*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 2 October 2013

သံတွဲမြို့နယ်၌ ဆူပူမှု အတွက် သက်ဆိုင်ရာမှ ကိုင်တွယ်ပြီ


ရခိုင်ပြည်နယ် သံတွဲမြို့၌ စက်တင်ဘာ ၂၈ ရက်က ဈေးဆိုင်တစ်ဆိုင် ရှေ့၌ သုံးဘီး ဆိုင်ကယ်တစ်စီး ရပ်ထား သည်ကို ရင့်သီးစွာ ဆဲဆိုရာမှ အစပြု၍ ပြသနာဖြစ်ပွားကာစက်တင်ဘာ ၂၉ ရက် ညပိုင်း က နေအိမ်များ ဖျက်ဆီးမှု ၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် များက သေနတ် ပစ်ဖောက် လူစုခွဲ ခဲ့ရ ကြောင်း သိရသည်။

စက်တင်ဘာလ ၃၀ ရက် ညနေ ၈ နာရီခန့်တွင် သံတွဲမြို့ ဒွါရဝတီ မြို့သစ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင် မီးရှို့ဖျက် ဆီးမှု ဖြစ်ပွား ခဲ့ပြီး မြို့နယ် မီးသတ် တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း ၊ ည ၁ဝ နာရီခန့်တွင် သံတွဲမြို့ ကျော်တောင် (၅)ရပ်ကွက် ပိတောက်ရွှေဝါ လမ်းရှိ နေအိမ် တစ်လုံး အား မီးရှို့ခံရပြီး ည ၁၁ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း ၊ အလားတူ သံတွဲမြို့ နယ် ကျောက်ကြီး   ကျေးရွာ ၊ မန်းကျည်းချောင် ကျေးရွာ တို့တွင် မီးရှို့မှု အချို့ ဖြစ်ပွားခဲ့ပြီး နေရာအချို့၌ ခိုက် ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်း တွင်လည်း သံတွဲမြို့ နယ်အတွင်း နေရာအချို့တွင် မငြိမ်မသက် ဖြစ်မှုများ ဖြစ်ပေါ်ခဲ့ သဖြင့် ဈေးဆိုင်ခန်း များလည်း ပိတ်ထားကြ ကြောင်း ၊ တာဝန်ရှိ သူများက ဒေသ တည်ငြိမ်   အေး ချမ်းရေး နှင့် ပြသနာများဆက်လက် ကြီးထွားမှု မရှိစေရေး အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း  ၊ ဒေသခံ ပြည်သူများ အနေဖြင့် ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် ဒေသ ဆိုင်ရာ အာဏာပိုင် များ ၊ လုံခြုံရေးအဖွဲ့များ နှင့် တာဝန်ရှိ သူများက ထိန်းသိမ်း ဆောင် ရွက် လျက် ရှိရာ ပဋိပက္ခ များတွင် ပါဝင်မှု မရှိရေး ၊ ဆူပူမှု ဖန်တီးသူ များအား ကူညီဖော်ထုတ် သတင်းပေး ပို့ရေး ဆောင်ရွက် ကြပါရန် သက်ဆိုင်ရာက တိုက်တွန်း နှိုးဆော် ထားကြောင်း သိရှိရသည်။

From: Myawady daily

www.mmdailystar.com  မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment