ဓလေ့ကို ဖော်ကျူးသည့်ဝါဆိုရပ်ကွက်၊ သင်္ဘောဆေးစက်ရုံတည်ရာကို ညွှန်ပြသည့် ဆေးစက်၊ စက်ဆန်း၊ ပုသိမ်ညွန့်တို့၏ဆက်စပ်မှုကို ဖော်ညွှန်းသောပုသိမ်မြေဆိုသည့်ရပ်ကွက်များအပြင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် သူ့ကျွန်မခံတော်လှန်ခဲ့သူ ဗိုလ်ထွန်းဇံကို ဂုဏ်ပြုမှည့်ခေါ်ထားသည့် ဗိုလ်ထွန်းဇံရပ်ကွက် ၊ လမ်းအမည်များပါရှိနေပြီဖြစ်သည်။ 
ထည်ဝါလှပခဲ့သည့် သာကေတတံတားကြီးနှင့် မဟာဗန္ဓုလတံတားများကြောင့် ဒေါပုံမြို့နယ်သည် ယခုအခါမှာ ရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်လာကာ လမ်းပန်းဆက်သွယ်ရေး ချောမွေ့လာသည်။ သို့သော် ကျေးရွာအဆင့်မှသည် မြို့နယ်ဖြစ်တည်လာရသည့်အတွက် ရှေးဟောင်းလက်ရာအဆောက်အအုံ မရှိသေးသောမြို့နယ်အဖြစ် မှတ်တမ်းပြုလိုက်ရပါသည်။
ရည်ညွှန်း။(၁)အလောင်းမင်းတရားကြီး အရေးတော်ပုံ ၂ စောင်တွဲ၊ (၂) သန်လျင် ရာဇဝင် J.Furnivell၊ (၃) မြို့တော်မဂ္ဂဇင်းအမှတ် (၁၇၇)၈/၂ဝဝ၆
Ref: မောင်မြတ်မွန် (ဆူးလေ)၊ မြို့တော်သတင်း။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (၁၄)မြို့နယ်တွင် ဒေါပုံမြို့နယ်လည်း ပါဝင်နေ သည်။ ဒေါပုံမြို့နယ်သည် တစ်ချိန်ကကျေးရွာငယ် အဆင့်သာရှိခဲ့သော်လည်း သမိုင်းကြောင်းက ကြီးမားလှသည်။ ဒေါပုံမြို့နယ်သည် ရန်ကုန်မြို့နှင့်ချောင်းခြားဖြစ်နေခဲ့စဉ်က ဆန်စက်နှင့် သင်္ဘောကျင်းသာရှိခဲ့သည်။ ထိုအခါက ဆန်စက်လုပ်သား၊ သင်္ဘောကျင်းလုပ်သားတွေသည် အိန္ဒိယနွယ်ဖွားတွေသာ ဖြစ်ခဲ့ကြသည့် အတွက် အိန္ဒိယအမည်ပေးထားသော လမ်းနှင့်ရပ်ကွက် အမည်တွေအပြင် ချောင်းကမ်း ပါးဘေး က ရွာကလေးဖြစ် ခဲ့လို့ ဒေသကိုလိုက် ၍အမည်ပေး ထားသော ရပ်ကွက်နှင့် လမ်းအမည်လေးတွေ ပါရှိခဲ့ဖူးသည်။
ဆိတ်ဖလူးတော က ဘအုပ်စောင့်နေမယ်
ဒီကနေ့ ဗိုလ်ချုပ် မနက်ဖြန် အကျဉ်းသား။ ဒီကနေ့ ခရိုနီသူဌေးကြီး မနက်ဖြန် အကျဉ်းသားထောင်ကျ
    October 19, 2013 (9:30pm) တွင် YAN MAUNG မှ ရေးသားမျှဝေခဲ့ပါသည်။
ဆိတ်ဖလူးတော (အင်းစိန်ထောင်) က ဘအုပ်စောင့်နေမယ်
ကျုပ်သူရိယ အလင်းဂျာနယ် ကို ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်က ပေးပို့ လိုက်တဲ့ စာမူ ''အခွန်မဆောင်၊ အခွန်ရှောင်ခရိုနီကြီးများအား အင်းစိန်ထောင်မှ ကြိုဆိုပါ၏'' ဆိုတဲ့ ဆောင်းပါးကို ပြည်သူလူထု အထူးနှစ်သက်အားပေးကြတယ် ကြားလို့ ကျုပ်တော့ တိုင်းပြည် အ တွက် ကိုယ့်ပြည်သူတွေအတွက် ကိုယ့်နိုင်ငံ အခွန်ဦးစီးဌာန အခွန် တွေ တိတိကျကျ တိုးမြှင့်ရတော့မှာ ဖြစ်တာမို့ သိပ်ဝမ်းသာတယ်။
Tuesday 22 October 2013
ဒူးနာရောဂါ
ကျန်းမာရေး
 ဆေးကုတယ်ဆိုတာဆရာဝန်ကတဖက်သတ်ကုပေးလို့မရပါဘူး။ လူနာကလည်း ကိုယ်ခံစား ရတဲ့ရောဂါအကြောင်း၊ကုသမှုအကြောင်း၊ဘေးထွက်ဆိုးကျိုးအကြောင်းသိရှိနားလည်ပြီးနောက် ပါဝင်ဆွေးနွေးပေးဖို့လိုအပ်ပါတယ်။
သွားများကို ပျက်စီးစေသော အမူအကျင့်များ
ကျန်းမာရေး
သွားများကို ပျက်စီးစေသော အမူအကျင့်များ
ရေခဲဝါးစားခြင်း- ရေခဲဆိုတာ အန္တရာယ်ကင်းတယ်လို့ ထင်ပါလိမ့်မယ်။ ရေခဲကို အသံမြည်အောင် ၀ါးခြင်းဟာ မာကြောတဲ့အရာတစ်ခုကို ၀ါးနေတဲ့အတွက်ကြောင့် သွားကျဉ်ခြင်း၊ သွားဖုံးတစ်ရှူးများကို ပျက်စီးစေခြင်းများကိုဖြစ်စေပါတယ်။ နောက်ပြီး ဆက်တိုက် သွားကိုက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ပူလွန်းခြင်း၊ အေးလွန်းခြင်းစတဲ့ အစားအစာတွေ၊ မာကျောတဲ့အစားအစာတွေကို မကြာ ခဏ၀ါးစားခြင်းကို ရှောင်ကြဉ်ပေးပါ။တကယ်လို့ ရေခဲကို မစားရမနေနိုင် စားမိတယ်ဆိုရင် သကြားမပါတဲ့ ပီကေကိုစားပေးပါ။
နို့ဘူးများ – ကလေးတွေကို ညဖက် နို့ဘူးစို့ပြီး အိပ်စေခြင်းဟာ အသက်ကြီးလာပြီဆိုရင် သွားတွေရေစီးကမ်းပြိုလိုက်ခြင်းကို ဖြစ်စေတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။နို့ဘူးစို့ပြီး အိပ်ပျော်သွားတဲ့ ကလေးငယ်တွေဟာ သကြားဓာတ်နဲ့ နေ့စဉ်တွေ့နေရတဲ့အတွက် သွားပိုးစားခြင်းကိုလည်း ဖြစ်စေပါတယ်။
လျှာအပေါက်ဖောက်ခြင်း – ဒါဟာ ဖက်ရှင်ကျတယ်လို့ ထင်စရာရှိပါ တယ်။ဒါပေမယ့် လျှာမှာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းမှာပဲဖြစ်ဖြစ်သတ္ထု အသုံးပြုပြီး အလှဆင်ခြင်းဟာ သွားပျက်စီးခြင်းကိုဖြစ်စေပါတယ်။နောက်ခံတွင်းမှာလည်း ဘက်တီးရီးယားခိုအောင်းနိုင်ပြီး ပိုးဝင်မှုနဲ့အနာတွေဖြစ်နိုင်ပါ တယ်။ဖောက်ပြီးသွားပြီဆိုရင်လည်း သွားဖက်ဆိုင်ရာဆရာဝန်နဲ့ ပုံမှန်ပြသပေးဖို့ လိုအပ်ပါတယ်။
သွားကြိတ်ခြင်း- သွားကြိတ်ခြင်းကို bruxismလို့ခေါ်ဆိုပြီး သွားတွေ ကျွတ်ထွက်စေတဲ့အထိ ဆိုးရွားတဲ့အခြေအနေထိရှိနိုင်ပါတယ်။ဒါဟာအိပ်စက်မှု အလေ့အထရယ်၊ စိတ်ဖိစီးမှုတွေရယ်ကနေဖြစ်ပေါ်စေနိုင်ပါတယ်။နေ့ခင်းဖက်မှာ မာတဲ့အစားအစာတွေ စားထားရင်တော့ ညဖက် သွားကြိတ် သူတွေညဖက်မှာ ပိုပြီး သွား၊ သွားဖုံးတွေပိုနာတဲ့အပြင် သွားတွေပိုထိခိုက်နိုင်ပါတယ်။သွားကို အကာအကွယ်ရစေဖို့ mouth guard လေးတွေဝယ်ထားပြီးပါးစပ်မှာ တပ်ထားရင်အဆင်ပြေနိုင်ပါတယ်။
ပါးစပ်ဖြင့် ပုလင်းဖွင့်ခြင်း – အချိုရည် ပုလင်းဖွင့်ခြင်း၊ပလတ်စတစ်မုန့် ထုတ်ဖောက်ခြင်း စတာတွေကိုသွားကိုအသုံးပြုပြီးဖောက်တာဟာလည်း လူတွေသိပ်ဂရုမပြုမိတဲ့ သွားကိုပျက်စီးစေတဲ့အပြုအမူဖြစ်ပါတယ်။သွားဟာ ကိရိယာတစ်မျိုးမဟုတ်ပါဘူး။အဲဒါကြောင့်ပုလင်းဖောက်တံ၊ကပ် ကြေးတွေကို အလွယ်တကူ သုံးနိုင်မယ့်နေရာမှာထားပြီး အသုံးပြုပေးပါ။ သွားဟာ အစာစားဖို့အတွက် သုံးသင့်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။
ခဲတံကိုက်ခြင်း – ခဲတံထိပ်ပိုင်းလေးတွေကို ကိုက်တာဟာ အာရုံစူးစိုက်ဖို့လား၊စာပိုရအောင်လား၊၊ ရေခဲဝါးစား သလိုပါပဲ၊ သွားကိုနာကျင်ကိုက်ခဲ   စေနိုင်ပါတယ်။ ခဲတံကို ကိုက်နေလေ့ ရှိတဲ့ ကလေးတွေကို သကြားဓာတ်မပါ တဲ့ ပီကေကိုပဲဝါးစေသင့်ပါတယ်။အဲဒါဟာ တံတွေးစီးဆင်းမှုကိုလဲ ပိုမိုကောင်းမွန်စေပြီးသွားကိုပိုပြီးခိုင်မာစေပါတယ်။
ကော်ဖီသောက်ခြင်း – ကော်ဖီရဲ့ အက်စစ်ပါဝင်မှုနဲ့အရောင်ဟာ သွားကိုဝါစေပါတယ်။ဒါပေမယ့် သွားကိုအရောင်ချွတ်ခြင်းကတော့ အဲဒီပြဿနာကို အဆင်ပြေစေနိုင်ပါတယ်။သွားဖက်ဆိုင်ရာဆရာဝန်တွေနဲ့တိုင်ပင်ပြုလုပ်နိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း – စီးကရက်နဲ့ ဆေးရွက်ကြီးထုတ်ကုန်အများစုဟာ သွားကိုအရောင်စွဲစေတဲ့အပြင်သွားဖုံးတွေကို ရောဂါရစေပါတယ်။ ခံတွင်း၊ လျှာနဲ့နှုတ်ခမ်းတွေပါ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အပြုံးတွေ အသက်ဝင်လှပချင်ရင်တော့ ဆေးလိပ်ကိုဖြတ်သင့်ပါတယ်။
သက်ကို
ref;webmd
Health Updates Journal No. 88
ရေခဲဝါးစားခြင်း- 
 ရေခဲဆိုတာ အန္တရာယ်ကင်းတယ်လို့ ထင်ပါလိမ့်မယ်။ ရေခဲကို အသံမြည်အောင် ၀ါးခြင်းဟာ မာကြောတဲ့အရာတစ်ခုကို ၀ါးနေတဲ့အတွက်ကြောင့် သွားကျဉ်ခြင်း၊ သွားဖုံးတစ်ရှူးများကို ပျက်စီးစေခြင်းများကိုဖြစ်စေပါတယ်။ နောက်ပြီး ဆက်တိုက် သွားကိုက်ခြင်းကို လည်း ဖြစ်စေနိုင် ပါတယ်။ပူလွန်းခြင်း၊ အေးလွန်းခြင်းစတဲ့ အစားအစာတွေ၊ မာကျောတဲ့အစားအစာတွေကို မကြာ ခဏ၀ါးစားခြင်းကို ရှောင်ကြဉ်ပေးပါ။တကယ်လို့ ရေခဲကို မစားရမနေနိုင် စားမိတယ်ဆိုရင် သကြားမပါတဲ့ ပီကေကိုစားပေးပါ။